အခန်း ၁၃၅၂
Vol. 91 Ch. 1352
အခန်း (၁၃၅၂) လိပ်ခွံကို ဖယ်ရှားခြင်း။
လိပ်နက်၏ ခြေလက်အင်္ဂါများနှင့် နဂါးဦးခေါင်းကြီးသည် လိပ်ခွံထဲသို့ ပြန်လည် ဆုတ်ခွာ သွားပြီးနောက်၊ ကြီးမားသော လိပ်ခွံသည် အမှန်တကယ် လွင့်ပျံလာပြီး လေထဲတွင် လျှင်မြန်စွာ လှည့်ပတ်လာသည်။
လိပ်နက်၏ ခြေလက်များသည် လိပ်ခွံထဲသို့ ပြန်ဆုတ်သွားသော်လည်း ၎င်း၏ အခွံကြီး သည် တုနှိုင်းမရလောက်အောင် ကြီးမားသော နတ်တောင်ကြီးတစ်ခုနှင့် တူနေသေးသည်။ ၎င်းသည် ဤအခိုက်အတန့်တွင် လျင်မြန်စွာ ရွေ့လျားနေပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော လေဆင်နှာမောင်းမုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲစေသည်။
ထိုလေဆင်နှာမောင်းမုန်တိုင်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တည်ရှိနေပြီး ၎င်းအောက်ရှိ နတ်တောင်များနှင့် သစ်ပင်များသည် ချက်ချင်းပင် အပိုင်းပိုင်းကွဲသွားခဲ့ သည်။
"မကောင်းတော့ဘူး၊ ဒါဟာ လိပ်နက်နတ်ဘုရားသားရဲရဲ့ ထူးခြားတဲ့ နတ်ဘုရားစွမ်းရည် တစ်ခုပဲ။ သူ့ရဲ့စွမ်းအားက အနှိုင်းမဲ့ ကြောက်စရာကောင်းတယ်” အဝေးက လေထဲမှာ လွင့်မျောနေတဲ့ အဘိုးကြီးတစ်ယောက်က မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။ သူသည် လေထဲတွင် လျင်မြန်စွာ လည်ပတ်နေသော လိပ်နက်ကြီးကြီးကို ကြည့်ကာ သူ့မျက်လုံးများက ထူးဆန်းလာသည်။
မူလက လိပ်နက်ကြီး လိပ်ခွံထဲသို့ ပြန်ဆုတ်သွားသောအခါတွင်, ၎င်းသည် သူ့ကိုယ်သူ ခုခံကာကွယ်ခြင်းဖြစ်သည်ဟု သူထင်ခဲ့သော်လည်း၊ ၎င်းသည် နတ်ဘုရား၏စွမ်းရည်တစ်ခု ကို အမှန်တကယ် အသုံးချနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခုအချိန်တွင် အနက်ရောင်လေဆင်နှာမောင်းမှ ဖြစ်ပေါ်လာသော အနက်ရောင် လေပွေ သည် အလွန်ကြောက်စရာကောင်းသော အခြေအနေသို့ ရောက်ရှိပြီး ပေထောင်ပေါင်း များစွာအထိ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုလေဆင်နှာမောင်း ထိတွေ့လိုက်သမျှ အရာအားလုံးသည် ချက်ချင်းပင် ဘာမှမကျန်သည့်၏အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့အပြင်၊ ကြောက်စရာ အကောင်းဆုံးအရာမှာ ထိုလေဆင်နှာမောင်းမုန်တိုင်း မဟုတ်ဘဲ၊ လျင်မြန်စွာ လည်ပတ်နေသော အနက်ရောင်လိပ်ခွံကြီး ဖြစ်သည်။
လိပ်နက်နတ်ဘုရားသားရဲ၏ လိပ်ခွံသည် ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင်၊ နတ်ဘုရားတန်ခိုး၏သက်ရောက်မှု အောက်မှာ၊ ၎င်းအတွင်း ပါရှိသော စွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ အကယ်၍ ဤလိပ်ခွံကြီး သာ ပေါက်ကွဲသွားပါက နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ စွမ်းအားကို ချေးယူခဲ့သော ချင်ယွင်ပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဘန်း…။
သေချာပါသည်။ ချင်ယွင်သည် ထိုအကြောင်းကို တွေးနေစဉ်မှာပင်, လိပ်နက်၏ လိပ်ခွံကြီးက သူ့ဆီ လျှင်မြန်စွာ ပစ်ဝင်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်း မုန်တိုင်းသည် သဘာဝအတိုင်း ချင်ယွင်ဆီသို့ ပြေးလာခဲ့သည်။ ၎င်းသွားလေရာ အရပ်၌ မြေကြီးသည် စက္ကူဖြူတစ်ရွက်လိုပင်။ မြေကြီးသည် တကယ်ကို ကွဲထွက်သွားပြီး ကြောက်စရာကောင်းသည့် ကွက်လပ်ကြီးတွေ ဖြစ်ပေါ်လာခဲ့သည်။
"ဘုန်း”။
ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် အေးခဲသွားပြီး၊ သူ့ဆီသို့ အရူးအမူး ရိုက်ခတ်နေသော အနက်ရောင်လိပ်ခွံကို ချက်ခြင်း ထိုးချလိုက်သည် ။
ဒေါင်..
၎င်းအသံက ရေလွှမ်းနေသော ခေါင်းလောင်းသံသို့ မြည်ဟီးသွားပြီး အလွန်တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။
သို့သော်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန် သက်ရောက်မှုကြောင့် လွင့်ပျံသွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် သူ အသက်ရှင်လျက် မလွတ်မြောက်ခင်, လေထဲမှာ နောက်ပြန်လွင့်သွားပြီး ပေတစ်သောင်းနီးပါးလောက်အထိ ပစ်ကျသွားခဲ့သည်။ သို့သော်လည်း အနက်ရောင်လိပ်ခွံသည် ပေတစ်ရာအကွာအထိသာ လွင့်ပျံနိုင်ခဲ့သည်။
"ဖူး…။
ချင်ယွင်သည် ပါးစပ်ထဲက သွေးများကို ထွေးထုတ်လိုက်ပြီး သူ့မျက်လုံးတွေက ထူးထူးခြားခြား လေးနက်လာသည်။
ယခုအခါ, သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။ အမွှေးတိုင်တစ်ဝက်လောက်သာ ကျန်ပါတော့သည်။ အကယ်၍, အမွှေးတိုင်တစ်ဝက်လောက်နှင့် လိပ်နက်နတ်ဘုရား သားရဲ၏လိပ်ခွံကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာမတွေ့ခဲ့ဘူးဆိုလျှင်, ဒီတိုက်ပွဲမှာ သူ ရှုံးသွားရလိမ့်မည်။
အနက်ရောင်လိပ်ခွံကို အပြင်းအထန် တိုက်ခိုက်ခြင်းသည် အလွန်ကြောက်စရာ ကောင်းသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူသည်ပင် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် အတန်ငယ်ပင် မစွမ်းဆောင်နိုင်ခဲ့ပေ။
"မဟုတ်ဘူး၊ ငါတို့ သူ့ကို ဒီလိုဆက်လှည့်ခွင့် မပြုနိုင်တော့ဘူး။ ငါတို့ သူ့ကို တားရမယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
လိပ်နက်သည် လျှင်မြန်စွာ လှည့်ပတ်နေသည်။ တန်ပြန်သက်ရောက်မှုက ပြင်းထန်လွန်း သည်။ ထို့အပြင်၊ ချင်ယွင်သည် ၎င်းလိပ်ခွံကြီး လျင်မြန်စွာ လည်ပတ်နေချိန်မှာ လိပ်နက်၏သွေးအသားကို မတိုက်ခိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် လိပ်နက်ကို အနိုင်ယူလိုပါက ၎င်း၏လည်ပတ်နေခြင်းကို ရပ်တန့်ပစ်ရပါမည်။
သို့သော်, အကယ်၍, သူ ရပ်တန့်လိုပါက, သူ၏ ခွန်အားကို လုံးလုံးလျားလျား ဖိပ်နှိပ်ထားခြင်း မရှိဘူးဆိုလျှင်ပင်, ရှေ့ကနေ တိုက်ခိုက်မှုက မဖြစ်နိုင်ပေ။
ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အထက် သို့မဟုတ် အောက်မှ တိုက်ခိုက်ရန် ဖြစ်ပြီး၊ ဤနည်းအားဖြင့် ကြောက်မက်ဖွယ် လေဆင်နှာမောင်း မုန်တိုင်းကို ဖြတ်ကျော်နိုင် မည် ဖြစ်သည်။
ယခုအချိန်တွင်၊ လိပ်နက်နတ်ဘုရားသားရဲ၏ လှည့်ပတ်နေသော လေဆင်နှာမောင်း မုန်းတိုင်းသည် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် အပိုင်းပိုင်းပိုင်း ဖြတ်တောက်ရန် လုံလောက်ပြီ ဖြစ်သောကြောင့် လိပ်ခွံအပေါ်တွင် ပေါ်လာရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
ဘန်း…။
ချင်ယွင်သည် လိပ်နက်နတ်ဘုရားသားရဲကို မည်သို့မည်ပုံ ကိုင်တွယ်ရမလဲ ဆိုသည်ကို တွေးတောနေစဉ်မှာ လိပ်နက်နတ်ဘုရားသားရဲ၏ လိပ်ခွံက ကြောက်စရာကောင်းသည့် လေဆင်နှာမောင်း မုန်တိုင်းကို တစ်ဖန် သယ်ဆောင်လာပြီး ချင်ယွင်ဆီကို ပြင်းထန်စွာ ရိုက်ခတ်သွားပါသည်။ ယခုအကြိမ်သည် ချင်ယွင်ကို လုံးဝ ချေမွပစ်လိုသည့်အလား ယခင် အကြိမ်ထက်ပင် ပိုမိုပြင်းထန်လာခဲ့သည်။
ချင်ယွင်သည် အဝေးမှ သူ့ဆီသို့ လေတိုးသံတဟူးဟူးဖြင့် တိုးဝင်လာသော ဧရာမလိပ်ခွံကြီးကို ကြည့်လိုက်ရင်း, သူ့မျက်လုံးများတွင် စူးရှသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ချင်ယွင်၏ လက်ထဲတွင် ထိပ်တန်း နတ်ဘုရားဆေဘာက တစ်ဖန် ပေါ်လာသည်။
"ကောင်းပြီလေ၊ အခြေအနေက ဒီလိုဖြစ်လာမှတော့, မင်းရဲ့လိပ်ခွံကပဲ မာသလား?၊ ဒါမှမဟုတ် ငါ့ရဲ့ ထိပ်တန်း နတ်ဘုရားဆေဘာကပဲ ပိုထက်ရှသလား ငါ ကြည့်ချင်မိမယ်။" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့ပုံရိပ်က လိပ်နက်ကြီးဆီသို့ ပျံထွက်သွားသည်။
အဝေးက လူတွေ အားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, အရမ်းကို တုန်လှုပ်သွားကြ သည်။
ဤအဆင့်တိုက်ပွဲမှာ သူတို့အနေဖြင့် လုံးဝ ဝင်ရောက်စွက်ဖက်၍ မရပါဘူး။ သူတို့ ရှေ့တက်သွားသည်နှင့် သေဆုံးရလိမ့်မည်။ သူတို့သည် ခပ်ဝေးဝေးတွင် ရပ်ကာ မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်ကြပါသည်။
"ဟမ့်၊ မင်းက သေချင်နေတာပဲ" လိပ်နက်နတ်ဘုရားသားရဲ၏ လှောင်ပြောင်သော အသံက ချင်ယွင်သည် သူ့လိပ်ခွံကို ပြင်းပြင်းထန်ထန် လှုပ်ခါနိုင်ရန် နတ်ဘုရားဆေဘာကို အသုံးပြု၍ တိုက်ခိုက်ခြင်းသည် မိုက်မဲသည်ဟု တွေးထင်နေသည့်အလား လိပ်ခွံအတွင်းမှ ထွက်ပေါ်လာသည်။
ဘန်း…။
သို့သော်၊ ၎င်း၏လိပ်ခွံသည် ချင်ယွင်နှင့် တိုက်မိခါနီးတွင်၊ ချင်ယွင်၏ရုပ်အသွင်သည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။
သူသည် လိပ်နက်နတ်ဘုရားသားရဲ အထက်တွင် ပြန်လည်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော လေမုန်တိုင်းနံရံကို ခုတ်ပိုင်းပစ်လိုက်သည်။
ဤတိုက်ခိုက်မူတွင် ကနဦးစကြဝဠာအတွင်းရှိ တွင်းနက်ကြီး၏ စွမ်းအားများ ပါ၀င်နေသောကြောင့် လေမုန်းတိုင်း တံတိုင်းကြီးသည် မည်မျှပင် အားကောင်းနေပါစေ၊ ၎င်းသည် ပြိုကွဲသွားခဲ့ရသည်။ ချင်ယွင်၏ရုပ်အသွင်သည် လိပ်ခွံအထက်တွင် တိုက်ရိုက် ပေါ်လာသည်။
ပတ်ဝန်းကျင်မှ လေဆင်နှာမောင်းမုန်တိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း လေဆင်နှာမောင်း မုန်တိုင်း၏ရူထောင့်အရ လှိုင်းလုံးအနည်းငယ်တောင်မှ မရှိဘဲ အလွန် ငြိမ်သက်နေပါသည်။
လိပ်နက်နတ်ဘုရားသားရဲသည် ဤမြင်ကွင်းကို ခံစားသိရှိခဲ့ပြီး၊ ၎င်းသည် ချင်ယွင်အား သူ့ဖီးနစ်မျက်လုံးများထဲမှ ပစ်ထုတ်ပစ်ချင်သည့်အလား အခြေအနေ မကောင်းကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
သို့သော်လည်း သူ မလှုပ်ရှားမီ၊ ချင်ယွင်၏ရုပ်အသွင်က ဦးဆောင်နေပြီ ဖြစ်သည်။
"ဟမ့်၊ ဒီနေ့ မင်းရဲ့လိပ်ခွံ ဘယ်လောက်မာလဲဆိုတာ ငါ ကြည့်ဦးမယ်။" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ တန်ခိုးကြီးသော နတ်ဆိုးနတ်ဘုရားတန်ခိုး စွမ်းအားက သူ့ခြေထောက်များထဲသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။ ထို့နောက် သူသည် ချက်ချင်း ဆင်းသက်လိုက်ပြီး လိပ်နက်နတ်ဘုရားသားရဲ၏ လိပ်ခွံပေါ်သို့ တိုက်ရိုက် ဆောင့်နင်းလိုက်သည်။ သူ၏ ခွန်အားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။
"ဘုန်း”။
လိပ်နက်နတ်ဘုရားသားရဲ၏ ကြီးမားသော လိပ်ခွံကြီးသည် ချင်ယွင်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် မြေပြင်ပေါ်သို့ ချက်ချင်း သက်ဆင်းလိုက်ရသည်။ မူလက ဖြစ်ပေါ် လာသော လေဆင်နှာမောင်း မုန်တိုင်းလည်း ချက်ချင်းပင် ပျောက်ကွယ်သွားကာ မူလက လျင်မြန်စွာ လည်ပတ်နေသော ခန္ဓာကိုယ်သည်လည်း ယခုအချိန်တွင် ရပ်တန့်သွားခဲ့ သည်။
မြေပြင်သည် ပြိုဆင်းကျသွားပြီး ပတ်ဝန်းကျင်သည် ဥက္ကာပျံများက ရိုက်ချိုးလိုက်ပုံရပြီး ကြောက်မက်ဖွယ် ကောင်းသော မြေကြီးလှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများသည် ကီလိုမီတာ ထောင်ပေါင်းများစွာ ပျံ့နှံ့သွားသည်။
အဝေးက လူတွေအားလုံး လိပ်တစ်ကောင်နှင့် လူတစ်ယောက်ကိုကြည့်ရင်း အံ့သြသွားကြ သည်။
ယခုအချိန်တွင် လိပ်နက်၏ ခန္ဓာကိုယ်တစ်ဝက်သည် မြေပြင်ပေါ်သို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် နောက်တစ်ကြိမ် ပျံသန်းချင်နေပုံရသော်လည်း ချင်ယွင်သည် ခြေထောက်ကို နင်းချထားကာ မြေကြီးထဲမှ ပြန်တက်ရန် မလှုပ်ရှားနိုင်တော့ပေ။
လိပ်နက်နတ်ဘုရားသားရဲသည် ၎င်း၏ခြေသည်းများကို ဆန့်ထုတ်လိုသော်လည်း ချင်ယွင်၏လက်မှ နတ်ဘုရားဆေဘာက ထိုးဖောက်လိုက်ပြီးနောက် နောက်ပြန် ဆုတ်သွားခဲ့သည်။ ထိုကဲ့သို့ပင် လိပ်နက်နတ်ဘုရားသားရဲသည် ကြီးမားသော တွင်းနက်ကြီးထဲမှ ပြန်မထနိုင်တောပေ။
ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရစဉ်, သူ၏ပါးစပ်ထောင့်မှာလည်း အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ငါပြောခဲ့ပါတယ်။ မင်းရဲ့လိပ်ခွံကမာလား?. ဒါမှမဟုတ် ငါ့နတ်ဘုရားဆေဘာက ထက်ရှသလား? ကြည့်ချင်တယ်ဆိုတာကို”။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် လိပ်ခွံပေါ်တွင် သူ့ခန္ဓာကိုယ်ကို ဖြောင့်တန်းစွာ ထားကာ၊ နတ်ဘုရားဆေဘာကို ကိုင်ပြီး မတ်မတ်ရပ်လိုက်သည်။ ကနဦးစကြဝဠာအတွင်း ရှိ တွင်းနက်ကြီး၏ စွမ်းအားသည် နတ်ဘုရားဆေဘာကို လွှမ်းခြုံထားသည်။ ထို့နောက် ချင်ယွင်သည် ဆေဘာထိပ်၏အရိုးကို လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်ကာ လိပ်နက်ကြီး၏ လိပ်ခွံပေါ်တွင် ထိုးစိုက်ထားသော နတ်ဘုရားဆေဘာသည် အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်လာခဲ့သည်။
ထိုလှုပ်ရှားမှုကို လိပ်နက်နတ်ဘုရားသားရဲကို ချက်ချင်း လှုံ့ဆော်ခဲ့သည်။ ဤအခိုက်အတန့်တွင် နတ်ဘုရားဆေဘာ၏ လှည့်ပတ်မှုကြောင့် နတ်ဘုရားဆေဘာ၏ ထက်ရှမှုမှာ မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင်၊ ၎င်းသည် ကနဦး စကြဝဠာရှိ တွင်းနက်ကြီး၏ ဝါးမြိုခြင်း စွမ်းအားပါ ထည့်သွင်းခြင်းဖြင့် လူတစ်ဦး၏ နှလုံးကို ပို၍ပင် ရင်တုန်စေသည်။
လိပ်နက်နတ်ဘုရားသားရဲသည်လည်း အန္တရာယ်ကို သတိပြုမိပုံရသည်။ ကြောက်စရာ ကောင်းသော ကင်းမြီးကောက်အမြီးသည် မဆင်မခြင် ပျံထွက်လာပြီး ချင်ယွင်ကို တိုက်ခိုက်သည်။
ဘန်း…။
ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးတစ်ခု တွန့်ကွေးသွားပြီး သူ့မျက်လုံးများ ရုတ်တရက် အေးခဲသွားသည်။ သူသည် သူ့လက်ဖဝါးကို ဆတ်ခနဲ ဖိချလိုက်သည်။ သူ့လက်ဖဝါး အောက်မှာ လွင့်မျောနေသော နတ်ဘုရားဆေဘာသည် လိပ်နက်၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ထိသွားခဲ့သည်။
လိပ်ခွံကြီးကို နတ်ဘုရားဆေဘာက ထိုးဖောက်သွားပြီး လက်မလောက် အထူရှိသော အပေါက်တစ်ခု ပေါ်လာသည်။