← Chapters

အခန်း (၃၉၅-၃၉၆)

Vol. 40 Ch. 395-396

အခန်း (၃၉၅-၃၉၆)

Vol. 40 Ch. 395-396

အခန်း (၃၉၅) ပရမ်းပတာအခြေအနေ (၂)

အသက်ရှင်ကျန်ရစ်သူများသည် အလင်းရောင်နှင့် အစားအသောက် ရရှိရေး ကိုသာ အာရုံစိုက်နေခဲ့ကြသော်လည်း နေရောင်ခြည် မရှိတော့လျှင် အပူချိန်မှာ အေးခဲသွားလိမ့်မည်ဟူသော အချက်ကိုမူ မေ့လျော့နေခဲ့ကြခြင်းဖြစ်ပေသည်။

အပြင်ဘက်ကို ခဏမျှ ငေးကြည့်နေပြီးနောက် ယောင်ရန်က ပြောလိုက်လေ သည်။

"အားယု... ဒီနေ့ တစ်ခုခုဖြစ်တော့မယ်လို့ ကျွန်မ ထင်တယ်…."

ယောင်ရန်၏ အာရုံခံစားမှုမှာ မှားခဲလှပေသည်။ လုံယုက ခဏမျှ စဉ်းစားပြီး နောက် မေးလိုက်လေသည်။

"ဂိုဏ်းကလူတွေ ဒီနေ့ တိုက်ခိုက်လိမ့်မယ်လို့ မင်း ထင်လား…."

ယောင်ရန်က ခေါင်းခါပြကာ ပြန်ဖြေလိုက်လေသည်။

"မသေချာပေမဲ့ ရုတ်တရက် အပူချိန်ကျသွားတာက လူတိုင်းကို အဆင်သင့်မ ဖြစ်ဘဲ အခက်တွေ့စေတယ်… စစ်သည်တွေကလည်း ရိက္ခာတွေစီစဉ်ဖို့နဲ့ အခြေအနေကို ထိန်းချုပ်ဖို့ အချိန်ယူရလိမ့်မယ်။ တကယ်လို့ ဂိုဏ်းကလူတွေ တိုက်ခိုက်ချင်တယ်ဆိုရင် ဒီနေ့က သူတို့အတွက် အကောင်းဆုံး အခွင့်အရေး ပဲ…."

သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံယုက ပြောလိုက်လေသည်။

"ဂိုဏ်းဝင်တွေ ဗီလာနယ်မြေထဲ ဝင်လာဖို့ မလွယ်ပေမဲ့ ကိုယ်တို့ ပေါ့ဆလို့ တော့ မရဘူး… ကိုယ် ရွှီရွှမ်းကို သွားရှာလိုက်မယ်၊ အရေးပေါ်အခြေအနေ အတွက် ထောင်ချောက်တချို့ ဆင်ထားရအောင်…"

ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပါပြီ…"

လုံယု လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် အိပ်ရာဘေး စားပွဲပေါ်မှ ဂြိုဟ်တုဖုန်း မြည်လာခဲ့လေသည်။ သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက် လုံယုက ဖုန်းကို ကိုင်လိုက်လေသည်။

ဖုန်းဝင်သွားသည်နှင့် သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျွန်တော် လုံယုပါ…"

စက္ကန့်ပိုင်းအတွင်း လီထျန်းယု၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"ဗိုလ်ကြီးလုံ... ခင်ဗျားတို့ဘက်မှာ အားလုံး အဆင်ပြေကြရဲ့လား…"

"ပြေပါတယ်…."

လုံယုက ပြန်ဖြေလိုက်လေသည်။ သို့သော် ဖုန်းထဲမှ ပစ္စည်းများ ရိုက်ခွဲသံနှင့် အော်ဟစ်သံများကို ကြားနေရသဖြင့် သူက စိုးရိမ်သံဖြင့်မေးလိုက်လေသည်။

"ခင်ဗျားတို့ဘက်မှာ ဘာတွေဖြစ်နေတာလဲ…."

လီထျန်းယုက ဆဲဆိုလိုက်သံနှင့်အတူ သေနတ်သံတစ်ချက် ကြားလိုက်ရပြီးမှ ပြန်ဖြေလာခဲ့လေသည်။

"မလိုအပ်ဘဲ အိမ်ပြင်မထွက်ပါနဲ့… ဒီမှာ အခြေအနေတွေ အရမ်းဆိုးနေပြီ… အ သက်ရှင်ကျန်ရစ်သူတွေက နေရာအနှံ့မှာ လုယက်၊ မီးရှို့၊ ဓားပြတိုက်နေကြ တယ်…"

အပူချိန်ကျပြီး တစ်နာရီတောင် မပြည့်သေးခင်မှာပင် ပရမ်းပတာ အခြေအနေ များ စတင်နေပြီ ဖြစ်တော့သည်။ လုံယု၏ မျက်ဝန်းများ မည်းမှောင်သွားခဲ့ပြီး၊

"ဗိုလ်ကြီးလီ... ဒါတွေက ဂိုဏ်းဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်မလား…" ဟုမေးလိုက်လေသည်။

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်… ကံမကောင်းတာက ကျွန်တော်တို့မှာ စစ်သည်အလုံအလောက် မရှိသလို အသက်ရှင်ကျန်ရစ်သူတွေထဲက ဂိုဏ်းဝင် တွေကို ခွဲခြားဖို့လည်း မဖြစ်နိုင်ဘူး…"

လီထျန်းယုက အမျိုးသမီးတစ်ဦးထံမှ ပစ္စည်းလုနေသူကို ကန်ထုတ်လိုက်ရင်း ပြောလိုက်သည်။

သေနတ်သံ နောက်တစ်ချက် ကြားရပြန်သဖြင့် လုံယုက မှာလိုက်လေသည်။

"ကျွန်တော်တို့ သတိထားလိုက်ပါ့မယ်…တစ်ခုခု လိုအပ်ရင် အကြောင်းကြား လိုက်ပါ…"

"ကောင်းပါပြီ…"

ဖုန်းချပြီးနောက် လုံယုက ယောင်ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"မင်းရဲ့ အာရုံက နောက်တစ်ခါ မှန်ပြန်ပြီ… လူတွေ ဆူပူသောင်းကျန်းပြီး လု ယက်၊ မီးရှို့နေကြပြီတဲ့…."

ယောင်ရန်၏ မျက်ဝန်းများ ညို့မှောင်သွားသည်။ သူမ ဘာမှ မပြောရသေးခင် မှာပင် အပြင်ဘက်မှ အော်ဟစ်သံများနှင့် သေနတ်သံများ ဟိန်းထွက်လာ ခဲ့လေတော့သည်။

"အား… ဓားပြတွေ…."

"အထဲဝင်… အမြန်…"

"ဒိုင်း… ဒိုင်း… ဒိုင်း… "

"တံခါးပိတ်ထား… အပြင်မထွက်ကြနဲ့…"

စစ်သည်တစ်ဦး၏ စိုးရိမ်တကြီး အော်သံဟစ်ကိုလည်း ကြားလိုက်ရလေတော့ သည်။ ယောင်ရန်နှင့် လုံယုတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ပြတင်း ပေါက်ဆီ အပြေးအလွှား သွားကြည့်လိုက်ကြလေသည်။ ဗီလာနယ်မြေတွင် လမ်းမီးတိုင်များ တပ်ဆင်ထားသဖြင့် အောက်တွင် ဘာတွေဖြစ်နေသည်ကို သူတို့ မြင်နေရပေသည်။

မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သည် စစ်သည်အနည်းငယ် နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြလေသည်။ ယောင်ရန်နှင့် လုံယုတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ၎င်းတို့၏ လက်နက်များကို ဆုပ်ကိုင် လိုက်ကြလေသည်။

အပြင်မထွက်မီ ယောင်ရန်က ကျည်ကာအင်္ကျီတစ်ထည်ကို လုံယုအား ပေး လိုက်လေသည်။ နှစ်ဦးလုံး ကျည်ကာအင်္ကျီများ ဝတ်ဆင်ပြီးနောက် အိပ်ခန်း ထဲမှ အမြန်ထွက်လာခဲ့ကြလေတော့သည်။

အောက်ထပ်သို့ဆင်းလာသောအခါတွင် ရွှီရွှမ်းနှင့် တွေ့လိုက်လေသည်။

ရွှီရွှမ်းက သူတို့အားကြည့်ကာ မေးလိုက်လေသည်။

"ခေါင်းဆောင်နဲ့ ယောင်ရန်တို့လည်း အပြင်ထွက်မလို့လား…."

ယောင်ရန်က ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်တယ်…"

ရွှီရွှမ်းမှာ အနွေးထည်သာ ဝတ်ထားသည်ကို သတိပြုမိသဖြင့် ယောင်ရန်က ကျည်ကာအင်္ကျီ နောက်တစ်ထည်ကို ထုတ်ပေးလိုက်ပြီး ပြောလိုက်လေ သည်။

"ဒါကို ဝတ်သွားတာ ပိုကောင်းလိမ့်မယ်…"

"ကျေးဇူးပဲ"

ရွှီရွှမ်းက အနွေးထည်ကို အမြန်ချွတ်ကာ ကျည်ကာအင်္ကျီ ဝတ်လိုက်ပြီးမှ အနွေးထည်ကို အပေါ်မှ ပြန်ဝတ်လိုက်လေသည်။ အားလုံး အဆင်သင့်ဖြစ် သည်နှင့် သူတို့ သုံးဦးသည် ဗီလာထဲမှ အမြန်ထွက်လာခဲ့ကြပေသည်။

အပြင်ရောက်သောအခါ ယောင်ရန်သည် စစ်သည်များကို ဝိုင်းထားသော ဂိုဏ်းဝင်များကို တွေ့လိုက်ရလေသည်။ သူမသည် တွန့်ဆုတ်မနေဘဲ သူမ၏ ရေစွမ်းအင်ကို အသုံးပြုကာ ရေဆူးချွန်များကို ဖန်တီးလိုက်လေသည်။ အေး စက်နေသော အပူချိန်ကြောင့် ရေဆူးချွန်များသည် ချက်ချင်းပင် ရေခဲဆူးချွန် များအဖြစ် ပြောင်းလဲသွားလေတော့သည်။

ရေခဲဆူးချွန်များ လေထဲတွင် ဝဲပျံလာသည်နှင့် လုံယုနှင့် ရွှီရွှမ်းတို့သည်လည်း တိုက်ပွဲထဲသို့ ဝင်ပါလာခဲ့ကြလေတော့သည်။ ယောင်ရန်က လက်ကောက်ဝတ် ကို ခါလိုက်ပြီး ရေခဲဆူးချွန်များကို ဂိုဏ်းဝင်များဆီသို့ ပစ်လွှတ်လိုက်လေ တော့သည်။

"ရွှီး… ရွှီး… ရွှီး… "

ဂိုဏ်းဝင်တစ်ဦးက လေထဲမှ စွမ်းအင်လှိုင်းများကို ခံစားမိသွားပြီး အော်၍ အမိန့်ပေးလိုက်လေသည်။

"ဒိုင်းကာဖွင့်…"

ထိုအမိန့်အတိုင်းပင် နောက်ထပ် ဂိုဏ်းဝင်တစ်ဦးက သူ၏ လက်ဝါးနှစ်ဖက်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်လေသည်။ စက္ကန့်ပိုင်းအတွင်း ကြီးမားသော မြေ သား တံတိုင်းကြီး တစ်ခု ပေါ်လာပြီး ရေခဲဆူးချွန်များကို ပိတ်ဆို့လိုက်လေ သည်။

"စွပ်…စွပ်… စွပ်…"

ရေခဲဆူးချွန်များသည် မြေတံတိုင်းကို ထိမှန်သွားပြီး နက်ရှိုင်းလှသော အက် ကြောင်းများကို ဖြစ်ပေါ်စေခဲ့လေသည်။ စွမ်းရည်အဆင့် ကွာခြားချက်ကြောင့် မြေတံတိုင်းသည် ယောင်ရန်၏ ရေခဲဆူးချွန်များကို အပြည့်အဝ ကာကွယ်နိုင် ခြင်းမရှိပေ။

"ဝုန်း…"

စက္ကန့်အနည်းငယ် ခံပြီးနောက် မြေတံတိုင်းကြီးမှာ ပြိုကျသွားသဖြင့် ဖန်တီး သူမှာ ကြောင်အမ်းသွားတော့သည်။

သူက ပြိုကျသွားသော မြေတံတိုင်းအကြွင်းအကျန်များကို ကြည့်ကာ မယုံနိုင် စွာ အော်ပြောလိုက်လေသည်။

"မဖြစ်နိုင်ဘူး… ငါ့ရဲ့ မြေတံတိုင်းက အတောင့်တင်းဆုံး ခံစစ်ပဲလေ… ဘာလို့ ဒီလို ကျိုးလွယ်တဲ့ ရေခဲဆူးချွန်လေးတွေအောက်မှာ ပျက်စီးသွားရတာလဲ…"

သူ ဘာမှ ထပ်မတုံ့ပြန်နိုင်ခင်မှာပင် ရုတ်တရက် အသက်ရှူရ ခက်ခဲလာခဲ့လေ တော့သည်။

"အာ့..."

အဆုတ်ထဲမှ လေများ ရုတ်တရက် ကုန်ခမ်းသွားသဖြင့် သူ၏ နှလုံးခုန်သံများ မြန်လာခဲ့ပေတော့သည်။ သတိမလစ်မီ ထိုလူက လှည့်ကြည့်လိုက်ရာ လုံယုက အခြားညီအစ်ကိုများကိုလည်း တိုက်ခိုက်နေသည်ကို တွေ့လိုက်ရပေသည်။

သူ အကူအညီတောင်းရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်က အင်အားများ ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

"ဘုန်း… ဘုန်း… ဘုန်း… "

အသံများ ကြားရသဖြင့် ဂိုဏ်းခေါင်းဆောင်က လှည့်ကြည့်လိုက်ရာ သူ၏ လူ တစ်ဒါဇင်ကျော်မှာ အသက်မဲ့စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရတော့ သည်။

"ဘာတွေဖြစ်နေတာလဲ…" ဟု သူက ထိတ်လန့်တကြား မေးလိုက်လေသည်။

"မသိဘူး… သူတို့တွေ အသက်ရှူမဝဖြစ်ပြီး သေကုန်ကြတာ…"

သူ၏ လူတစ်ယောက်က ကြောက်လန့်တကြား တုန်တုန်ရင်ရင်ဖြင့် ဖြေရင်း မြေပေါ်သို့ လဲကျသွားခဲ့လေတော့သည်။

သေဆုံးနေသူများ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး နှုတ်ခမ်းများ ပြာနှမ်းနေ ခြင်းက အသက်ရှူကျပ်၍ သေဆုံးခြင်းဖြစ်ကြောင်း သိသာစေပေသည်။

ခေါင်းဆောင်ဖြစ်သူ ကြောင်အမ်းနေစဉ်မှာပင် နောက်ကွယ်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ကြောင်မနေနဲ့… မင်း ခေါင်းပြတ်သွားလိမ့်မယ်…"

ထိုသတိပေးချက်ကို သူ နားမလည်နိုင်ခင်မှာပင် ကျောရိုးထဲအထိ စိမ့်တက် သွားခဲ့လေသည်။

နောက်တစ်ခဏတွင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားတော့သည်။

"ဘုန်း…"

အေးစက်နေသော မြေပြင်နှင့် သူ၏ ပါးပြင် ထိတွေ့သွားခဲ့လေသည်။ သူ၏ ရှေ့တွင် ခေါင်းမပါသော သူ၏ ခန္ဓာကိုယ်ကြီး မတ်တတ်ရပ်နေသည်ကို မြင် လိုက်ရသဖြင့် မျက်လုံးများ ထိတ်လန့်တကြား ပြူးသွားခဲ့ပေသည်။

သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် မျက်ဝန်းထဲမှ အလင်းရောင်များ ပျောက်ကွယ် သွားပြီး နောက်ဆုံး အသက်ရှူသံ ထွက်ပေါ်သွားခဲ့လေတော့သည်။

ယောင်ရန် ရေခဲဆူးချွန်ဖြင့် ပစ်ခတ်လိုက်သည်မှ ခေါင်းဆောင် သေဆုံးသွား သည်အထိ တစ်မိနစ်မျှပင် မပြည့်ခဲ့ပေ။

၎င်းတို့၏ ခေါင်းဆောင် သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျန်ရှိ နေသော ဂိုဏ်းဝင်များသည် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားကြလေ တော့သည်။ ကံမကောင်းစွာပင် စစ်သည်များက ၎င်းတို့၏ ပြေးပေါက်ကို ပိတ်ဆို့ထားပြီးသား ဖြစ်နေခဲ့ပေသည်။

"ဒိုင်း… ဒိုင်း… ဒိုင်း…"

အခန်း (၃၉၆) ပရမ်းပတာအခြေအနေ (၃)

စစ်သည်များသည် မရပ်မနား ပစ်ခတ်ကြရာ ဂိုဏ်းဝင်အားလုံးနီးပါး သေကျေ ဒဏ်ရာရကုန်ကြတော့သည်။

မလှမ်းမကမ်းတွင် ယောင်ရန်သည် သူမ၏ သစ်စွမ်းအင်ဖြင့် နွယ်ပင်များကို ဆင့်ခေါ်လိုက်လေသည်။ ထိုနွယ်ပင်များသည် ထွက်ပြေးရန် ကြိုးစားနေသည့် ကျန်ရှိနေသော ဂိုဏ်းဝင်များထံသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြလေ သည်။

"ရွှီး… ရွှီး… ရွှီး…"

နွယ်ပင်များက သူတို့အား ရစ်ပတ်လိုက်သောအခါ ဂိုဏ်းဝင်များသည် ဆဲဆို ရင်း လွတ်မြောက်ရန် ရုန်းကန်ကြလေတော့သည်။

လွတ်လမ်းမရှိတော့သည်ကို သိလိုက်ရသဖြင့် တစ်ယောက်က အော်ဟစ် လိုက်လေသည်။

"ညီအစ်ကိုတို့... အခုပဲ လုပ်တော့…."

ထိုစကားကို ကြားလိုက်ရသဖြင့် လုံယု၏ မျက်ဝန်းများ ထိတ်လန့်သွားကာ အော်ဟစ်သတိပေးရင်း ယောင်ရန်ရှိရာသို့ အပြေးအလွှား သွားခဲ့လေတော့ သည်။

"ရန်ရန်… အကာအကွယ်ယူ…"

ထိုဂိုဏ်းဝင်များသည် အိတ်ထဲမှ တစ်ခုခုကို ထုတ်လိုက်သည်ကို မြင်သော အ ခါ ရွှီရွှမ်းက လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။ သူ၏ လက်များကို ဝှေ့ယမ်း လိုက်ရာ ဂိုဏ်းဝင်အားလုံးမှာ လေထဲသို့ တိုက်ရိုက် ရောက်သွားခဲ့ကြလေ သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် လေထဲ၌ ထိုလူများ ပေါက်ကွဲသွားကြလေတော့ သည်။

"ဝုန်း…."

အောက်တွင် လုံယုသည် ယောင်ရန်ကို သူ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထား ပြီး လေစွမ်းရည်ကို အသုံးပြုကာ သူတို့ပတ်ပတ်လည်တွင် အကာအကွယ် တစ်ခု ဖန်တီးထားလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရွှီရွှမ်းနှင့် စစ်သည် များသည်လည်း ဗီလာများရှိရာသို့ အပြေးအလွှား အကာအကွယ်ယူလိုက်ကြ လေသည်။

ခဏအကြာတွင် သွေးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ မိုးရွာသကဲ့သို့ ကျ ဆင်းလာပြီး မြေပြင်ပေါ်၌ သွေးစွန်းနေသော အသားစများဖြင့် ပြည့်နှက်သွား ခဲ့လေတော့သည်။

လုံယုသည် အခြေအနေများ ပြန်လည်ငြိမ်သက်သွားသည်အထိ ယောင်ရန်ကို ဗီလာအတွင်းသို့ ဆွဲခေါ်ကာ အကာအကွယ်ပေးထားလိုက်လေသည်။

နှစ်မိနစ်ခန့်အကြာတွင် ယောင်ရန်က ပြောလိုက်လေသည်။

"သွားကြည့်ရအောင်…"

"ကောင်းပြီလေ…" ဟု လုံယုက ပြန်ဖြေလိုက်လေသည်။

သူတို့နှစ်ဦး အကာအကွယ်ယူထားရာမှ ထွက်လာသောအခါ ရွှီရွှမ်းက အနား သို့ လျှောက်လာပြီး မေးလိုက်လေသည်။

"အားလုံး အဆင်ပြေကြရဲ့လား…"

ယောင်ရန်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်လေသည်။

"ပြေပါတယ်… ရှင်ကော အဆင်ပြေရဲ့လား…"

"ပြေပါတယ်…" ဟု ရွှီရွှမ်းက ဖြေလိုက်လေသည်။

မြေပြင်ပေါ်မှ ပရမ်းပတာ ဖြစ်နေသည်များကို ကြည့်ကာ ယောင်ရန်က ညီးညူလိုက်လေသည်။

"ကံကောင်းလို့ ရှင် လျင်လျင်မြန်မြန် တုံ့ပြန်လိုက်လို့… မဟုတ်ရင် အဲဒီပေါက် ကွဲမှုက အနီးအနားက လူအများကြီးကို သေစေနိုင်တယ်…"

ရွှီရွှမ်းကလည်း ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်လေသည်။

"ဒီလူတွေက တကယ်ကို ဘာမဆို လုပ်ရဲတာပဲ…"

သူတို့ စကားပြောနေကြစဉ်မှာပင် လုံယုက မြေပေါ်တွင် ပြန့်ကျဲနေလျက်ရှိ သော အကြွင်းအကျန်များကို စစ်ဆေးနေခဲ့လေသည်။ လမ်းမီးရောင်အောက် တွင် တစ်စုံတစ်ခု တောက်ပနေလျက်ရှိသည်ကို တွေ့လိုက်ရသဖြင့် သူ အနီး ကပ် သွားကြည့်လိုက်မိလေသည်။

သူသည် ထိုပစ္စည်းကို ကောက်ယူကာ စစ်ဆေးကြည့်လိုက်သောအခါ ၎င်းပေါ် တွင် ထွင်းထုထားသော ပုံရိပ်ကို မြင်ပြီး မျက်နှာပျက်သွားခဲ့လေသည်။

လုံယုက ဘာမှမပြောဘဲ ရပ်နေသည်ကို သတိပြုမိသဖြင့် ယောင်ရန်နှင့် ရွှီရွှမ်း တို့က အနားသို့ လျှောက်လာခဲ့ကြလေသည်။

"တစ်ခုခု တွေ့လိုက်လို့လား"

ယောင်ရန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

လုံယုက သူမအား ထိုပစ္စည်းကို ပေးလိုက်ရင်း ပြောလိုက်လေသည်။

"ဒါကို ကြည့်လိုက်ဦး…"

ယောင်ရန်သည် ထိုပစ္စည်းကို ယူကာ သေချာကြည့်လိုက်သည်။ ရင်းနှီးနေ သော တံဆိပ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများထဲတွင် လူသတ် လိုသည့် အရိပ်အယောင်များ ဝဲတက်လာလေသည်။

"ဒါ သေတ္တာတော် အဖွဲ့ဝင်တွေ တပ်တဲ့ တံဆိပ်ပဲ…"

သူမက ခဏမျှ တိတ်ဆိတ်နေပြီးမှ ဆက်ပြောလိုက်လေသည်။

ထိုစကားကြောင့် ရွှီရွှမ်း မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်လေသည်။

"သူတို့တွေ နင့်နောက်ကို လိုက်လာနေကြတာပဲ ယောင်ရန်…."

"ဟုတ်တယ်…."

သူမက ထောက်ခံလိုက်လေသည်။

ထိုအချိန်တွင် စစ်သည်တစ်ဦး သူတို့ထံ လျှောက်လာသဖြင့် ယောင်ရန်က မီး လောင်ထားသော ထိုတံဆိပ်ကို အမြန်သိမ်းလိုက်လေသည်။

စစ်သည်က အလေးပြုကာ ပြောလိုက်လေသည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရဲဘော်တို့…"

လုံယုနှင့် ရွှီရွှမ်းတို့က ပြန်လည်အလေးပြုလိုက်ကြလေသည်။

"ကိုယ့်အိမ်ကိုယ် ကာကွယ်ဖို့အတွက် ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ…."

လုံယုက ပြောလိုက်လေသည်။

အအေးဒဏ်ကြောင့် စစ်သည်၏ လက်များ တုန်ရင်နေသည်ကို သတိပြုမိ လိုက်သဖြင့် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ အပူပေးအပြား အချို့ ကိုထုတ်ပေးလိုက်သည်။

"ပင်ပန်းသွားပြီ ရဲဘော်…" ဟု ပြောရင်း ပေးလိုက်သည်။

စစ်သည်သည် ထိုအပူပေးအပြားများကို မြင်သောအခါ လက်ခံရန် တွန့်ဆုတ် နေခဲ့လေတော့သည်။ ဤကမ္ဘာသစ်တွင် သူတစ်ပါးထံမှ ဘာမှအလကားမယူ လိုသည့် စိတ်ဓာတ်က သူ့တွင် ရှိနေပေသေးသည်။

သူ၏ တွန့်ဆုတ်မှုကို ယောင်ရန်က သိနားလည်သဖြင့် အပူပေးအပြားများကို စစ်သည်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်လေသည်။

"ပိုအေးလာတော့မှာမို့ ဒါတွေကို ယူထားပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…"

ထိုသို့ပေးပြီးနောက် ယောင်ရန်က လုံယုကို ဆွဲခေါ်သွားတော့သည်။ ရွှီရွှမ်းက စစ်သည်ဘက် လှည့်ကာ ပြောလိုက်လေသည်။

"ယူထားလိုက်ပါ… ဒီလောက်အေးတဲ့ အထဲမှာ အလုပ်လုပ်ရတာ မလွယ်ဘူး လေ…"

စစ်သည်က အပူပေးအပြားများကို တင်းတင်းဆုပ်ကိုင်ကာ အော်ပြောကာ ကျန်ရစ်ခဲ့လေတော့သည်။

"ကျေးဇူးတင်ပါတယ်…"

သူတို့ သုံးဦး ထွက်သွားပြီးနောက် စစ်သည်သည် အပူပေးအပြားများကို သူ၏ ရဲဘော်များထံ ခွဲဝေပေးလိုက်လေသည်။ ထို့နောက် ဗီလာပိုင်ရှင်များကို လိုက် လံနှိုးကာ ကင်းလှည့်သည့် တာဝန်ကို ဆက်လက်ထမ်းဆောင်ကြပြီး အချို့ သော စစ်သည်များကတော့ ထိုနေရာကို သန့်ရှင်းရေးလုပ်ရန် ထွက်ခွာသွား ကြလေတော့သည်။

ဂိုဏ်းဝင်များကို သတ်ဖြတ်ပြီးနောက် ဗီလာနယ်မြေတွင် အခြေအနေ ပြန် လည်ငြိမ်သက်သွားသော်လည်း အခြေစိုက်စခန်း၏ အခြားသော နေရာများ မှာမူ ထိုသို့ မဟုတ်ပေ။

အမြဲတမ်းမှောင်မိုက်နေသည့် ညနှင့် အေးစိမ့်လှသော အပူချိန်တို့ ပေါင်းစပ် လိုက်သောအခါ လူသားတို့၏ အမှောင်ဆုံးနှင့် အရက်စက်ဆုံး ဗီဇများ နိုးထ လာပြီး ပရမ်းပတာအခြေအနေများမှာ ဗိုင်းရပ်စ်တစ်ခုကဲ့သို့ ပြန့်နှံ့သွားခဲ့လေ တော့သည်။

ဆင်းရဲသားရပ်ကွက်များမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့သည်။ တစ်နှစ်ကျော်ကြာ ဖိနှိပ်ခံထားရပြီး ငတ်မွတ်နေကြသော အသက်ရှင်ကျန်ရစ်သူများသည် ပိုမို ကောင်းမွန်သော အခြေအနေတွင် နေထိုင်သူများကို ကလဲ့စားချေလိုစိတ်ဖြင့် တောရိုင်းတိရစ္ဆာန်များကဲ့သို့ ဖြစ်လာခဲ့ကြလေသည်။

စစ်သည်များ အလုပ်ရှုပ်နေစဉ်မှာပင် ဆင်းရဲသားရပ်ကွက်မှ လူများသည် လှိုင်းလုံးကြီးများကဲ့သို့ အလုံးအရင်းနှင့် ထွက်လာခဲ့ကြလေသည်။ သူတို့သည် လမ်းမီးတိုင်များနှင့် မီးသီးများကို ရိုက်ခွဲကာ၊ အစိုးရအရောင်းဆိုင်များကို ဖောက်ထွင်းပြီး လူနေရပ်ကွက်များကို ဝင်ရောက်စီးနင်းခဲ့ကြလေသည်။

စစ်သည်များက ချက်ချင်းတုံ့ပြန်ခဲ့သော်လည်း အခြေအနေမှာ အလွန်လျင် မြန်စွာ ဆိုးရွားသွားခဲ့လေသည်။

ဆူပူသူများသည် စစ်သည်များကို မြင်သော်လည်း ဆုတ်ခွာသွားခြင်းမရှိဘဲ အတင်းတိုးဝင် တိုက်ခိုက်ခဲ့ကြလေသည်။ ယူနီဖောင်းဝတ်ထားသူ မှန်သမျှ သည် ပစ်မှတ်များ ဖြစ်လာခဲ့ကြတော့သည်။

စစ်သည်အများအပြား ဒဏ်ရာရခဲ့ပြီး အချို့မှာမူ သွေးအိုင်ထဲတွင် လဲကျကာ ပြန်ထလာနိုင်ခြင်းမရှိတော့ပေ။

ဒရုန်းမှတစ်ဆင့် အခြေအနေများကို စောင့်ကြည့်နေသော ယောင်ရန်၏ မျက် ဝန်းများထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်လျက်ရှိနေခဲ့ ပေသည်။

သူမက လက်သီးကို တင်းတင်းဆုပ်ကာ တွေးနေခဲ့မိလေသည်။

*ငါက ဒီစစ်သည်တွေကို အသက်ရှင်နေအောင် အားစိုက်ထုတ်ပြီး ရင်းမြစ် တွေ အများကြီး သုံးထားတာ… အခုကျတော့ သူတို့က ကာကွယ်ပေးထားတဲ့ လူတွေကို ပြန်သတ်နေကြတာပဲ… ဒီလိုလူတွေက ဘာကြင်နာမှုနဲ့မှ မထိုက် တန်ဘူး….*

သေဆုံးသွားသော စစ်သည်များအတွက် ကလဲ့စားချေရန် သူမ အစီအစဉ်ဆွဲ နေစဉ်မှာပင် ရွှီရွှမ်းက သတင်းပို့လာခဲ့လေသည်။

"ခေါင်းဆောင်... ဆူပူသူ အုပ်စုသုံးစုက အပြင်ဘက်နယ်မြေရဲ့ အကာအရံတွေ ကို ဖောက်ဝင်ဖို့ ကြိုးစားနေတယ်…"

ရွှီရွှမ်းက ဒရုန်းကို အနီးကပ်ကြည့်နိုင်ရန် ထိန်းချုပ်လိုက်လေသည်။

အဆိုပါလူများထဲမှ တစ်ဦးကို ဆင်းရဲသားရပ်ကွက်ကလူအဖြစ် မှတ်မိသွား သဖြင့် ယောင်ရန်က မျက်နှာပြင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ သည်။

"ဒီလူ... သူ့ကို ဆင်းရဲသားရပ်ကွက်မှာ ကျွန်မမြင်ဖူးတယ်…."

အလယ်ပိုင်းနယ်မြေနှင့် မတူဘဲ အပြင်ဘက်နယ်မြေရှိ ဗီလာအနည်းငယ်တွင် သာ လျှပ်စစ်ခြံစည်းရိုးများ ရှိကြပေသည်။ အကာအရံများ ပျက်စီးသွားပါက ဗီလာနယ်မြေအတွင်း ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်လာပေလိမ့်မည်။

ဆူပူသူများက အကာအရံများကို ဖောက်ဝင်လာသောအခါ ယောင်ရန်က ပြောလိုက်လေသည်။

"သူတို့သာ အထဲဝင်လာရင် ပြဿနာတက်လိမ့်မယ်… ကျွန်မ သွားတားလိုက် ဦးမယ်…."

လုံယုက သူမကို ကြည့်ကာ ပြောလိုက်လေသည်။

"ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်…"

ထို့နောက် ရွှီရွှမ်းဘက် လှည့်ကာ ထပ်ပြောလိုက်လေသည်။

"အားရွှမ်း... မင်း ဒီမှာနေပြီး အကူအညီပေးပါ…"

ထာဝရညက မြင်ကွင်းကို မှုန်ဝါးစေသော်လည်း ဒရုန်းရှိ ညကြည့်ကင်မရာ ကြောင့် အခြေအနေများကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။ လုံယု၏

ဆုံးဖြတ်ချက်ကို ရွှီရွှမ်းက နားလည်သဖြင့် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်…"

ယောင်ရန်နှင့် လုံယုတို့သည် ညကြည့်မှန်ဘီလူးများ တပ်ဆင်ကာ ဗီလာအ တွင်းမှ ထွက်ခွာလာခဲ့ကြတော့သည်။

All Chapters