← Chapters

အခန်း ၁၃၅၈

Vol. 91 Ch. 1358

အခန်း ၁၃၅၈

Vol. 91 Ch. 1358

အခန်း (၁၃၅၈) ငါ့ကိုအဖိုးလို့ခေါ်ပါ။

ချင်ယွင်သည် လင်းထန်ဘ ပျံတက်သွားသည်ကို ကြည့်ပြီး သူ့မျက်လုံးတွေက နိုးကြား သတိထားသည့် အမူအရာကို ထုတ်ဖော်ပြသလာသည်။

သူသည် ယခုအခါ သူ့ခွန်အား၏ ထက်ဝက်ကျော်ကို ပြန်လည်ရရှိပြီး ဖြစ်သော်လည်း၊ သူ့ကိုယ်ပိုင် စွမ်းအားမှာ အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ထို့ကြောင့် လင်းထန်ဘကို မဆိုထားနှင့်၊ သူ့နောက်မှာ အေးစက်ပြီး တင်းမာသော လူကိုပင် ယခုအချိန်မှာ သူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

လျှိုဘိုက သူ့ခွန်အားကို တစ်ကြိမ်သာ ချေးငှားနိုင်သည်ဟု ပြောခဲ့ပြီး၊ ဒုတိယအကြိမ် ထပ်မံ ချေးငှားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် တိုက်ခိုက်ရန် သူ့ကိုယ်ပိုင် ခွန်အားကိုသာ အားကိုးနိုင်သည်ဟု ဆိုလိုသည်။

အကယ်၍, လင်းထန်ဘနှင့် အခြားသူများသာ အမှန်တကယ် လှုပ်ရှားလာခဲ့ပါက, ချင်ယွင်ကို လိပ်နက်နတ်ဘုရားသားရဲက ကာကွယ်ပေးထားသော်လည်း၊ သူသည် ၎င်းတို့ အတွက် လိုက်ဖက်မည် မဟုတ်သေးပေ။ ဤအရာကလည်း ချင်ယွင် စိုးရိမ်နေသည့် အကြောင်းရင်းဖြစ်ပါသည်။

သို့သော်လည်း လင်းထန်ဘသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိပေ။ ယင်းအစား သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "ငါ့နာမည် လင်းထန်ဘပါ။ ငါက ဆောင်းအကာကွယ် မြို့တော်ရဲ့ မြို့သခင်ပါ။ ဒါက ငါ့သား လင်းဖန်းပါ။ တကယ်လို့, သူတို့က မင်းကို စောစောက ပြစ်မှားခဲ့တဲ့ဆိုရင် ခွင့်လွှတ်ပေးပါ"

ငြိမ်းချမ်းရေးလား?။

ချင်ယွင် အနည်းငယ် မှင်သက်သွားခဲ့သည်။ လင်းထန်ဘသည် တိုက်ရိုက် မလှုပ်ရှားသည့် အပြင်, သူတို့ကို တောင်းပန်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တစ်ဖက်မှ ကျိုးဟုန်ရွှဲ့နှင့် အခြားလူများကလည်း အံ့အားသင့်နေသော အမူအရာများကို ဖွင့်လှစ်ထားကြသည်။ ရှင်းနေသည်မှာ, လင်းထန်ဘသည် ယခုအချိန်တွင် တောင်းပန်ရန် အစပြုမည်ဟု သူတို့ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။ ယုတ္တိနည်းအရ ပြောရရင် သူတို့က တိုက်ရိုက် လှုပ်ရှားသင့်သည်။ အဆုံးတွင် သူတို့ဘက်မှ အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းများပါသည်။

"အဖေ၊ အဖေ့ရဲ့အမှားလို့ ဘယ်လိုလုပ် ဝန်ခံလိုက်ရတာလဲ။ သူတို့က ငါတို့ကို သတ်ချင် နေတာ ရှင်းနေတာပဲလေ" လင်းဖန်းသည်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ပြီး၊ ပြန်ပြောလိုက်သည်။ သို့သော်လည်း လင်းထန်ဘသည် သူ့စကားကို တစ်ဝက်တစ်ပျက် ဟန့်တားပြီး ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ အော်ပြောလိုက်သည် "တိတ်တိတ်နေစမ်း"

လင်းဖန်းသည် သူ့အဖေစကားကို ကြားသောအခါ ချက်ခြင်း ပါးစပ်ကို ပိတ်လိုက် သော်လည်း ချင်ယွင်ဆီသို့ကြည့်နေသည့် သူ့မျက်လုံးများက ပို၍ပင် အဆိပ်ပြင်းကာ ဒေါသဖြစ်လာခဲ့သည်။

လင်းထန်ဘ၏ နောက်တွင်ရပ်နေသော အေးစက်စက် လူသည် နှုတ်ဆိတ်နေပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ချင်ယွင်သည် ဤအရာအားလုံးကို မြင်ပြီး လင်းထန်ဘသည် အဘယ်ကြောင့် တောင်းပန်ရန် စတင်လုပ်ဆောင်ခဲ့သည်ကို ချက်ခြင်း နားလည်သွားခဲ့သည်။

လင်းထန်ဘသည် သူ့ကိုယ်ပိုင် အစွမ်းကို သံသယဝင်နေသည်မှာ ထင်ရှားသည်။ သူသည် လိပ်နက်နတ်ဘုရားသားရဲကို သူ့လက်အောက်သို့ ဝင်ရောက်အောင် လုပ်နိုင်စွမ်းရှိသော် လည်း အပေါ်ယံတွင် သူသည် နတ်ဘုရား တစ်ပိုင်းနယ်ပယ်တွင်သာ ရှိနေခဲ့သည်။ ထိုမမြင်နိုင်သော ခံစားချက်က လင်းထန်ဘအပေါ် ပြင်းထန်သည့် ဖိအားကို ဖြစ်ပေါ်စေပြီး တခဏအတွင်း အလွယ်တကူ လှုပ်ရှားရန် မဝံ့မရဲ ဖြစ်စေခဲ့ပါသည်။

ဟုတ်ပါသည်၊ သူသည် ချင်ယွင်၏စွမ်းအား အစစ်အမှန်ကို သိသည်နှင့်, ချက်ချင်း လှုပ်ရှားသွားမှာ သေချာပါသည်။

ထိုအကြောင်းကို နားလည်သွားပြီးနောက်, ချင်ယွင်၏ မျက်နှာမှာလည်း တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး သူက လင်းထန်ဘကို ကြည့်ရင်း ပြောလိုက်သည် "မြို့သခင်လင်း၊ ကျုပ် ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ်။ ကျုပ်က ခင်ဗျားနှင့် ရန်ငြိုးမဖွဲ့ချင်ပါ ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့သားနဲ့ ခင်ဗျားရဲ့ညီလေးက ကျုပ်ကို ထပ်ခါထပ်ခါ နှိုးဆော်ခဲ့ တယ်။ ကျုပ်လိပ်ကလေးနဲ့ သူတို့ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ကလွဲလို့ ကျုပ်မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူးလေ။ ခင်ဗျားရဲ့ညီလေးကတော့ အပြစ်ပေးခံခဲ့ရပြီး သူ့ရဲ့နတ်ဘုရား ခန္ဓာကိုယ်လည်း ပျက်စီးသွားခဲ့ရပြီ။ သူ့အနေနဲ့ တခဏတွင်း ပြန်ကောင်းနိုင်မှာ မဟုတ်တော့ဘူး။ သူ့အကြွေးကို မေ့ထားရအောင်။ ဒါပေမယ့် ခင်ဗျားရဲ့သားလေးက အခုထိ နောင်တမရသေးဘူး။ ဒီအကြွေးကို ကျုပ်တို့ ဘယ်လိုဖြေရှင်းကြမလဲ"။

ချင်ယွင်၏စကားတွေက ကျိုးဟုန်ရွှဲ့နှင့် တခြားသူများကို တုန်လှုပ်သွားစေခဲ့ပါသည်။

ချင်ယွင်သည် သူ့ခွန်အားတွေ ကုန်ဆုံးနေပြီဆိုသည်ကို သူတို့ သိပါသည်။ အကယ်၍, သူ့ခွန်အား ပြန်ကောင်းလာလျှင်ပင်, သူသည် လင်းထန်ဘနှင့် မယှဉ်နိုင်သေးဘူးဆိုတာ သေချာပါသည်။ သူသည် အဘယ့်ကြောင့် လင်းထန်ဘကို ရန်စရန် အစပြုခဲ့သနည်း?။

နေသာဧကရာဇ်သည် စကားတစ်ခွန်းမှ မပြောဘဲ ချင်ယွင်နှင့် တခြားသူတွေ နောက်မှာ ရပ်နေသော်လည်း, သူသည် သူတို့အားထဲတွင် မြင်နိုင်ဆုံးလူတစ်ယောက်ဖြစ်သည်။ ထို့အပြင်, သူသည် ချင်ယွင်ကို ပို၍ပင် ချီးကျူးမိသည်။

လိပ်နက်နတ်သားရဲအနေဖြင့်, ချင်ယွင်က လွှမ်းမိုးကြီးစိုးလွန်းသည်ဟု တွေးနေခဲ့ပြီး၊ သူ့မျက်နှာက မောက်မာနေဆဲပင်။ သူသည် ချင်ယွင်၏ ကနဦးစကြဝဠာထဲကို ဝင်ရောက်ခဲ့ပြီးနောက်မှာ ချင်ယွင်၏ နည်းစနစ်များကို အပြည့်အဝ ယုံကြည်ခဲ့သည်။ ထို့ကြောင့်, သူသည် ချင်ယွင်အပေါ် တာဝန်ထမ်းအောင်ရန် သူ့နှလုံးသားအောက်ခြေမှပင် ဆန္ဒရှိနေခဲ့သည်။

ချင်ယွင်သည် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရချိန်မှာတောင်, လွှမ်းမိုးနိုင်စွမ်းရှိနေသေးသည်ကို မြင်ပြီး၊ သူသည် ချင်ယွင်အပေါ် ပို၍ပင် ရိုသေလေစားမှုကို ခံစားလာရသည်။ အမှန်တကယ်တော့, ချင်ယွင်သည် လင်းထန်ဘကို ခြောက်လှန့်ရန် ဟန်ဆောင်နေခြင်း ဖြစ်သည်ကို သူ မသိခဲ့ပေ။

ဟုတ်ပါသည်, လင်းထန်ဘသည် မူလက သံသယဝင်ရုံသာဖြစ်ခဲ့သော်လည်း, ယခုအခါ, သူသည် သူ့ရှေ့မှလူငယ်သည် အားနည်းသူမဟုတ်ဟု အခြေခံအားဖြင့် အသေချာ မှတ်ယူ သွားပြီး၊ သူ့စိတ်ထဲမှ လှုပ်ရှားရန် စိတ်ကူးများလည်း လုံးဝ ပျက်ပြယ်သွားခဲ့သည်။

"ဒီညီငယ်လေးက ငါ့သားအပေါ်ထားတဲ့ အမျက်ဒေါသတွေကို ဘယ်လို ဖြေဖျောက်နိုင်မလဲ ဆိုတာ ငါ သိလို့ရမလား" လင်းထန်ဘက မေးသည်။

"အရမ်းကို ရိုးရှင်းပါတယ်။ ကျုပ်ကို အဖိုးလို့ ခေါ်ခိုင်းလိုက်ပါ” ချင်ယွင်က ရယ်မောပြီး ပြောလိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် ဘေးမှာရပ်နေသော ကျိုးဟုန်ရွှဲ့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ သူမဘေးနားက အဘိုးအိုနှစ်ယောက်တောင် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

လင်းဖန်းကို သူ့ကို အဖိုးဟုခေါ်ခိုင်းခြင်း, ဤအရာက သူ့သားက လင်းထန်ဘဖြစ်သည်ဟု ပြောဆိုခြင်းနှင့် တူမနေဘူးလား?။ ဤလှုပ်ရှားမှုက အရမ်းကို အန္တရာယ်များလွန်းသည်။

ဟုတ်ပါသည်, သူတို့သည်လည်း အလွန်မင်း ကြောက်ရွှံ့သွားကြသည်။ သူတို့သည် လင်းထန်ဘတစ်ယောက် ဒေါသပေါက်ကွဲပြီး သူတို့အပေါ် လုံးဝ အမျက်ထွက်သွားမှာကို ကြောက်ရွံ့ကြသည်။ နှစ်ဖက်တိုက်ခိုက်ကြသည့်အခါ, အလွန်ကြောက်စရာကောင်းလိမ့် မည်။

သေချာပါသည်, လင်းထန်ဘသည် ချင်ယွင်၏ အကြံပြုချက်ကို ကြားပြီးနောက် သူ့မျက်နှာက အစိမ်းရောင်သမ်းသွားခဲ့သည်။ သူ့မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည် "ညီငယ်လေး၊ ဒါက နည်းနည်းတော့ လွန်လွန်းတယ် မဟုတ်လား။ ငါက မင်းကို ရိုးရိုးသားသား တောင်းပန်ခဲ့တယ်။ ဒါက မင်းရဲ့ သဘောထား လား?။ ဒီစကားက ငါလင်းထန်ဘကို သိပ်ကို မလေးစားရာ မရောက်ဘူးလား။"

"အဖေ၊ အဖေ သူ့ကို ဘာတွေ ပြောနေတာလဲ။ သူ့ကို သတ်ပစ်လိုက်ပါ" လင်းဖန်းသည် ဒေါသတကြီး အော်ပြောလိုက်သည်။

အေးစက်စက် လူသည်လည်း ချင်ယွင်ကို စူးစူးရှရှ အကြည့်ဖြင့် ကြည့်လိုက်သည်။

ချင်ယွင်သည် သူ့မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ ပြုံးလိုက်သည်။ ဟုတ်ပါသည်။ ထိုစကားက လင်းထန်ဘ၏ နောက်ဆုံးကန့်သတ်ချက်နှင့် အလွန် နီးကပ် နေပြီဆိုသည်ကို သူ့စိတ်ထဲမှာ သိပါသည်။ အကယ်၍, သူ လက်မခံဘူးဆိုလျှင်, သူသည် လုံးဝ ပြိုလဲသွားနိုင်ပါသည်။ ထိုအချိန်ရောက်လျှင်, ပျော်စရာကောင်းတော့မှာ မဟုတ်ပါ ဘူး။

"ကောင်းပြီလေ, မြို့သခင်လင်းကြောင့်, လောလောဆယ် သူ့ကို ကျုပ် ချမ်းသားပေးလိုက် မယ်။ တကယ်လို့, နောက်တစ်ခါ သူ ကျုပ်ကို ရန်စရဲရင်, မြို့သခင်လင်းက သူ့ကို ကာကွယ်ပေးထားရင်တောင် ကျုပ် သူ့ကို သတ်ပစ်မယ်" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ လင်းထန်ဘ၏ အမူအရာက တော်တော်လေး စိတ်သက်သာရာ ရသွားပါသည်။

အဆုံးတွင် လင်းဖန်းသည် ​​သူ၏ တစ်ဦးတည်းသော သားဖြစ်ပါသည်။ အကယ်၍, တစ်ဖက်လူ၏ တောင်းဆိုချက်တွေက အရမ်းများနေမည်ဆိုလျှင်, သူ့မှာ ယုံကြည်မူအချို့ မရှိဘူးဆိုရင်တောင်, သူသည် သေသည်အထိ တိုက်ပွဲဝင်ရပါဦးမည်။

ကံကောင်းထောက်မစွာ၊ အခြားတဖက်လူ အလွန်အကျွံ မလုပ်ချင်ခဲ့ပေ။ ယင်းမှတဆင့်, တခြားတဖက်လူမှာလည်း ယုံကြည်မူ သိပ်မရှိဘူးဆိုသည်ကို သူ့အား နားလည်သွားစေခဲ့ သည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်နှင့်အခြားလူများ၏ ခွန်အားကို သူ့စိတ်ထဲတွင် တိကျစွာ စီရင်ချက်ချနိုင်ခဲ့သည်။

"ညီငယ်လေးက လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေအနှစ်ကြောင့် ဒီနေရာကို ရောက်လာခဲ့ တာ ဖြစ်လိမ့်မယ်၊ ဟုတ်တယ်မလား။ နားလည်မှုလွဲတာ ပြေလည်သွားပြီဆိုတော့ ငါတို့အနေနဲ့ တစ်ခုခုသိရအောင် နတ်ဘုရားကျွန်းကို ဘာလို့ မသွားကြတာလဲ။" လင်းထန်ဘက ထပ်ပြောသည်။

သူ ဒီနေရာကို ရောက်လာရသည့် အကြောင်းအရင်းက လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ်ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူသည် ချင်ယွင်နှင့် အခြားလူများကို တိုက်ခိုက်ရန် အလျင်စလို မရှိခဲ့ပေ။ နောက်ဆုံးတွင် ကျွန်းပေါ်မှာ အန္တရာယ်တွေ ရှိနေနိုင်ပါသည်။ သူတို့၏အခြေအနေကို အကောင်းဆုံး ထိန်းသိမ်း ထားရပါမည်။ ကျွန်းထဲသို့ မဝင်ခင်မှာ သေသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပါ။

"သေချာတာပေါ့၊ ဒါပေမယ့် ကျုပ်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"ဘာများတောင်းဆိုချင်လဲ?" လင်းထန်ဘက မေးသည်။

"ကျွန်းထဲကို ဝင်ရောက်ပြီးနောက် ဘယ်သူမဆို ရတနာတွေကို အရင်ဆုံး ရှာဖွေတွေ့ရှိကြ မှာပဲ။ ဒါပေမယ့်, ကျုပ်တို့ အတူတူ ရှာဖွေတွေ့ရှိခဲ့တဲ့ ပထမဆုံး ရတနာကို ကျုပ်တို့ ပိုင်ဆိုင်ရမယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"အယုတ်တမာကောင်, မင်း အရမ်းလွန်သွားပြီ။" လင်းဖန်းသည် ထိုစကားကို ကြားလျှင် ချက်ချင်းပင် ကြိမ်းမောင်းလိုက်သည်။

ချင်ယွင်က စကားမပြောဘဲ ပြုံးလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် နားလည်ရ ခက်သည်။

တခဏလောက် စဉ်းစားပြီးနောက် လင်းထန်ဘက ခေါင်းညိတ်ပြပြီး ပြောသည် "ကောင်းပြီလေ၊ ငါ ကတိပေးတယ်။ ဒါပေမယ့် နောင်ပိုင်းမှာ ငါတို့ ရတနာတွေကို အတူတူ ရှာတွေ့ခဲ့ရင်, ငါတို့ရဲ့စွမ်းအားနဲ့ အဲဒီရတနာတွေအတွက် တိုက်ခိုက်ရလိမ့်မယ်"

"ဒါက သဘောတူညီချက်တစ်ခုပဲ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

တကယ်တော့ ထိုတောင်းဆိုမှုကို သူပြုလုပ်သည့်အခါ လင်းထန်ဘက သဘောတူမည်ကို သူ သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ပထမဆုံးရတနာက သေချာပေါက် အဖိုးမတန်ဘူး ဟု လင်းထန်ဘက ထင်နေလိမ့်မည်။ နောက်ပိုင်း ရတနာတွေကမှ အဓိကသော့ချက် ဖြစ်သည်။

တကယ်တော့ သူ လုံးဝ မှားယွင်းသွားခဲ့သည်။ အခုလေးတင်၊ လိပ်နက်နတ်ဘုရားသားရဲက ထိုပထမဆုံး ရတနာက အလွန်အရေးကြီးကြောင်း သူ့ကို ပြောပြခဲ့ပါသည်။ ၎င်းသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ်ကို ဖွင့်လှစ်ရန် လိုအပ်သောအရာဖြစ်သည်။ ထို့ကြောင့်, ချင်ယွင်က ၎င်းကို ရယူလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်, ချင်ယွင်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဟုတ်ပါသည်။ နောက်ဆုံးမှာ လင်းထန်ဘက သူ့စကားကို ပြန်ရုတ်သိမ်းခြင်းရှိမရှိ ချင်ယွင် မသိသေးပါဘူး။

All Chapters