အခန်း ၁၃၅၄
Vol. 91 Ch. 1354
အခန်း (၁၃၄၅) သူတို့ကိုသတ်လိုက်ပါ။
"ဘုန်း”။
ကျယ်လောင်သော တုန်ခါအသံနှစ်ခုဖြင့်အတူ မိုဟဲနှင့်ဖန်းယီတို့၏ တိုက်ခိုက်မှုများကို ဆံပင်ဖြူ အဘိုးကြီးနှစ်ဦးက တိုက်ရိုက် ပိတ်ဆို့လိုက်ပါသည်။ သို့သော် ဆံပင်ဖြူ အဘိုးကြီးနှစ်ယောက်သည် မိုဟဲနှင့် ဖန်ရီတို့လောက် မသန်မာကြပေ။ ထိုအပြင်းအထန် တွေ့ဆုံမှုကြောင့် ၎င်းတို့နှစ်ဦးစလုံး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြသည်။
"မင်းတို့က သေခြင်းတရားကို တောင်းခံနေကြတာလား။ ထွက်သွားကြစမ်း" သူ၏တိုက်ခိုက်မှုကို ပိတ်ဆို့ခံရသည်ကို တွေ့လိုက်ရသောအခါ မိုဟီး၏နှလုံးသားသည် ချင်ယွင်၏ ရှေ့တွင် ရပ်နေသော ကျိုးဟုန်ရွှဲ့နှင့် အခြားသူများကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း ဒေါသများ ချက်ချင်း ထွက်ပေါ်လာသည်။
ဖန်းယီလည်း သူမလက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်းကို ကိုင်ထားသည်။ သူမမျက်လုံးများက ရေခဲတမျှ အေးစက်နေပြီး၊ အေးစက်စက် အလင်းရောင်ထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ ရှိနေခဲ့သည်။
"သူက အခုလေးတင် ငါတို့အတွက် လိပ်နက်နတ်ဘုရားသားရဲကို အနိုင်ယူခဲ့တဲ့သူပဲ။ မဟုတ်ရင်, ငါတို့အားလုံး အစောပိုင်းက လိပ်နက်နတ်ဘုရားသားရဲရဲ့ ကြီးမားလှတဲ့ ခြေသည်းတွေအောက်မှာ သေသွားရလိမ့်မယ်။ အခု ရှင်တို့က သူ့ကိုသတ်မယ်ဆိုတော့ နည်းနည်းလေး မလွန်လွန်းဘူးလား?။ ဒီသတင်း အပြင်ကို ထွက်သွားတာနဲ့, ရှင်တို့ရဲ့ ဂုဏ်သိက္ခာ ဆိုးရွားသွားမှာ ကျွန်မ ကြောက်မိတယ်” ကျိုးဟုန်ရွှဲ့က မိုဟဲနှင့် အခြားသူများ ကို စိုက်ကြည့်နေသည်။
ထိုစကားကိုကြားတော့ မိုဟဲနှင့်ဖန်းယီတို့သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ လက်ရွေးစင်များအနေဖြင့်, သူတို့သည် သူတို့၏ ဂုဏ်သိက္ခာအတွက် အလွန်စိုးရိမ်ကြသည်မှာ ထင်ရှားပါသည်။ အကယ်၍ သူတို့သည် ယခု ချင်ယွင်ကို သတ်ခဲ့မည်ဆိုလျှင်၊ သူတို့သည် သူ့ကြင်နာမှုကို လက်စားချေခြင်းဖြင့် ပေးဆပ်ခဲ့သည်ဟု နာမည်ဆိုးဖြင့် အဆုံးသတ်သွားပေလိမ့်မည်။
"သခင်မလေးကျိုးရဲ့ စကားတွေ မှားနေပါတယ်။ အစောပိုင်းက သူ့ကို လှုပ်ရှားပေးဖို့ ငါတို့က မတောင်းဆိုခဲ့ဘူးလေ။ သူက သူ့ဘာသာ လှုပ်ရှားချင်ခဲ့တာလေ။ ဒါက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ ဒီကြင်နာမှုကို ပြန်ပေးဆပ်ဖို့လည်း မလိုပါဘူး။ ဒါအပြင်, ဒီအခွင့်အရေး က ငါတို့ရှေ့မှောက် အမှန်ရောက်လာခဲ့တာလေ။ သူတို့က အရမ်းကို အစွမ်းထက်လွန်း တယ်။ တကယ်လို့, သူ့ခွန်အားတွေ ပြန်လည် ကောင်းမွန်လာခဲ့ရင်, ငါတို့အနေနဲ့ အခွင့်အရေးရဖို့ အရမ်းခက်သွားမှာ ငါ ကြောက်မိတယ်။” ကစားပွဲကြည့်ရင်း ဘေးမှာရပ်နေသည့် လင်းချင်ရှန်းက ရုတ်တရက် ပြောလိုက်သည်။
ယခုလေးတင် ချင်ယွင် ပြသခဲ့သည့် ခွန်အားက သူ့အတွက် ကြောက်စရာကောင်းသည့် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပါပြီ။ အကယ်၍, သူသာ ချင်ယွင်ကို အခုချိန် မသုတ်သင်ပစ် ရင် သူ့ကို ဖယ်ရှားဖို့ တော်တော် ခက်လိမ့်မည်။ သူ ယခုလိုပြောရသည့် အကြောင်းရင်းမှာ ချင်ယွင်ကို ဖယ်ရှားရန်အတွက် မိုဟဲနှင့် ဖန်းယီတို့၏လက်ကို ငှားရမ်းပြီး၊ ဓားငှားပြီး ချင်ယွင်ကို သတ်ပစ်ချင်သောကြောင့် ဖြစ်ပါသည်။
သေချာပါသည်၊ မိုဟဲနှင့်ဖန်းယီတို့သည် လင်းချင်ရှန်း၏ စကားကို ကြားလိုက်ရသည့်အခါ, သူတို့အကြည့်တွေက ရုတ်တရက် ခက်ထန်လာခဲ့သည်။ ချင်ယွင်ဆီသို့ ကြည့်နေသည့် သူတို့၏ အကြည့်များသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပွင့်လန်းလာသည်။
"ငါ ထပ်ပြောမယ်။ ရှေ့ကနေ ထွက်သွားစမ်း။ ဒါမှမဟုတ်ရင်, မင်းတို့ကိုပါ အတူတူ သတ်ပစ်မိလိမ့်မယ်" မိုဟဲက ကျိုးဟုန်ရွှဲ့နှင့် တခြားသူတွေကို ထပ်ပြောလိုက်ပြန်သည်။
သာမာန် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ပညာရှင်နှစ်ယောက်။ သူသည် ၎င်းတို့ကို သူ့မျက်စိထဲမှာ ထည့်မထားပါဘူး။ ယခုအချိန်တွင်၊ အရေးကြီးဆုံးမှာ ချင်ယွင်၏ ခွန်အားများ ပြန်လည် မရရှိမီ လင်းယုကို သတ်ပစ်ရန် ဖြစ်သည်။ မဟုတ်ရင် 'လင်းယု' က သူ့ခွန်အားတွေ ပြန်ကောင်းလာသည့်အခါ, သူတို့ သေဆုံးသွားနိုင်သည်။
ကျိုးဟုန်ရွှဲ့၏ အမူအရာသည် အလွန်လေးနက်သည်။ ယခင်က ချင်ယွင်သည် သူတို့အပေါ် ကျေးဇူးတရားရှိခဲ့ပြီး၊ နောက်ပိုင်းတွင် ကျောက်စိမ်းဆွဲသီးကိုလည်း ပေးခဲ့သည်။ ထိုကျောက်စိမ်းဆွဲသီးကို မည်သည့်အတွက်ကြောင့် ပေးခဲ့သည်ကို သူမ မသိသော်လည်း ၎င်းသည် သူမအသက်ကို ကယ်တင်ရန်အတွက် အသုံးပြုနိုင်သည့် အရာဖြစ်ကြောင်း သူမ သေချာပေါက် သိသည်။
အခု ချင်ယွင်သည် ဒုက္ခရောက်နေခဲ့သည်။ သူမအနေဖြင့် ဘယ်လိုလုပ် ထိုင်ကြည့် နေနိုင်မည်နည်း?။
ကျိုးဟုန်ရွှဲ့က သူမအနားမှ အဘိုးအိုနှစ်ယောက်အား ပြောလိုက်သော်လည်း ဆံပင်ဖြူ အဖိုးအိုတစ်ယောက်က သူမကို စကားတစ်ဝက်မှာပင် ကြားဖြတ်ပြောလိုက်သည် "အဘိုး ယွမ်၊ အဘိုးဟောင်၊ အဘိုးတို့ ဒီကိစ္စကို ရှောင်နေနိုင်ပြီ..."
"သခင်မလေးကျိုး, သခင်မလေး ဘာတွေ ပြောနေတာလဲ။ ငါတို့က ကျိုးမိသားစုမှာ မွေးပြီး၊ ကျိုးမိသားစုရဲ့ တစ္ဆေအဖြစ်နဲ့ပင် သေဆုံးကြမှာလေ။ ငါတို့က သခင်မလေးကို ဘာလို့ ထားခဲ့ရမှာလဲ။ ပြီးတော့ ဒီညီငယ်လေး။ သူက ငါတို့ကို အရင်ကယ်တင်ခဲ့တာ။ ဒါပေမယ့် အခုကျ ငါတို့က သူ့ကို ထားခဲ့ရမယ်။ ဝံပုလွေနှလုံးနဲ့ ခွေးအဆုတ်ရှိမှ လုပ်ဆောင်နိုင်မှာ မဟုတ်လား။ ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်မလေး ဘာမှ ထပ်မပြောနဲ့ တော့။ ငါတို့က သေတဲ့အထိ တိုက်ပွဲဝင်မယ်။ ဆံပင်ဖြူ အဘိုးကြီးတစ်ဦးက ပြောသည်။
"ဟုတ်တယ်၊ သူတို့တိုက်ခိုက်ရင် ငါတို့လည်း ပြန်တိုက်ကြမယ်။" အခြားအဘိုးကြီးက လည်း သူရဲကောင်းဆန်ဆန် ပြောလိုက်သည်။
"ဒါဆို ဟုန်ရွှဲ့က အဘိုးယွမ်နဲ့ အဘိုးဟောင်ကို ကျေးဇူးတင်ပါတယ်။" ကျိုးဟုန်ရွှဲ့က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အဘိုးအိုနှစ်ဦးသည် ချင်ယွင်၏ရှေ့တွင် ပြတ်သားစွာ ရပ်တည်နေရင်း၊ သူတို့မျက်လုံးများ တွင် ဆုံးဖြတ်ချက် ပြတ်သားသည့်အမူအရာ ပြည့်နေခဲ့ပြီး၊ မိုဟဲနှင့် အခြားလူများကို သတိကြီးစွာထားကာ ကြည့်နေလေသည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ သူ့စိတ်နှလုံးက လှုပ်ခါသွားသည်။
ယခု သူ့ရုပ်အသွင်အပြင် ပြောင်းလဲထားစဉ်မှာ ကျိုးဟုန်ရွှဲ့သည် သူ့ကို လုံးဝ မသိခဲ့ပေ။ အရင်က သူမအပေါ် ပြသခဲ့သည့် ကြင်နာမှုလေးကို အလေးထားပြီး ဤအခြေအနေထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ချင်ယွင်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှား ပြီး ကျေနပ်နေခဲ့သည်။
"မင်းတို့က သေချင်နေမှတော့,ငါ့တို့ကို အပြစ်မတင်နဲ့" ကျိုးဟုန်ရွှဲ့နှင့် အခြားလူများ နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိသည်ကို မိုဟဲမြင်သောအခါ, သူ့မျက်လုံးထဲတွင် သတ်ဖြတ်လို သည့် ဆန္ဒက ချက်ချင်းပင် ပေါ်လာသည်။ သူ့လက်ထဲမှာလည်း နတ်ဘုရား ဓားတစ်ချောင်း ချက်ချင်း ပေါ်လာသည်။
ထို့နောက် သူသည် ကျိုးဟုန်ရွှဲ့နှင့် အခြားလူများဆီသို့ ပြေးသွားပြီး၊ သူသည် ၎င်းတို့ အားလုံးကို သတ်ပစ်လိုကြောင်း ထင်ရှားသည်။
ဖန်းယီ၏လက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာပြီး သူမ၏ရုပ်အသွင်သည် နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျိုးဟုန်ရွှဲ့အနားရှိ အဘိုးအိုနှစ်ယောက်၏ မျက်လုံးများသည် ရုတ်တရက် ပြင်းထန်လာပြီး သူတို့၏ မျက်လုံးများသည် ဆုံးဖြတ်ချက်များ ပြည့်နှက်သွားသည်။
အဝေးတွင် လင်းဖန်းနှင့် လင်းချင်ရှန်းတို့သည် အကြည့်ချင်း ဖလှယ်ကာ ကောက်ကျစ် သည့် အပြုံးများ ထွက်ပေါ်လာသည်။
"ဘုန်း”။
သို့သော်လည်း ဆံပင်ဖြူ အဘိုးကြီးနှစ်ယောက်သစည် မိုဟဲနှင့်ဖန်းယီတို့ သတ်ဖြတ်ခြင်း ခံရတော့မည်ဟု သူတို့ တွေးထင်နေချိန်မှာ, ပုံရိပ်တစ်ခုက လျှပ်စီးလက်သလို ထွက်ပေါ် လာသည်။ လက်သီးနှစ်ဖက်က မိုဟဲနှင့်ဖန်းယီတို့၏ ဝမ်းဗိုက်ကို ချက်ချင်း ထိမှန်ပြီး၊ လွင့်ပျံသွားကြသည်။
မိုဟဲနှင့်ဖန်းယီတို့သည် မရပ်တန့်နိုင်ခင်, နောက်သို့ ပေထောင်ချီ၍ လွင့်ပျံသွားခဲ့ကြသည်။ သူတို့သည် ရုတ်တရက် ပေါ်လာသောလူကို စူးစူးစိုက်စိုက် ကြည့်နေရင်း၊ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
လင်းချင်ရှန်းနှင့် အခြားသူများ၏ အပြုံးများသည်လည်း ပျောက်ကွယ်သွားကာ၊ မျက်နှာများက အေးခဲသွားကြသည်။ သူတို့သည် ရုတ်တရက် ပေါ်လာသည့် ရင်းနှီးခြင်း မရှိသောလူကို ကြည့်ရင်း ကျိုးဟုန်ရွှဲ့နှင့် အခြားသူများပင် အံ့အားသင့်သွားကြသည်။ သူတို့မျက်နှာများသည် အံ့ဩခြင်းကြီးစွာဖြင့် ရုတ်တရက် ထွက်ပေါ်လာသည့် အမျိုးသား ကို ကြည့်လိုက်ကြသည်။
နှစ်မီတာမြင့်သော လူထွားကြီးတစ်ယောက်သည် မိုဟဲနှင့်ဖန်းယီတို့၏ရှေ့တွင် ရပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ့မျက်လုံးများ သည် သားရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ စူးရှသည်။
"သူက ဘယ်သူလဲ၊ ဘာလို့ ဒီလိုမျိုး ရုတ်တရက် ပေါ်လာတာလဲ။" လင်းဖန်းသည် တုန်လှုပ် ချောက်ချားမှုမှ မသက်သာသေးဘဲ အံ့သြသည့်အမူအရာဖြင့် မေးလိုက်သည်။
အရပ်ရှည်ပြီး ထွားကြိုင်းသည့် သူစိမ်းက ထိုစကားကိုကြားတော့ ပြုံးပြီး ပြောသည် "ငါတို့ တွေ့တာ မကြာသေးဘူးလေ။ မင်း ငါ့ကို မမှတ်မိတော့ဘူးလား။"
လူထွားကြီး၏အသံသည် ခေါင်းလောင်းကြီး ထိုးနှက်သံနှင့် တူပြီး အနှိုင်းမဲ့ နက်ရှိုင်းသည်။
ထိုစကားကြားတော့ လူတိုင်း၏သူငယ်အိမ်များသည် တစ်ချိန်တည်းမှာ တုန်လှုပ်သွားပြီး၊ အလွန်ထိတ်လန့်သည့် အမူအရာကိုယ်စီကို ထုတ်ဖော်လိုက်ပါသည်။
"မင်း... မင်း... မင်းက အစောလေးက လိပ်နက်နတ်ဘုရားသားရဲပဲ" လင်းဖန်းနောက်မှာ ရပ်နေသည့် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ထိတ်လန့် တကြားဖြစ်ပြီး မတတ်နိုင်ဘဲ တုန်တုန်ယင်ယင် အသံဖြင့် ပြောလိုက်သည်။
ထိုစကားတွေ ပြောပြီးချိန်မှာတော့ လူတိုင်း၏ စိတ်နှလုံးများသည် ဆို့နင့်သွားပြီး၊ သူတို့မျက်နှာတွေက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပါသည်။
အဝေးသို့ လွင့်ထွက်သွားကြသော မိုဟဲနှင့်ဖန်းယီတို့သည် သူတို့နှလုံးသားများ တုန်တုန် ယင်ယင် ဖြစ်လာသည်ကို ခံစားရပြီး၊ ကြောက်ရွံ့မှု အရိပ်အယောင်ကို မခံစားမိဘဲ မနေနိုင်ကြပေ။
ကျိုးဟုန်ရွှဲ့၊ နေသာဧကရာဇ်နှင့် အခြားသူများအားလုံး အလွန်အံ့အားသင့်နေသည့် အမူအရာများကို ထုတ်ဖော်ထားကြသည်။ ဤလိပ်နက်သည် ဤနေရာတွင် ရုတ်တရက် အဘယ်ကြောင့် ပေါ်လာသည်ကို သူတို့ နားမလည်ခဲ့ကြသည်မှာ ထင်ရှားပါသည်။
သို့သော်လည်း ၎င်းတို့ကို ပို၍ ထိတ်လန့်တုန်လှုပ်စေသည့် အရာမှာ ၎င်းတို့နောက်တွင် ရှိနေပါသေးသည်။ ဤအခိုက်တွင် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ချင်ယွင်သည် ဖြည်းညှင်းစွာ ထလာပြီး၊ လိပ်နက်ကို အမိန့်ပေးလိုက်သည် "လိပ်ကလေး၊ ဒီဘက်က အဲဒီနှစ်ကောင်နဲ့ ဟိုလေးကောင်ကို သတ်ပစ်လိုက်ပါ။ အဲဒီထဲက တစ်ကောင်မှ မကျန်စေနဲ့”။
"ဟုတ်ကဲ့သခင်ကြီး" လိပ်နက်က ချက်ချင်း ပြန်ဖြေသည်။ ထို့နောက် စူးရှသော သူ့မျက်လုံးများက မိုဟဲ၊ ဖန်းယီနှင့် ဆောင်းအကာကွယ်မြို့တော်မှ လူလေးဦးကို ကြည့်လိုက်သည်။
မိုဟဲနှင့် အခြားသူများ၏ နှလုံးခုန်သံများ ချက်ချင်း လွဲချော်သွားပြီးနောက် ပြင်းထန်သော အကြောက်တရားက သူတို့၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။
လိပ်ကလေးလား?
သခင်ကြီးလား..?
ဤစကားနှစ်ခွန်းသည် အချိန်အတော်ကြာင်အောင် ထွတ်မသွားဘဲ၊ သူတို့စိတ်ထဲတွင် ရစ်ဝဲနေသည်။
အမှန်တကယ်ဆို, သူတို့တင်မဟုတ်ပေ။ ကျိုးဟုန်ရွှဲ့နှင့် တခြားသူတွေတောင် အံသြသွားကြပါသည်။ အဖြစ်ပျက်တွေကို သူတို့ နားမလည်နိုင်ကြတော့ပါဘူး။
ချင်ယွင်တစ်ယောက်သာ သူ့မျက်နှာတွင် ပြုံးနေသော်လည်း သူ့မျက်လုံးများကမူ အေးစက်သော အလင်းရောင်များဖြင့် ပြည့်နေခဲ့သည်။
ဤအရာအားလုံးသည် သူ့အစီအစဉ်အတွင်းမှာ ရှိနေပြီးသား ဖြစ်သည်။ သူ့ ရည်ရွယ်ချက် မှာ မိုဟဲနှင့် အခြားသူတို့၏ မြေခွေးအမြီးများကို ထုတ်ဖော်ပြသလာရန် ဖြစ်သည်။ ထို့နောက်, သူသည် လိပ်နက်ကို တိုက်ခိုက်ခိုင်းပြီး၊ သူတို့အားလုံးကို သတ်ပစ်မည်။ အရာအားလုံးက သူမျှော်လင့်ထားသည့် အတိုင်းပင်။ သူ အားနည်းနေသည်ကို မြင်တော့, ထိုလူများသည် သူ့ကို သတ်ပစ်ချင်ကြသည်။
"ဘုန်း”။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လိပ်နက်နတ်ဘုရားသားရဲ ဖန်ဆင်းထား သော လူသားပုံစံသည် ချက်ချင်းပင် ပျံထွက်သွားပြီး၊ အဝေးမှ မိုဟဲနှင့်ဖန်းယီတို့ထံ တည့်တည့်မတ်မတ် ဦးတည်သွားလေသည်။