အခန်း ၁၃၅၆
Vol. 91 Ch. 1356
အခန်း (၁၃၅၆) အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်း အကာကွယ်ဒိုင်း။
လိပ်နက် နတ်ဘုရားသားရဲ၏ အကြည့်သည် လင်းဖန်းနှင့် အခြားသူများ၏ စိတ်နှလုံးကို အရိုးများထိတိုင် အေးခဲသွားစေခဲ့သည်။ အထူးသဖြင့် လိပ်နက်နတ်ဘုရားသားရဲ၏ မျက်လုံးများတွင် သွေးဆာနေသော အကြည့်ကို မြင်လိုက်သောအခါ, သူတို့၏ ခြေထောက်များသည် တုန်ရီလာလေသည်။
လင်းဖန်းတစ်ယောက်တည်းသာ မဟုတ်ပေ။ သူ့နောက်မှ အစောပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့် နောက်လိုက်နှစ်ယောက်တောင်မှ ကြောက်လန့်သွားခဲ့ကြသည်။
အလယ်လတ် မြေကမ္ဘာနတ်ဘုရားအဆင့်ရှိ လက်ရွေးစင်တပည့်များသည် ရှောင်တခင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူတို့သည် သူတို့သွားကြားမှ ကွက်လပ်တွေကို ချိတ်ဆက်ပေး ရန် အရည်အချင်းတောင် မရှိဘူးမဟုတ်ပါလား။
သေချာသည်မှာ, စိုးရိမ်ပူဆွေးနေကြသည့် သူတွေရှိကြသလို, သဘာဝအတိုင်း ပျော်ရွှင်နေသည့် သူတွေလည်း ရှိကြပါသည်။
ကျိုးဟုန်ရွှဲ့ အနားရှိ အဘိုးအိုနှစ်ယောက်သည် အနှိုင်းမဲ့ တောက်ပသော အပြုံးများကို ထုတ်ဖော်လိုက်ကြသည်။ ယခင်က ဆောင်းအကာကွယ်မြို့တော်သည် ၎င်းတို့ကို နေရာတိုင်းတွင် အခက်အခဲ ဖြစ်စေခဲ့သည်။ ယခုတော့ ဆောင်းအကာကွယ်မြို့တော်သည် အကျပ်အတည်းတစ်ခု ရင်ဆိုင်နေရသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် သဘာဝ အတိုင်း အလွန်ပျော်ရွှင်နေပါသည်။
ကျိုးဟုန်ရွှဲ့သည်လည်း ယခုအချိန်တွင် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သေချာသည်မှာ, သူမသည် ထိုအောင်မြင်မူကို မြင်ပြီး ဝမ်းသာနေပါသည်။
သို့သော် သူမသည် ချင်ယွင်ကို ပို၍အာရုံစိုက်နေခဲ့သည်။ ထိုလူသည် ထက်မြက်လွန်းပြီး၊ ဤအရာအားလုံးကို သူတို့ရှေ့မှ လူငယ်တစ်ဦးက စီစဉ်ခဲ့ခြင်းဖြစ်သည်ကို သူတို့ သိပါသည်။
လိပ်နက်နတ်ဘုရားသားရဲတောင်မှ သူ့ကို မသတ်နိုင်ခဲ့ဘဲ အညံ့ခံခဲ့ရသည်။
သို့သော် နတ်ဘုရားသားရဲတစ်ကောင်ကို အနိုင်ယူရန်မှာ နတ်ဘုရားသားရဲကို သတ်ဖြတ် ခြင်းထက် ပို၍ခက်ခဲပါသည်။
ကျိုးဟုန်ရွှဲ့သည် ဤလူငယ်တွင် မည်သို့သော ကိုယ်ရေးအချက်လက် ရှိနေသနည်း?၊ အဘယ်ကြောင့် ဤမျှ အစွမ်းထက်သော ခွန်အားမျိုးရှိနေရသနည်း၊ သူမတို့ကို အဘယ့်ကြောင့် ယခုလို ကူညီပေးခဲ့ရသနည်း? ထိုအချက်များကို နားမလည်နိုင်သေးပါ။
"ဘုန်း”။
ကျိုးဟုန်ရွှဲ့တစ်ယောက် ပဟေဠိဖြစ်နေချိန်မှာပင် လိပ်နက်နတ်ဘုရားသားရဲသည် နောက်တစ်ကြိမ် အမြန်ပြေးထွက်လာပြီး၊ ထိုလူလေးယောက်ဆီသို့ တဟုန်းထိုး ပြေးဝင် သွားလေသည်။
သတ်ဖြတ်လိုသည့်ဆန္ဒက ချက်ခြင်း ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လို သည့် ဆန္ဒက ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အစွမ်းထက်သော အငွေ့အသက် သည် လင်းဖန်းနှင့် အခြားသူများကို ချက်ခြင်း ဖိနှိပ်သွားပြီး၊ ၎င်းတို့ကို အသက်ရှူမဝ အောင် ဖြစ်စေခဲ့သည်။
"သွား၊ မြန်မြန် တားဆီးစမ်း" လင်းဖန်းသည် အလျင်အမြန် ဆုတ်ခွာသွားစဉ်တွင် သူ့နောက်မှ အစောပိုင်းအဆင့် မြေကမ္ဘာ နတ်ဘုရား ကျွမ်းကျင်သူနှစ်ဦးကို အလျင်အမြန် ညွှန်ကြားလိုက်သည်။
လင်းဖန်း၏ လုပ်ရပ်ကို မြင်သောအခါ, အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် နှစ်ဦးသည် ၎င်းတို့၏ နှလုံးသားထဲတွင် ပြင်းပြသော အမျက်ဒေါသများ တဟုန်ထိုး ထွက်ပေါ်လာသည်။ သူတို့သည် လင်းဖန်းကို စိတ်ထဲတွင် ပြင်းထန်စွာ ကျိန်ဆဲလိုက်ကြသည်။
သို့သော်လည်း လင်းဖန်းသည် ဆောင်းအကာကွယ်မြို့တော်၏ သခင်လေးအဖြစ် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် သူ့အမိန့်ကို မနာခံဘဲမနေဝံ့ကြပေ။ ဟုတ်ပါသည်၊ အရေးကြီးဆုံး အချက်ကတော့ လင်းချင်ရှန်း ရှိနေခြင်းဖြစ်သည်။ မဟုတ်ရင်, သူတို့သည် လင်းဖန်းကို ချက်ချင်း စွန့်ပစ်ပြီး တစ်ကိုယ်တည်း ထွက်ပြေးသွားကြလိမ့်မည်။ အဆုံးတွင်, သူတို့၏အသက်က ပထမဦးစားပေး ဖြစ်သည်။
ဘန်း..။
လိပ်နက်၏ပုံရိပ်သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ဦးရှေ့သို့ ရုတ်တရက် ရောက်ရှိလာသည်။ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် အလွန်တရာမှ ကြောက်လန့်သွားကြသဖြင့် မလှုပ်ဝံ့ကြပေ။
ထိုအခိုက်အတန့်တွင် လိပ်နက်နတ်ဘုရားသားရဲ၏ အငွေ့အသက်သည် သူတို့ အလွန်မင်း ကြောက်စရာကောင်းနေပြီး၊ သူတို့သည် လိပ်နက်နတ်ဘုရားသားရဲကို တိုက်ခိုက်ရန် အသာထား၊ လှုပ်ပင်မလှုပ်ရှားနိုင်ကြပေ။
"ဟမ့်၊ ပုရွက်ဆိတ်တွေပဲ။" လိပ်နက်က အေးစက်စွာ ရယ်မောကာ လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
"ဘန်း..၊ ဘန်း….။" ကျယ်လောင်သော ပေါက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာသည်။ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးသည် သူတို့ဆီသို့ တိုးဝင်လာ သည့် လှိုင်းလုံးကြီးကို လူးလှိမ့်ရှောင်တိမ်းရန် အချိန်မရခင်မှာ လိပ်နက်နတ်ဘုရား သားရဲကြောင့် သွေးမြူများအဖြစ်ထဲသို့ ပြောင်းလဲသွားပြီး၊ လေထဲမှာ လွင့်ပျယ်သွားခဲ့ သည်။
အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို မဆိုထားနှင့်။ အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည်ပင် လိပ်နက် နတ်ဘုရားသားရဲ၏ လက်သီးတစ်ချက် ထိုးနှက်မူကိုပင် လုံးလုံးလျားလျား မခုခံနိုင်ကြပေ။
သို့သော် ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားဆဲဖြစ်ပြီး သူတို့၏ နှလုံးခုန်သံများ က ချက်ချင်း မြန်ဆန်လာသည်။
ယခုအချိန်တွင်၊ သူတို့သည် ဤလိပ်နက်နတ်သားရဲကို အညံ့ခံစေနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာမိပါသည်။ မဟုတ်ရင် သူတို့လည်း ဒုက္ခရောက်ကြလိမ့်မည်။ ဤသူသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း၏ နတ်ဘုရားတစ်ပါး ဖြစ်သည်။
ဟုတ်ပါသည်။ ချင်ယွင်က သူတို့ဘက်မှာ ရှိနေသည့်အတွက် သူတို့ ဝမ်းသာမိကြခြင်း ဖြစ်သည်။ အရင်က ဆုံးဖြတ်ခဲ့သည့် သူတို့ဆုံးဖြတ်ချက်များတွက် သူတို့ ဝမ်းသာကြသည်။ အကယ်၍, သူတို့သာ ဆောင်းအကာကွယ်မြို့တော်၏ စံနမူနာအတိုင်း လိုက်နာပြီး၊ သူ ရေတွင်းထဲ ပြုတ်ကျသွားချိန်မှာ တိုက်ခိုက်ခဲ့မည်ဆိုလျှင်၊ ၎င်းတို့၏ ရလာဒ်သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ဦးထက် ပိုကောင်းမည် မဟုတ်ပေ။ (ဤနေရာ၌ တင်စား၍ ရေးထားခြင်း ဖြစ်ပါသည်။)
ဘန်း…။
ထိုအချိန်တွင် အလွန်မင်း ပြင်းထန်သော ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် သွေးမြူများကြားမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာကာ လိပ်နက်နတ်ဘုရားသားရဲဆီသို့ ထိုးဖောက်ဝင်ရောက်သွား သည်။
ချွင်…၊
စွမ်းထက်သည့် နတ်ဘုရားတန်ခိုးများ ပါရှိနေသည့် ဓားထိပ်ဖျားသည် လိပ်နက်နတ်ဘုရား သားရဲ၏ မျက်ခုံးကြားထဲသို့ တိုက်ရိုက် ထိုးဖောက်သွားသည်။ သို့သော်, ၎င်းဓားထိပ်ဖျား သည် ထိုးဖောက်ဝင်ခြင်းမရှိရုံသာမက သံမဏိအချင်းချင်း ထိတွေ့ကဲ့သို့ အသံမျိုးပင် ထွက်ပေါ်လာသည်။
လိပ်နက်နတ်ဘုရားသားရဲသည် လူသားအသွင်သဏ္ဍာန် ပြောင်းလဲသွားသော်လည်း ၎င်း၏ အစွမ်းထက်သော ကာကွယ်မှုများမှာ ရှိနေဆဲဖြစ်သည်။ ၎င်း၏ အစွမ်းထက်သော မြေစွမ်းရည် နတ်ဘုရားတန်ခိုးဖြင့် ဖွဲ့စည်းထားသည့် အကာကွယ်များသည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အလယ်အလတ်အဆင့်တွင်ရှိနေသော လင်းချင်ရှန်းပင်လျှင် လှုပ်ခတ်နိုင်သည့် အရာမဟုတ်ပေ။
လင်းချင်ရှန်းသည် သူ၏ဓားဖြင့် ထိုးလိုက်ခြင်းဖြစ်ပြီး၊ ၎င်းဓားချက်သည် လိပ်နက် နတ်သားရဲကို ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေကြောင်း သူမြင်လိုက်ရသောအခါ တုန်လှုပ်သွားသည်။
သူသည် သေစေလောက်သည့် ယခုတိုက်ခိုက်မူကို အသုံးပြုနိုင်ရန် အစောပိုင်း မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦး၏ အသက်ကို အဖိုးအခအဖြစ် အသုံးပြုခဲ့သော် လည်း လိပ်နက်နတ်ဘုရားသားရဲ၏ အကာကွယ်ကို မလှုပ်ခါနိုင်ခဲ့ပေ။ ယင်းကြောင့် သူသည် ချက်ချင်းပင် စိတ်ပျက်လက်ပျက် ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာ၊ သူ့တုံ့ပြန်မှုက မြန်ဆန်သည်။ သူ့ဓားတိုက်ခိုက်မူ ကျရှုံးသွားပြီး နောက်, သူသည် မဆိုင်းမတွပင် ချက်ချင်း ပြန်ဆုတ်သွားခဲ့သည်။
"မင်းက ထွက်ပြေးချင်တာလား?။ လွတ်မြောက်နိုင်မယ်လို့ရော ထင်လား" လိပ်နက် နတ်သားရဲသည် လျင်မြန်စွာ ဆုတ်ခွာသွားသော လင်းချင်ရှန်းကို ၎င်း၏မျက်လုံးများတွင် လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေသည်။
၎င်းသည် အစွမ်းထက်သော ကြောင်တစ်ကောင်က အားနည်းသည့် ထွက်ပြေးနေသော ကြွက်တစ်ကောင်ကို ၎င်း၏မျက်လုံးများတွင် ဆော့ကစားလိုဟန်ဖြင့် ကြည့်နေသလိုပင်။
"ဘုန်း...”။
လိပ်နက်သည် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်ပြီး မြေပြင်က ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် လင်းချင်ရှန်း၏ နောက်မှ မြေပြင်သည် လျင်မြန်စွာ မြင့်တက်လာပြီး လင်းချင်ရှန်း၏ ဆုတ်ခွာသွားရာလမ်းကြောင်းကို ပိတ်ဆို့နေသော တောင်ထွတ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လင်းချင်ရှန်း၏ မျက်လုံးများသည် လေးနက်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ သူ့ပုံရိပ်သည် ဤဧရာမတောင်ကြီးကို ဖြတ်ကျော်လိုပြီး ကောင်းကင်သို့ လျင်မြန်စွာ ပျံတက်သွားခဲ့သည်။
လိပ်နက်သည် ကောင်းကင်ဆီသို့ အပြေးအလွှား ပျံတက်သွားနေသော လင်းချင်ရှန်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သရော်မှုအရိပ်အယောင် ပေါ်လာပြန်သည်။ ၎င်းသည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး တန်ခိုးကြီးသော မြေစွမ်းရည် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏ လက်ဖဝါးမှ ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။
"အောင်း...”
လိပ်နက်နတ်ဘုရားသားရဲ၏ မြေစွမ်းရည် နတ်ဘုရားတန်ခိုးများ တဟုန်ထိုး ပျံ့နှံ့ ထွက်ပေါ်လာသည်နှင့်အမျှ မြေကြီးပေါ်တွင် လှံများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ မြေကြီးလှံတစ်ခုချင်းစီတွင် အလွန်တရားမှ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများ ပါရှိနေသည်။
"သွား"
လိပ်နက်က တိုးတိုးလေး ရယ်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ့ရှေ့တွင် လွင့်မျောနေသော မြေကြီးလှံတစ်ထောင်သည် လင်းချင်ရှန်းဆီသို့ ချက်ချင်း ပျံသန်းသွား သည်။
"ဝှီး..၊ ဝှီး...”
မြေကြီးလှံများသည် လေထဲသို့ ချက်ချင်း ထိုးဖောက်သွားပြီး အတွင်း၌ပါရှိသော နတ်ဘုရားတန်ခိုးသည် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားလှသည်။
မြေကြီးလှံတိုင်းတွင် အလွန်အစွမ်းထက်သော တန်ခိုးများ ပါရှိနေသည်။ တစ်ချက် ပစ်လွှတ်ရုံဖြင့်, ၎င်းသည် နတ်တောင်တစ်ခုကို ထိုးဖောက် ဝင်ရောက်နိုင်ပြီး၊ ၎င်း၏ အမြန်နှုန်းမှာ လျှပ်စီးထက်ပင် ပိုမိုမြန်ဆန်သည်။
လင်းချင်ရှန်းသည် တောင်ထိပ်သို့ ပျံတက်သွားကာ သူ့လမ်းကြောင်းကို ပိတ်ဆို့နေသည့် တောင်ကြီးကို ဖြတ်ကျော်ခါနီးတွင် ထောင်နှင့်ချီသော မြေကြီးလှံများ ပျံသန်းလာနေသည် ကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ့မျက်နှာက အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာသည်။
ဘန်း…။
အနည်းငယ်မျှပင် တုန့်ဆိုင်းမနေဘဲ လင်းချင်ရှန်းသည် ဒိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးသည် ဒိုင်းထဲသို့ လုံးလုံး သွန်းလောင်းသွားခဲ့သည်။
"ချွင်…၊ ချွင်….၊
လိပ်နက်နတ်ဘုရားသားရဲ၏ မြေစွမ်းရည် နတ်ဘုရားတန်ခိုးမှ ပေါင်းစည်းထားသော မြေကြီးလှံများသည် မိုးရေစက်များကဲ့သို့ ဒိုင်းလွှားကို ထိမှန်ကာ အော်ဟစ်မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
သို့သော် နောက်ဆုံးတွင်၊ မြေကြီးလှံများအားလုံးသည် ပိတ်ဆို့ခံလိုက်ရပြီး၊ လင်းချင်ရှန်း၏ လက်ထဲရှိ ဒိုင်းလွှားကို မထိုးဖောက်နိုင်ခဲ့ပေ။
"အဆင့်မြင့်အဆင့် အကာကွယ်နတ်ဘုရားပစ္စည်းလား? စိတ်ဝင်စားစရာပဲ!" လိပ်နက်၏ မျက်နှာသည် ချက်ချင်းပင် လန်းဆန်းသော အပြုံးကို ပေါ်လွင်စေပြီး ၎င်း၏ မျက်လုံးများတွင် ဆော့ကစားမှုက ချက်ချင်းပင် တောက်ပလာသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ မျက်ခုံးပင့်သွားသည်။
ထိုလူများထဲတွင် သူသတ်ချင်ဆုံးသူမှာ လင်းချင်ရှန်း ဖြစ်သည်မှာ သေချာပါသည်။ လင်းချင်ရှန်း အသတ်မခံရသည်ကို မြင်လိုက်ရလျှင်, ချင်ယွင်မှာ ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ရှိလာခဲ့သည်။
ထို့ကြောင့် သူသည် လိပ်နက်ကို ချက်ချင်း အော်ဟစ်ကာ ပြောလိုက်သည် "လိပ်ငယ်လေး၊ မကစားနဲ့တော့။ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုက်ပါ"
ချင်ယွင်၏စကားကို ကြားတော့ လိပ်နက်နတ်ဘုရားသားရဲသည် ခဏတာ မှင်သက်သွားခဲ့ သည်။ ထို့နောက် သူ့မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ သူက သရော်သံဖြင့် ပြောလိုက်သည်"ကောင်းပြီ"
ထို့နောက်၊ သူသည် နောက်တစ်ကြိမ် အမြန်ထွက်သွားပြီး လင်းချင်ရှန်း၏ ဒိုင်းကို တိုက်ရိုက် ရိုက်ချလိုက်ပါသည်။