← Chapters

အခန်း ၁၃၅၇

Vol. 91 Ch. 1357

အခန်း ၁၃၅၇

Vol. 91 Ch. 1357

အခန်း (၁၃၅၇) လင်းထန်ဘ

ဒေါင်…။

ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံနှင့်အတူ လိပ်နက်၏ ခန္ဓာကိုယ်သည် လင်းချင်ရှန်း၏ ဒိုင်းအကာကွယ်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်လေသည်။

လင်းချင်ရှန်း၏ ဒိုင်းအကာမှ တုနှိုင်းမရအောင် အင်အားကြီးမားသော နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခုသည် ချက်ချင်း ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ပတ်ဝန်းကျင်သို့ အရူးအမူး ပျံ့နှံ့သွားခဲ့သည်။

ထို့နောက်တွင်၊ လင်းချင်ရှန်းနှင့် သူ၏ဒိုင်းအကာတို့သည် နောက်သို့ လွင့်ပျံသွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ သူတို့သည့် အဝေးက နတ်တောင်ကြီးတစ်ခုကို ဝင်တိုက်သွားကြသည်။

နတ်တောင်ကြီးသည် အက်ကွဲပြီး ကျောက်တုံးများ ပြိုကျသွားသည်။

မြေပြင်တစ်ခုလုံး အရူးအမူး တုန်လှုပ်နေပြီး လူတိုင်း၏နှလုံးသားများသည် တုန်လှုပ် ချောက်ချား သွားကြသည်။

ဤပြင်းထန်သော တိုက်ခိုက်မှုသည် မြေကြီးပြိုကျခြင်း၊ တစ္ဆေသရဲများနှင့် နတ်ဘုရားများ ကိုပင် ငိုကြွေးစေလောက်သည်ဟု ဆိုနိုင်ပါသည်။

"အော့”

တစ်ကိုယ်လုံး ကျောက်ဆောင်တွေထဲ နစ်မြုပ်သွားသည့် လင်းချင်ရှန်းသည် ချက်ချင်းပင် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်သည်။ သူ့အရေပြားတစ်ပြင်လုံးမှ သွေးများ စိမ့်ထွက် လာပြီး ချက်ချင်းပင် သူ့ကို သွေးစွန်းနေသော လူအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်းချင်ရှန်းလည်း ထိတ်လန့်သွားသည်။ သူ့လက်ထဲတွင် လိပ်နက်နတ်ဘုရားသားရဲ၏ အစွမ်းထက်သော တုန့်ပြန်တိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်သည့် အဆင့်မြင့် နတ်ဘုရား ပစ္စည်း အကာကွယ်ဒိုင်းတစ်ခု ရှိနေခြင်းကြောင့်သာ မဟုတ်ပါက၊ ယခုလေးတင် တိုက်ခိုက်မှုသည် စွမ်းအားကြီးလွန်းသဖြင့် သူ့ကို အပိုင်းပိုင်း ကြေကွဲသွားစေမည် ဖြစ်သည်။

သို့တိုင်, သူသည် လိပ်နက်နတ်ဘုရားသားရဲ၏ ပြင်းထန်သော တိုက်မိမှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့သည်။ သူ့နတ်ဘုရားခန္ဓာကိုယ်သည် ပြင်းထန်စွာ ပျက်စီးသွားပြီး အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်တော့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လင်းဖန်း၏ နှလုံးသည် တစ်ချက် ခုန်သွားခဲ့သည်။ သူသည် အခြားတောင်တစ်ခုသို့ နောက်တစ်ကြိမ် ပျံတက်သွားပြီး ထိုနတ်တောင် နောက်တွင် ပုန်းအောင်းနေခဲ့သည်။ သူသည် ထိုမြင်ကွင်းကို အဝေးကနေ ကြည့်နေခဲ့သော် လည်း သူ့နှလုံးက ခုန်နေသေးသည် ။

ဘန်း…။

သို့သော် ထိုအခိုက်အတန့်တွင် အင်အားကြီးမားသော နတ်ဘုရားတန်ခိုး စွမ်းအား အတက်အကျလှိုင်းတစ်ခုက ထပ်မံ ရောက်ရှိလာသည်။

လိပ်နက်နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်သည် လေထဲတွင် အဝါရောင် အလင်းတန်းများ အဖြစ် တစ်ဖန် ပြောင်းသွားသည်ကို လူတိုင်း မြင်လိုက်ရသည်။ ၎င်းသည် လင်းချင်ရှန်း၏ အကာကွယ်ဒိုင်းပေါ်သို့ နတ်ဘုရားတန်ခိုးပါဝင်နေသည့် လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။

"ဘုန်း”။

အသံက မြေကြီးကို အက်ကွဲသွားစေသည်။ လင်းချင်ရှန်း၏နောက်က တောင်ကြီးသည် ပေါက်ကွဲသွားသည်။ ဟုတ်ပါသည်၊ တောင်ထိပ်တစ်ခုလုံးသည် ချက်ခြင်း ပျောက်သွားခဲ့ သည်။ လင်းချင်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ လွင့်ပျံသွားနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် အနည်းငယ်မျှပင် မမှတ်မိနိုင်သည့်အနေထားမျိုး ရောက်ရှိသွားသည့် အပြင်, အကာကွယ်ဒိုင်းလည်း သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။

ဘန်း..။

လိပ်နက်သည် သူ့လက်ကို ဝှေ့ယမ်းပြီး လွင့်ပျံသွားသော အကာကွယ်ဒိုင်းကို သူ့လက်ထဲသို့ စုပ်ယူလိုက်ပါသည်။ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော လင်းချင်ရှန်းကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် ပြုံးရိပ်သန်းနေသည့် အလင်းတန်းတစ်ခု ပေါ်လာသည်။

နတ်ဘုရားတန်ခိုးသည် အကာကွယ်ဒိုင်းထဲသို့ စိမ့်ဝင်သွားပြီး ကျယ်လောင်သော အသံကို ထုတ်လွှတ်ပေးသည်။

ထို့နောက် လူတိုင်းသည် လိပ်နက်နတ်သားရဲ၏လက်ထဲမှ ဒိုင်းက ရုတ်တရက် ဖျတ်ခနဲ လင်းလက်သွားသည်ကို မြင်လိုက်ရပြီး၊ ၎င်းသည် ဥက္ကာပျံအဖြစ်သို့ ပြောင်းလဲကာ လင်းချင်ရှန်းဆီသို့ ဦးတည်သွားလေသည်။

အကာကွယ်ဒိုင်း ဖြတ်သန်းသွားနေရာတိုင်း တောင်တန်းများနှင့် ကျောက်တုံးများပါ ပြည့်နေခဲ့သည်။ သို့သော် ၎င်း၏ မြန်နှုန်းကို လုံးဝ မထိခိုက်ပေ။ ၎င်းသည် လင်းချင်ရှန်း၏ နောက်သို့သာ လိုက်နေပြီး၊ နောက်အခိုက်အတန့်တွင်၊ ၎င်းသည် သူ့အား အပိုင်းပိုင်း ခွဲပစ်သွားမည် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း ပြောစရာစကား မဲ့သွားကြသည်။ လင်းချင်ရှန်း သည် ဒဏ်ရာအပြင်းအထန် ရရှိနေပြီး လက်တုံ့ပြန်နိုင်စွမ်း မရှိတော့သည့် အခြေအနေကို မဆိုထားနှင့်၊ အကယ်၍, သူ အထွတ်အထိပ် အခြေအနေမှာ ရှိနေခဲ့ရင်တောင် ထိုအကာကွယ်ဒိုင်းကို ရင်ဆိုင်ရသည့်အခါ သူသည် ကျိန်းသေပေါက် သေရလိမ့်မည်။

လင်းချင်ရှန်းသည် စိတ်ပျက်အားငယ်သော အကြည့်ဖြင့် သူ့ဆီသို့ ဦးတည်ပျံသန်းလာနေ သော အကာကွယ်ဒိုင်းကို ကြည့်လိုက်သည်။

ထိုအချိန်မှာ သူ့ခန္ဓာကိုယ်က နောက်ပြန် ဆုတ်သွားသေးသည်။ ဤမျှကြောက်စရာ ကောင်းသည့် အကာကွယ်ဒိုင်းကို ပိတ်ဆို့နိုင်ရန် နေနေသာသာ, သူ့မှာ တွန်းလှန်ဖို့တောင် စွမ်းအားနည်းနည်းမှ မရှိတော့ပါဘူး။

သူသည် ဤအကာကွယ်ဒိုင်းကို ၎င်း၏သခင်အဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်သော် လည်း, ယခုအခါ, ၎င်းသည် သူ့ထိန်းချုပ်မှု အောက်တွင် မရှိတော့ခဲ့ပေ။

သူ့အကာကွယ် ဒိုင်းအောက်မှာ သေရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဤအကာကွယ်ဒိုင်းသည် သူ့အသက်ကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့ဖူးသည်။

ချွင်….။

သို့သော်၊ လင်းချင်ရှန်းသည် အကာကွယ်ဒိုင်းဖြင့် အသတ်ခံရတော့မည်ဟု လူတိုင်းက ထင်နေကြစဉ်မှာ, လျှပ်စီးအလင်းတန်းတစ်ခုက အဝေးမှ ပြေးဝင်ကာ အကာကွယ်ဒိုင်းကို ထိမှန်သွားပြီး၊ အကာကွယ်ဒိုင်းသည် ၎င်း၏ မူလလမ်းကြောင်းမှ သွေဖည်သွားကာ နတ်တောင်တစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။

"ဘုန်း”။

၎င်းသည် ထိုနတ်တောင်ကို တိုက်ရိုက် ပေါက်ထွက်သွားပြီး နတ်တောင်ထွတ်တစ်ခုလုံး ချက်ခြင်း ပေါက်ကွဲသွားသည်။ သို့သော်လည်း အကာကွယ်ဒိုင်း၏ ခွန်အားကို မဖယ်ရှား နိုင်သေးပေ။ ၎င်းသည် အဝေးမှ မြေပြင်သို့ တိုက်ရိုက် ရိုက်ခတ်သွားကာ အနှိုင်းမဲ့ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးသည် အံ့အားသင့်သွားကြသည်။ တစ်ချိန်တည်း မှာပင်၊ သူတို့သည် လင်းချင်ရှန်းကို ကယ်တင်ခဲ့သည့်လူကို သိချင်နေခဲ့သည်။

ဘန်း…။

ချင်ယွင်သည် ပြန်လှည့်လိုက်ပြီး ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ အဝင်ဝတွင် ခရမ်းရောင် ၀တ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို သူမြင်လိုက်ရ သည်။ သူ့လက်ထဲတွင် လျှပ်စီးလေးတစ်ချောင်းကို ကိုင်ထားသည်။ ခုနလေးတင်, သူသည် ထိုမြှားကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

သူ့နောက်တွင် လူငယ်တစ်ယောက် ရှိနေသည်။ ထိုလူသည် အေးစက်စက် အမူအရာ ရှိသော်လည်း သူ့ခွန်အားမှာ မပျော့ညံ့ပေ။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အငွေ့အသက် အရ, သူသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင် ရှိနေသည်။ ခရမ်းရောင် ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူ့အငွေ့အသက်က ကြောက်မက်ဖွယ် ကောင်းလှ သည်။

"အဖေ" ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား ပေါ်လာ သည်ကို မြင်လိုက်ရလျှင်, အဝေးမှာ ပုန်းနေသော လင်းဖန်းသည် အလွန်ပျော်ရွှင်သော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူသည် ဥက္ကာပျံအဖြစ်သို့ အလျင်အမြန် ပြောင်းလဲကာ ခရမ်းရောင်ဝတ်ထားသော အမျိုးသား၏ နံဘေးသို့ ပျံသန်းသွားခဲ့သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးစွန်းလူသား ဖြစ်နေပြီဖြစ်သော လင်းချင်ရှန်းလည်း ပြုံးလိုက်မိသည်။

"မြို့သခင် လင်းထန်ဘ, သူ တကယ်ကို ကိုယ်တိုင် ရောက်လာတာပဲ။" ကျိုးဟုန်ရွှဲ့သည် ခရမ်းရောင် ၀တ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို အလွန် ထိတ်လန့်တုန် လှုပ်သွားသည့် အမူအရာဖြင့် စိုက်ကြည့်နေသည်။

"မြို့သခင် လင်းထန်ဘလား?" ချင်ယွင်လည်း အံ့သြသည့် အမူအရာကို ထုတ်ပြလိုက် သည်။

ရောက်ရှိလာသော လူသည် အမှန်တကယ် ဆောင်းအကာကွယ်မြို့တော်၏ မြို့တော်သခင် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခုဆိုလျှင် လင်းချင်ရှန်းကို သတ်ရန် အနည်းငယ် ခက်ခဲနေပုံရသည်။

နှောင်းပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရားတစ်ပါးနှင့် အထွက်အထိပ်အဆင့် မြေကမ္ဘာ နတ်ဘုရားတို့ကို ထည့်တွက်ခြင်းဖြင့် ၎င်းတို့၏ဘက်တွင် အားသာချက် မရှိတော့ပါ။

လိပ်နက်နတ်ဘုရားသားရဲသည်လည်း လူလတ်ပိုင်းအရွယ် အမျိုးသား၏ တည်ရှိမှုကို ခံစား သိရှိခဲ့သည်။ သူ့မျက်လုံးတစ်စုံက လူလတ်ပိုင်းအရွယ် အမျိုးသားကို စူးစိုက်စိုက် ကြည့်နေ ပြီး ၎င်း၏မျက်လုံးများတွင် အမျက်ဒေါသများ ထွက်နေပါသည်။ ဤလူသည် ယခုလေး တင် သူ၏တိုက်ခိုက်မှုကို အနှောင့်အယှက်ပေးခဲ့သည့်အတွက် မကျေနပ်ကြောင်း ထင်ရှားပါသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လိပ်နက်နတ်ဘုရားသားရဲကို သူ့မျက်လုံးများတွင် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

လိပ်နက်နတ်ဘုရားသားရဲသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား အဆင့်တွင်သာ ရှိနေသော်လည်း ၎င်းသည် နတ်ဘုရားသားရဲဖြစ်နေဆဲပင်။ ၎င်းပြသထားသည့် တိုက်ပွဲဝင် စွမ်းအားသည် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားတစ်ပါးထက် သေချာပေါက် အားမနည်းပေ။ ထို့ကြောင့်၊ လင်းထန်ဘပင်လျှင် ထိုလိပ်နက်နတ်ဘုရားသားရဲကို အနိုင်ယူ နိုင်မည်ဟု ယုံကြည်မှု မရှိပေ။ ထို့ကြောင့် ကွင်းပြင်ရှိလေထုသည် ရုတ်တရက် အေးခဲသွားသည်။

"အဖေ၊ အဲဒါ သူပဲ။ သူက ဆောင်းအကာကွယ်မြို့တော်က ငါတို့ လူတွေကို သတ်ပစ်လိုက် တာ။ ဒီအနံ့အသက်ဆိုးတဲ့ လိပ်စုတ်က သူထိန်းချုပ်ထားတဲ့ နတ်ဘုရားသားရဲပဲ။ သူ့ရဲ့ အဓိကအဓိကခန္ဓာကိုယ်က လိပ်နက်ကြီးတစ်ကောင်ပဲ။ သူက ဦးလေး လင်းချင်ရှန်းကို သတ်ပစ်လုနီးပါးပဲ”။

လင်းဖန်း၏ စကားကြောင့် ကွင်းပြင်ရှိ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေသည် ကျိုးပျက်သွားခဲ့ရသည်။ သူသည် ချင်ယွင်ကို အဆုံးမဲ့ အမုန်းတရားများနှင့်အတူ လက်ညှိုးထိုးပြလိုက်သည်။

မှန်ပါသည်။ သူအမုန်းဆုံးလူက ဒီလိပ်နက် မဟုတ်ဘဲ ချင်ယွင်ဖြစ်ပါသည်။

အကယ်၍, ချင်ယွင်သာ လိပ်နက်နတ်ဘုရားသားရဲကို သူတို့ကိုသတ်ဖို့ အမိန့်ပေးခဲ့ခြင်း မဟုတ်ရင်, သူမျက်နှာပျက်သွားရသည်အထိ မည်သို့ ကြောက်ရွှံ့သွားမည်နည်း?။ ထို့ကြောင့်, ယခုအချိန်တွင် သူအကြောက်ဆုံးလူက ချင်ယွင် ဖြစ်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လင်းဖန်း၏စကားကို ကြားသောအခါ ချင်ယွင်ကို ချက်ချင်းကြည့်ပြီး အပေါ်အောက် စုံဆန်ကြည့်လိုက်သည်။

"နတ်ဘုရားတစ်ပိုင်း နယ်ပယ်လား?" လင်းထန်ဘသည် အနည်းငယ် မျက်မှောင် ကြုတ်ကာ သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။

သူသည် လူတုံးလူအတစ်ယောက် မဟုတ်သောကြောင့် ချင်ယွင်သည် စစ်မှန်သော နတ်ဘုရားတစ်ပိုင်း ဖြစ်သည်ဟု သူ မှတ်ထင်မည် မဟုတ်ပေ။

နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် လိပ်နက်နတ်ဘုရားသားရဲကို ထိန်းချုပ်နိုင်စွမ်း ရှိသူသည် အားအနည်းဆုံးလူတစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် သူ့အမြင်အရ ချင်ယွင်သည် သူ၏ခွန်အားကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သို့သော်, သူသည် ၎င်းကို ထိုးဖောက်မမြင်နိုင်ပေ။

"ဒီကလေးက မလွယ်ဘူး" လင်းထန်ဘသည် ချင်ယွင်ကို သူ့စိတ်ထဲတွင် ချက်ချင်း အကဲဖြတ်လိုက်သည်။

လင်းထန်ဘနှင့်အတူ နတ်ဘုရားသားရဲတစ်ကောင်ပေါ်တွင် ရပ်နေသည့် အေးစက်ပြီး မျက်နှာထား တင်းမာသော လူသည် ချင်ယွင်ကို အပေါ်နှင့်အောက် စုံဆန်ကြည့်ကာ သူ့မျက်လုံးများတွင် ပြင်းထန်သော ရန်လိုစိတ်က ပြည့်နှက်လာသည်။

ဝှီး..။

လင်းထန်ဘ၏ ရုပ်အသွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ချင်ယွင်, အခြားသူများနှင့် မလှမ်းမကမ်းမှာ လွင့်မျောနေသည်။

ချင်ယွင်နှင့် အခြားသူများ၏ မျက်လုံးများသည် ရုတ်တရက် နိုးကြားလာခဲ့သည်။ လိပ်နက် နတ်ဘုရားသားရဲသည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်၏ အနားတွင် ပေါ်လာပြီး, လင်းထန်ဘကို နိုးကြားသတိထားသော အမူအရာဖြင့် ကြည့်နေလေသည်။

All Chapters