အခန်း ၂၁
Vol. 3 Ch. 21
🌱 Chapter 21
တွေးနေစရာပင် မလိုတော့ပေ၊ ယန်မိသားစုသည် သမီးများထက် သားများကို ပိုမျက်နှာသာပေးသည်မှာ သေချာသည်။ ၎င်းတို့၏ သားဖြစ်သူ မိန်းမရရေးအတွက် သမီးဖြစ်သူ၏ပျော်ရွှင်မှုကို ဂရုစိုက်မည် မဟုတ်ပေ။
ပိုင်ချောင်ရှီ "စန်းယာ၊ မင်္ဂလာဆောင်ရတာ ကုန်ကျစရိတ် များလား"
မူလခန္ဓာကိုယ်ပိုင်ရှင်သည်လည်း အသက်ဆယ့်လေးနှစ်တွင် အိမ်ထောင်ကျခဲ့သည်ကို သူမ မေ့နေခဲ့ပြီး တင်တောင်းငွေ မည်မျှရခဲ့သည်ကိုလည်း သေချာမသိပေ။ ကျစ်ရှုနှင့် နောက်အိမ်ထောင်ပြုချိန်တွင်လည်း တင်တောင်းပစ္စည်းနှင့် လက်ဖွဲ့ပစ္စည်းများ မပါရှိခဲ့ပေ။
စန်းယာ ခေါင်းငုံ့ထားလျက် "ငွေစနှစ်ချောင်းလောက်တော့ ကုန်မယ်ထင်တယ်၊ ကျွန်မလည်း မကြာခင် ထွက်သွားရတော့မှာ၊ ကျွန်မ ယောကျ်ားရဲ့ မိသားစုက ဒီကနေ မိုင်ပေါင်းများစွာဝေးတယ်"
အကြောင်းတစ်ခုခုကြောင့် စန်းယာကို သူမ အလွန်သဘောကျမိကြောင်း ပိုင်ချောင်ရှီ ခံစားလိုက်ရသည်။ သူမသည် အရည်အချင်းရှိပြီး စရိုက်လက္ခဏာလည်း ကောင်းမွန်သည်။ အကယ်၍ နောင်တစ်ချိန်တွင် သူမ၏စီးပွားရေး ကြီးထွားလာပြီး အကူအညီ လိုအပ်လာပါက စန်းယာသည် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လာပေမည်။
အရည်ခွံလဲတော့မည့်ပုံ ပေါ်နေသော ပိုးကောင်ဗန်းပေါ်ရှိ ပိုးကောင်များကို ကြည့်ရင်း ပိုင်ချောင်ရှီတွင် ရုတ်တရက် အကြံတစ်ခု ရလာခဲ့သည်။
ပိုင်ချောင်ရှီ "စန်းယာ၊ အကယ်၍ နင့်မှာသာ ငွေစနှစ်ချောင်း ရှိမယ်ဆိုရင် နင် မင်္ဂလာဆောင်စရာ မလိုတော့ဘူးမလား၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝ မဆောင်ရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး၊ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်လို့ရတယ်လေ၊ နင်က အရမ်းငယ်သေးတာကို"
စန်းယာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်၊ မင်္ဂလာဆောင်ရမည်ထက်စာလျှင် သူမက အိမ်မှာပဲနေပြီး ပိုးစာပင်စိုက်ကာ ပိုးကောင်မွေး ရသည်ကို ပိုသဘောကျသည်။
စန်းယာ "ဖြစ်နိုင်တယ်၊ တကယ်ပဲ အဆင်ပြေနိုင်မလား"
ပိုင်ချောင်ရှီ ပိုးကောင်ဗန်းကို လက်ညှိုးထိုးပြကာ
ပိုင်ချောင်ရှီ "ဒီပိုးကောင်တွေကနေ ချွတ်ထားတဲ့ အရည်ခွံတွေ နင့်ဆီမှာ ရှိသေးလား၊ နင် ငါ့ကို ယုံရင် ဒီအရည်ခွံတွေကို ငါ ရောင်းပေးနိုင်တယ်၊ ပြီးတော့ နင့်မှာ ပိုက်ဆံရှိလာရင် နင့်မိသားစုကလည်း နင့်ကို အိမ်ထောင်ချပေးဖို့ လောတော့မှာ မဟုတ်ဘူး"
ပိုးကောင်အရည်ခွံများကို ပိုက်ဆံဖြင့် ရောင်းရနိုင်မည်ဟု စန်းယာ တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ သူမ မျက်နှာလေးမှာ ဝမ်းသာအားရမှုတို့ဖြင့် လင်းလက်သွားပြီး
"ရှိတယ်၊ အများကြီးပဲ၊ ကျွန်မ အဲဒါတွေကို လွှင့်ပစ်တော့မလို့"
ယခုအချိန်တွင်တော့ ပိုင်ချောင်ရှီ၏မျက်လုံးများက တောက်ပနေပြီး စန်းယာ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ
"ကောင်းပြီ စန်းယာ၊ ပြီးခဲ့တဲ့ နှစ်ရက်က အရည်ခွံတွေ အပါအဝင် ပိုးကောင်အရည်ခွံတွေကို နင် သေချာစုထားပြီး ငါ့ကို အကုန်ပေး၊ ငါ မြို့ထဲသွားပြီး နင့်ဆီကို အနည်းဆုံး ငွေစနှစ်တေးလ်ပြန်ယူလာပေးမယ်လို့ အာမခံတယ်"
ယန်မိသားစုအိမ်မှ ပြန်လာရာတွင် ပိုင်ချောင်ရှီသည် ပိုးစာကိုင်းများကို ကိုင်ဆောင်ထားပြီး ပိုးစာသီးများ အပြည့်ပါသော ရေမှုတ်ကို သယ်ဆောင်လာကာ သူမ လက်ဖဝါးထဲတွင်လည်း ပိုးကောင်အရည်ခွံ အနည်းငယ်ကိုဆုပ်ကိုင်လာခဲ့သည်။ သူမသည် လန်းဆန်းတက်ကြွနေသလို ခံစားနေရသည်။
ဤရတနာများကို မှတ်ပုံတင်ရန်အတွက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာရန် သူမ မစောင့်နိုင်တော့ပေ။
ခြံဝန်းထဲတွင် ကျစ်ရှုသည် လေ့ကျင့်ခန်း လုပ်နေပြီး ပိုင်ချောင်ရှီ သူ့အတွက် ဆွဲပေးထားသော တိရစ္ဆာန်ငါးကောင် ကစားနည်းကို လေ့ကျင့်နေသည်။ သူသည် အလွန်အရပ်ရှည်ပြီး သွယ်လျကာ မျက်စိပသာဒအလွန်ဖြစ်လှသည်။
ပိုင်ချောင်ရှီ တခစ်ခစ် ရယ်မောလိုက်ပြီး "လိမ္မာလိုက်တာ"
ကျစ်ရှုသည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကာ "မင်း ဘာကို ရယ်နေတာလဲ"
ပိုင်ချောင်ရှီ "အာ၊ ရှင် လုပ်လို့ပြီးရင် မြေအိုးတစ်လုံး ယူခဲ့လိုက်၊ အရသာရှိတဲ့ ပိုးစာသီးတွေ ပါတယ်"
ထိုသို့ပြောပြီးနောက် သူမ အခန်းထဲသို့ ဝင်သွားခဲ့သည်။
ပိုင်ချောင်ရှီ "ချစ်လှစွာသော ချယ်ချန်ဇီလေး၊ ငါ ပိုးစာကိုင်းတွေနဲ့ ပိုးစာသီးတွေကို မှတ်ပုံတင်ချင်တယ်"
ချယ်ချန်ဇီ၏အသံမှာ သူမ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ချယ်ချန်ဇီ "ပိုးစာကိုင်း၊ သဘာဝအားဖြင့် သမမျှတပြီး ခါးသက်သော အရသာရှိသည်၊ လေနှင့် စိုစွတ်မှုကို ဖယ်ရှားပေးသည်၊ သွေးကြောများကို ပွင့်စေပြီး ရေဓာတ်လည်ပတ်မှုကို အားပေးသည်၊ ပွိုင့်နှစ်ဆယ့်ငါးပွိုင့်နှင့် လဲလှယ်နိုင်သည်၊ ပိုးစာသီး၊ ချိုမြိန်သော အရသာရှိပြီး သဘာဝအားဖြင့် အေးမြသည်၊ ကိုယ်တွင်းအင်္ဂါငါးခုနှင့် အဆစ်အမြစ်များအတွက် ကောင်းမွန်စေသည်၊ သွေးနှင့် ချီဓာတ်ကို လည်ပတ်စေပြီး စိတ်ဝိညာဉ်ကို တည်ငြိမ်စေသည်၊ ပွိုင့်ငါးဆယ်နှင့် လဲလှယ်နိုင်သည်"
ပိုင်ချောင်ရှီသည် လက်ခုပ်တီးကာ အောင်ပွဲခံလုနီးပါး ဖြစ်သွားပြီး "ငါ ချမ်းသာပြီ၊ ငါ ချမ်းသာပြီ"
ယန်မိသားစုအိမ်သို့ သာမန်ကာလျှံကာ သွားရောက်ခဲ့ခြင်းက သူမ ကိုယ်တိုင် တောင်ပေါ်တက်သည်ထက်ပင် ပိုမိုရရှိခဲ့သည်။
'တကယ့်ကို ရတနာ ပိုးစာပင်ကြီးပါလား'
သူမသည် ပိုးစာကိုင်းများနှင့် ပိုးစာသီး အနည်းငယ်ကို မှတ်ပုံတင်လိုက်သည်။
ပိုင်ချောင်ရှီ "ဆောင်းဦးရာသီ ရောက်လာတဲ့အခါ ငါ ပိုးစာခေါက်နဲ့ ဆီးနှင်းရိုက်ထားတဲ့ ပိုးစာရွက်တွေကို မှတ်ပုံတင်ရင်ရော ဆုလာဘ်တွေ ရဦးမှာလား"
စနစ်သည် လက်ခံသူ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များကို အာရုံခံမိလိုက်ပြီး သူမ၏ တာဝန်များအတွက် စိတ်အားထက်သန်မှုမှာလည်း မြင့်တက်လာခဲ့သည်။
စနစ် "အားလုံးအတွက် ဆုလာဘ်တွေ ရှိပါတယ်၊ ဒါ့အပြင် ချစ်လှစွာသော Host၊ သင့်လက်ထဲမှာရှိတဲ့ ပိုးကောင်အရည်ခွံတွေကို မှတ်ပုံတင်ဖို့ မစဉ်းစားဘူးလား"
ပိုင်ချောင်ရှီက ပိုးကောင်အရည်ခွံ နှစ်ခုကို ရွေးထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်ပြီး
"အရင်တုန်းက နင်ပဲ ဆေးပင်မှ ဆေးပင် ဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား၊ ပိုးကောင်အရည်ခွံတွေကိုရော မှတ်ပုံတင်လို့ ရလို့လား"
ချယ်ချန်ဇီ "သေချာပေါက် ရတာပေါ့၊ ပိုးကောင်အရည်ခွံတွေကလည်း ဆေးဖက်ဝင် ပစ္စည်းတွေပါပဲ၊ ကြီးမြတ်တဲ့ လီရှစ်ကျိန်းကတောင် အဲဒါတွေကို မှတ်တမ်းတင်ခဲ့တာလေ၊ ပိုးကောင်အရည်ခွံတွေကို ကျင်း အလေးချိန်နဲ့ မှတ်ပုံတင်ရတာပါ၊ တစ်ကျင်းကို ပွိုင့်တစ်ရာရပါတယ်"
ထို့ကြောင့် ပိုင်ချောင်ရှီ၏လက်ထဲတွင် ရှိနေသော ပမာဏမှာ မလုံလောက်သေးပေ။
ပိုင်ချောင်ရှီ "ငါ ပွိုင့်တွေ မယူလို့ မရဘူးလား၊ ငါ ငွေစပဲ လိုချင်တယ်၊ ငွေစအစိတ်လောက်ဆို ရပြီ"
သူမသည် ပွဲစားတစ်ယောက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှုကိုလည်း ခံစားချင်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြတ် ဆယ်ဆရရှိမည်ဖြစ်သည်။
စနစ်မှာ စကားမပြောနိုင်တော့ဘဲ ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
စနစ် "လက်ခံသူ၊ အဲဒါက မရိုးသားဘူးလေ၊ အကယ်၍ သင် အခုချက်ချင်း မှတ်ပုံမတင်ဘူးဆိုရင် နောက်ကျ ဈေးကျသွားလိမ့်မယ်"
'ဘာ၊ နင့်ဆီမှာ မှတ်ပုံတင်တာက ရောင်းလိုအားနဲ့ ဝယ်လိုအား အပေါ်မှာလည်း သက်ရောက်မှု ရှိသေးတာလား'
ပိုင်ချောင်ရှီသည် နှုတ်ခမ်းစူလိုက်သည်။ ပိုးကောင်အရည်ခွံများသည် စန်းယာ၏ တစ်သက်တာ ပျော်ရွှင်မှုနှင့် သက်ဆိုင်နေသောကြောင့် သူမသည် ယခုလောလောဆယ်တွင် ဤငွေကို ရှာမည်မဟုတ်ပေ။
သူမသည် ပိုးစာသီးများကို သွားဆေးကြောလိုက်ပြီးနောက် ၎င်းတို့ကို ရတနာတစ်ပါးကဲ့သို့ ကျစ်ရှုထံသို့ ယူဆောင်သွားကာ
ပိုင်ချောင်ရှီ "ရှုပေါင်၊ ပိုးစာသီး စားလေ"
အကြောင်းပြချက် မရှိဘဲ နောက်ထပ် အမည်ပြောင်တစ်ခု ထပ်ရသွားသော ကျစ်ရှု
ကျစ်ရှု "..."
သူက သူမကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်ရာ ပိုင်ချောင်ရှီမှာ ချက်ချင်းပင် ငုံးလေးတစ်ကောင်ပမာ ငြိမ်ကျသွားပြီး သူမ၏ ပါးစပ်မှာ အပြောအဆို မဆင်ခြင်နိုင်ဖြစ်သွားတော့သည်။