← Chapters

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း (၁၃၆၁) တွက်ချက်ခြင်း။

"မြို့သခင်လင်းရဲ့ ကြင်နာမှုကို ကျုပ် တန်ဖိုးထားတယ်။ ဒါပေမယ့် မြို့သခင်က စီနီယာ တစ်ယောက်။ မြို့သခင်လင်း အရင်ဆုံးလှုပ်ရှားတာ ပိုကောင်းပါတယ်။ မဟုတ်ရင် ကျုပ်လို ဂျူနီယာတစ်ယောက်က ကျင့်ဝတ်တွေကို နားမလည်ဘူးလို့ လူတွေက ပြောကြလိမ့် မယ်။" ချင်ယွင်က ပြုံးပြီး နှိမ့်ချသော အမူအရာဖြင့် ပြန်ပြောသည်။

ချင်ယွင်၏ စကားကိုကြားတော့ လင်းထန်ဘ၏ အမူအရာသည် ချက်ချင်းပင် အုံ့မှိုင်းလာ သည်။ သူသည် သူ့သားကို ဆုံးရှုံးလိုက်ရသည့် ဝေဒနာကို ယခုလေးတင် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့်, သူသည် သဘာဝအတိုင်း ချင်ယွင်ကို လိမ်ညာလှည့်ဖျား ပြောဆိုရန် စိတ်မ၀င်စားတော့ပေ။ သူက ချက်ချင်းပင် အေးစက်စွာ ပြောလိုက်သည် "ဟမ်၊ ငါ့သားက သူ့ဘဝနဲ့ရင်းပြီး အဖိုးအခကို ပေးဆပ်ပြီးသွားပြီ။ မင်းက ငါလူတွေကို မင်းတို့အတွက် လမ်းရှာပေးဖို့ ကူညီစေချင်သေးတာလား” အခု မင်းတို့အလှည့် မဖြစ်သင့်ဘူးလား။ ငါတို့ သဘောတူညီချက် တစ်ရပ်ကို ဖွဲ့စည်းပြီး, တရားမျှတစွာ ယှဉ်ပြိုင်မယ့်ကြောင်း ပြောဆိုခဲ့ တာကို မင်း သိသင့်တယ်။ မင်းရဲ့စကားကို ပြန်ရုတ်သိမ်းချင်တာလား?”။

ထိုစကားကိုကြားတော့ ချင်ယွင် မျက်မှောင်ကြုတ်သွားသည်။

"ညီငယ်လင်း၊ ငါတို့ မြို့သခင်ပြောတာ မှန်တယ်။ ယှဉ်ပြိုင်မူအားလုံး တရားမျှတစွာ ဆောင်ရွက်ရမယ်လို့ ယခင်သဘောတူညီချက်မှာ ဖော်ပြထားတယ်လေ။ ယုတ္တိကျကျ ပြောရရင်, ဒီတစ်ကြိမ် မင်းတို့အလှည့် ဖြစ်သင့်တယ်။ ငါတို့ တစ်လှည့်စီ ဝင်ကြမယ် ဆိုရင်‌ရော ဘယ်လိုလဲ” လင်းချင်ရှန်းက ပြောသည် ။

ချင်ယွင်သည် လင်းချင်ရှန်းနှင့် လင်းထန်ဘတို့၏ စကားများကို ပြန်မဖြေပေ။ အမှန်တကယ်လည်း လင်းထန်ဘနှင့် အခြားသူများ ပြောသည်မှာ မှန်ပါသည်။ သူတို့သည် အရင်က သဘောတူညီမှု ရရှိပြီးသွားပြီ။ အခု, အကယ်၍, သူတို့သာ နတ်ဘုရားတံခါးဝကို မဖြတ်ကျော်ဘူးဆိုလျှင်, လင်းထန်ဘသည် မည်သည့်အရာကိုမျှ လက်လျော့တော့မည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင်, သူတို့သည် အနိုင်ရရန် အခွင့်အရေး အနည်းငယ်မျှ မရှိနိုင်ပေ။

“ကောင်းပြီလေ, ကျုပ် ကတိပေးတယ်။ ဒီတစ်ကြိမ် ကျုပ်တို့က နတ်ဘုရားတံခါးထဲ ဝင်ရောက်မယ်” ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

လင်းထန်ဘနှင့် အခြားလူများသည် ထိုစကားကို ကြားသောအခါ ရန်လိုသော အကြည့်များကို ရုတ်သိမ်းလိုက်ပြီး၊ အခြားဘာမှ မပြောတော့ဘဲ ဘေးမှာ မတ်တပ် ရပ်လိုက်ကြသည်။

"ကျွန်မကို အရင်သွားခွင့်ပြုပါ" ချင်ယွင်က သဘောတူသည်ကို တွေ့ရလျှင်, ကျိုးဟုန်ရွှဲ့က အရင်ဆုံး ရပ်တည်ပြီး စကားပြောလိုက်သည်။

“မဟုတ်ဘူး၊ သခင်မလေး, ငါ့ကို အရင်သွားခွင့်ပြုပါ။ သခင်မလေးက လွင့်မျောနှင်း မြို့တော်ရဲ့ ရွှေရောင်ခန္ဓာကိုယ်လေး ဖြစ်တယ်။ စွန့်စားဖို့က မသင့်တော်ပါဘူး" ကျိုးဟုန်ရွှဲ့ နောက်ကွယ်မှ အဖိုးအိုတစ်ယောက်က ကမန်းကတန်း ပြောလိုက်ပါသည်။

"ငါ အရင်သွားလိုက်မယ်" အခြားအဘိုးအိုကလည်း ကမန်းကတန်း ပြောလိုက်သည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်သောအခါ သူက ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းကာ၊ မစိုးရိမ်ကြဖို့ အချက်ပြလိုက်သည်။

ချင်ယွင်၏လုပ်ရပ်ကို မြင်တော့ ကျိုးဟုန်ရွှဲ့နှင့် အခြားလူများလည်း ငြိမ်သက်သွားကြ သည်။

ချင်ယွင်က လင်းထန်ဘနှင့် အခြားလူများကို ကြည့်ပြီး ပြောလိုက်သည် “မြို့သခင်လင်း၊ နတ်ဘုရားတံခါးကို ဖြတ်ကျော်ဖို့ ကျုပ်တို့ဘက်က တစ်စုံတစ်ယောက်ကို စေလွှတ်လိုက် မယ်။ နောက်အလှည့်ကျရင် ခင်ဗျားအလှည့် မဟုတ်လား”။

“ဟုတ်တယ်၊ မင်းတို့ဘက်က နတ်ဘုရားတံခါးကို ဖြတ်ကျော်ဖို့ တစ်ယောက် လွှတ်ပြီးတာနဲ့ နောက်တစ်ခါကျရင် ငါတို့ အလှည့်ရောက်လိမ့်မယ်" လင်းထန်ဘက ပြောလိုက်သည်။

"ခင်ဗျား, ခင်ဗျားစကားကို ပြန်မရုတ်သိမ်းဘူးမလား" ချင်ယွင်က ဆက်မေးသည်။

"လုံးဝ မရုတ်သိမ်းဘူး" လင်းထန်ဘက ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

လင်းချင်ရှန်းသည် ထိုစကားကြားကြားချင်း တစ်ခုခုမှားနေပြီဟု ရုတ်တရက် သဘော ပေါက်သွားပြီး လင်းထန်ဘဆီကို အသံပို့လွှတ်လိုက်သည်။

လင်းချင်ရှန်း၏ အသံပို့လွှင့်မှုကို ကြားလိုက်သည်နှင့် လင်းထန်ဘ၏ မျက်နှာသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လျက် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

ချင်ယွင်က ပြုံးပြီး လိပ်နက်နတ်ဘုရားသားရဲကို လှည့်ကြည့်လိုက်သည်။ သူက တမင်တကာ အသံမြှင့်ပြီး ပြောလိုက်သည် "လိပ်နက်လေး, မင်း သွားလိုက်ကွာ”။

"ဟုတ်ကဲ့ သခင်ကြီး" လိပ်နက်နတ်ဘုရားသားရဲသည် ချင်ယွင်၏စကားကို ကြားသောအခါ ကောက်ကျစ်သည့် အပြုံးဖြင့် ချက်ချင်း ပြန်ဖြေသည်။

တစ်ဖက်မှ ကျိုးဟုန်ရွှဲ့နှင့် အခြားသူများလည်း ရယ်မောကြပြီး ချင်ယွင်ဆီသို့ ၎င်းတို့၏ အကြည့်များသည် လေးစားသည့်အမူအရာ ရှိနေသည်။

သို့သော်လည်း အဝေးမှ၊ လင်းထန်ဘ၏ အမူအရာသည် ဝက်အသည်းကဲ့သို့ ဖြစ်နေပြီ၊ သူ့မျက်နှာမှာ ပြာနှမ်းသွားသည်။

ယခုလေးတင် လင်းချင်ရှန်းက သူ့ဆီ အသံပို့လွှတ်လိုက်သည့်အခါ, သူသည် ချင်ယွင်၏ လှည့်စားမူ ခံလိုက်ရပြီဟု သိလိုက်သည်။ ယခုအခါ ချင်ယွင် ထိုလိပ်နက်ကို နတ်ဘုရား တံခါးသို့ ဦးစွာ ဝင်ခွင့်ပြုသည်ကို မြင်လိုက်ရသောအခါ၊ ချင်ယွင်သည် သူ့အား ကြံစည်ခဲ့သည်မှာ ပို၍ပင် သေချာသွားခဲ့သည်။

လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ တောင်တန်းကို စောင့်ကြပ်နေသည့် နတ်ဘုရားသားရဲ အနေဖြင့် လိပ်နက်သည် သဘာဝအတိုင်း လျှို့ဝှက်နတ်ဘုရားဂိုဏ်းမှ ဖြစ်သည်။

ယခင်က လိပ်နက်သည် ဤနတ်ဘုရားတံခါးအကြောင်းကို မိတ်ဆက်သောအခါ၊ ဤနတ်ဘုရားတံခါးသည် ပြင်ပလူများကိုသာ ခြိမ်းခြောက်နိုင်ပြီး ဂိုဏ်းဝင်များကို ထိခိုက်စေမည် မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။ ယခု ချင်ယွင်သည် လိပ်နက်ကို နတ်ဘုရားတံခါးဝသို့ ဝင်ခွင့်ပြုလိုက်သည်။ ယင်းက ဖြတ်ကျော်မူ မပြုခြင်းနှင့် အတူတူ ပင်။ အဆုံးတွင်၊ ၎င်းသည် သူ့ဆောင်းအကာအကွယ်မြို့တော်ကို ပထမဆုံး တိုက်ခိုက်ခံခဲ့ရ ပြီးဖြစ်သည်။

သို့သော်, အကယ်၍, သူသည် သူ့စကားကို ပြန်ရုတ်သိမ်းလိုက်မည်ဆိုလျှင်, သူသည် မည်သို့ တရားမျှတမူ ရှိနိုင်တော့မည်နည်း။

"ကောင်စုတ်လေး, မင်းက တကယ်ကို ရက်စက်တာပဲ" လင်းထန်ဘသည် ချင်ယွင်အား ဒေါသတကြီးဖြစ်ကာ ဒေါသတကြီး အမူအရာဖြင့် ပြောလိုက်သည်။

တစ်ဖက်တွင်မူ ချင်ယွင်က အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။

လိပ်နက်သည် မဟူရာနတ်ဘုရားကျောက်တုံးတံခါးကို အလွန် လွယ်ကူစွာ ဖြတ်ကျော်ပြီး၊ သဘာဝအတိုင်း လျှောက်သွားခဲ့သော်လည်း၊ သူသည် နတ်ဘုရားတံခါးရှိ ဘိုးဘေး နတ်ဘုရားအလိုဆန္ဒထံမှ မည်သည့် တိုက်ခိုက်မှုကိုမှ မခံခဲ့ရပေ။

ကျိုးဟုန်ရွှဲ့နှင့် အခြားလူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့ မျက်နှာများ သည် အပြုံးများဖြင့် ဝေဆာပြည့်နှက်နေပြီး၊ သူတို့နှလုံးသားများသည် ချင်ယွင်အပေါ် လေးစားမူအပြည့် ရှိနေခဲ့သည်။

ချင်ယွင်သည် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားရုံသာမက၊ ထက်မြက်သော ဉာဏ်ရည်နှင့် ရဲစွမ်းသတ္တိလည်း ပိုင်ဆိုင်ထားသည်။ ဤအချက်နှစ်ချက်မှ ကြည့်လျှင် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ဖြစ်ကြောင်း သေချာပေါက် မြင်နိုင်သည်။ ထိုသို့သောလူမျိုးကို ရန်သူဖြစ်အောင်လုပ်ခြင်းသည် ရန်သူများတွက် ဝမ်းနည်းကြေကွဲခြင်းသာ ဖြစ်လာပါလိမ့်မည်။

"မြို့သခင်လင်း၊ ကျုပ်တို့ဘက်ကလူက နတ်ဘုရားတံခါးကို ဖြတ်ကျော်ပြီးသွားပြီ။ အခု ခင်ဗျားအလှည့် ရောက်ပြီမဟုတ်လား" ချင်ယွင်သည် လင်းထန်ဘကို အပြစ်ကင်းဟန်ဖြင့် ကြည့်လိုက်သည်။

လင်းထန်ဘသည် ချင်ယွင်၏ အပြုံးကို မြင်သောအခါ၊ ချင်ယွင်၏ ပါးစပ်ကို ဆုတ်ဖြဲပစ်ရန် ဆန္ဒရှိသော်လည်း သူ့စကားကို ပြန်ရုတ်သိမ်း၍ မရနိုင်ပေ။

"အစ်ကိုကြီး၊ ငါ့ကို အရင်သွားခွင့်ပြုပါ" လင်းချင်ရှန်းသည် လင်းဘာတန် စတင် လှုပ်ရှား တော့မည်ကို မြင်သောအခါ အရင်ဆုံး ပြောလိုက်ပါသည်။

လင်းထန်ဘသည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ ပြောလိုက် သည် "သတိထားပါ!"

လင်းချင်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး နတ်ဘုရားတံခါးဆီသို့ လျှောက်သွားလိုက်သည်။

ချင်ယွင်သည် လင်းချင်ရှန်း ထွက်သွားသည်ကို မြင်သောအခါ သူ့မျက်လုံးများက လေးနက်လာသည်။

ယခုအချိန်တွင် လင်းထန်ဘတို့ဘက်မှာ လူ ၃ ဦးသာ ကျန်ရှိတော့သော်လည်း၊ ၎င်းတို့ထဲ တွင် တစ်ဦးတစ်ယောက်မျှ မီးစာကုန်အဆီခမ်းနေသူများ မဟုတ်ကြပေ။ လင်းချင်ရှန်း သည် သန်မာမူမရှိတော့သော်လည်း သူသည် အလွန်ထက်မြက်သည်။ ထို့ကြောင့် ချင်ယွင်သည် လင်းထန်ဘကို အမှန်တကယ် တိုက်ခိုက်လိုလျှင်, ဤလူသည် သူ ပထမဆုံး သတ်ဖြတ်ချင်သောလူ ဖြစ်သည်။ မဟုတ်လျှင်, လင်းချင်ရှန်းက သူ့ကို ဒုက္ခအကြီးအကျယ် ပေးပါလိမ့်မည်။

သေချာသည်မှာ, အကယ်၍, လင်းချင်ရှန်းသည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကြောင့် အဖြစ်ဆိုးကြီး ကြုံတွေ့ရသည်ကို မြင်တွေ့ရလျှင်, ချင်ယွင်သည် ပို၍ပျော်ရွှင်နေမည် ဖြစ်သော်လည်း၊ ထိုကဲ့သို့ မဖြစ်နိုင်သည်မှာ ထင်ရှားပါသည်။

အကယ်၍, လင်းချင်ရှန်း၏စိတ်ဆန္ဒသည် မသန်မာဘူးဆိုလျှင်ပင်, သူသည် အများကြီး အားနည်းနေမှာ မဟုတ်ဟု ချင်ယွင်က ယုံကြည်ထားသည်။

ဘန်း..။

လင်းချင်ရှန်းသည် မဟူရာနတ်ဘုရားကျောက်တုံး တံခါးကြီးရှိရာဆီသို့ လျှောက်သွား သည်။ လူတိုင်း၏အကြည့်များသည် ချက်ချင်းပင် သူ့အပေါ်သို့ ကျရောက်သွားသည်။ သူတို့သည် အသေးစိတ်အချက် တချို့တလေကိုပင် လွဲချော်မှာ စိုးရိမ်နေသည့်အလား သူ့ကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်နေကြသည်။

"ရှီး..…”

လင်းချင်ရှန်းသည် နတ်ဘုရားတံခါးနှင့် ဆယ်မီတာအကွာသို့ လှမ်းလာစဉ်တွင် ပိန်လှီသော မျောက်တစ်ကောင်၏ ကြောက်မက်ဖွယ်အသံက နတ်ဘုရားတံခါးမှ ထွက်ပေါ်လာသည်။ မဟူရာနတ်ဘုရားကျောက်တုံး၏ အလင်းရောင်သည် တောက်ပစွာ လင်းလက်နေပြီး ၎င်းပေါ်ရှိ နတ်ဘုရားသားရဲပုံစံသည် အထက်အောက် ပြေးလွှားနေပြီး အသက်ရှင်နေပုံရ သည်။

တစ်ဖက်တွင်မူ၊ လင်းချင်ရှန်းသည် သူ့နောက်ကျောတွင် ကြီးမားသောတောင်ကြီးတစ်ခုကို ထမ်းထားရသည့်အလား ခံစားနေရသည်။ သူ့နဖူးမှ ချွေးများ စိမ့်ထွက်နေပြီး သူ့တစ်ကိုယ်လုံး နာကျင်သော အမူအရာ ပေါ်လွင်သည်။ သို့သော် သူသည် လွင့်ထွက်သွား ခြင်းမရှိခဲ့ပေ။ ယင်းအစား နတ်ဘုရားတံခါးဆီသို့ ဆက်လျှောက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက မျက်မှောင်ကြုတ်သွားကြသည်။

"အဟွတ်..”

လင်းချင်ရှန်းသည် နတ်ဘုရားတံခါးအောက်သို့ လျှောက်သွားစဉ်တွင် သူ့ပါးစပ်မှ သွေးချောင်းတစ်ချက်ဆိုးကာ, သူ့မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

သို့သော်လည်း လင်းချင်ရှန်းသည် သူ့သွားများကို တင်းတင်းကြိတ်ကာ နောက်ဆုံး အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး၊ နတ်ဘုရားတံခါးအတွင်းသို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ သည်။

လင်းထန်ဘသည် ဤမြင်ကွင်းကို မြင်သောအခါ တောက်ပစွာ ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ချင်ယွင်ကို ရန်စသည့်အမူအရာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်က ပြုံးပြီး လင်းထန်ဘ၏ အကြည့်ကို ဂရုမစိုက်။

လင်းချင်ရှန်းသည် နတ်ဘုရားတံခါးကို ဖြတ်လျှောက်နိုင်လိမ့်မည်ဟု ချင်ယွင်က မျှော်လင့်ထားသည်။ သို့သော် လင်းချင်ရှန်းပင်လျှင် ထိုကဲ့သို့လုပ်ဆောင်ရန် ခက်ခဲလိမ့် မည်ဟု ချင်ယွင်က မမျှော်လင့်ခဲ့ပေ။

"ကဲ မင်းအလှည့် ရောက်ပြီ။" လင်းထန်ဘက ချင်ယွင်ကို သရော်ဟန်ဖြင့် ပြောသည်။

"မစိုးရိမ်ပါနဲ့ မြို့တော်သခင်လင်း၊ ကျုပ်က ကတိဖျက်မှာ မဟုတ်ပါဘူး" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူကိုယ်တိုင် တိုက်ပွဲဝင်ရန် ပြင်ဆင်သည်။

"ညီအစ်ကိုလင်း၊ ငါ့ကို အရင်သွားခွင့်ပြုပါ" သို့သော်လည်း ယခုအချိန်တွင် ကျိုးဟုန်ရွှဲ့ အနားရှိ ဆံပင်ဖြူအဘိုးကြီးက စကားပြောလာသည်။

All Chapters