← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇) နျူကလီးယားစစ်ပွဲ စတင်ခြင်း

အင်္ဂါဂြိုဟ်ပေါ်ရှိ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှု ဗဟိုဌာနတွင် ကျိုးကျန့်ယွင် ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲနေခဲ့လေသည်။

"ဒီုမြေခွေးအိုကြီး ကောင်းချိုးက စစ်ကို လိုလားနေမှတော့ ငါတို့တွေလည်း တိုက်ကြတာ ပေါ့... ကောင်းကင်တပ်မတော်ရဲ့ အဓိက အင်အားစုက တို့လက်ထဲမှာ ရှိနေသလို ကငါတို့ ဆီမှာက သူ့ထက်လည်း သယံဇာတတွေ ပိုများတယ်... သူ့မှာက အသုံးမကျတဲ့ လူသား ဘီလီယံ အနည်းငယ်ပဲ ရှိတာလေ... ငါတို့ကို သူ ဘယ်လိုမျိုး အနိုင်ယူနိုင်မှာလဲ... လူသား တွေက အရမ်းများနေသေးတာပဲ... ထက်ဝက်လောက်ကို သတ်ပစ်လိုက်ရင် ကျန်တဲ့သူ တွေက အလိုလို နာခံလာကြလိမ့်မယ်..."

ဆူးမူယန်သည် သက်ပြင်းတစ်ချက် ချလိုက်လေ၏။ အပြင်ပန်းအားဖြင့် ကြည့်မည်ဆိုပါ က ထိုအချက်မှာ အမှန်ပင် ဖြစ်ပေသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြိုတင်ကြံ စည်ခဲ့သော ကောင်းချိုးသည် ရုတ်တရက် အခြေအနေကို ပြောင်းလဲပစ်ကာ သူ၏လူများ ကို ကမ္ဘာမြေပေါ်မှ မောင်းထုတ်ခဲ့ခြင်း ဖြစ်ရာ သူ၌ အခြားသော အစီအစဉ်များ ရှိမနေနိုင် ပါမည်လား။ ဤသည်မှာလည်း ဆူးမူယန် ယခုအချိန်ထိ လှုပ်ရှားမှု မပြုသေးသည့် အကြောင်းရင်းပင် ဖြစ်ပေတော့သည်။

သို့သော် ယခုအခါ နှစ်ဖက်စလုံးမှာ သဘောတူညီချက် ရယူရန် လုံးဝ မဖြစ်နိုင်တော့ပေ။

"လောင်ကျန်း ပြောတာ မှန်ပါတယ်... ကောင်းချိုးက ဘာကို အားကိုးပြီး အနိုင်ယူမှာလဲ... လောင်ကျန်း... မင်းက လက်နက်ပစ္စည်းဌာနရဲ့ ညွှန်ကြားရေးမှူး ဖြစ်သလို ကောင်းကင် တပ်မတော်က စစ်ဗိုလ်ချုပ်တွေနဲ့လည်း ရင်းနှီးတာပဲ... သူတို့ကို အရင်ဆုံး စမ်းသပ်ကြည့် လိုက်ပါဦး... အခု ကောင်းကင်တပ်မတော်ထဲမှာ မတည်မငြိမ် ဖြစ်နေတယ်လို့ ငါ ကြား ထားတယ်..."

"မစိုးရိမ်ပါနဲ့... အဲဒီလူတွေကို ယုံလို့မရရင် ငါတို့တွေ စက်ရုပ်တွေကိုပဲ သုံးကြတာပေါ့..."

"စက်ရုပ်တွေ…ဟုတ်လား..."

ဆူးမူယန်သည် မျက်မှောင်ကြုတ်လိုက်မိလေသည်။ လူသားများကို အားကိုး၍ မရသလို စက်ယန္တရားများကိုလည်း လုံးဝ ယုံကြည်၍ မရနိုင်ပေ။ ထို့ကြောင့်ပင် သူ စိုးရိမ်နေရခြင်း ဖြစ်ပေသည်။

အနာဂတ်ကမ္ဘာတွင် စစ်ပွဲမှာ အချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ လေ၏။ ကောင်းချိုးသည် ကမ္ဘာမြေပေါ်တွင် 'ဖယ်ဒရေးရှင်း ကယ်တင်ရေးတပ်မတော်' ကို ဖွဲ့စည်းရန် စစ်သားများ စတင် စုဆောင်းနေခဲ့သည်။ သူသည် ကမ္ဘာပေါ်ရှိ လူသားအား လုံးကို ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့လေသည်။

"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော် ကောင်းချိုးပါ... ခင်ဗျားတို့ ဒီလောက် ကြာအောင် လှည့်ဖြားခံခဲ့ရတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စစ်ပွဲက အခုမှ စတင်ရုံပဲ ရှိပါသေးတယ်... အတုအယောင် ဖွံ့ဖြိုးတိုးတက်ရေး အထွေ ထွေအုပ်ချုပ်မှုဌာနက အင်္ဂါဂြိုဟ်ကို သိမ်းပိုက်ထားပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုကို လည်း ထိန်းချုပ်ထားပါတယ်... ပြီးတော့ ကျွန်တော်တို့ ကြာသပတေးဂြိုဟ်ကို သွားမယ့် လမ်း ကြောင်းကိုလည်း ပိတ်ဆို့ထားကြပါတယ်..."

"သူတို့က အရမ်းအင်အားကြီးပြီး ကောင်းကင်တပ်မတော်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း လောက်ကို ထိန်းချုပ်ထားကြတာပါ... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက နှစ်ပေါင်းများစွာ လူသားတွေကို ထိန်းချုပ်ပြီး ဘာတွေလုပ်ခဲ့သလဲ... ခင်ဗျားတို့ကို အသိ ဉာဏ်မဲ့စေပြီး ကစားဖို့ပဲ သိတဲ့ ဝက်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တာလေ... "

"ခင်ဗျားတို့က အဲဒီလိုမျိုး ဖြစ်ချင်ကြတာလား... ကျွန်တော် ထင်တာကတော့ ခင်ဗျားတို့ အများစုက ဒါကို အလိုမရှိကြပါဘူး... ကျွန်တော်လည်း အလိုမရှိခဲ့ပေမဲ့ သူတို့ရဲ့ အာဏာ က အရမ်းကြီးမားလွန်းနေလို့ တခြားနည်းလမ်းကို သုံးခဲ့ရတာပါ..."

"အခုတော့ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက ခင်ဗျားတို့ကို ပြန်လည် ထိန်းချုပ်ဖို့ ကမ္ဘာမြေဆီကို ပြန်လာနေကြပါပြီ... လူသားဖယ်ဒရေးရှင်းရဲ့ အကြီးအကဲ ဟောင်း တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ပါပြီး လူသားဖယ် ဒရေးရှင်း ကယ်တင်ရေးတပ်မတော်မှာ ပါဝင်ကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်... ကျွန်တော်တို့ အားလုံး လူသားတွေရဲ့ အနာဂတ်နဲ့ လွတ်လပ်တဲ့ အိမ်ဂေဟာကို ပြန်လည် တည်ဆောက်ဖို့အတွက် အတူတကွ တိုက်ပွဲဝင်ကြရအောင်ပါ..."

...

ကောင်းချိုး၏ မိန့်ခွန်းအပြီးတွင် အခြေချစခန်း အသီးသီးမှ လူများသည် စစ်တပ်ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်စွာဖြင့် စာရင်းပေးသွင်းလာကြလေတော့သည်။

ကောင်းယွမ်ထံမှ အဆက်မပြတ် ရရှိနေသော ကုန်ကြမ်းပစ္စည်းများကို မြို့ပြတည် ဆောက်ရေးတွင် အသုံးမပြုတော့ဘဲ ယာဉ်ပျံများနှင့် စစ်သင်္ဘောများ ထုတ်လုပ်ရာတွင် သာ အသုံးပြုလိုက်လေသည်။

သို့သော်လည်း အရေအတွက်မှာမူ ကန့်သတ်ချက် ရှိနေဆဲ ဖြစ်၏။ စစ်သား စုဆောင်းရေး စခန်းများအတွင်းသို့ ဝင်ရောက်လာသော လူအုပ်ကြီးကို ကြည့်ကာ ကောင်းချိုးသည် ပြုံး လိုက်မိလေသည်။ သူသည် ငယ်စဉ်က ဖတ်ခဲ့ဖူးသော 'ကျွန်ုပ်၏ ကြိုးပမ်းအားထုတ်မှု' နှင့် 'ကျီကျစ် ထုန်းကျန့်' ဟူသော စာအုပ်နှစ်အုပ်ကို ပြန်လည် သတိရသွားခဲ့လေသည်။

...

လက်ရှိကမ္ဘာတွင်မူ တစ်လကျော်ကြာ တည်ဆောက်ပြီးနောက် ဂျကာတာရှိ အာကာသ ဓာတ်လှေကားမှာ နောက်ဆုံးတွင် ပြီးစီးသွားခဲ့ပြီ ဖြစ်လေသည်။ ထိုကာလ၌ လကမ္ဘာမှ လာသော အာကာသ အုပ်စုသည် ယဂ္ဂ အာကာသစခန်းသို့ တိုက်ရိုက် ဆင်းသက်လာခဲ့ လေသည်။ ဤသည်မှာ လကမ္ဘာ အခြေစိုက်စခန်း၏ ကြိုးပမ်းမှု ရလဒ်ပင် ဖြစ်ပေ၏။

ကောင်းယွမ်သည် အာကာသစစ်သင်္ဘောကို စီးနင်းကာ လကမ္ဘာသို့ သွားရောက်ခဲ့လေ သည်။ သူ လကမ္ဘာပေါ်တွင် မရှိနေသည့် အချိန်အတွင်း၌ ကွမ်ဟန်နန်းတော် မြို့သစ်မှာ ပုံစံပေါ်လာခဲ့ပြီ ဖြစ်ကာ စက်ရုပ်ပေါင်း သိန်းနှင့်ချီ၍ အလုပ်ရှုပ်နေလျက်ရှိကြလေသည်။ မုန်တိုင်းသမုဒ္ဒရာ ရှုခင်းသာဇုန်မှာလည်း တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်လေသည်။

ကောင်းယွမ်သည် တစ်ချက် ကြည့်လိုက်ပြီးနောက် အခြား သတ္တုတွင်းတစ်ခု ထပ်မံ တည်ထောင်ပြီးပါက လကမ္ဘာပေါ်ရှိ တည်ဆောက်ရေး လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်း ထားရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက်တွင်မူ လကမ္ဘာ ခရီးသွား လမ်းကြောင်းကို စတင်နိုင်ပေလိမ့်မည်။ ကြော်ငြာများ ကိုလည်း အကြီးအကျယ် ပြုလုပ်နေရန် မလိုပေ။ 'ကျူးရှို့ ရှောင်ယောင်းကျိ' ဂိမ်းအ တွင်း၌ လကမ္ဘာ မြေပုံအသစ်တစ်ခုကို ထည့်သွင်းလိုက်ရုံဖြင့် လုံလောက်ပေသည်။

ထို့အပြင် လကမ္ဘာ ခရီးသွား အတွေ့အကြုံကတ်ပြား တစ်သောင်းကိုလည်း ကံစမ်းမဲ အဖြစ် ပေးအပ်သွားမည် ဖြစ်ပေသည်။ အမှန်စင်စစ် လကမ္ဘာသို့ မည်သူ ရောက်ဖူးပါသ နည်း။ အခွင့်အရေး ရရှိမည်ဆိုပါက မည်သူက မသွားဘဲ နေပါမည်နည်း။

...

ယဂ္ဂ အာကာသစခန်း ပြီးစီးသွားသည့်အတွက် လကမ္ဘာမှ သယံဇာတများကို ကမ္ဘာမြေ ပေါ်သို့ အဆက်မပြတ် သယ်ယူနိုင်ခဲ့လေသည်။ ကောင်းယွမ်သည် သူ တည်ဆောက်ထား သော မြို့သစ်ဖြစ်သည့် ဂျကာတာတွင် အခြေချ နေထိုင်လိုက်လေသည်။

ကောင်းကင်ယံတွင် အာကာသစစ်သင်္ဘော ရှိနေသည့်အတွက် မည်သူမျှ ပြဿနာ မရှာ ရဲကြပေ။ သို့သော်လည်း လူအများအပြားမှာ ထိုမြို့အတွင်းသို့ ဝင်ရောက်ခွင့် ရရှိရန်အ တွက် ဂျကာတာရှိ ဟွာလူမျိုးများနှင့် အိမ်ထောင်ပြုခြင်း အစရှိသော နည်းလမ်းမျိုးစုံကို အသုံးပြုလာခဲ့ကြလေသည်။

အိမ်ထောင်မရှိသေးသော ဟွာလူမျိုး အမျိုးသားများမှာ ယခုအခါ အလွန် ရေပန်းစားနေခဲ့ လေသည်။ အသက် (၇၀) အရွယ် အဘိုးအိုတစ်ဦးပင်လျှင် တစ်လအတွင်း လှပသော မာရာလူမျိုး အမျိုးသမီး နှစ်ဦးနှင့် လက်ထပ်နိုင်ခဲ့သည်အထိ ဖြစ်ခဲ့လေသည်။

ကောင်းယွမ်သည် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ပေ။ ၎င်းတို့မှာ အဓိပ္ပာယ် မရှိလှပေ။ သူသည် နောင်လာမည့် ကာလများတွင် ဟွာလူမျိုးများကိုသာ အဓိက လူမျိုးစုကြီး ဖြစ်လာစေလိုခြင်းသာ ဖြစ်ပေသည်။

နည်းပညာများ အလျင်အမြန် တိုးတက်လာကာ ရှနိုင်ငံသည် ကမ္ဘာ့အထက်တန်းလွှာ များကို စုပ်ယူ စုစည်းနေစဉ် အခြားသော နိုင်ငံများနှင့် လူမျိုးစုများမှာမူ ကျဆင်းနေခဲ့ပြီဟု ကောင်းယွမ် ထင်မှတ်ထားခဲ့မိလေသည်။

ရုရှားနှင့် အမေရိကန်တို့မှာ နောက်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီး ၎င်းတို့၏ စစ်တပ် များမှာလည်း ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ အခြားသော နိုင်ငံငယ်လေးများမှာမူ ပို၍ပင် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေကြရလေသည်။

ထိုနေ့ နံနက်တွင် ကောင်းယွမ် နိုးလာသည့်အခါ စက်ရုပ် ရွှီရွှီက သူ့အား အဝတ်အစားများ ဝတ်ဆင်ပေးနေခဲ့လေသည်။ ထိုစဉ် ကောင်းယွမ်သည် လက်ပတ်ဖုန်းပေါ်တွင် စာသား တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

[ရုရှားဝက်ဝံကြီးက အင်းဂရမ်ပေါ်ကို နျူကလီးယားနဲ့ တိုက်ခိုက်လိုက်ပြီဖြစ်သလို အမေရိကန်ရဲ့ နျူကလီးယား ဒုံးကျည်တွေကလည်း ကီလိုမီတာ ထောင်ပေါင်းများစွာ ပျံသန်းပြီး ရုရှားနိုင်ငံထဲကို တိုက်ခိုက်လိုက်ပြီ... နျူကလီးယားစစ်ပွဲက မနေ့ညက စတင် ခဲ့ပြီဖြစ်ပါတယ်...]

ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။

*နျူကလီးယားစစ်ပွဲက ဘယ်လို ဖြစ်ပွားသွားရတာလဲ…*

ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပေတော့၏။

ဤကာလအတွင်း ကောင်းယွမ်သည် နိုင်ငံတကာ သတင်းများကို လုံးဝ ဂရုမပြုမိခဲ့ပေ။ ယခုမှသာ သူသည် သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေကြည့်လိုက်လေသည်။

အမှန်တကယ်တွင် အိန္ဒိယလူမျိုး အများအပြားမှာ နည်းလမ်းမျိုးစုံဖြင့် အမေရိကန်နိုင်ငံ အတွင်းသို့ ဝင်ရောက်နေခဲ့ကြခြင်း ဖြစ်ကေ၏။ ရှနိုင်ငံမှအပ အမေရိကန်တွင် အစားအ သောက် အများဆုံး ရှိနေသောကြောင့် ဖြစ်ပေသည်။

အိန္ဒိယလူမျိုး သန်းပေါင်းများစွာမှာ အစားအသောက်နှင့် အမျိုးသမီးများကို လုယူရန် အမေရိကန်သို့ ဝင်ရောက်လာကြခြင်းဖြစ်လေသည်။ ဤကိစ္စတွင် အိန္ဒိယလူမျိုးများ သည် အသက်အရွယ် သို့မဟုတ် သတ္တဝါအမျိုးအစားကို ခွဲခြားခြင်းမရှိဘဲ အားလုံးကို တန်းတူ ဆက်ဆံခဲ့ကြလေသည်။ အမေရိကန်နိုင်ငံမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပေ တော့သည်။

အိန္ဒိယလူမျိုးများ၏ ထိုးစစ်ဆင်မှုမှာ ပေါက်ကွဲထွက်သွားခဲ့လေသည်။ ရှနိုင်ငံသည် အမေရိကန်ထက် အိန္ဒိယနှင့် ပို၍ နီးကပ်သော်လည်း နယ်စပ်ရှိ ကုန်းပြင်မြင့်ကို ဖြတ် ကျော်ရန်မှာ အလွန် ခက်ခဲလှပေသည်။ ၎င်းမှာ လူသူမရှိသော အရပ်ဒေသလည်း ဖြစ်၏။ ထို့အပြင် ရှနိုင်ငံသည် တစ်ကမ္ဘာလုံးမှ အထက်တန်းလွှာများကို လက်ခံသော်လည်း အမေရိကန် လူမျိုးများကိုမူ လက်ခံရန် ငြင်းဆန်ခဲ့လေသည်။

အိန္ဒိယလူမျိုးများမှာ အလွန် ဒေါသထွက်ခဲ့ကြသော်လည်း အကျိုးဆက်မှာမူ ကြီးမားခြင်း မရှိခဲ့ပေ။ သူတို့သည် နယ်စပ်တွင် စစ်တပ်များကို စုစည်းလိုက်ရုံသာ ရှိသေးသော်လည်း ရှနိုင်ငံ၏ တိုက်လေယာဉ်များနှင့် ဒုံးပျံများ ရောက်ရှိလာခဲ့လေသည်။

ဆယ်မိနစ်အတွင်းမှာပင် ဒုံးပျံပေါင်း နှစ်သိန်းကျော်မှာ ကုန်းပြင်မြင့်ကို ဖြတ်ကျော်ကာ အိန္ဒိယ နယ်မြေအတွင်းသို့ ကျရောက်သွားခဲ့လေတော့သည်။ ထိုအခါမှသာ သူတို့သည် ရှနိုင်ငံမှာ အလွန် ဆင်းရဲလွန်းသဖြင့် သွားရန် မသင့်တော်ကြောင်းနှင့် လူဦးရေ များပြား လွန်းသဖြင့် အစားအသောက် အပိုရှိမည် မဟုတ်ကြောင်း ခံစားလိုက်ရကာ မသွားရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်လေတော့သည်။

အိန္ဒိယလူမျိုးများ အမေရိကန်ကို တိုက်ခိုက်ပြီးနောက် တုန်းဟွမ်သည် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကာ စစ်တပ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အစားအသောက် အားလုံးကို စစ်စခန်းများတွင် စုစည်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် စစ်တပ်မှာ အမေရိကန် နယ်မြေမှ ထွက်ခွာကာ ဥရောပတစ်ခွင်တွင် တိုက်ပွဲဝင်နေခဲ့ကြ လေသည်။

ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။ ထိုတုန်းဟွမ်မှာ အမှန်တကယ်တွင် အတုအ ယောင်သာ ဖြစ်ပြီး သူ စိတ်ကြိုက် ပြုလုပ်ထားသော စက်ရုပ်တစ်ရုပ်သာ ဖြစ်ပေသည်။ ယခင်က သူ ပေးထားသော အမိန့်မှာ ကမ္ဘာကြီးကို ရုန်းရင်းဆန်ခတ် ဖြစ်စေရန်နှင့် စစ်ပွဲ များအတွင်းသို့ နစ်မွန်းစေရန် ဖြစ်၏။ ထိုစက်ရုပ်မှာလည်း အမှန်တကယ် လုပ်ဆောင်ခဲ့ လေသည်။

အမေရိကန် စစ်တပ်က ဥရောပတစ်ခွင်သို့ ကျူးကျော်နေချိန်တွင် ဆိုဗီယက်ယူနီယံက အမေရိကန် စစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ ထိုနေ့တွင် အမေရိကန် စစ်တပ်မှာ အင်းဂရမ်သို့ ရောက်ရှိလာခဲ့ လေသည်။ ထိုသတင်းကို ရရှိပြီးနောက် ဆိုဗီယက်ယူနီယံသည် ခေါင်းဖြတ်တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်လေ၏။ လုံးဝ အောင်မြင်စေရန်အတွက် သူတို့သည် နျူကလီး ယား လက်နက်များကို အသုံးပြုခဲ့ကြလေသည်။

ကံမကောင်းစွာဖြင့် ထို 'တုန်းဟွမ်' မှာ အတုအယောင်သာ ဖြစ်ပေသည်။ နျူကလီးယားဗုံး များ မပေါက်ကွဲမီမှာပင် သူသည် သတင်းရရှိခဲ့သဖြင့် စစ်ခေါင်းဆောင် အချို့နှင့်အတူ အမေရိကန်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့လေသည်။ ထို့နောက်တွင်မူ သူသည် နျူကလီးယား လက်နက်များကို အသုံးပြုကာ ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်လေတော့ သည်။

ဤသို့ဖြင့် နျူကလီးယားစစ်ပွဲမှာ စတင်ခဲ့လေပြီဖြစ်၏။

စစ်မီးသည် ရှနိုင်ငံ၏ နယ်မြေအတွင်းသို့ ကူးစက်မလာစေရန်အတွက် အာကာသစစ် သင်္ဘော အချို့ကို ယဂ္ဂ အာကာသစခန်းနှင့် မုကျား စက်မှုဇုန်တို့ကို ကာကွယ်ရန် စေလွှတ် လိုက်လေသည်။ ကျန်ရှိသော သင်္ဘောများမှာမူ ကမ္ဘာကို ပတ်ကာ စစ်ပွဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင် ကောင်းယွမ်သည် တုန်းဟွမ်၏ နေရာတွင် အစားထိုးထားသော စက်ရုပ်ကို ပြန်လည် ခေါ်ယူလိုက်လေသည်။ ထိုစက်ရုပ် အမေရိကန်မှ ထွက်ခွာသွား သည်နှင့် တစ်ပြိုင်နက် နျူကလီးယား ထိပ်ဖူးတပ်ဆင်ထားသော တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်တစ်စင်းမှာ ရှနိုင်ငံသို့ ဦးတည်ကာ ပျံသန်းလာနေခဲ့ပြီ ဖြစ်ပေတော့သည်။

အခန်း (၁၇၈) လကမ္ဘာ၏ လျှို့ဝှက်ချက်

နျူကလီးယားစစ်ပွဲ တစ်ကြိမ်ဖြစ်ပွားလိုက်သည်နှင့် ယင်း၏ အတိုင်းအတာကို ထိန်း ချုပ်ရန် အလွန် ခက်ခဲလှပေသည်။ ကောင်းယွမ်တွင် ထိုဘေးအန္တရာယ်ကို တားဆီးနိုင် သော စွမ်းအား ရှိသော်လည်း သူသည် ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိပေ။

နျူကလီးယားစစ်ပွဲသည် သာမန်လူများ ထင်ထားသကဲ့သို့ ပျက်စီးယိုယွင်းမှု မရှိလှပေ။

ဦးစွာပထမ နျူကလီးယားစစ်ပွဲအတွင်း သေဆုံးရသူများသည် မည်သည့် နာကျင်မှုကိုမျှ ခံစားရမည် မဟုတ်ဘဲ တစ်ခဏအတွင်းမှာပင် အငွေ့ပျံ ပျောက်ကွယ်သွားကြမည် ဖြစ် ပေသည်။

ထို့အပြင် နျူကလီးယားဗုံး ထိမှန်သည့် မြေပြင်ပေါ်ရှိ ရေဒီယိုသတ္တိကြွမှုမှာလည်း ထင် သလောက် မြင့်မားခြင်း မရှိလှပေ။

ဂျပန်သည် တိုက်ခိုက်မှု နှစ်ကြိမ်ကို ကြုံတွေ့ခဲ့ရသော်လည်း နှစ်အနည်းငယ်အကြာမှာပင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စတင်နိုင်ခဲ့လေသည်။

ထို့အပြင် ယခုခေတ် နျူကလီးယားဗုံး အများစုမှာ ဟိုက်ဒရိုဂျင်ဗုံးများ ဖြစ်ကြပြီး ၎င်း တို့ကို ပေါင်းစပ်စွမ်းအင်ဗုံးဟုလည်း ခေါ်ဆိုကာ ရေဒီယိုသတ္တိကြွမှု အလွန် နည်းပါးလှပေ သည်။

လူသားတို့၏ နျူကလီးယား လက်နက်များကို အဆ တစ်ရာခန့် တိုးမြှင့်လိုက်လျှင်ပင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်ပေ။ အဆိုးဆုံးမှာ လူသားမျိုးနွယ်သာ ပျက်သုဉ်းသွားပေလိမ့်မည်။

ကောင်းယွမ်သည် ရှနိုင်ငံနှင့် ပတ်ဝန်းကျင် ဒေသများကို စောင့်ရှောက်ထားသဖြင့် မည် သည့် ထိခိုက်မှုမျှ ရှိလာမည် မဟုတ်ပေ။

တိုက်ပွဲများ ပြီးဆုံးသွားသည့်အခါ ကောင်းယွမ်သည် နောက်ဆက်တွဲ ပြဿနာများကို ရှင်းလင်းလိုက်ရုံသာ ဖြစ်ပေသည်။

ထိုကာလ၌ တစ်ကမ္ဘာလုံးသည် ကျွန်ုပ်တို့၏ ရှနိုင်ငံပိုင် ဖြစ်လာပေတော့မည်။

အရာအားလုံးသည် ကောင်းယွမ် စီစဉ်ထားသည့်အတိုင်း ဖြစ်ပေါ်နေလျက်ရှိပေသည်။

ကောင်းယွမ်သည် ယခုအခါ လကမ္ဘာပေါ်ရှိ ကွမ်ဟန်နန်းတော်တွင် နေထိုင်နေပြီး ယင်း ကို လူသန်းပေါင်းများစွာ နေထိုင်နိုင်သော အခြေစိုက်စခန်းကြီးတစ်ခုအဖြစ် ပြောင်းလဲထားပြီ ဖြစ်ပေသည်။

သို့သော်လည်း လကမ္ဘာ အခြေစိုက်စခန်းသည် ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။

တစ်လကျော်မျှ ရှိသော တည်ဆောက်ရေး ကာလအတွင်းမှာပင် လကမ္ဘာ လှုပ်ခတ်မှု အကြိမ်ပေါင်း နှစ်ရာကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့လေသည်။

လကမ္ဘာ လှုပ်ခတ်မှုဟူသည်မှာ လပေါ်တွင် ဖြစ်ပေါ်သော ငလျင်များပင် ဖြစ်ပေ၏။

ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခြင်းမှာ မြေလွှာချပ်များ လှုပ်ရှားမှုကြောင့် ဖြစ်သည်ကို လူ တိုင်း သိကြသည်။ သို့သော် လကမ္ဘာပေါ်တွင် သမုဒ္ဒရာများ မရှိသလို လကမ္ဘာသည် လွန်ခဲ့ သော နှစ်ပေါင်း နှစ်ဘီလီယံကတည်းက အတွင်းပိုင်း လှုပ်ရှားမှုများ ရပ်တန့်သွားသော သေဆုံးနေသည့် ဂြိုဟ်တစ်ခုဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့ကြဖူးပေ သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကမ္ဘာမြေထက်ပင် ပို၍ များပြားလှသော လှုပ်ခတ်မှု များ ဖြစ်ပေါ်နေရပါသနည်း။

လွန်ခဲ့သော လအတွင်း၌ လှုပ်ခတ်မှု အကြိမ်ပေါင်း နှစ်ရာကျော် ရှိခဲ့ရာ (၇၆) ကြိမ်မှာ ပမာဏ (၅) အထက်တွင် ရှိနေခဲ့လေသည်။

ဤသို့ မကြာခဏ လှုပ်ခတ်နေခြင်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်ပါ သလား။ ထို့အပြင် ဤကဲ့သို့ လှုပ်ခတ်နေခြင်းမှာ အခြေစိုက်စခန်းအတွက်လည်း စိန်ခေါ်မှု တစ်ရပ် ဖြစ်နေခဲ့ပေသည်။ ကောင်းယွမ်သည် လကမ္ဘာ ခရီးသွား လမ်းကြောင်းတစ်ခု ဖန်တီးလိုသော်လည်း ဤကဲ့သို့သော ငလျင်များမှာ ခရီးသွားများ၏ ခံစားချက်ကို ထိခိုက် စေနိုင်ပေသည်။

ဤတစ်ကြိမ်တွင်မူ စက်ရုပ်များသည် လကမ္ဘာပေါ်၌ စူးစမ်းရေး ကိရိယာတစ်ခု တည် ဆောက်ကာ လကမ္ဘာ မျက်နှာပြင်ကို အသေးစိတ် စူးစမ်းလေ့လာခဲ့ပြီး မြေပုံများ ဖန်တီး ခဲ့ကြလေသည်။

ကောင်းယွမ်သည် ထိုပုံများကို မြင်လိုက်ရသည့်အခါ မှင်သက်သွားခဲ့ရ၏။ လကမ္ဘာ၏ တစ်ဖက်ခြမ်းတွင် ဂျီဩမေတြီ အလှတရားများဖြင့် ပြည့်နှက်နေသော ဧရာမ လေးထောင့်ပုံစံ အရာဝတ္ထုတစ်ခု ရှိနေခဲ့ခြင်းပင် ဖြစ်တော့သည်။

ကောင်းယွမ်သည် လကမ္ဘာ၌ လျှို့ဝှက်ချက်များ များပြားလွန်းနေသည်ဟု ခံစားလိုက်ရ လေသည်။

သို့သော် အနာဂတ်ကမ္ဘာသည် လကမ္ဘာကို ရာစုနှစ်ပေါင်းများစွာ တိုးတက်အောင် လုပ် ဆောင်ခဲ့သဖြင့် ထိုလျှို့ဝှက်ချက်အားလုံးကို သိရှိထားပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူကိုယ်တိုင် ထပ်မံ လေ့လာနေရန် မလိုအပ်တော့ပေ။

ကောင်းယွမ်သည် လကမ္ဘာမှတစ်ဆင့် အချိန်နှင့်အာကာသတံခါးကို ဖြတ်ကျော်ကာ အနာဂတ်ကမ္ဘာသို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။

ရောက်ရှိသွားသည့်အခါ လကမ္ဘာမှာ အလင်းရောင်များဖြင့် တောက်ပနေသည်ကို တွေ့ လိုက်ရလေသည်။

ဉာဏ်ရည်တု အသိအမှတ်ပြုစနစ်က ကောင်းယွမ်ကို ခွဲခြားသိမြင်လိုက်ပြီးနောက် ကောင်းယွမ်သည် မည်သည့် အဟန့်အတားမျှ မရှိဘဲ အလင်းကာရံ အဆင့်ဆင့်ကို ဖြတ်ကျော်သွားခဲ့လေသည်။

နောက်ဆုံးတွင် အနာဂတ်ကမ္ဘာ၏ မုန်တိုင်းသမုဒ္ဒရာ စစ်အခြေစိုက်စခန်းသို့ ရောက်ရှိ လာခဲ့လေသည်။

နေရာတိုင်းတွင် စစ်သည်များ ရှိနေခဲ့ပြီး ကောင်းယွမ်ကို အံ့အားသင့်စေသည်မှာ ထိုသူ များမှာ စက်ရုပ်များ မဟုတ်ဘဲ လူသားစစ်သည်များ ဖြစ်နေခြင်းပင် ဖြစ်ပေ၏။

ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာနေပြီး ကောင်းယွမ်မှာ မည်သို့ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ပေ။

သို့သော်လည်း မကြာမီမှာပင် သူသည် ကောင်းချိုးနှင့် တွေ့ဆုံခွင့် ရခဲ့လေသည်။

ကောင်းချိုးသည် ယခုအခါ လကမ္ဘာပေါ်တွင် အခြေစိုက်ကာ ဖွံ့ဖြိုးတိုးတက်ရေး အထွေ ထွေအုပ်ချုပ်မှုဌာနကို ဆန့်ကျင်တိုက်ခိုက်ရန် စစ်ပွဲကို ဦးဆောင်နေခြင်း ဖြစ်လေသည်။

ကောင်းချိုးမှာ အစည်းအဝေး ပြုလုပ်နေသဖြင့် ကောင်းယွမ်သည် ရုံးခန်းအတွင်း၌ ခေတ္တ စောင့်ဆိုင်းနေရင်း စက်ရုပ် ရှောင်မေကို စနောက်နေခဲ့လေသည်။ ကောင်းယွမ်သည် အနာဂတ်ကမ္ဘာ၏ လက်ရှိ အခြေအနေကိုသာ သိရှိလိုခြင်း ဖြစ်လေသည်။

မိနစ်သုံးဆယ်ခန့် စောင့်ပြီးနောက် ကောင်းချိုး ရောက်ရှိလာခဲ့လေသည်။

ကောင်းချိုးမှာ ယခင်ကထက်ပင် ပို၍ လူငယ်ဆန်ကာ တက်ကြွနေသည့် ပုံစံရှိနေ၏။ ဤ သည်မှာ အာဏာကို ချုပ်ကိုင်ထားနိုင်ခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ အာဏာဟူသည် လူတစ်ယောက်ကို အားအင်ဖြည့်တင်းပေးနိုင်သော အကောင်းဆုံး အရာပင် မဟုတ်ပါ လား။

"စစ်သေနာပတိချုပ်ကြီး..."

ကောင်းယွမ်က နှုတ်ဆက်လိုက်လေသည်။

"ယွမ်အာ... ဘာကိစ္စရှိလို့ ရောက်လာတာလဲ..."

"ကျွန်တော် လာလို့ မရဘူးလား..."

"ရတာပေါ့... မင်းရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတာသာ ပြောပါ..."

ကောင်းယွမ်သည် တဲ့တိုးပင် မေးလိုက်လေသည်။

"စစ်သေနာပတိချုပ်ကြီး... လကမ္ဘာအကြောင်း ခင်ဗျား သိမှာပါနော်..."

"ငါ သိတာပေါ့... မင်း လကမ္ဘာပေါ်မှာ အခြေစိုက်စခန်း တည်ဆောက်ပြီးပြီပဲ... မင်း ဒီ ထက် နည်းနည်း နောက်ကျမှ ရောက်လာမယ်လို့ ငါ ထင်ထားတာ... အခုတော့ မင်း ဒီ အထိ ရောက်လာပြီဆိုမှတော့ အဲဒီအကြောင်းတွေကို သိဖို့ အချိန်တန်ပါပြီ..."

ကောင်းယွမ် စိတ်ဝင်စားသွားခဲ့လေသည်။

"ကောင်းပါပြီ... ငါကတော့ တခြားလုပ်စရာ ရှိသေးတယ်... ဒါကြောင့် စက်ရုပ်တစ်ရုပ်ကို မင်းကို လကမ္ဘာအကြောင်း ရှင်းပြခိုင်းလိုက်မယ်..."

"ခင်ဗျား ဘာလုပ်ဖို့လဲ..."

"အင်္ဂါဂြိုဟ်ကို ပြန်သိမ်းဖို့လေ..."

"သူတို့က ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနနဲ့ တိုက်နေကြတာလား... သူတို့ နိုင်မယ်လို့ရော ထင်လား..."

ကောင်းယွမ်က မေးလိုက်လေ၏။

ကောင်းချိုးက ပြုံးကာ ပြောလိုက်လေသည်။

"အဲဒါတွေက မင်း စိုးရိမ်ရမယ့် အရာတွေ မဟုတ်ပါဘူး... ကဲ... ငါကတော့ မင်းကို နေ အဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ထွက်သွားပြီး ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် အချိန်ကိုပဲ စောင့်နေပါ့မယ်..."

ကောင်းယွမ် စိတ်အေးသွားခဲ့ရလေသည်။ ကောင်းချိုးသည် အလွန် လည်သော မြေခွေး အိုကြီး တစ်ဦး ဖြစ်ရာ သူက ပြဿနာမရှိဟု ထင်မြင်ပါက စိုးရိမ်စရာ မရှိနိုင်ပေ။

သူသည် မိမိလုပ်ဆောင်ရမည့် အရာများကိုသာ အာရုံစိုက်ရန် လိုအပ်ပေသည်။

စက်ရုပ်အမျိုးသမီးငယ် ရောက်ရှိလာပြီး ကောင်းယွမ်ကို စတင် ရှင်းပြလေတော့သည်။

သို့သော် ခဏမျှ နားထောင်ပြီးနောက် ကောင်းယွမ်သည် ဒီအတိုင်း နားထောင်နေရသည် မှာ ပျင်းစရာ ကောင်းသည်ဟု ခံစားရသဖြင့် မိမိကိုယ်တိုင်သာ မေးခွန်းများ မေးရန်ဆုံး ဖြတ်လိုက်လေသည်။

"ညီမလေး... လကမ္ဘာပေါ်က အဲဒီ လေးထောင့်ပုံစံ အရာဝတ္ထုတွေက ဘာတွေလဲ..."

"အဲဒါတွေက 'သခင်' တွေ ထားခဲ့တဲ့ စောင့်ကြည့်ရေး စခန်းတွေပါ... အကယ်၍ ကမ္ဘာမြေ ပေါ်မှာ ထားခဲ့ရင် အလွယ်တကူ ရှာတွေ့သွားနိုင်လို့လေ... နေအဖွဲ့အစည်း တစ်ခုလုံးကို အမှန်တကယ် စီစဉ် ရေးဆွဲထားတာပါ... လကမ္ဘာကိုလည်း အဆင့်မြင့်ယဉ်ကျေးမှုက စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ကမ္ဘာမြေနဲ့အတူ စနစ်တစ်ခု ဖြစ်ပေါ်လာအောင် ယူဆောင် လာခဲ့တာ ဖြစ်ကါတယ်... ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ရာသီဥတုတွေနဲ့ သမုဒ္ဒရာ ဒီရေ တွေ ရှိနေတာပေါ့..."

"လကမ္ဘာသာ မရှိရင် သမုဒ္ဒရာတွေမှာ ဂေဟစနစ် ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ဘူး..လကမ္ဘာ ရဲ့ ဆွဲငင်အား မရှိရင် ကမ္ဘာ့လည်ပတ်နှုန်းက (၂၄) နာရီကနေ (၆) နာရီ (၈) နာရီလောက်ထိ ကျဆင်းသွားပါလိမ့်မယ်... နေ့နဲ့ညကလည်း ဝေဝါးလာပြီး ညတွေက ပိုလင်းလာပြီးတော့ တစ်နေ့ကို နေရောင်ခြည် (၃) နာရီ၊ ည (၃) နာရီပဲ ရှိတော့မှာပေါ့... တစ်နှစ်မှာ ရက်ပေါင်း တစ်ထောင်လောက်ထိ ရှိလာပြီး ရာသီဥတုတွေလည်း ကမောက်ကမ ဖြစ်သွားပါလိမ့် မယ်..."

ကောင်းယွမ်မှာ အလွန်ပင် မှင်သက်သွားခဲ့ရလေသည်။ လကမ္ဘာသည် ထိုမျှလောက် အရေးပါလိမ့်မည်ဟု သူ လုံးဝထင်မှတ်ထားခဲ့ခြင်းမရှိပေ။

"လကမ္ဘာက တကယ်ပဲ ဒီလောက် အရေးကြီးတာလား... "

"ဒါပေါ့... လကမ္ဘာရဲ့ ဆွဲငင်အား မရှိရင် ကမ္ဘာ့ဝင်ရိုးက တိမ်းစောင်းသွားပါလိမ့်မယ်... မူလက (၂၃) ဒီဂရီလောက် တိမ်းစောင်းနေလို့သာ တစ်နှစ်ပတ်လုံး သင့်တင့်မျှတတဲ့ ပတ်ဝန်းကျင် ရှိနေတာလေ... ဒါပေမဲ့ လသာ မရှိရင် (၁၀) ဒီဂရီကနေ (၄၅) ဒီဂရီထိ ဖြစ်သွားနိုင်သလို သုညနီးပါးလည်း ဖြစ်သွားနိုင်ပါတယ်..."

"နေရောင်ခြည်ကို မြင်ရတာ နည်းသွားပြီး ရာသီဥတုတွေကလည်း ကြောက်စရာ ကောင်း လောက်အောင် ပြင်းထန်လာပြီးတော့ ရေခဲပြင်ခေတ်သစ်ကိုပင် ဖြစ်ပေါ်စေနိုင်ပါတယ်... ဒါ့အပြင် လကမ္ဘာရဲ့ အကာအကွယ် မရှိရင် ဥက္ကာခဲတွေကလည်း ကမ္ဘာမြေပေါ်ကို အ ဆက်မပြတ် ကျရောက်လာတော့မှာပေါ့... ရာသီဥတု ဘေးအန္တရာယ်တွေ ခံစားနေရတဲ့ လူသားတွေအတွက် နောက်ထပ် ကပ်ဘေးတစ်ခု ဖြစ်လာမှာပေါ့..."

"ဒါဆိုရင် လကမ္ဘာကို လူသားတွေ နေထိုင်လို့ရတဲ့ ပတ်ဝန်းကျင် ဖြစ်လာအောင် တကူး တက လာထားခဲ့တာပေါ့..."

"ဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး... ကမ္ဘာမြေလို ဂြိုဟ်မျိုးကလည်း လကမ္ဘာကို ဆွဲငင်အားနဲ့ ဖမ်းယူထားနိုင်စွမ်း မရှိဘူးလေ... ကမ္ဘာနဲ့ လ စနစ်ကလည်း အလွန် နုနယ်လွန်းတယ်... အကယ်၍ လကမ္ဘာပေါ်က သယံဇာတတွေကို အလွန်အမင်း တူးဖော်မယ်ဆိုရင် ဒီစနစ်ကြီး တစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်..."

"အဲဒီလိုဆိုရင် ကမ္ဘာ့ပတ်ဝန်းကျင်ကလည်း အကြီးအကျယ် ပြောင်းလဲသွားမှာ ဖြစ်သလို လူသားတွေအနေနဲ့ အိမ်ဂေဟာသစ် ရှာရတာ ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အကာအကွယ် အမိုးအကာတွေနဲ့ မြေအောက်မြို့တော်တွေ တည်ဆောက်ပြီး နေထိုင်ရတာမျိုးတွေ လုပ်လာရပါလိမ့်မယ်..."

လကမ္ဘာကို အမှန်တကယ်ပင် လူသားများအတွက် ပိုမို သင့်တော်သော ပတ်ဝန်းကျင် ဖြစ်လာစေရန် လာရောက် ထားရှိခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းယွမ် မှင်သက်သွားခဲ့မိလေ၏။

"ဒါဆိုရင် အဲဒီ လကမ္ဘာ လှုပ်ခတ်မှုတွေကရော ဘာလဲ..."

"လကမ္ဘာ လှုပ်ခတ်မှုမှာ နှစ်မျိုး ရှိပါတယ်... တစ်မျိုးက ကမ္ဘာနဲ့ လ အကြားက ဆွဲငင်အား ကြောင့် လကမ္ဘာရဲ့ ကျောက်သားထုပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဖိအားတွေကြောင့်ပါ... နောက် တစ်မျိုးကတော့ လကမ္ဘာရဲ့ အတွင်းပိုင်းကနေ ပုံမှန် လှုပ်ခတ်နေတာ ဖြစ်ပြီး ဒါကတော့ အဆင့်မြင့်ယဉ်ကျေးမှုဆီကို သတင်းအချက်အလက်တွေ ပေးပို့ဖို့အတွက် အသုံးပြုတာ လို့ တို့တွေ ယူဆထားကြပါတယ်..."

"သတင်းအချက်အလက်တွေ ပေးပို့ဖို့လား... "

All Chapters