← Chapters

အခန်း ၁၃၅၉

Vol. 91 Ch. 1359

အခန်း ၁၃၅၉

Vol. 91 Ch. 1359

အခန်း (၁၃၅၉) ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း။

လင်းထန်ဘနှင့် သဘောတူညီမှုရပြီးနောက်၊ ချင်ယွင်သည် လူတိုင်းကို ပျောက်ကွယ်နေ သော နတ်ဘုရားကျွန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် ဧရာမ လွင့်မျောကျွန်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဤကမ္ဘာငယ်လေး၏ အလယ်ဗဟိုရှိ တိမ်တိုက်များ၏ အထွတ်အထိပ်ပေါ်တွင် တည်ရှိသည်။ ၎င်းသည် ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းသည် အိပ်ပျော်နေသော ရှေးဟောင်း သားရဲတစ်ကောင်အလားပင်။ ကြောက်စရာ ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့ သည်။

ချင်ယွင်နှင့် အခြားသူများသည် ချဉ်းကပ်လာသည်နှင့်အမျှ ထိုခံစားချက်က ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူတို့ ထိုနတ်ဘုရားကျွန်းအနီးသို့ ရောက်သောအခါ၊ ဤနတ်ဘုရား ကျွန်းသည် အနှိုင်းမဲ့ ကြီးမားသည်ဟု ခံစားလိုက်ရသည်။ အတွင်း၌ မရေမတွက်နိုင်သော အဆောက်အဦများ ရှိနေခဲ့ပြီး၊ နန်းတော်ကြီးများသည် ဆယ်သန်းထက်မနည်း ရှိနိုင်သည်။

နတ်ဘုရားကျွန်းတစ်ခုလုံးကို အစွမ်းထက်သော အစီအရင်ဝင်္ကပါများဖြင့် ဖုံးအုပ်ထား သည်။ ထိုအစီအရင်ဝင်္ကပါများသည် ပြင်းထန်လွန်းပြီး နှလုံးသားကို တုန်လှုပ်စေပါသည်။ ကောင်းကင်နတ်ဘုရားတစ်ပါး ကြွလာလျှင်ပင်, သူသည် အထဲသို့ ဝင်ရဲမည် မဟုတ်ပေ။ အကယ်၍, သူသည် အပြင်းအထန် ထိုးဖောက်ဝင်ရောက်ခဲ့လျှင် အစီအရင်ဝင်္ကပါအတွင်း ရှိနေသည့် တန်ခိုးကြောင့် သေသည်အထိ တုန်လှုပ်ချောက်ချားသွားမည်မှာ သေချာသည်။

ကံကောင်းထောက်မစွာ၊ ဤနတ်ဘုရားကျွန်းသည် လုံး၀ စည်းတံဆိပ်ခတ်ထားခြင်း မဟုတ်ပေ။ နတ်ဘုရားကျွန်းရှေ့တွင် ကြီးမားသော စင်မြင့်ကြီးတစ်ခု ရှိနေသည်။ ထိုစင်မြင့်ပေါ်တွင် ဧရာမတံခါးကြီး တစ်ခုရှိသည်။ ထိုကြီးမားသော တံခါးကြီးမှတဆင့် ဤနတ်ဘုရားကျွန်းသို့ ဝင်ရောက်နိုင်ပါသည်။

ချင်ယွင်နှင့် အခြားသူများသည် စင်မြင့်ပေါ်တွင် လွင့်မျောနေကာ ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။ သူတို့ရှေ့တွင် ဖြစ်ပျက်နေသည့် အရာကြောင့် သူတို့သည် ချက်ချင်းပင် တုန်လှုပ်သွားကြသည်။

“ငွေကြေးတွေ ဘယ်လောက်တောင်မှ ကုန်ကျလိုက်မလဲ?။ ဒီစင်မြင့်ကို သွန်းလောင်းတဲ့ လူတွေက သာမန်ထက်ထူးခြားတဲ့ ခွန်အားကို ပိုင်ဆိုင်နေမှာ ငါကြောက်မိတယ်။ သူတို့က သေချာပေါက် ကောင်းကင်နတ်ဘုရားအောက် မဟုတ်လောက်ဘူး” ကျိုးဟုန်ရွှဲ့က မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။

ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလာသည်။ သူ့ပတ်ဝန်းကျင်မှ ပြင်းထန်သော ဖိအားကို သူလည်း ခံစားရနိုင်သည်။

သူတို့ခြေထောက်အောက်က စင်မြင့်ကြီးသည် အရမ်းကို ကြီးမားလွန်းသည်။ ၎င်းသည် စင်မြင့်ကြီးတစ်ခုဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် ဧရိယာစတုရန်းမီတာ တစ်သောင်းထက်မနည်းရှိသော စင်မြင့်ကြီးတစ်ခု ဖြစ်နေသည်။

မြေပြင်ပေါ်ရှိ ကျောက်တုံးများအားလုံးကို တန်ခိုးကြီးသော နတ်ဘုရားကျောက်တုံးများ ဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့သည် အနက်ရောင် ဖျော့ဖျော့ဖြစ်ပြီး အနှိုင်းမဲ့ တန်ခိုးကြီး သော ရွှေရောင်နတ်ဘုရား မှော်သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။

ဤအခိုက်အတန့်တွင် နတ်ဘုရားမှော်သင်္ကေတများသည် အသက်မဝင်သေးဘဲ ရိုးရိုး ရှင်းရှင်း ပေါ်နေခြင်းဖြစ်သော်လည်း ချင်ယွင်သည် နတ်ဘုရားမှော်သင်္ကေတများ အတွင်းပါရှိသော အစွမ်းထက်သော စွမ်းအင်ကို ခံစားနိုင်ပါသေးသည်။ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်ပညာရှင်တစ်ဦး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းက ပင် စင်မြင့်၏မြေပြင်ပေါ်တွင် သဲလွန်စ မကျန်နိုင်ဟု သူ ယုံကြည်သည်။ ယင်းမှတဆင့် ထိုနတ်ဘုရားမှော်သင်္ကေတများသည် မည်မျှ အစွမ်းထက်သည်ကို မြင်နိုင်ပါသည်။

စင်မြင့်ပတ်လည်တွင်၊ ကောင်းကင်ဘုံသို့တိုင် ရောက်ရှိနိုင်သော နတ်ဘုရားတိုင်လုံးများ ရှိနေခဲ့ပြီး၊ ထိုနတ်ဘုရားတိုင်လုံးများသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားပုံရသည့် ပုံစံများကို ရေးထွင်းထားသည်။ ၎င်းတို့ထဲမှ အချို့သည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားနန်းတော်ကြီးလေးခု၏ ကျွမ်းကျင်သူများနှင့် တိုက်ပွဲများတွင် လျှို့ဝှက်နတ်ဘုရားဂိုဏ်းတပည့်များ၏ သူရဲကောင်းဆန်သော အောင်မြင်မှုများ ဖြစ်ကြသည်။ သို့သော်၊ အထက်ဖော်ပြပါ စာလုံးတိုင်းသည် အစွမ်းထက် ပြီး ဂုဏ်သိက္ခာကြီးမားသော အသွင်အပြင်ကို ပေါ်လွင်ထင်ရှားစေသည်။ ၎င်းတို့အထဲမှ အညံ့ဆုံးလူသည်ပင် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်နေသည်မှာ ရှင်းနေပါသည်။

ဟုတ်ပါသည်။ လူအုပ်ကြီး၏ အာရုံစိုက်မှုကို အခံရဆုံးအရာက သူတို့ရှေ့မှ ကြီးမားပြီး ခမ်းနားထည်ဝါလှသော တံခါးကြီးပင် ဖြစ်ပါသည်။

ဧရာမတံခါးကြီးသည် ပေသုံးရာ အမြင့်ရှိသည်။ တစ်ကိုယ်လုံး မှင်များကဲ့သို့ နက်မှောင်နေ သည်။ ၎င်းပေါ်တွင် နတ်သားရဲပုံစံအချို့ကို ထွင်းထုထားသည်။ ထိုနတ်သားရဲပုံစံများ အားလုံးသည် သက်ရှိများနှင့်တူပြီး ပြင်းထန်သော ဖိနှိပ်ခြင်းခံစားမူကို ပေးဆောင်နေသည့် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအာနုဘော်ကို ထုတ်လွှတ်နေသည်။

“ဒါက လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အရှေ့ဘက် နတ်ဘုရားတံခါးပဲ၊” ဒီတံခါးကို မဟူရာ နတ်ဘုရားကျောက်တုံးနဲ့ ပြုလုပ်ထားတာ။ ဒီတံခါးပေါ်က ပုံစံတွေကို လျှို့ဝှက် ဆန်းကြယ် သောဘိုးဘေးနတ်ဘုရား ကိုယ်တိုင် ရေးထွင်းခဲ့တာ။ အဲဒီပုံစံတွေထဲမှာ ဘိုးဘေး နတ်ဘုရားအလိုဆန္ဒတွေ ပါရှိနေတယ်။ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေပဲ ဘေးကင်းစွာ ဝင်ရောက်နိုင်ကြတယ်။ ဒါပေမယ့်, တကယ်လို့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေ မဟုတ်ဘူးကြဆိုရင်တော့, အဲဒီလူတွေဟာ ဒီဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို ခံနိုင်ရည်ရှိရမှာဖြစ်ပြီး၊ အရှေ့ဘက် နတ်ဘုရားတံခါးကို ဖြတ်ကျော်ရလိမ့်မယ်။ မခံနိုင်ဘူးဆိုရင်တော့, အဲဒီလူတွေဟာ အရှေ့ဘက် နတ်ဘုရားတံခါးရဲ့ ဘိုးဘေး နတ်ဘုရားအလိုဆန္ဒကြောင့် သတ်ဖြတ်ခံရလိမ့်မယ်” လိပ်နက်က သူ့ရှေ့က အနက်ရောင် တံခါးကြီးကို ကြည့်ကာ ချင်ယွင်နှင့် တခြားသူတွေကို ပြောပြသည်။

ထိုစကားများ ပြောပြီးသည်နှင့် လူတိုင်း အေးစက်စက်လေကို ရူသွင်းလိုက်ကြပါသည်။

မဟူရာနတ်ဘုရားကျောက်တုံးလား?။ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒလား?။

ထိုရိုးရှင်းသောစကားများသည် သူတို့အား ရှင်းမပြနိုင်သော ဖိအားကို ခံစားရစေသည်။

ချင်ယွင်သည်လည်း အံ့အားသင့်ဟန် အမူအရာကို ထုတ်ဖော်လိုက်သည်။ သူသည် ဓားမြုပ် နှံခြင်းတောင်တန်း၏ နတ်ဘုရားနယ်မြေအတွင်းမှာ မဟူရာနတ်ဘုရား ကျောက်တုံး များကို ယခင်က တွေ့မြင်ခဲ့ဖူးပြီး၊ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ အဝင်ဝတွင် ၎င်းကို ထပ်မံမြင်တွေ့ရမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ မဟူရာနတ်ဘုရား ကျောက်တုံးကို ထွင်းထုပြီး ဧရာမတံခါးကြီးတစ်ခုအဖြစ် ပြုလုပ်ထားသေးသည်။ ထိုကဲ့သို့ အရာမျိုးကို ဘိုးဘေးနတ်ဘုရားတွေသာ ပြုလုပ်နိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်, ချင်ယွင် အံ့ဩတုန်လှုပ်သွားရသည့် အကြောင်းရင်းမှာ ဤအရာများ ကြောင့် မဟုတ်ပေ။ ချင်ယွင်ကို အမှန်တကယ် ထိတ်လန့်သွားစေသည့် အကြောင်းအရင်းမှာ ကျောက်တံခါးကြီးပေါ်တွင် နတ်ဘုရားသားရဲပုံများ ရှိနေခြင်းပင် ဖြစ်သည်။

နတ်ဘုရားနဂါးများ, နတ်ဘုရားဖီးနစ်များ၊ လိပ်နက်များ၊ ချီလင်များနှင့် ချင်ယွင် မသိသော နတ်ဘုရားသားရဲအချို့ ရှိနေသည်။ ၎င်းတို့အားလုံးသည် ထူးဆန်းပြီး သက်ဝင်လှသည်။

သို့ရာတွင် ထိုနတ်ဘုရားသားရဲ အားလုံးမှာ တူညီသော လက္ခဏာတစ်ခုစီ ရှိကြပြီး၊ ၎င်းမှာ ၎င်းတို့၏ ဂုဏ်သိက္ခာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ထိုနတ်ဘုရားသားရဲအားလုံးသည် အသက်ရှင်နေပုံရပြီး တန်ခိုးကြီး သော နတ်ဘုရားတန်ခိုးများကို ထုတ်လွှတ်နေကြသည်။

ချင်ယွင်သည် ဤနတ်ဘုရားသားရဲများ ဟန်းဟောက်ပြီး ရိုင်းစိုင်းစွာ ပြေးနေသည်ကိုပင် မြင်နိုင်သည်။ နောက်အခိုက်အတန့်တွင်၊ ၎င်းတို့သည် ထိုနတ်ဘုရားတံခါးဝမှ တဟုန်ထိုး ပြေးထွက်လုနီးပါး ဖြစ်နေကြသည်။ ထိုနတ်ဘုရားသားရဲများသည် တံခါးပေါ်တွင် ထွင်းထု ထားခြင်းမဟုတ်ဘဲ ၎င်းတို့၏ စိတ်ဝိညာဉ်များကို စည်းတံဆိပ်ခတ်ထားသကဲ့သို့ပင်။ ၎င်းတို့သည် စည်းတံဆိပ်ကို ချိုးဖျက်ချင်နေကြပြီး၊ ယင်းက လူတွေကို ကြောက်ရွှံ့ ထိတ်လန့်စေသည်။

"ဖြစ်နိုင်တာက, ဒါက ဘိုးဘေးနတ်ဘုရားအလိုဆန္ဒ ဖြစ်ပြီး၊ စိတ်ဝိညာဉ်တွေနဲ့ ဒီဇိုင်း ဖော်ထားတာလား?။ ချင်ယွင်က အံ့အားသင့်စွာ သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

သို့သော်, သူသည် ဤအချက်ကို အမြန်ငြင်းဆိုလိုက်ပါသည်။ ဘိုးဘေးနတ်ဘုရားသည် ခန္ဓာကိုယ်ကို ပုံသွင်းနိုင်သော်လည်း၊ ဘိုးဘေးနတ်ဘုရားများပင် စိတ်ဝိညာဉ်ကို ပုံသွင်းရန် မှာ မဖြစ်နိုင်လောက်ပေ။ စကြဝဠာတစ်ခု၏ အုပ်စိုးရှင်သာလျှင် စိတ်ဝိညာဉ်တစ်ခုကို ဖန်တီးနိုင်ပါသည်။ ကနဦးစကြဝဠာကို ပိုင်ဆိုင်သော ချင်ယွင်သည် ဤအချက်ကို လုံးဝ သေချာသည်။

ဘိုးဘေးနတ်ဘုရားများသည် စိတ်ဝိညာဉ်များကို အမှန်တကယ် မအပ်နှင်းနိုင်ဟု ဆိုကတည်းက, ထိုပုံစံများ ပိုင်ဆိုင်ထားသော အသက်များသည် လှည့်စားခြင်း ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နိုင်ပါသည်။ ဤအရာသည် သိမ်းမွေနက်နဲသည့် အလိုဆန္ဒ တစ်ခု ဖြစ်သော်လည်း, တစ်ဦးတစ်ယောက်၏ အလိုဆန္ဒကို မှီခိုအားထားပြီး၊ ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာကောင်းကို ဖမ်းဆုပ်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်ဟု ပြော၍ရပါသည်။

ဤအခိုက်အတန့်တွင်၊ နတ်ဘုရားသားရဲပုံစံများကြောင့် ချင်ယွင်တစ်ယောက်သာ တုန်လှုပ်သွားခြင်း မဟုတ်ဘဲ၊ လင်းထန်ဘနှင့် အခြားလူများသည်လည်း နတ်ဘုရား သားရဲပုံစံများမှ ထုတ်လွှတ်သော ဘုန်းတန်ခိုးအာနုဘော်ကြောင့် ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် ရိုသေလေးစားသည့် အမူအရာများကိုပင် ထုတ်ဖော်ပြသကြပြီး၊ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ရိုသေလေးစားမူ၌ စိုးရိမ်မှု အရိပ်အယောင်များလည်း ရှိနေခဲ့သည်။

သူတို့သည် နတ်ဘုရားတံခါးအထက်ရှိ ဘိုးဘေးနတ်ဘုရား အလိုဆန္ဒကို ခံနိုင်ရည်ရှိပြီး၊ နတ်ဘုရားတံခါးမှတဆင့် နတ်ဘုရားကျွန်းသို့ ဝင်ရောက်ရမည့်အရေးကို စိုးရိမ်သွားခဲ့ကြ သည်မှာ ထင်ရှားပါသည်။

"လိပ်နက်လေး၊ ဒီလျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးနတ်ဘုရားရဲ့ အလိုဆန္ဒက ဘယ်လောက်သန်မာလဲ? ချင်ယွင်က လိပ်နက်နတ်ဘုရားသားရဲကို မေးလိုက်သည်။

လိပ်နက်လေးသည် လိပ်နက်နတ်ဘုရားသားရဲအတွက် ချင်ယွင်ပေးထားသည့် နာမည် အသစ် ဖြစ်သည်။ အဆုံးတွင် သူသည် သူ့ကို လိပ်ကလေးဟု အမြဲတမ်း ခေါ်ခဲ့သည်။ လိပ်နက်နတ်ဘုရား သားရဲသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာမှ မပြောဝံ့သော် လည်း, သူ့နှလုံးသားထဲမှာ မကျေနပ်ချက် ကြီးကြီးမားမား ရှိနေခဲ့ပါသည်။ ဟုတ်ပါသည်, ထိုနာမည်သည် လိပ်နက်ကလေးအတွက် ပိုကောင်းလာခြင်း မဟုတ်ပါဘူး။

“ဘိုးဘေးနတ်ဘုရားအလိုဆန္ဒက လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားကြတယ်။ ခိုင်မာတဲ့ စိတ်ဆန္ဒရှိသူတွေသာ နတ်ဘုရားတံခါးကို ဖြတ်ကျော်နိုင်တယ်။ စိတ်ဆန္ဒ အားနည်းတဲ့လူတွေကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရကြလိမ့်မယ်။ ဒါမဟုတ်, သူတို့ရဲ့ စိတ်ဝိညာဉ်တွေတောင် ပြိုကွဲသွားနိုင်တယ်” လိပ်နက်က ပြန်ဖြေသည်။

လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားသော်လည်း လိပ်နက်နတ်ဘုရားသားရဲ ပြောသည့် စကားများသည် လွဲမှားနေသည်ဟု မည်သူမျှ သံသယမရှိကြပေ။

နောက်ဆုံးတွင်၊ ဤလိပ်နက်နတ်ဘုရားသားရဲသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ တောင်တန်းကို အကာအကွယ်ပေးထားသော နတ်ဘုရားသားရဲဖြစ်ပြီး၊ သူတို့ထက် လျှို့ဝှက်နတ်ဘုရားဂိုဏ်းအကြောင်းကို ပိုသိသည်။

"ဒါပေမယ့်၊ ဒီနတ်ဘုရားတံခါးမှာ အခြားအကျိုးကျေးဇူးတစ်ခုလည်း ရှိသေးတယ်။ ဆိုလိုတာက, တကယ်လို့ တစ်စုံတစ်ယောက်ဟာ ဘိုးဘေးနတ်ဘုရားရဲ့ အသိအမှတ် ပြုခြင်း ခံရမယ်ဆိုရင်, ဘိုးဘေးနတ်ဘုရားအလိုဆန္ဒနဲ့ ပေါင်းစပ်နိုင်လိမ့်မယ်” လိပ်နက်က ထပ်ပြောသည်။

"ဘိုးဘေးနတ်ဘုရားအလိုဆန္ဒက အသိမှတ်ပြုပေးမှာလား” ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ပတ်ဝန်းကျင်မှ လူတွေလည်း အံ့သြသွားသည့် အမူအရာများ အသီးသီး ထုတ်ဖော်လာကြ သည်။

လိပ်နက်က ဆက်ပြောသည် “မှန်တယ်။ အသိအမှတ်ပြုခံရတဲ့ သူတွေကပဲ ဘိုးဘေး နတ်ဘုရားအလိုဆန္ဒကို ရရှိနိုင်လိမ့်မယ်။ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို ရယူနိုင်တဲ့လူ တွေဟာ အနာဂတ်မှာ တခြားသူတွေထက် အများကြီး ပိုမိုမြန်ဆန်အောင် ကျင့်ကြံနိုင်ပြီး နားလည်နိုင်စွမ်းလည်း မြင့်မားလာလိမ့်မယ်။ ဒါ့အပြင့် သူတို့က အနှိုင်းမဲ့ နတ်ဘုရားတန်ခိုး ကို ပိုင်ဆိုင်ရလိမ့်မယ်။ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ သမိုင်းမှာ ဘိုးဘေးနတ်ဘုရား အလိုဆန္ဒကို ခံယူနိုင်သူ သုံးယောက်ပဲ ရှိခဲ့တယ်”။

ထိုသတင်းကို လူတိုင်းကြားလိုက်ရတော့ အားလုံးက ထိတ်လန့်တုန်လှုပ်သည့် အမူအရာများ ပေါ်လာကြပါသည်။

လင်းထန်ဘ၊ လင်းချင်ရှန်းနှင့် အခြားသူများ၏ အကြည့်များသည် မဟူရာနတ်ဘုရား ကျောက်တုံးကို ကြည့်ရင်း ချက်ချင်းပင် ပူလောင်လာကြသည်။ အထူးသဖြင့် တချိန်လုံး စကားမပြောဘဲနေသည့် အေးစက်ပြီး တင်းမာသောလူ ဖြစ်သည်။ သူ့မျက်လုံးများက အနှိုင်းမဲ့ တောက်ပနေခဲ့သည်။

All Chapters