← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 40 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 40 Ch. 399-400

အခန်း (၃၉၉) ဒုတိယအကြိမ် တိုက်ခိုက်မှု

ယောင်ရန်သည် လုံယု၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူမ၏ နေရာ လွတ်ထဲမှ ထမင်းဘူးသုံးဘူးနှင့် ကြက်စွပ်ပြုတ်သုံးလုံးကို ထုတ်လိုက်လေ သည်။

စားပွဲပေါ်တွင် အစားအသောက်များကို ပြင်ဆင်ရင်း သူမက ပြောလိုက်လေ သည်။

"အပူချိန်က ဆက်တိုက် ကျဆင်းနေပေမဲ့ ဒီနေ့ပြီးရင်တော့ ပရမ်းပတာအခြေ အနေတွေက ပိုဆိုးလာလိမ့်မယ်လို့ ကျွန်မ ထင်တယ်…."

၎င်းတို့ စားသောက်နေစဉ် အဝေးမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထပ်မံထွက် ပေါ်လာခဲ့ပြန်လေသည်။

သုံးယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လက်ထဲမှ တူများကို ချလိုက်ကြလေသည်။

ရွှီရွှမ်းက အော်ဟစ်သံများ ထွက်ပေါ်ရာအရပ်ကို စုံစမ်းရန် ဒရုန်းကို ထိန်းချုပ် မောင်းနှင်နေစဉ် လုံယုနှင့် ယောင်ရန်တို့သည် ဒုတိယထပ် လသာဆောင်သို့ ထွက်ကြည့်လိုက်ကြလေသည်။

ထိုနေရာမှ ကြည့်လိုက်ရာ ဗီလာနယ်မြေ၏ အပြင်ဘက်ပိုင်းသို့ မီးတုတ် မြောက်မြားစွာ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရလေတော့သည်။

"သူတို့ ပြန်လာကြပြီ…."

လုံယုက တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

ဧည့်ခန်းသို့ ပြန်ရောက်သောအခါ လုံယုနှင့် ယောင်ရန်တို့သည်ကျည်ကာအင်္ကျီ များနှင့် ညကြည့်မှန်ဘီလူးများကို အမြန်ဝတ်ဆင်ကာ ခေါင်မိုးပေါ်သို့ တက်ခဲ့ ကြလေသည်။

၎င်းတို့၏အောက်တွင် လူအုပ်ကြီးမှာ မရပ်မနား စီးဆင်းနေသည့် ဒီရေလှိုင်း ကြီးများကဲ့သို့ ရှေ့သို့ တိုးဝင်လာနေလျက်ရှိကြပေသည်။ ဓားများ၊ သေနတ် များ၊ သံတုတ်များနှင့် လက်လုပ်လက်နက်များကို ကိုင်ဆောင်ထားကြပြီး ဗီလာနယ်မြေ၏ အတားအဆီးများဆီသို့ အလုံးအရင်းနှင့် ပြေးဝင်လာကြခြင်း ဖြစ်ပေတော့သည်။

ညကြည့်မှန်ပြောင်းမှတစ်ဆင့် ကင်းစောင့်များနှင့် စစ်သည်များသည် ထို လူ အုပ်ကြီးကို တားဆီးရန် ကြိုးစားနေကြသည်ကိုလည်း ယောင်ရန် မြင်နေရပေ သည်။ သို့သော် တိုက်ခိုက်သူများ၏ အရေအတွက်မှာ အဆမတန် များပြားလှ ပေသည်။

အော်ဟစ်သံများ၊ ငိုယိုသံများနှင့် တိုက်ခိုက်နေသံများမှာ အေးစိမ့်လှသော ညဉ့်အမှောင်ထဲတွင် ပျံ့လွင့်နေပြီး အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားရစေပေ သည်။

အပူချိန်မှာ အနှုတ် (၁၀) ဒီဂရီစင်တီဂရိတ်အောက်သို့ ရောက်နေသော်လည်း တိုက်ခိုက်သူများမှာ လုံလောက်သော အဝတ်အစားများ မရှိကြပေ။ သို့သော် ၎င်းတို့သည် မဆုတ်မနစ်သော ဇွဲဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ် ပေသည်။

ထိုလူအုပ်က အတားအဆီးများကို ဖောက်ထွက်ကာ အလယ်ပိုင်းနယ်မြေဆီ သို့ တိုက်ရိုက် ဦးတည်လာသောအခါ ယောင်ရန်က နှာခေါင်းရှုံ့ကာ ပြောလိုက် လေသည်။

"သူတို့ ပစ်မှတ်ကို ကောင်းကောင်း ရွေးတတ်သားပဲ…"

လုံယုက ခေါင်းညိတ်ကာ ထောက်ပြလိုက်လေသည်။

"သူတို့ တစ်နေကုန် ငါတို့ကို စောင့်ကြည့်နေတာ ဖြစ်ရမယ်… အတားအဆီး တွေကို ဒီလောက်မြန်မြန် ဖောက်ဝင်နိုင်တယ်ဆိုတာ ကင်းလှည့်တဲ့အချိန်နဲ့ လူအင်အားတွေကို သေချာလေ့လာထားလို့ပဲ…"

ယောင်ရန်ကလည်း အဝေးမှ ပရမ်းပတာ ဖြစ်ရပ်များကို စိုက်ကြည့်ရင်း သဘောတူလိုက်လေသည်။

၎င်းတို့ စကားပြောနေစဉ်မှာပင် ထိုလူအုပ်မှာ ဒုတိယခံစစ်ကို ထပ်မံဖျက်ဆီး ကာ အလယ်ပိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြပေတော့သည်။

"ကိုယ်တို့ ဝင်ပါရမလား…" ဟု လုံယုက မေးလိုက်လေသည်။

ယောင်ရန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ မျက်နှာမှာ ညိုမှောင်သွား ခဲ့လေသည်။

စောစောက ဘဝင်မြင့်နေသည့် အမျိုးသမီးနှင့် ကျိမိသားစု၏ အပြုအမူများကို သတိရလိုက်ကာ သူမက ပြန်ဖြေလိုက်လေသည်။

"ကျိမိသားစုက အလယ်ပိုင်းနယ်မြေကို ကာကွယ်ပေးနေတယ်လို့ ကြွားထား တာ မဟုတ်လား… တကယ်ပဲ တန်ဖိုးရှိမရှိ သက်သေပြချင်တယ်ဆိုရင် သူတို့ ဘာသာသူတို့ပဲ ဖြေရှင်းပါစေပေါ့…"

လုံယုသည် သူမ၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ဘာမှထပ်မပြောဘဲ သူမ ၏ ဆုံးဖြတ်ချက်ကို ထောက်ခံရန် အသင့်ပြင်လိုက်လေသည်။ သူမက လူ သတ်ချင်သည်ဆိုလျှင် သူက ဓားကို ကမ်းပေးရုံသာ ရှိပေသည်။

ပထမဆုံး တိုက်ခိုက်သူ အုပ်စုသည် အလယ်ပိုင်းနယ်မြေသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြလေသည်။ ခမ်းနားထည်ဝါလှသော ဗီလာများကို မြင်လိုက် ရသည်နှင့် ၎င်းတို့၏ လောဘဇောများ နိုးထလာကာ လျှပ်စစ်ခြံစည်းရိုးများ ရှိနေသည့်တိုင် ဗီလာတံတိုင်းများကို ကျော်တက်ရန် ကြိုးစားကြတော့သည်။

လျှပ်စစ်ဓာတ်အား ပေးထားသော ခြံစည်းရိုးများကို ထိလိုက်သည်နှင့် ၎င်းတို့ မှာ လွင့်ထွက်သွားခဲ့ကြတော့သည်။ သုံးမီတာခန့် အမြင့်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာသောအခါ အများစုမှာ ပြန်ထလာနိုင်ခြင်းမရှိတော့ဘဲ ထိုနေရာ မှာပင် ငြိမ်သက်သွားခဲ့ကြလေသည်။

သေနတ်သံများ ပိုမိုနီးကပ်လာသည်ကို ကြားသောအခါ ထိုအုပ်စုမှာ အုပ်စု ငယ်လေးများ ကွဲသွားကြပြီး လျှပ်စစ်ခြံစည်းရိုး မရှိသော ဗီလာများကို ဦးစွာ ပစ်မှတ်ထားခဲ့ကြလေသည်။

လသာဆောင်မှနေ၍ ၎င်းတို့၏ စနစ်ကျသော လှုပ်ရှားမှုများကို ကြည့်ရင်း ယောင်ရန် မျက်မှောင်ကြုတ်လိုက်လေသည်။

"တကယ်လို့ ဒါတွေက ဂိုဏ်းဝင်တွေဆိုရင်တော့ ဒီအခြေစိုက်စခန်းက ဘယ် လိုမှ လုံခြုံမှုမရှိတော့ဘူး…"

လုံယုက ရှင်းပြလိုက်လေသည်။

"ဂိုဏ်းအများစုက ရာဇဝတ်သားတွေနဲ့ ဖွဲ့စည်းထားတာ… သူတို့က ရက်စက် ပေမဲ့ စနစ်မကျကြဘူး… ကိုယ် လေ့လာမိသလောက်တော့ ဒီလူတွေက လေ့ ကျင့်ထားတဲ့ စစ်သည်တွေလိုပဲ လှုပ်ရှားနေကြတာ…"

ယောင်ရန် ပြန်မပြောရသေးခင်မှာပင် စကားပြောစက်မှတစ်ဆင့် ရွှီရွှမ်း၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"ခေါင်းဆောင်... သူတို့တွေ ဗီလာအတော်များများကို ဖောက်ဝင်ကုန်ကြပြီ… ကျွန်တော်တို့ ဘာလုပ်ကြမလဲ…"

လုံယုက ယောင်ရန်ဘက် လှည့်ကာ မေးလိုက်လေသည်။

"ကိုယ်တို့ ဝင်ပါကြမလား…"

ထိုအုပ်စုမှာ ရိက္ခာများကိုသာ လုယက်ပြီး နေထိုင်သူများကို အန္တရာယ်မပြု သည်ကို မြင်သောအခါ ယောင်ရန်က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်လေ သည်။

သူမ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါပြကာ ပြောလိုက်လေသည်။

"သူတို့ဘာသာ နေပါစေ… ကျွန်မတို့က အဲဒီလူတွေရဲ့ အစေခံ မဟုတ်ဘူးလေ.. သူတို့ရဲ့ ရိက္ခာတွေကို ကာကွယ်ချင်ရင် သူတို့ဘာသာသူတို့ပဲ ကာကွယ်ရမှာ ပေါ့…."

သူမ ထိုသို့ပြောလိုက်စဉ်မှာပင် နောက်ထပ်အုပ်စုတစ်စု ရောက်လာပြီး ၎င်းတို့ ၏ ဗီလာကို စတင်တိုက်ခိုက်ကြတော့သည်။ ၎င်းတို့သည် ငါးမီတာမြင့်သည့် တံတိုင်းကို ကျော်တက်မည့်အစား သစ်သားချောင်းများနှင့် ကျောက်ခဲများကို အသုံးပြုကာ လျှပ်စစ်ခြံစည်းရိုးများကို ဖျက်ဆီးရန် ကြိုးစားနေခဲ့ကြခြင်းဖြစ် လေသည်။

၎င်းတို့ထဲမှ အချို့မှာ စွမ်းအားရှင်များ ဖြစ်ကြပြီး တံတိုင်းနှင့် လျှပ်စစ်ခြံစည်း ရိုးကို ဖျက်ဆီးရန် ၎င်းတို့၏ စွမ်းအားများကို အသုံးပြုနေခဲ့ကြလေသည်။

ကံကောင်းသည်မှာ အများစုမှာ အဆင့်(၀) စွမ်းရည်များကိုသာ ပိုင်ဆိုင်ကြ သဖြင့် တိုက်ခိုက်ရေးတွင် ထိရောက်မှု သိပ်မရှိလှပေ။ ထို့အပြင် အာဟာရချို့ တဲ့ကာ ပုံပျက်နေသော ခန္ဓာကိုယ်များကြောင့် ၎င်းတို့၏ စွမ်းရည်မှာ ရှိရင်းစွဲ ၏ ထက်ဝက်မျှပင် မစွမ်းဆောင်နိုင်ခဲ့ကြချေ။

ယောင်ရန်သည် ခေါင်မိုးပေါ်မှနေ၍ အခြေအနေကို ခေတ္တမျှ ငြိမ်သက်စွာ အကဲခတ်နေပြီးနောက် ယခင်က ကျားရှန်း ပြုလုပ်ပေးထားသည့် လက်လုပ်ဗုံး တစ်လုံးကို ထုတ်ယူလိုက်လေသည်။

ထို့နောက် သူမသည် စနက်တံကို မီးညှိကာ အောက်သို့ ပစ်ချလိုက်လေတော့ သည်။

နံနက်ပိုင်း တိုက်ခိုက်မှုအတွင်း ဆူပူသူများက လမ်းမီးတိုင်များနှင့် မီးသီးများ ကို ရိုက်ခွဲခဲ့ကြသဖြင့် ဂိုဏ်းဝင်များ ကိုင်ဆောင်ထားသည့် မီးတုတ်များမှလွဲ၍ အခြား အလင်းရောင် မရှိခဲ့ပေ။ ထို့ကြောင့် ယောင်ရန် ပစ်ချလိုက်သော ဗုံးကို မည်သူမှ သတိထားမိလိုက်ကြခြင်းမရှိချေ။

ဗုံးမှာ မြေပြင်သို့ ရောက်သည်နှင့် ပေါက်ကွဲသွားခဲ့လေတော့သည်။

"ဝုန်း…"

ပေါက်ကွဲမှုကြောင့် အောက်ရှိ ဂိုဏ်းဝင် ထက်ဝက်ကျော်မှာ နေရာတင် သေ ဆုံးသွားပြီး ကျန်ရှိသူများလည်း ဒဏ်ရာများရကုန်ကြတော့သည်။ ထိုမြင်ကွင်း ကို မြင်လိုက်ရသဖြင့် ယောင်ရန်သည် ကျားရှန့်ကို ချီးကျူး လိုက်မိပေသည်။

"မမကျားရဲ့ ဗုံးတွေကတော့ အရင်အတိုင်း အစွမ်းထက်နေတုန်းပဲ…"

လုံယုကလည်း ထောက်ခံလိုက်လေသည်။

"အင်း... ဟွမ်ချန် ပြောတဲ့ပုံအရဆိုရင် ကျားရှန်းက ပုံပျက်နေတဲ့ သတ္တဝါတွေ ကို နှိမ်နင်းဖို့ ယမ်းအမြောက်အမြား လုပ်ထားတယ်တဲ့… ကိုယ်တို့ ပြန်ရောက် ရင် ဂိုဒေါင်ထဲမှာ ဗုံးတွေ အပြည့်ဖြစ်နေလောက်တယ်…"

၎င်းတို့နှစ်ဦးမှာ ကျားရှန်း၏ ဗုံးများအကြောင်း အေးအေးလူလူ စကားပြော နေခဲ့ကြသော်လည်း အောက်ရှိ ဂိုဏ်းဝင်များမှာမူ ထိတ်လန့်တုန်လှုပ်လျက် ရှိနေခဲ့ကြလေသည်။

ပေါက်ကွဲမှုမှ အသက်ရှင်ကျန်ရစ်သူများသည် ဒဏ်ရာအ ပြင်းအထန် ရရှိထား သည့် ရဲဘော်များကို ဆွဲယူကာ ဆုတ်ခွာသွားကြလေတော့သည်။

ဂိုဏ်းဝင်များ သူမ၏ ဗီလာရှေ့မှ ထွက်ခွာသွားသောအခါ ယောင်ရန်သည် မှန် ပြောင်းဖြင့် ထိုနယ်မြေကို လှည့်ပတ်ကြည့်လိုက်လေသည်။ တစ်ချိန်တည်းမှာ ပင် လုံယုသည် စကားပြောစက်ကို ကိုင်ကာ မေးလိုက်လေသည်။

"အားရွှမ်း... အပြင်ဘက်နယ်မြေက အခြေအနေ ဘယ်လိုရှိလဲ…."

ခဏအကြာတွင် ရွှီရွှမ်း၏ အသံ ထွက်ပေါ်လာခဲ့လေသည်။

"လီထျန်းယု ဒီဘက်ကိုလာနေတာတွေ့တယ်… ဗိုလ်မှူးကြီးရွှီက တုကျောက်ယီ ကို အတင်းအကျပ် စစ်ကူလွှတ်ခိုင်းလိုက်ပုံရတယ်…"

"ကောင်းပြီ… ဒုတိယတပ်မတော်ရဲ့ အကူအညီနဲ့ဆိုရင်တော့ အခြေအနေကို ချက်ချင်း ထိန်းချုပ်နိုင်တော့မှာပါ…." ဟု လုံယုက ပြန်ဖြေလိုက်လေသည်။

သူ စကားပြောပြီးသည်နှင့် ညဉ့်အမှောင်ထဲတွင် ဥသြသံများ ဟိန်းထွက်လာ ခဲ့လေတော့သည်။ ယောင်ရန်က အဝေးကို လှမ်းကြည့်ရင်း ပြောလိုက်လေ သည်။

"သူတို့ ရောက်လာကြပြီ…"

ဥသြသံများကို ကြားလိုက်ရသဖြင့် ဂိုဏ်းဝင်များမှာ အလျင်အမြန် ဆုတ်ခွာ သွားခဲ့ကြလေတော့သည်။

တစ်ချိန်တည်းမှာပင် ရိက္ခာလုယက်နေသူများသည်လည်း ရသမျှပစ္စည်းများ ကို ဆွဲယူကာ လူစုကွဲသွားကြလေတော့သည်။

တံတိုင်းများကို ကျော်တက်၍ ထွက်ပြေးနိုင်သော ဂိုဏ်းဝင်များနှင့် မတူဘဲ လု ယက်သူများမှာ ခိုးယူထားသည့် ပစ္စည်းများ အပြည့်အစုံနှင့်မို့ အပေါက်ဝမှသာ ပြေးထွက်နိုင်ကြသဖြင့် အခြေအနေကို မသုံးသပ်နိုင်ခင်မှာပင် တောက်ပလှ သော မီးရောင်မြောက်မြားစွာ၏ အောက်တွင် ၎င်းတို့ မျက်စိကျိန်းသွားကြ ပေတော့သည်။

အခန်း (၄၀၀) ခွဲစိတ်ဆရာဝန်များ၊ ဆရာဝန်များ

"မင်းတို့ကို ဝိုင်းထားပြီးပြီ… လက်နက်ချပြီး အညံ့ခံကြစမ်း… ငြင်းဆန်တဲ့သူ ဘယ်သူမဆို နေရာတင် ကွပ်မျက်ပစ်မယ်…"

စစ်ထရပ်ကား နှစ်စီး ချဉ်းကပ်လာစဉ် အသံချဲ့စက်မှတစ်ဆင့် ထိုအမိန့်ပေးသံ က ဟိန်းထွက်လာခဲ့လေသည်။ လေ့ကျင့်သားပြည့်ဝသော စစ်သည်များသည် ကားပေါ်မှ အလုံးအရင်းနှင့် ဆင်းလာကြပြီး လုယက်သူများကို သေနတ်များ ဖြင့် ချိန်ရွယ်ကာ ရပ်ကွက်ဝင်ပေါက်ကို ဝိုင်းလိုက်ကြလေသည်။

သို့သော်လည်း အချို့မှာ ထွက်ပြေးရန် ကြိုးစားကြပြီး အချို့မှာမူ သတ္တိများ ကြွတက်လာကာ လှိုင်းလုံးကြီးများကဲ့သို့ ရှေ့သို့ တိုးဝင် တိုက်ခိုက်ခဲ့ကြလေ သည်။

နောက်တစ်စက္ကန့်တွင် သေနတ်သံများ တရစပ် ထွက်ပေါ်လာရာ နှစ်သစ်ကူး ညတွင် ဖောက်သည့် မီးရှူးမီးပန်းသံများအလားပင်။

ကျည်ဆန်များသည် လုယက်သူများ၏ ခန္ဓာကိုယ်ကို တိကျစွာ ထိမှန်သွားပြီး ရှေ့တိုးလာသူများကို လဲကျစေကာ ကျန်ရှိနေသူများကိုလည်း ဗီလာနယ်မြေ အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားစေခဲ့ပေသည်။

၎င်းတို့သည် အမှောင်ထဲတွင် မည်သို့ပင် ပုန်းကွယ်ရန် ကြိုးစားစေကာမူ စစ် တပ်နှင့် ရဲတပ်ဖွဲ့က တိကျပြတ်သားစွာပင် ရှေ့တိုးလာခဲ့လေသည်။ မီးရောင် များက ဗီလာနယ်မြေကို နေ့ခင်းဘက်အလား လင်းထိန်သွားစေပြီး ညကောင်း ကင်ယံကိုပင် တောက်ပစေလျက်ရှိနေခဲ့ပေသည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော ဗီလာများသည် ယခုအခါ အပေါက်အပြဲ များဖြင့် ပျက်စီးနေပြီး သွေးစွန်းနေသော ရိက္ခာများမှာ မြေပြင်ပေါ်၌ ပြန့်ကျဲ လျက်ရှိနေခဲ့​ေသည်။

တိုက်ခိုက်သူအချို့မှာ သေဆုံးနေကြပြီး အချို့မှာမူ ဒဏ်ရာရခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ခံလိုက်ရပေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ဆူပူသောင်းကျန်းမှုမှာ အပြည့်အဝ နှိမ်နင်း ခြင်း ခံလိုက်ရပေတော့သည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့သည် ထိုနေရာ၌ ကြာကြာမနေခဲ့ပေ။ ရပ်ကွက်အတွင်း အန္တရာယ်ကင်းစင်ကြောင်း ကင်းလှည့်စစ်ဆေးပြီးနောက် ၎င်းတို့သည် အကူ အညီ အရေးတကြီး လိုအပ်နေသည့် နောက်ထပ်နေရာတစ်ခုသို့ ဆက်လက် ထွက်ခွာသွားခဲ့ကြလေတော့သည်။

အခြေအနေများ ပြန်လည်ငြိမ်သက်သွားသည်ကို မြင်သောအခါ ယောင်ရန်က မှတ်ချက်ပေးလိုက်လေသည်။

"ဒီလို အခြေအနေမျိုးကို ဖြေရှင်းဖို့ ဗိုလ်ကြီးလီရဲ့ နည်းလမ်းတွေက အမြဲတမ်း အထိရောက်ဆုံးပဲ…"

လီထျန်းယုသည် မထွက်ခွာမီ သူတို့ရှိရာဘက်သို့ တစ်ချက် လှည့်ကြည့်သွား သည်ကို လုံယု သတိထားမိလိုက်ပြီး ပြောလိုက်လေသည်။

"အောက်ဆင်းရအောင်…"

"ကောင်းပြီလေ…"

တစ်ချိန်တည်းမှာပင် လေကြောင်းရန် ကာကွယ်ရေး ခိုလှုံရာစခန်း၏ ထိန်းချုပ် ခန်းအတွင်း၌ ဟွမ်ချန် သည် ခြံစည်းရိုး ပြုပြင်ရေး စီမံကိန်းကို ကြီးကြပ်ရန် စောင့်ကြည့်ရေး ကင်မရာများကို စစ်ဆေးနေခဲ့လေသည်။

မြူခိုးများအတွင်း ပုံပျက်နေသော သတ္တဝါများ၏ တိုက်ခိုက်မှုနှင့် သဲမုန်တိုင်း ၏ ဒဏ်ကို ခံခဲ့ရသဖြင့် ခြံစည်းရိုး အများစုမှာ ပြုပြင်ရန် အရေးတကြီး လိုအပ် နေခဲ့ခြင်းဖြစ်ပေသည်။

လင်းယိ၊ ချန်ဇီကျိန်းနှင့် အခြားသူများ ရောက်ရှိလာခဲ့သဖြင့် ခြံစည်းရိုးများကို ပြန်လည်တည်ဆောက်ရန်နှင့် နယ်မြေချဲ့ထွင်ရန် လုံလောက်သော လူအင်အား ကို နောက်ဆုံး၌ ရရှိခဲ့ကြပြီ ဖြစ်ပေသည်။

လင်းယိက ခြံစည်းရိုး ပြုပြင်ရေးကို စီမံပြီး၊ ချန်ဇီကျိန်းက ကင်းလှည့်ခြင်းကို တာဝန်ယူကာ၊ ကျားရှန်းက ရိက္ခာများကို ကြီးကြပ်နေသဖြင့် ဟွမ်ချန်သည် ခိုလှုံရာစခန်း တိုးတက်ရေးနှင့် ချဲ့ထွင်ရေးကိုသာ အာရုံစိုက်နိုင်တော့သည်။

သူ စောင့်ကြည့်ရေး ကင်မရာများကို စစ်ဆေးနေစဉ် တစ်စုံတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။

သူသည် အနီးကပ် သေချာကြည့်ပြီးနောက် စကားပြောစက်ကို ကိုင်ကာ ပြောလိုက်လေသည်။

"အစ်ကိုကြီးချိန်... အရှေ့မြောက်ဘက် ခြံစည်းရိုးမှာ အသက်ရှင်ကျန်ရစ်သူ အုပ်စုတစ်စု ဖောက်ဝင်ဖို့ ကြိုးစားနေတယ်… သူတို့ကို သွားတားပြီး အခြေ အနေကို စစ်ဆေးပေးပါဦး…."

စက္ကန့်ပိုင်းအတွင်းမှာပင် ချန်ဇီကျိန်း၏ အသံ ပြန်ထွက်လာခဲ့လေသည်။

"သွားနေပြီ…"

ချန်စီကျိန်းသည် စကားပြောစက်ကို ကျောပိုးအိတ်ထဲ ပြန်ထည့်ကာ အနီးနားရှိ

အမျိုးသားသုံးဦးဘက် လှည့်၍ အမိန့်ပေးလိုက်လေသည်။

"မင်းတို့ သုံးယောက် ငါနဲ့ လိုက်ခဲ့…."

"ဟုတ်ကဲ့ပါ အစ်ကိုကြီးချန်…"

လက်နက်များ အသင့်ပြင်ကာ ထိုအုပ်စုသည် အရှေ့မြောက်ဘက် နယ်မြေသို့ ထွက်ခွာလာခဲ့ကြလေသည်။

ထိုနေရာသို့ ရောက်သောအခါ အသက်ရှင်ကျန်ရစ်သူ တစ်ဒါဇင်ကျော်မှာ သစ် သားချောင်းများကို အသုံးပြု၍ ခြံစည်းရိုးကို ဖျက်ဆီးရန် ကြိုးစားနေသည်ကို တွေ့လိုက်ရလေသည်။

အချိန်နှင့် လုပ်အားများစွာ ရင်းနှီး၍ ပြုပြင်ထားသော ခြံစည်းရိုးကို ထိုသူများ က ဖျက်စီးနေသည်ကို မြင်လိုက်ရသဖြင့် ချန်ဇီကျိန်း၏ မျက်နှာ ညိုမှောင် သွားခဲ့လေသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ…."

သူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

သူ၏ ဟိန်းထွက်သွားသော အသံကြောင့် ထိုလူများမှာ အလွန်အမင်း လန့်ဖျန့် သွားကြပြီး အချို့မှာ ကြောက်လန့်တကြား မြေပေါ်သို့ပင် လဲကျသွားခဲ့ကြပေ သည်။

ချန်ဇီကျိန်း သည် အနားသို့ ချဉ်းကပ်သွားရင်း ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ပြီး သေနတ်ဖြင့် ချိန်ထားလိုက်လေသည်။

"မင်းတို့ ဘယ်သူတွေလဲ… ငါတို့ ခိုလှုံရာစခန်းထဲကို ဘာလို့ ဖောက်ဝင်ဖို့ ကြိုး စားနေတာလဲ…"

သေနတ်ကို မြင်လိုက်ရသဖြင့် ထိုသူများမှာ ထိတ်လန့်တုန်လှုပ်သွားကာ လက် ထဲမှ သစ်သားချောင်းများကို ချလိုက်ပြီး ခြံစည်းရိုးအနားမှ နောက်ဆုတ်သွား ခဲ့ကြလေသည်။

ထိုလူများက ချန်စီကျိန်းနှင့် အခြားသုံးဦးကို သတိနှင့် စောင့်ကြည့်နေစဉ် အသက်အကြီးဆုံး အမျိုးသားမှာ ရှေ့သို့ ထွက်လာပြီး သြရှရှ အသံဖြင့် တောင်းပန်လိုက်လေသည်။

"ဆ-ဆရာ... ဒါ ဆရာတို့ နယ်မြေမှန်း ကျွန်တော်တို့ မသိလို့ပါ… ကျွန်တော်တို့ ကို သွားခွင့်ပြုပါ …."

ထိုလူကြီး၏ ကွဲအက်နေသော နှုတ်ခမ်းများနှင့် ဖြူလျော့နေသော မျက်နှာကို ကြည့်ကာ ချန်ဇီကျိန်းက မေးလိုက်လေသည်။

"ဒီခြံစည်းရိုးကို မမြင်ဘူးလား… ခြံစည်းရိုး ရှိတယ်ဆိုတာ ဒီမှာ လူရှိတယ်လို့ အဓိပ္ပာယ်ရတာပဲလေ…."

ထိုလူကြီးမှာ စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်လေသည်။

"ကျွန်တော်တို့... ကျွန်တော်တို့က သောက်ရေ ဒါမှမဟုတ် စားစရာ တောပင် လေးတွေများ ရှိမလားလို့ ရှာနေမိကြတာပါ… အပြင်မှာ အရမ်းအေးနေတော့ အအေးဒဏ်ကနေ ခဏလောက် ခိုနားဖို့ တောင်ပေါ်မှာ ဂူတစ်ခုခုများ ရှိမလား လို့ လာကြည့်တာပါ…"

၎င်းတို့မှာ ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားပါးလေးများကိုသာ ဝတ်ဆင်ထားပြီး အအေးဒဏ်ကြောင့် တုန်ယင်လျက်ရှိနေသည်ကို မြင်သော အခါ ချန်ဇီကျိန်း ခဏမျှ တုံ့ဆိုင်းသွားခဲ့လေသည်။

ထို့နောက် သူသည် ထိုလူကြီး အပေါ် သူ၏ စိတ်အာရုံ ထိန်းချုပ်ခြင်း စွမ်းအင် ကို အသုံးပြုလိုက်လေသည်။

စွမ်းအင် စတင်အသက်ဝင်လိုက်သည်နှင့် လူကြီး၏ မျက်ဝန်းများမှာ အလင်း ရောင် ကွယ်ပျောက်သွားပြီး ချန်ဇီကျိန်းကို ကြောင်တောင်တောင်ဖြင့် ငေး ကြည့်နေခဲ့ပေတော့သည်။

ထိုလူကြီးမှာ သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိ လိုက်ရသဖြင့် ချန်စီကျိန်းက တည်ငြိမ်စွာမေးလိုက်လေသည်။

"အမှန်အတိုင်း ပြောစမ်း…. ငါတို့ နယ်မြေထဲကို ဘာလို့ ဖောက်ဝင်လာတာ လဲ…"

လူကြီးမှာ ခဏမျှ ကြောင်နေပြီးမှ ဖြေလေသည်။

"တောင်ပေါ်မှာ မီးရောင်တွေ မြင်လို့ ဒီမှာ လူရှိမယ်လို့ ထင်လို့ပါ… ကျွန်တော် တို့ အေးလည်းအေး၊ ဗိုက်လည်း အရမ်းဆာနေလို့ တစ်ယောက်ယောက်ဆီက အကူအညီ တောင်းချင်လို့ပါ…."

ချန်ဇီကျိန်းက ဆက်လက်၍ မေးမြန်းလိုက်ပြန်လေသည်။

"မင်းတို့ ဘယ်က လာတာလဲ… ဒီကို ဘာလို့ လာကြတာလဲ…."

လူကြီးက စစ်တပ်အခြေစိုက်စခန်းရှိရာဘက်ကို လက်ညှိုးထိုးပြကာ ပြန်ဖြေ လိုက်လေသည်။

"သဲမုန်တိုင်း ပြီးကတည်းက စခန်းကနေ ထွက်လာခဲ့တာပါ… ဒီနယ်မြေမှာ အပင်တွေ ပေါက်နေတာ မြင်လို့ ဒီနားမှာ ရေအရင်းအမြစ် ရှိမယ်လို့ ထင်ပြီး လာခဲ့တာပါ….."

နောက်ထပ် မေးခွန်းအချို့ မေးပြီးနောက် ချန်စီကျိန်းသည် စိတ်အာရုံ ထိန်းချုပ် မှုကို ရပ်တန့်လိုက်လေသည်။ လူကြီးမှာ အိပ်မက်ရှည်ကြီးမှ နိုးလာသကဲ့သို့ ဝေခွဲမရစွာ မျက်တောင်ခတ်နေလေတော့သည်။

ထိုလူစုကို ကြည့်ရင်း ချန်စီကျိန်းသည် သူ၏ ကျောပိုးအိတ်ထဲမှ ရေသန့်နှစ်ဘူး နှင့် ဘီစကစ်ထုတ် တစ်ထုတ်ကို ထုတ်ယူကာ လူကြီးထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်လေသည်။

"ဒီကနေ ထွက်သွားတော့…"

သတိပြန်ဝင်လာသောအခါ လူကြီးသည် ရေသန့်ဘူးနှင့် ဘီစကစ်များကို အမြန်ကောက်ယူလိုက်လေသည်။

ချန်ဇီကျိန်းနှင့် သူ၏လူများ ထွက်ခွာသွားသည်ကို မြင်သောအခါ သူက အော် မေးလိုက်လေသည်။

"ဆ-ဆရာ... ကျွန်တော်တို့ကို... ကျွန်တော်တို့ကိုပါ ဒီစခန်းမှာ နေခွင့်ပေးလို့ မရဘူးလားခင်ဗျာ…."

ချန်စီကျိန်း ခြေလှမ်းရပ်ကာ လှည့်ကြည့်ပြီး မေးလိုက်လေသည်။

"ငါတို့က စခန်းအတွက် အကျိုးပြုနိုင်တဲ့ လူတွေကိုပဲ လက်ခံတာ…. အဘိုးကြီး ... ခင်ဗျားက ကျုပ်တို့ကို ဘာလုပ်ပေးနိုင်လို့လဲ…."

လူကြီးမှာ တွန့်ဆုတ်သွားပြီး အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်လေသည်။

သူသည် သူ၏ မှတ်ပုံတင်ကတ်ပြားကို မြှောက်ပြကာ ပြောလိုက်လေ သည်။

"ကျွန်တော်က မြို့တော်က ပထမဆေးရုံကြီးရဲ့ ခွဲစိတ်ဌာနမှာ ဌာနမှူး ခွဲစိတ် ဆရာဝန်ကြီး တစ်ယောက်ပါ… ဒီလူတွေက ကျွန်တော့်ရဲ့ မိသားစုဝင်တွေနဲ့ တပည့်တွေပါ… ကျွန်တော်တို့ကို စားစရာနဲ့ နေစရာ ပေးမယ်ဆိုရင် ဆရာတို့အ တွက် ကျွန်တော်တို့ အလုပ်လုပ်ပေးနိုင်ပါတယ်…."

ထိုစကားကို ကြားလိုက်ရသောအခါ ချန်စီကျိန်း၏ မျက်ဝန်းများ ဝင်းလက်၍ သွားခဲ့လေသည်။ ၎င်းတို့၏ ခိုလှုံရာစခန်းတွင် အဖွဲ့ဝင် အများအပြား ရှိပါသော် လည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများမှာမူ လိုအပ်နေဆဲ ဖြစ်ပေသည်။

အကယ်၍ ဤလူကြီးနှင့် သူ၏တပည့်များသာ ပူးပေါင်းလိုက်မည်ဆိုပါက စခန်းအတွက် အတွေ့အကြုံရင့် ဆရာဝန်ကြီးနှင့် ခွဲစိတ်ဆရာဝန် အဖွဲ့တစ်ဖွဲ့ကို ရရှိသွားတော့မည် မဟုတ်ပါလား။

All Chapters