← Chapters

အခန်း ၁၃၆၃

Vol. 91 Ch. 1363

အခန်း ၁၃၆၃

Vol. 91 Ch. 1363

အခန်း (၁၃၆၃) ဗာမီလီယမ်ငှက်စိတ်ဆန္ဒ။

ကျိုးဟုန်ရွှဲ့ ထွက်သွားသည်ကို မြင်တော့ အဝေးမှ အေးစက်စက်လူသည် မထီမဲ့မြင်ပြု သည့် အမူအယာကို ထပ်မံ ထုတ်ဖော်လိုက်ပါသည်။

ချင်ယွင်၏မျက်နှာသည် သတိနှင့်အပြည့် ရှိနေခဲ့သည်။ ယခုအချိန်တွင် သူအစိုးရိမ်ဆုံးမှာ ကျိုးဟုန်ရွှဲ့သည် နတ်ဘုရားတံခါးကို ဖြတ်ကျော်နိုင်စွမ်း ရှိမရှိကိစ္စ မဟုတ်ပေ။ ယင်းအစား လင်းထန်ဘက ကျိုးဟုန်ရွှဲ့အပေါ် အခွင့်ကောင်းယူပြီး သူမကို ရုတ်တရက် တိုက်ခိုက်လာမည်ကို သူ စိုးရိမ်ဆုံးဖြစ်သည်။ ကျိုးဟုန်ရွှဲ့၏ အင်အားဖြင့် ခုခံရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ချင်ယွင်သည် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့ကို သတိထားရန် ပြောကာ လိပ်နက်နတ်သားရဲထံ အသံဖြင့် အလျင်အမြန် ပေးပို့လိုက်သည်။

လိပ်နက်နတ်သားရဲသည် ထုံးစံအတိုင်း သဘောတူလိုက်သော်လည်း သူတို့နှစ်ယောက်ကို တစ်ယောက်တည်း တားဆီးတိုက်ခိုက်ရန်မှာ သူ့အတွက် လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် စိုးရိမ်နေဆဲပင်။

ဘန်း…။

ကျိုးဟုန်ရွှဲ့သည် နတ်ဘုရားတံခါးဆီသို့ လျှောက်သွားခဲ့သည်။ သေချာသည်မှာ၊ သူမသည် နတ်ဘုရားတံခါး၏ သြဇာလွှမ်းမိုးမှုနယ်မြေထဲသို့ ဝင်ရောက်လာစဉ်တွင်၊ နတ်ဘုရား တံခါးရှိ နတ်ဘုရားသားရဲပုံစံများသည် ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။

သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ဟောက်သံ ထွက်ပေါ်လာပြီး နတ်ဘုရား အလင်းရောင်သည် နတ်ဘုရားတံခါးမှ တစ်ဖန် ပွင့်လန်းလာသည်။

သို့သော် ယခုတစ်ကြိမ်သည် ယခင်နှင့်မတူ။ ထိုနတ်သားရဲပုံစံများသည် နတ်ဘုရားတံခါး အထက်တွင် ကြုံရာကျပန်း လွင့်ပျံသန်းနေခြင်း မဟုတ်တော့ပေ။ ယင်းအစား၊ ၎င်းတို့သည် နတ်ဘုရားတံခါးကို ဖြတ်ကျော်နေသော ကျိုးဟုန်ရွှဲ့၏ ဦးခေါင်းထက်တွင် ရစ်ပတ်နေခဲ့သည်။

ကျိုးဟုန်ရွှဲ့၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း သူမသည် ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။ ထိုစိတ်ဝိညာဉ်ပုံရိပ်များသည် သူမဦးခေါင်းထက်တွင် အဆက်မပြတ် ဟိန်းဟောက်နေလေ သည်။

လူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးသည် အံ့အားသင့်နေသည့် အမူအရာကိုယ်စီ ထုတ်ဖော်လာကြသည်။

ထိုနတ်ဘုရားသားရဲပုံရိပ်များသည် နတ်ဘုရားတံခါးပေါက်မှ ရုတ်တရက် ထွက်သွားပြီး ကျိုးဟုန်ရွှဲ့၏ ခေါင်းထက်တွင် အဘယ်ကြောင့် ရစ်ဝဲနေသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ပါ။

"ဒါက ဘိုးဘေးနတ်ဘုရားရဲ့ အသိမှတ်ပြုမူမလား။" လိပ်နက်က အံ့သြစွာ ပြောသည်။

ထိုစကား ပြောပြီးသည်နှင့် လူတိုင်း အံ့အားသင့်နေသည့် အမူအရာများ ဖြစ်ပေါ်လာကြပြန် သည်။

ဘိုးဘေးနတ်ဘုရား၏ အသိမှတ်ပြုမူလား။ ယင်းက ကျိုးဟုန်ရွှဲ့သည် ဘိုးဘေး နတ်ဘုရားအလိုဆန္ဒကို ရယူနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

လင်းထန်ဘသည် မျက်မှောင်ကြုတ်ပြီး လင်းချင်ရှန်းလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြပြီး၊ သူတို့၏မျက်လုံးများက သတ်ဖြတ်လို သည့်ဆန္ဒနှင့်အတူ တဖျပ်ဖျပ်ခတ်နေသည်။

ဟုတ်ပါသည်၊ သူတို့သည် ကျိုးဟုန်ရွှဲ့၏ ကိုယ်ရေးအချက်လက်ကို သိထားကြပါသည်။ ယခုအခါ ကျိုးဟုန်ရွှဲ့သည် ဘိုးဘေးနတ်ဘုရား၏ အသိအမှတ်ပြုခြင်းကို ခံရပြီး၊ ယင်းက လွင့်မျောနှင်းမြို့တော်တွင် ပြိုင်ဘက်ကင်း နောက်ထပ် ပါရမီရှင်တစ်ဦး ရှိလာမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဆောင်းအကာကွယ်မြို့တော်၏ မြို့တော်သခင်တစ်ဦးအနေဖြင့်, သူသည် သဘာဝအတိုင်း ထိုသို့ဖြစ်ရန် ခွင့်မပြုပေ။ ထို့ကြောင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် သူတို့၏ နှလုံးသားထဲတွင် ချက်ချင်း ပေါ်လာသည်။

အေးစက်တင်းမာသော လူသည် ထိုအခိုက်အတန့်တွင် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်သော်လည်း, သူသည် အံ့သြသွားရုံမျှသာဖြစ်ပြီး တုန်လှုပ်ချောက်ချားခြင်း မရှိပေ။

ချင်ယွင်လည်း ကျိုးဟုန်ရွှဲ့သည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒ၏ အမွေကို အမှန်တကယ် ရရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော်၊ ယင်းက ချင်ယွင်ကို ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ရှိလာစေခဲ့သည်။

အကယ်၍, ကျိုးဟုန်ရွှဲ့၏ စွမ်းဆောင်မှုသည် ထူးချွန်နေပါက, လင်းထန်ဘသည် သူမကို လွှတ်ပေးရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။ ယခု ကျိုးဟုန်ရွှဲ့သည် ဘိုးဘေးနတ်ဘုရား၏ အလိုဆန္ဒကို ရယူတော့မည်ဖြစ်သောကြောင့် လင်းထန်ဘသည် သေချာပေါက် လှုပ်ရှားတော့မည် ဖြစ်သည်။

"လိပ်နက်လေး, ဒီလင်းထန်ဘက လှုပ်ရှားနိုင်တယ်၊ မင်း သူ့ကို တားရမယ်။" ချင်ယွင်သည် လိပ်နက်နတ်သားရဲကို အမြန်သတိပေးလိုက်သည်။

"သခင်ကြီး စိတ်မပူပါနဲ့။ တကယ်တော့, ကျွန်တော် မရှိရင်တောင် သခင်မလေးကျိုးက အဆင်ပြေမှာပါ" လိပ်နက်၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"သခင်မလေးကျိုးက ဘိုးဘေးနတ်ဘုရားရဲ့ အသိမှတ်ပြုမူကို ရရှိထားပြီး ဘိုးဘေး နတ်ဘုရားရဲ့ အလိုဆန္ဒနဲ့ ပေါင်းစပ်နေတယ်။ ပုံမှန်အားဖြင့်၊ သူမက ဘိုးဘေးနတ်ဘုရားရဲ့ အကာအကွယ်ကို ရရှိလိမ့်မယ်။ တကယ်လို့ ဒီလူနှစ်ယောက်သာ အခုချိန်မှာ သခင်မလေးကျိုးကို တိုက်ခိုက်လိုက်ပါက, သူတို့အနေနဲ့ တကယ်ပဲ ပြဿနာတစ်ရပ်ကို တောင်းခံလိုက်ခြင်း ဖြစ်လိမ့်မယ်” လိပ်နက်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကြားတော့ ချင်ယွင် ပြုံးလိုက်ပါသည်။

အကယ်၍, လိပ်နက်နတ်ဘုရားသားရဲ ပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့လျှင်, ကျိုးဟုန်ရွှဲ့သည် အမှန်တကယ် အန္တရာယ်ရှိမည် မဟုတ်တော့ပေ။ ဤနည်းဖြင့် သူသည် ပို၍ သက်တောင့်သက်သာ ခံစားရသည်။

ဘန်း…။

ချင်ယွင်သည် ကျိုးဟုန်ရွှဲ့၏ လုံခြုံရေးအတွက် စိတ်ပူနေချိန်မှာ နတ်ဘုရား တံခါးအောက် သို့ လျှောက်လှမ်းတော့မည့် ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောက်ပလာ သည်။ ထို့နောက်တွင်၊ ဗာမီလီယမ်ငှက် နတ်ဘုရားသားရဲတစ်ကောင်သည် ကျိုးဟုန်ရွှဲ့၏ ဦးခေါင်းထက်တွင် တည်ရှိနေသော နတ်ဘုရားသားရဲပုံရိပ်များကြားမှ ပျံထွက်သွားပြီး ကျယ်လောင်စွာ ဟစ်ကြွေးကာ ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေသည်။

ဗာမီလီယမ်ငှက်ပုံရိပ်ကြီးသည် ကျိုးဟုန်ရွှဲ့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ ကျိုးဟုန်ရွှဲ့၏ စိတ်နေစိတ်ထားမှာ တုနှိုင်းမရလောက်အောင် အားကောင်းလာခဲ့သည်။ သူသည် ပြိုင်ဘက်ကင်း ဗာမီလီယမ်ငှက် နတ်ဘုရားသားရဲတစ်ကောင်အဖြစ် ပြန်လည် မွေးဖွားလာသည့်အလား နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းတွေက သူမ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေကာ အနှိုင်းမဲ့ မြင့်မြတ်သော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

တစ်ဖက်တွင်၊ ကျိုးဟုန်ရွှဲ့၏ မျက်ခုံးကြားတွင် အနီရောင် အမှတ်အသားတစ်ခု ပေါ်လာပြီး၊ သူမ၏ လှုပ်ရှားသက်ဝင်နေသော မျက်နှာကို ပို၍ပင် တောက်ပစေပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးတွေက အံ့ဩသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားသော ဗာမီလီယမ်ငှက်ပုံရိပ်ကြီးသည် ဘိုးဘေးနတ်ဘုရား၏ အလိုဆန္ဒဖြစ်ကြောင်း သူသိသည်။ သို့သော် ကျိုးဟုန်ရွှဲ့သည် နတ်ဘုရားသားရဲ ဗာမီလီယမ်ငှက်စိတ်ဆန္ဒကို အမှန်တကယ် ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော်၊ ယင်းက ချင်ယွင်ကို အလွန်စိတ်လှုပ်ရှားစေပြီး ကျေနပ် အားရစေသည်။

နောက်ဆုံးတွင် ကျိုးဟုန်ရွှဲ့သည် သူ့တူမ တစ်ဝက်အဖြစ် သတ်မှတ်၍ရသည်။ ကျိုးဟုန်ရွှဲ့ က ပို၍သန်မာလေလေ၊ သူမ၏ အရည်ချင်းက ပို၍ တောက်ပလာလေပင်။ ချင်ယွင်သည် ပို၍ပင် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည်။ ဟုတ်ပါသည်။ ထိုပျော်ရွှင်မူက အကြီးကဲ တစ်ယောက်က ငယ်ရွယ်သူတွေအပေါ် တန်ဖိုးထားသည့် လေးမြတ်မှုတစ်ခုသာ ဖြစ်ပြီး ထိုအထဲမှာ ယောက်ျား-မိန်းမ ချစ်ခင်မှုမျိုး နည်းနည်းလေးမှ မပါပါဘူး။

သို့သော် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူတို့၏ အမူအရာမှာ အလွန်အမင်း အုံ့မှိုင်းသွားခဲ့သည်။

ဘန်း..။

လင်းထန်ဘ၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားခဲ့သည်။ ထို့နောက် သူ့လက်ဖဝါးမှ ပြင်းထန်သော နတ်ဘုရားတန်ခိုး အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားတံခါးမှ ထွက်ခွာတော့မည့် ကျိုးဟုန်ရွှဲ့ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ကြယ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင်ရှိနေသည့် ကျိုးဟုန်ရွှဲ့ကို မဆိုထားနှင့်၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပင်လျှင် ထိုလက်ဖဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့်, အကယ်၍, ထိုလက်ဖဝါးရိုက်ချက်သာ ကျိုးဟုန်ရွှဲ့ကို ထိမှန်သွားပါက ကျိုးဟုန်ရွှဲ့သည် သေရမည်မှာ သေချာပါသည်။

ချင်ယွင်၏နှလုံးသည် တစ်ချက် ခုန်သွားသော်လည်း သူ့ကို တားဆီးရန် နည်းလမ်း မရှိသဖြင့် သူသည် ကူကယ်ရာမဲ့သာ စောင့်ကြည့်နေနိုင်ခဲ့သည်။

သို့သော်လည်း လင်းထန်ဘ၏ လက်ဖဝါးသည် ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်ကို ထိလုခါနီး အချိန်တွင် ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဗာမီလီယမ်ငှက်ပုံရိပ်ကြီးသည် ကျိုးဟုန်ရွှဲ့ကို ချက်ချင်း ဖုံးအုပ်သွားပြီး၊ လင်းထန်ဘ၏ လက်ဖဝါးသည် ဗာမီလီယမ်ငှက် ပုံရိပ်ကြီးပေါ်သို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ဘန်း…။

ဗာမီလီယမ်ငှက် ပုံရိပ်ကြီးသည် ပြင်းထန်သော တုန်ခါအသံကို ထုတ်လွှတ်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါသည်။

လင်းထန်ဘ၏ လက်ဖဝါးသည် စက္ကူထက် ပိုမိုပါးလွှာသော ဗာမီလီယမ်ငှက်ပုံရိပ်ကြီးကို ဖြိုခွဲရန် ကျရှုံးခဲ့ရုံသာမက, ဗာမီလီယမ်ငှက်ပုံရိပ်ကြီးထံမှ ပေါက်ကွဲထွက်လာသော နတ်ဘုရားအလင်းကပင် သူ့ကို ထိမှန်သွားခဲ့သည်။ သူသည် ချက်ချင်းပင် နောက်ပြန် လွင့်ထွက်သွားကာ အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ပါးစပ်ထဲ သွေးများ လွင့်စင်သွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" အဝေးသို့ ပြုတ်ကျသွားသည့် လင်းထန်ဘ သည် သူ့မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်သွားသော အမူအရာ ပေါ်လွင်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရမှ ချင်ယွင်သည် သက်ပြင်းချနိုင်ခဲ့သည်။

လိပ်နက် ပြောခဲ့သည့်အတိုင်းပင်။ လင်းထန်ဘသည် ဘိုးဘေးနတ်ဘုရား၏ အလိုဆန္ဒ ကာကွယ်ပေးထားသော ကျိုးဟုန်ရွှဲ့ကို တိုက်ခိုက်ခြင်းဖြင့် သေခြင်းတရားကို အမှန်တကယ် ဆွဲဆောင်ခဲ့ပါသည်။ နောက်ဆုံးတွင် သူသည် ဘိုးဘေးနတ်ဘုရား၏ အလိုဆန္ဒကြောင့် ဒဏ်ရာရသွားခဲ့သည်။

ကျိုးဟုန်ရွှဲ့လည်း သူမရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ ဤအခိုက်အတန့် ရောက်မှသာ သူမသည် ဖြစ်ပျက်ခဲ့သည်များကို တုံ့ပြန်လာနိုင်သည်။ သူမသည် သူမ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသော ဗာမီလီယမ်ငှက်ပုံရိပ်ကြီးကို ကြည့်လိုက်ရင်း, သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

သေချာသည်မှာ, ဤဘိုးဘေးနတ်ဘုရား၏ အလိုဆန္ဒသည် ကျိုးဟုန်ရွှဲ့ကို ထာဝရ အကာကွယ်မပေးနိုင်ပါ။ သို့သော်လည်း ကျိုးဟုန်ရွှဲ့သည် အချိန်တိုအတွင်း ထိခိုက်မှု မရှိနိုင်ကြောင်း အာမခံနိုင်ပါသည်။ ဤအချိန်က ချင်ယွင်အတွက် လုံလောက်နေပါပြီ။ သူ နတ်ဘုရားတံခါးကို ဖြတ်ကျော်နိုင်သည်နှင့် လင်းထန်ဘသည် ကျိုးဟုန်ရွှဲ့ကို ထိခိုက် စေလိုလျှင်ပင် မဖြစ်နိုင်တော့ပါ။

လင်းထန်ဘသည် ကြီးကြီးမားမား ခံစားလိုက်ရပုံပေါ်သည်။ သူသည် မြေပေါ်ကနေ ထလာပြီး နောက်တဖန် မတိုက်ခိုက်တော့ပေ။ သူသည် ကျိုးဟုန်ရွှဲ့ကို စိုက်ကြည့်ရုံသာ ကြည့်နေခဲ့သည်။

"အခု ခင်ဗျား အလှည့်ပဲ။" ချင်ယွင်က ထိုအကြောင်းကို ဂရုမစိုက်တော့ဘဲ အဝေးက အေးစက်စက်လူကို ပြောလိုက်သည်။

ချင်ယွင်၏စကားကို ကြားသောအခါ အေးစက်စက် လူက ပြုံးလိုက်သည်။ သူက ချင်ယွင် ဘက်လှည့်ပြီး ပြောသည် "ဘာလို့ ငါတို့နှစ်ယောက် အရင် မတိုက်ခိုက်ကြတာလဲ”။

All Chapters