အခန်း ၁၃၅၃
Vol. 91 Ch. 1353
အခန်း (၁၃၅၃) မြေခွေးအမြီး။
"အိုး..…"
လိပ်နက်နတ်ဘုရားသားရဲ၏ လိပ်အခွံသည် ထိုးဖောက်ခံရပြီး အလွန်မင်း သနားစဖွယ် အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
လိပ်ခွံအောက်ရှိ ခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်၏ အနုနယ်ဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထိုအချိန်တွင် ချင်ယွင်၏ နတ်ဘုရားဆေဘာသည် သူ၏လိပ်ခွံကို ထိုးဖောက် ဝင်ရောက် ကာ သူ့ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဤအရာ သူ့ကို မည်သို့ မနာကျင်စေဘဲ နေမည်နည်း?။
ကနဦးစကြဝဠာအတွင်းရှိ တွင်းနက်ကြီး၏ ဝါးမျိုးခြင်းစွမ်းအားဖြင့် ပေါင်းစပ်ထားသော ချင်ယွင်၏ နတ်ဘုရားဆေဘာသည် လိပ်နက်နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသည်။ ၎င်းသည် အလွန်မင်း သနားစရာကောင်းသည်ဟု ဆိုနိုင်သည်။
ချင်ယွင်၏ နတ်ဘုရားဆေဘာသည် လိပ်နက်နတ်သားရဲ၏ ခန္ဓာကိုယ်ကို ထိုးဖြတ်၍ အရူးအမူး ပျံသန်းသွားခဲ့သည်။ ၎င်းနတ်ဘုရားဆေဘာ ထိုးပျံသွားသည့်နေရာတိုင်း, လိပ်နက်နတ်ဘုရားသားရဲတွင် ဖျောက်ဖျက်၍မရသည့် ဒဏ်ရာတစ်ခုစီ ချန်ထားရစ်ခဲ့မှာ သေချာပါသည်။
ကနဦး စကြဝဠာအတွင်းရှိ တွင်းနက်၏ ဝါးမျိုးခြင်းစွမ်းအားကြောင့် ပျက်စီးသွားသော ပျက်စီးမှုသည် အကယ်၍, နတ်ဘုရားတန်ခိုးစွမ်းအားဖြင့် ပြန်လည်ပြုပြင်လိုလျှင်ပင် အလွန်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် လိပ်နက်နတ်ဘုရားသားရဲသည် ယခုအခိုက်အတန့် တွင် ပြင်းထန်သော နာကျင်မူကို ခံစားနေရသည်ဟု ဆိုနိုင်သော်လည်း၊ သူသည် ထိုနတ်ဘုရားဆေဘာကို တွန်းလှန်ရန် လုံးဝ နည်းလမ်း မရှိပေ။
ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားသည် အနှိုင်းမဲ့ စွမ်းအားကြီးမားပြီး၊ လိပ်နက် နတ်ဘုရားသားရဲ၏ အရေးကြီးသော အစိတ်အပိုင်းများကို တိုက်ခိုက်ရန် နတ်ဘုရား ဆေဘာကို အဆက်မပြတ် ဆွဲထုတ်သည်။ အလွန်လျင်မြန်စွာပင်၊ ချင်ယွင်၏ နတ်ဘုရား ဆေဘာသည် လိပ်နက်နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်အတွင်း အပြန်ပြန် အလှန်လှန် ထိုးဖောက်ကာ လိပ်နက်နတ်ဘုရားသားရဲ၏ နတ်ဆိုးအမြုတေကို ရှာဖွေနေခဲ့သည်။
နတ်ဘုရားသားရဲများနှင့် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းတို့သည် အတူတူပင် ဖြစ်ပါ သည်။ သူတို့သည် ၎င်းတို့၏အသွေးအသားနှင့် စိတ်ဝိညာဉ်ကို သူတို့၏နတ်ဘုရား အမြုတေများအဖြစ်သို့ လုံးလုံး ပေါင်းစပ်ရသည်။ ထို့အပြင်၊ နတ်ဆိုးတို့၏ခန္ဓာကိုယ်များ ဖြစ်စေ, ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှုပြုထားသည့် နတ်ဆိုးနတ်ဘုရားများဖြစ်စေ, နတ်ဆိုးအမြုတေ ဖြစ်လာခဲ့သည်။ တစ်နည်းဆိုရသော် နတ်ဆိုးအမြုတေများသည် ၎င်းတို့၏ အစစ်အမှန် အမြုတေများ ဖြစ်ကြသည်။ (ရှေ့မှာတုန်းက နတ်ဘုရားအမြုတေ ဟု ဆုံးဆွဲခဲ့ခြင်းသည် ပါရှိသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ နတ်ဘုရားသားရဲ၏ အမြုတေကို နတ်ဆိုးအမြုတေ, ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မူပြုသည့် နတ်ဆိုးနတ်ဘုရား တို့၏ အမြုတေကို နတ်ဆိုးနတ်ဘုရားအမြုတေဟု ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ မူရင်းမှာကို ရှေ့နောက်မတူသည့်အတွက် ပါသည့်အတိုင်း ပြန်ဆိုထားခြင်း ဖြစ်ပါသည်။)
ထိုအချိန်တွင်၊ ချင်ယွင်၏ နတ်ဘုရားဆေဘာသည် လိပ်နက်နတ်သားရဲ၏ နတ်ဆိုး အမြုတေကို ချိန်ထားသည်။ လိပ်နက်နတ်ဘုရားသားရဲသည် မည်မျှပင် အစွမ်းထက် နေပါစေ, သူသည် ခုန်မချရဲတော့ပါဘူး။ ချင်ယွင်၏နတ်ဘုရားဆေဘာက သူ၏နတ်ဆိုး အမြုတေကို ထိုးဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အမှန်တကယ်ပင် ဤကမ္ဘာကြီးမှ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။
"မလုပ်နဲ့...ငါ့ကို မသတ်နဲ့။" လိပ်နက်သည် ချင်ယွင်ထံသို့ အသံတစ်ခု အမြန်ပို့လိုက်သည်၊ သူ့အသံမှာ တုန်ရီနေသည်။
"မင်းကို မသတ်ဖို့ အကြောင်းပြချက် ပေးပါ" ချင်ယွင်က အသံပို့လွှတ်ပြီး တုန့်ပြန်သည်။
"မင်း ငါ့ကို မသတ်သရွေ့ ငါ မင်းရဲ့စီးတော်ယာဉ် ဖြစ်ပေးနိုင်တယ်" လိပ်နက်က စိတ်ပိုင်းဆိုင်ရာဖြင့် အလျင်မြန် ပို့လွှတ်လိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် အနည်းငယ် မှင်သက်သွားပြီး၊ သူ့မျက်နှာက တုန့်ဆိုင်းသွားသည့် အမူအရာ ပေါ်လာသည်။
မူလက သူသည် ဤလိပ်နက်နတ်သားရဲကိုသတ်ပြီး ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ တက်လှမ်းရန်အတွက် ၎င်း၏သွေးအသားကို ဝါးမျိုချင်ခဲ့သည်။ ယခုမူ၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် စီးတော်ယာဉ်က ပို၍ကောင်းမွန်မည့် ရွေးချယ်မှု ဖြစ်ပုံရသည်။
လိပ်နက်သည် ချင်ယွင်၏ သွေးဆောင်ခံရမှုကို မြင်သောအခါ, အပူပေးရန် အခွင့်ကောင်း ကို အလျင်အမြန် ယူပြီး ပြောလိုက်သည် "ငါက ဒီကမ္ဘာငယ်လေးကို စောင့်ကြပ်ရတဲ့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းဝင် တစ်ဦးပဲ။ အဝေးနတ်ဘုရားကျွန်းဟာ လျှို့ဝှက်နတ်ဘုရား ဂိုဏ်းဖြစ်တယ်။ ငါ့လမ်းညွှန်မှုမရှိဘဲ၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ အမွေနှစ်ကိုရဖို့အသာထား၊ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေတောင်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
"အိုး?" ထိုစကားကိုကြားတော့ ချင်ယွင်၏စိတ်နှလုံးက ချက်ချင်း လှုပ်ခါသွားသည်။
သူတို့သည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ ရတနားများနှင့် အမွေအနှစ်များကို ရှာဖွေရန် ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ အနှိုင်းမဲ့ အန္တရာယ်များသည့် အခြေအနေကို သိရှိရန် အတွက် နတ်ဘုရားကျွန်းကို သွားကြည့်နေရန်ပင် မလိုအပ်ချေ။ သို့သော်၊ အကယ်၍, လိပ်နက်နတ်သားရဲ ပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့ပါက၊ သူသည် လျှို့ဝှက် နတ်ဘုရားဂိုဏ်း၏လျှို့ဝှက်ချက်များကို သိရှိနိုင်ရုံသာမက၊ နတ်ဘုရားကျွန်းပေါ်ရှိ သူ လျှောက်ရမည့်လမ်းကြောင်းသည် ပို၍လွယ်ကူသွားမည်မှာ သေချာပါသည်။
ဘန်း…။
ချင်ယွင်၏စိတ်နှလုံးက လှုပ်ခါသွားသည်။ ဤအရာက သူ့ခန္ဓာကိုယ် ပြိုလဲကျလုခါနီး လက္ခဏာပင် ဖြစ်သည်။ သူ အချိန်ဆွဲနေ၍ မရတော့ဘူးဆိုသည်ကို သူ သိသည်။
ထိုသို့မဟုတ်ဘဲ၊ ချင်ယွင်ပြိုလဲတော့မည်ကို လိပ်နက်ကြီး သိရှိသွားပါက၊ သူသည် အစွမ်းကုန် ပြန်လည် တိုက်ခိုက်နေပေလိမ့်မည်။ ဤအရာက ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
"ကောင်းပြီလေ, မင်းရဲ့ စိတ်ဝိညာဉ်အနှစ်သာရ အမှတ်သားကို ငါ့လက်ထဲ အပ်ထားရင်, ငါ မင်းကို မသတ်ဘူး" ချင်ယွင်သည် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး၊ သူ့အမူအရာက ပြောင်းလဲခြင်းမရှိဘဲ အသံတစ်ခု ပေးပို့လိုက်သည်။
"ငါ အခုပဲ လွှဲပေးလိုက်မယ်။ အခုပဲ လွှဲပေးလိုက်မယ်" လိပ်နက်က ကမန်းကတန်း ပြောလိုက်သည်။ အများကြီး မစဉ်းစားတော့ဘဲ၊ ၎င်းသည် နတ်ဆိုးအမြုတေမှ စိတ်ဝိညာဉ် အနှစ်သာရ အမျှင်တန်းကို ခွဲထုတ်လိုက်သည်။
နတ်ဘုရား စိတ်ဝိညာဉ်အနှစ်သာရသည် လိပ်နက်နတ်ဘုရားသားရဲမှ ခုန်ထွက်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ချင်ယွင်သည် ၎င်းကို ကနဦး စကြာဝဠာထဲမှာ သိမ်းထားလိုက်ပါသည်။
ချင်ယွင်၏ စိတ်ဝိညာဉ်သည် လိပ်နက်နတ်ဘုရားသားရဲနှင့် ချက်ခြင်းပင် ပို၍ ချိတ်ဆက် လာသည်။ လိပ်နက်နတ်ဘုရားသားရဲ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ချက်ချင်း ထိန်းချုပ်နိုင်သည်ကို သူ တွေ့ရှိခဲ့သည်။
"မင်းကို ငါ့ကမ္ဘာထဲ ဝင်ခွင့်ပြုမယ်။ မခုခံနဲ့။" ချင်ယွင်သည် သူ၏အသံကို လိပ်နက် နတ်ဘုရားသားရဲသို့ ဆက်လက် ပေးပို့လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်ကြီး"
လိပ်နက်က ကမန်းကတန်း ခေါင်းညိတ်သည်။ ယခုလေးတင် သူသည် ချင်ယွင်နှင့် စိတ်ဝိညာဉ်စာချုပ် ချုပ်ဆိုပြီးသွားပြီး၊ သူ့စိတ်ဝိညာဉ်တစ်ခုလုံးသည် ချင်ယွင်၏ ထိန်းချုပ်မှုအောက်တွင် အပြည့်ရှိနေသည်။ ထို့ကြောင့် ယခုအချိန်တွင် သူသည် ခုခံရန် လုံးဝ ရည်ရွယ်ချက် မရှိပေ။ ထုံးစံအတိုင်း သူသည် ချင်ယွင်ကို သခင်ကြီးဟု ခေါ်လိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက် ဖြင့် သူသည် လိပ်နက်ကို ကနဦးစကြာဝဠာထဲသို့ ထည့်ကာ ကြက်သွေးရောင်မြေကမ္ဘာ နတ်ဘုရားတည်ရှိရာ ကမ္ဘာမြေပေါ်တွင် ထားလိုက်ပြီး ကြက်သွေးရောင်မြေကမ္ဘာ နတ်ဘုရားနှင့် အတူနေခွင့်ပြုလိုက်သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် အားလုံးကို ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။ သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး လက်ချောင်းများကိုပင် မလှုပ်နိုင်တော့ပေ။
သေချာသည်မှာ ချင်ယွင်၏စိတ်ဝိညာဉ်က ပျက်စီးသွားခြင်း မရှိခဲ့ပါဘူး။ ဤအခိုက်အတန့် တွင် သူသည် လုံးဝ ငြိမ်သက်နေ၏။
"ဝှီး....၊ ဝှီး...”
အဝေးက လူတိုင်းသည် လိပ်နက်ကြီး ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ အားလုံး ပျံသန်းလာကြီးပြီး ချင်ယွင်ဆီသို့ ပြေးသွားကြသည်။ သူတို့သည် ချင်ယွင်ကို ကြောက်ရွံ့ပြီး သံသယ မျက်လုံးများဖြင့် ကြည့်နေကြသည်။
"နင်... နင် ဘာဖြစ်နေတာလဲ?" ကျိုးဟုန်ရွှဲ့သည် မမေးမီ ခဏမျှ တုံ့ဆိုင်းသွားသေးသည်။
"ငါ့ခန္ဓာကိုယ်ထဲက နတ်ဘုရားတန်ခိုးတွေ အများကြီး ကုန်သွားခဲ့တယ်။ ဒီတော့ ငါ မလှုပ်ရှားနိုင်တော့ဘူး။ ခဏလောက် အနားယူရမယ်။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်၏စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် သက်ပြင်းတစ်ချက် ချလိုက်သည်။
သို့သော်လည်း ဖန်းယီ၊ လင်းချင်ရှန်းနှင့် ပတ်ဝန်းကျင်ရှိ အခြားသူများ၏ မျက်လုံးများသည် သတင်းကောင်းတစ်ခု ကြားလိုက်ရသလိုပင် တောက်ပသွားခဲ့သည်။
"လိပ်နက်နတ်ဘုရားသားရဲ ကောင်ကော? မင်း သူ့ကို သတ်လိုက်ပြီလား" ပြောလာသည့် သူက ဖန်းယီပါ။ ဤအခိုက်အတန့်တွင် ချင်ယွင်အား သူမ၏အကြည့်များသည် ပို၍ ရဲရင့်လာသည်။
"ဟုတ်တယ်၊ ငါ သူ့ကို သတ်ခဲ့တယ်" ချင်ယွင်က မာနကြီးသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"အလောင်းကော ဘယ်မှာလဲ။" မိုဟဲက ကမန်းကတန်း ကြားဖြတ်မေးသည်။
"ငါ နတ်ဘုရားသိုလှောင်လက်စွပ်ထဲမှာ ထည့်ထားတယ်။" ချင်ယွင်က ရိုးသားစွာ ပြန်ဖြေသည်။
ထိုစကားကိုကြားတော့ မိုဟဲနှင့်ဖန်းယီတို့သည် အကြည့်ချင်း ဖလှယ်ကြပြီး၊ တစ်ယောက် မျက်လုံးထဲမှ အဓိပ္ပါယ်ကို ချက်ခြင်း နားလည်သွားကြသည်။
ဆောင်းအကာအကွယ်မြို့တော်သည် ထိုပြဇာတ်ကို အဝေးမှ ကြည့်နေရင်း လူတိုင်းက ပြုံးနေကြသည်။ အထူးသဖြင့် လင်းချင်ရှန်း ဖြစ်သည်။ သူ့မျက်လုံးများသည် မြေခွေးကဲ့သို့ ကောက်ကျစ်မှုများဖြင့် ပြည့်နှက်နေသည်။
ကျိုးဟုန်ရွှဲ့သည် မျက်မှောင်ကြုတ်ကာ အခြေအနေ မကောင်းကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။
ယခုအချိန်မှာ သတ်ဖြတ်ချင်စိတ်တွေက ပြည့်နှက်လာနေပြီ။ ဖန်းယီနှင့် အခြားသူများ သည် ယခုအချိန်တွင် ချင်ယွင်ကို ဖယ်ရှားလိုသည်မှာ ထင်ရှားပါသည်။
အခုလေးတင် ချင်ယွင် ပြသလိုက်သည့် ခွန်အားအရဖြစ်စေ, ချင်ယွင်၏ လက်ထဲက နတ်ဘုရားသားရဲအလောင်းကြောင့် ဖြစ်စေ, သတ်ဖြတ်ချင်စိတ်တွေက တဟုန်ထိုး ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် အလွန်အားနည်းနေပြီး လက်တုံ့ပြန်ရန် မဖြစ်နိုင်တော့ဟု အားလုံးက ထင်နေကြသည်။ ယခုအချိန်သည် သူ့ကို တိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။
တကယ်တော့, ချင်ယွင် ဤအရာအားလုံးကို တမင်လုပ်ဆောင်ခဲ့သည်ကို သူတို့ မသိခဲ့ကြပါဘူး။ အမှန်တကယ်ဆို, သူသည် အစောပိုင်းက သူ၏ဒဏ်ရာများကို ပြန်လည် ကုသရန် ကနဦး စကြဝဠာထဲသို့ ဝင်ရောက်နိုင်သော်လည်း၊ သူသည် ထိုကဲ့သို့ မလုပ်ဆောင်ခဲ့ပေ။ ရည်ရွယ်ချက်ကတော့, ယခုအခါ, သူသည် သဘာအတိုင်း လူတိုင်း၏ အစွယ်များကို ထုတ်ပြခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ သူ အားနည်းနေချိန်မှာ ထိုလူများ ဘာလုပ်ကြမလဲဆိုသည်ကို သူ တကယ် မြင်ချင်မိပါသည်။
ချင်ယွင် မျှော်မှန်းထားသည့်အတိုင်း ဆောင်းအကာကွယ်မြို့တော်မှ လူသုံးယောက်နှင့် နေသာဧကရာဇ်မှလွဲ၍, ကျန်လူများအားလုံးသည် နတ်ဘုရားသားရဲအလောင်းကို ရယူရန် နှင့်, ၎င်းတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးကို ဖယ်ရှားပစ်ရန်အတွက် သူ့ကို သတ်ပစ်ချင်ကြသည်။
ဘန်း…။
ဟုတ်ပါသည်၊ ထိုအချိန်မှာပင် မိုဟဲနှင့်ဖန်းယီတို့၏ မျက်လုံးတွေက ရုတ်တရက် အေးစက်သွားပြီး ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ပါသည်။
ချင်ယွင်၏ အကြည့်သည် ရုတ်တရက် ခက်ထန်လာပြီး၊ သူ့မျက်လုံးများမှ သတ်ဖြတ်လို စိတ်များ ပေါက်ကြားလာခဲ့သည်။
"ရပ်လိုက်…၊
သို့သော်လည်း ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ မိုဟဲနှင့်ဖန်းယီတို့က ချင်ယွင်ကို တိုက်ခိုက်လိုက်သည့်အခိုက်တွင် ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ရှေ့တွင် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။ သူမအနားရှိ လူအိုကြီးနှစ်ယောက်လည်း ချင်ယွင်အပေါ် တိုက်ခိုက်မူများကို ပိတ်ဆို့လိုက်ပါသည်။