အခန်း ၁၃၅၅
Vol. 91 Ch. 1355
အခန်း (၁၃၅၅)။ သေလုနီးပါး မျက်နှာဖြူဖျော့သွားခြင်း။
မိုဟဲနှင့်ဖန်းယီတို့သည် သူတို့ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေသော လိပ်နက်ကို မြင်သော အခါတွင်, သူတို့၏မျက်နှာများသည် သေလုနီးပါး အရောင်ဖျော့သွားကာ၊ သူတို့ မျက်လုံး များတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ထိုလိပ်နက်သည် လူသားအသွင်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် ထိုကဲ့သို့ ပြင်းထန်သော အာရုံခံစားမူဖိအားများ မရှိသော်တော့လည်း၊ ၎င်း၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။ ၎င်း၏တစ်ကိုယ်လုံးသည် ရိုင်းစိုင်းစွာ ပြေးလွှားနေသဖြင့် မြေကြီးပင်တုန်ခါကာ တောင်တန်းများလည်း လှုပ်ခါနေသည်။
"ဘုန်း...၊ ဘုန်း..၊ ဘုန်း....၊”
ပြင်းထန်သော တုန်ခါမူနှင့်အတူ လိပ်နက်သည် မိုဟဲနှင့်ဖန်းယီတို့ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ၎င်း၏ လက်သီးများသည် မိုဟဲနှင့် ဖန်ရီတို့ထံ တိုက်ရိုက် ထိုးနှက်လာ သည့် ဧရာမတူကြီးများနှင့်ပင် တူနေပါသည်။
မိုဟဲနှင့်ဖန်းယီတို့၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကာ လက်ထဲတွင် ရှိသော နတ်ဘုရားဓားများသည် လိပ်နက်နတ်ဘုရားသားရဲဆီသို့ မဆိုင်းမတွ ခုတ်ပိုင်း သွားလေသည်။
ချွင်..။
သို့သော် ယခုအချိန်တွင် လိပ်နက်သည် ၎င်း၏လက်သီးများသည် လက်သည်းများအဖြစ် သို့ ပြောင်းလဲသွားကာ မိုဟဲနှင့်ဖန်းယီတို့ ခုတ်ပိုင်းလာသော နတ်ဘုရားဓားများကို ၎င်း၏ လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်သည်။
အဆင့်မြင့် နတ်ဘုရားပစ္စည်းများသည် လိပ်နက်နတ်ဘုရားသားရဲ၏ လက်နှင့် အပြင်းအထန် တိုက်မိသွားသည်။ ၎င်းဓားများသည် လိပ်နက်နတ်ဘုရားသားရဲ၏လက်ကို ဖြတ်တောက်နိုင်ခြင်း မပြုရုံသာမက၊ သန့်စင်သော သံမဏိအချင်းချင်း အပြင်းအထန် တိုက်မိသည့်အသံကိုပင် ထွက်ပေါ်စေပါသည်။ အဆင့်မြင့်အဆင့် နတ်ဘုရား ဓားနှစ်ချောင်းသည် ထိုကဲ့သို့ပင် လက်ဗလာဖြင့် ဆုပ်ကိုင်ထားခံလိုက်ရသည်။
"ဘာလဲ?" မိုဟဲသည် အံ့သြသွားရကာ သူ့မျက်လုံးများက ထိတ်လန့်သွားသည် ။
သူ၏ဓားသည် အဆင့်မြင့် နတ်ဘုရား ဓားတစ်လက် ဖြစ်သည်။ ၎င်းသည် တစ်ချက် ခုတ်ပိုင်းရုံဖြင့် နတ်ဘုရားသံမဏိကိုပင် ဖြတ်တောက်နိုင်သော်လည်း၊ ဤလိပ်နက် နတ်ဘုရား သားရဲ၏ လက်ကို အမှန်တကယ် မလှုပ်ခါနိုင်ပေ။ ယင်းက မည်သို့ ဖြစ်နိုင်မည် နည်း?။
သန်မာလွန်းသည်။
အလွန် သန်မာလွန်းသည်။
ထိုအခိုက်အတန့်တွင် ဖန်းယီသည် အလွန်မင်း ထိတ်လန့်သွားရပြီး သူမစိတ်နှလုံးထဲတွင် ဆုတ်ခွာလိုသည့် ခံစားချက်ကို ချက်ချင်း ဖြစ်ပေါ်စေသည်။
သို့သော်လည်း သူမ မလှုပ်ရှားနိုင်ခင်မှာ အရပ်မြင့်မားပြီး ကြံ့ခိုင်လှသော လိပ်နက်က လေထဲမှာ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပြောသည် "ဟမ့်၊ ပုရွက်ဆိတ် နှစ်ကောင်ပဲ၊ သေလိုက်တော့။"
ထိုသို့ပြောပြီးနောက်၊ နတ်ဘုရားဓားနှစ်ချောင်းကို ဆုပ်ကိုင်ဆောင်သော လိပ်နက် နတ်ဘုရားသားရဲ၏ လက်သည် ချက်ချင်းပင် ခွန်အားကို စိုက်ထုတ်လိုက်သည်။ ၎င်း၏ လက်ကိုလှန်ပြီး လှည့်လိုက်ကာ၊ သူသည် လက်ထဲနှစ်ဖက်တွင် ဆုပ်ကိုင်ထားသော နတ်ဘုရားဓားများကို လွင့်ပျံသွားစေပြီး၊ ထို့နောက်တွင် ၎င်း၏လက်သီးများက မိုဟဲနှင့် ဖန်းယီတို့၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးနှက်သွားလေသည်။
ဘန်း။
မိုဟဲသည် သူ့ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ နတ်ဘုရားခန္ဓာသည် ချက်ခြင်း ကြေကွဲသွားကာ လတ်ဆတ်သော သွေးများက ရူးသွပ်စွာ ပန်းထွက်လာသည်။ သူ့တစ်ယောက်သာမဟုတ်ဘဲ ဖန်းယီလည်း ထို့အတူပင်။
လူတိုင်းလည်း ဆွံ့အသွးကာ, သူတို့မျက်နှာများသည်လည်း တုန်လှုပ်ခြောက်ခြားမူ အပြည့်ရှိနေကြသည်။
လိပ်နက်နတ်ဘုရားသားရဲ၏ လက်သီးခွန်အားသည် အရင်က လူတိုင်း မြင်ဖူးထားသည့် အတိုင်း အလွန်ကြီးမားပါသည်။ ယခုတော့, ထိုလက်သီးခွန်အားသည် မိုဟဲနှင့်ဖန်းယီတို့ထံ ကျရောက်သွားသဖြင့် သူတို့ မည်မျှ သနားစရာကောင်းမည်ကို တွေးနေစရာပင် မလိုတော့ချေ။
"ဘုန်း”။
မိုဟဲနှင့်ဖန်းယီတို့သည် နောက်သို့ လွင့်ပျံသွားကာ သူတို့ဗိုက်တစ်ခုလုံးမှာ နစ်ဝင်နေပြီး၊ ပုံသဏ္ဍာန် လုံးဝ ပျက်ယွင်းသွားခဲ့သည်။
လိပ်နက်နတ်ဘုရားသားရဲသည် ဤအရာကြောင့် ရပ်တန့်သွားခြင်း မရှိခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့်, သူ့မျက်လုံးများမှ သွေးဆာနေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ့ကို အနိုင်ယူပြီး ဖြစ်သော်လည်း၊ သူ့နှလုံးသားထဲတွင် ဒေါသတဟုန်းဟုန်း တောက်လောင်နေဆဲ ဖြစ်သည်။ သူသည် ချင်ယွင်အပေါ် သူ့ဒေါသကို ထုတ်မပြဝံ့ပေ။ အခုအချိန်မှာတော့ ၎င်းဒေါသသည် မိုဟဲနှင့်ဖန်းယီတို့အပေါ် ကျရောက်သွားခဲ့သည်။
လိပ်နက်သည် နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ မိုဟဲ၏ဘေးတွင် ချက်ချင်း ပေါ်လာသည်။ ၎င်း၏သံမဏိလက်သီးနှင့်အတူ မိုဟဲကို မြေပြင်ပေါ်သို့ အပြင်းအထန် ရိုက်ချလိုက်ပြီး၊ တွင်းကြီးတစ်ခု ဖန်တီးသွားခဲ့သည်။
မိုဟဲသည် တွင်းနက်ကြီးထဲမှာ လဲလျောင်းနေ၏။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ လိပ်နက်နတ်ဘုရားသားရဲ၏ တိုက်ခိုက်မှုသည် တကယ်ကို သန်မာလွန်းသည်။ ၎င်းသည် သူ့နတ်ဘုရား ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ယခုအခါတွင် သူသည် တစ်ဝက်တစ်ပျက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝှီး..။
မိုဟဲ၏ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး၊ ၎င်းအလင်းတန်း သည် အပေါက်ဝဆီသို့ ပြေးသွားလေသည်။
ဤအလင်းသည် မိုဟဲ၏ နတ်ဘုရားစိတ်ဝိညာဉ် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က လုံးဝ ပျက်စီးသွားပြီ။ အကယ်၍, သူသည် သူ့ခန္ဓာကိုယ်ထဲမှာ ဆက်ပြီးနေခဲ့မည်ဆိုလျှင်, သေချာပေါက် သေရလိမ့်မည်။ သူ့စိတ်ဝိညာဉ်၏အကူအညီဖြင့်၊ သူသည် လွတ်မြောက်ရန် အခွင့်အရေး ရှိသေးသည်။
"ဟမ့်၊ မင်းက ထွက်ပြေး လွတ်မြောက်ချင်သေးလား?။ အိပ်မက်မက်နေလိုက်။" သို့သော် လိပ်နက်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် လိပ်နက်သည် မိုဟဲဆီသို့ ပြေးလိုက်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူသည် ကောင်းကင်ယံသို့ လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး သူ့နတ်ဘုရားစိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်သည်။
အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် နေရာမှာပင်, သေဆုံးသွားခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင် မရှိခဲ့ပေ။
အဝေးကို ရောက်နေသော ဖန်းယီသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူမ၏လှပသော မျက်နှာသည် အလွန်ထိတ်လန့်သွားသော အမူအရာတစ်ခုကို ပေါ်လွင်စေသည်။
ထွက်ပြေးခြင်းသည် အသုံးမဝင်ကြောင်း သူမ သိသည်။ သူမရှေ့ရှိ လိပ်နက်နတ်ဘုရား သားရဲ၏ ခွန်အားသည် သူမတို့အနေဖြင့် ဆန့်ကျင်ဘက်ပြုနိုင်သော အရာမဟုတ်ပေ။ သူမသည် ထွက်ပြေးချင်သော်လည်း မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် သူမသည် ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ချင်ယွင်၏ ရှိရာအရပ်သို့ ဦီးညွတ်ကာ ပြောလိုက်သည် "သခင်လင်းယု၊ ကျေးဇူးပြု၍ ကျွန်မအသက်ကို ချမ်းသာပေးပါ။ သခင်လင်းယု ကျွန်မကို မသတ်သေးသရွေ့, သခင်လင်းယု လုပ်ချင်တာ မှန်သမျှ ကျွန်မ လုပ်ပေးပါ့မယ်။ ကျွန်မ ကျွန်လုပ်ရင်တောင် လုပ်ဖို့ဆန္ဒရှိပါတယ်။"
ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်ပြီး၊ စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ပေါ်လာပါသည်။
မူလက ဖန်းယီသည် မာနကြီးပြီး ရက်စက်ကြမ်းကြုတ်သည်ဟု သူထင်ခဲ့သော်လည်း ရှင်သန်ခြင်းနှင့် သေခြင်းတရားကို ကြုံတွေ့ရာတွင် သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သနားညှာတာပေးရန် တောင်းဆိုနေပြီး၊ သူ့ကျွန်ဖြစ်ရန်ပင် ဆန္ဒရှိလိမ့်မည် ဟု သူ မမျှော်လင့်ခဲ့ပေ။ ဆိုလိုရင်းမှာ ချင်ယွင်သည် သူမအား လုပ်ချင်သမျှ လုပ်ဆောင်နိုင် သည်။
ဤအရာက အလှအပကိုဗန်းပြထားသည့် လှည့်ကွက်တစ်ခုဆိုသည်မှာ သံသယဖြစ်စရာ ပင် မလိုချေ။ သူမသည် အလှပကိုဗန်းပြပြီး၊ ဤဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့ အသုံးပြုချင်နေခဲ့သည်။
သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ ချင်ယွင်သည် သူမ၏အလှပကို လုံးဝ စိတ်မဝင်စားခဲ့ပေ။
အခြားသူများ၏ အမြင်တွင် ဖန်းယီသည် ထူးထူးခြားခြား လှပနေနိုင်သော်လည်း ချင်ယွင်၏ မျက်လုံးထဲတွင် သူမသည် လုံးဝ တန်ဖိုးမရှိပေ။
အဝေးမှ လိပ်နက်နတ်ဘုရားသားရဲသည်လည်း ဘာဆက်လုပ်ရမည်ကို မေးလိုသည့် အလား ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။
"သူမကို သတ်လိုက်တော့" ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ သူမကို သေမိန့်ပေးလိုက်သည်။
ထိုစကားကိုကြားတော့ ဖန်းယီသည် အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်၏ အမိန့်ကိုကြားတော့ လိပ်နက်၏ မျက်လုံးထဲမှာ သွေးဆာနေသည့် အကြည့်တွေ ကို တစ်ဖန် ပြန်မြင်လာရပြီး၊ သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပျံထွက်သွားပါသည်။
"ဘုန်း”။
လိပ်နက်နတ်ဘုရားသားရဲ၏ လက်ဖဝါးရိုက်ချက်သည် ဖန်းယီ၏ ကောင်းကင် စိတ်ဝိညာဉ် အလွှာကို ဖုံးလွှမ်းသွားခဲ့သည်။
"ဘန်း..။
ဖန်းယီ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် လေထဲတွင် ပေါက်ကွဲထွက်ကာ သွေးမိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလက်ဖဝါးရိုက်ချက်ကြောင့် သူမ၏ စိတ်ဝိညာဉ်သည် လုံးလုံး ကြေမွသွားခဲ့သည်။
ခပ်လှမ်းလှမ်းတွင်၊ ကျိုးဟုန်ရွှဲ့နှင့် ဆံပင်ဖြူ အဘိုးကြီး နှစ်ယောက်တို့သည် နှိုင်းစာ၍ မရသည့် ထိတ်လန့်တုန်လှုပ်သွားသော အမူအရာများကို ထုတ်ဖော်လာကြသည်။ နောက်ထပ် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ထိုကဲ့သို့ပင် အသတ်ခံလိုက်ရပြီး၊ ၎င်းတို့သည်လည်း နတ်ဘုရားနန်းတော်ကြီးတစ်ခု၏ လက်ရွေးစင်များ ဖြစ်ကြသည်။
ချင်ယွင်၏ အမူအရာသည် အေးစက်ပြီး ဘာမှမထူးခြားသလို သူ့အကြည့်များကလည်း မပြောင်းလဲဘဲ ရှိနေသည်။
မိုဟဲနှင့်ဖန်းယီတို့သည် သူ့ကိုသတ်ချင်နေမှတော့ ထိုရလာဒ်တစ်ခုလုံးကို သူတို့ကိုယ်တိုင် ပြုလုပ်ခြင်း ဖြစ်သည်။ အစောပိုင်းကတည်းက ချင်ယွင်သည် သူ့ကို ဒုက္ခမပေးသရွေ့ သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဟု ပြောခဲ့ဖူးသည်။
သို့သော်၊ လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ ကံကောင်းခြင်း အခွင့်လမ်းတစ်ခုကြောင့် သူတို့သည် ချက်ချင်း သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မျိုး ရှိနေမည်ကို သူ မမျှော်လင့်ထားခဲ့ပေ။
အခု သူတို့အသတ်ခံရပြီး၊ ဘယ်သူ့ကိုမှ အပြစ်တင်၍ မရပါဘူး။
သေချာသည်မှာ, ထိတ်လန့်ဆုံးသူတွေကတော့ လင်းဖန်း၊ လင်းချင်ရှန်း, သူတို့နှင့်အတူ မနီးမဝေးမှာ ရပ်နေသော တခြားလူများဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် သူတို့ နှစ်ယောက်လုံးသည် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားကြသည်။
"ဦးလေး ဘာလုပ်ရမှာလဲ?။ အဖေ ရောက်လာပြီလား" လင်းဖန်းက လင်းချင်ရှန်းကို ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။
မိုဟဲနှင့် ဖန်းယီတို့သည် ၎င်းတို့၏ ကံကြမ္မာကို သက်သေပြသွားခဲ့သည်။ ယခုတစ်ကြိမ်, သူတို့ အလှည့်ဖြစ်သည်။ သူသည် ဘယ်လိုလုပ် မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း?။
"မကြာတော့ဘူး၊ မင်း ခဏကြာအောင် တောင့်ခံနိုင်တာနဲ့ မင်းအဖေက ဒီနေရာကို ခံစားမိလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, သူက ဒီလိပ်နက်ကို တွန်းလှန်နိုင်တဲ့ အစွမ်းရှိ တော့, သေချာပေါက် လုပ်နိုင်မှာပါ" လင်းချင်ရှန်းက နှစ်သိမ့်ပေးလိုက်သော်လည်း သူ့ အမူအရာက အနှိုင်းမဲ့ လေးနက်နေသေးသည်။
ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ လက်ရွေးစင်တပည့်များသည် အချိန်ကြာကြာ ထိန်းထားနိုင်လိမ့်မည်ဟု မူလက သူ မျှော်လင့်ထားခဲ့သော်လည်း, သူတို့သည် ပြန်၍ပင် တိုက်ခိုက်နိုင်စွမ်းမရှိဟု သူ လုံးဝ မမျှော်လင့်ခဲ့ပါဘူး။ ဆောင်းအကာအကွယ်မြို့တော်၏ မြို့တော်သခင် ရောက်ရှိလာတော့မည် ဖြစ်သော်လည်း၊ သူတို့သည် ယခုအခါ အချိန်တိုလေးအတွင်းမှာပင် လိပ်နက်နတ်ဘုရားသားရဲ၏လက်ထဲ၌ သေဆုံးရဖွယ် ရှိနေသည်။ အမှန်တကယ်လည်း ဤလိပ်နက် နတ်ဘုရားသားရဲသည် တကယ်ကို အစွမ်းထက်လွန်းပါသည်။
ဘန်း..။
မျှော်လင့်ထားသည့်အတိုင်း၊ ထိုအချိန်တွင် လိပ်နက်နတ်ဘုရားသားရဲ၏ စူးရှသော မျက်လုံးများက လင်းချင်ရှန်းနှင့် အခြားလူများကို သွေးဆာနေပြီး သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် စိုက်ကြည့်နေသည်။
လင်းဖန်းနှင့် အခြားသူများ၏ စိတ်နှလုံးများသည် တိမ်တိုက်ထဲသို့ ချက်ခြင်း ပြုတ်ကျပြီး၊ သူတို့၏ နှလုံးသားများသည် အလွန်အမင်း ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။