← Chapters

အခန်း ၁၃၆၅

Vol. 91 Ch. 1365

အခန်း ၁၃၆၅

Vol. 91 Ch. 1365

အခန်း (၁၃၆၅) ဘိုးဘေးနတ်ဘုရားအလိုဆန္ဒ။

နတ်ဘုရားတံခါး၏ အခြားတစ်ဖက်တွင်မူ, ချင်ယွင်သည် နတ်ဘုရားတံခါးဆီသို့ လျှောက်သွားသည်ကို လူတိုင်း မြင်လိုက်ရသောအခါတွင် အားလုံးက သူ့ကို အနီးကပ် စိုက်ကြည့်နေကြသည်။

လင်းချင်ရှန်း၊ လင်းထန်ဘတို့ဖြစ်စေ, ချင်ယွင်ဘက်မှ ကျိုးဟုန်ရွှဲ့ဖြစ်စေ, ချင်ယွင်၏ စစ်မှန်သော ခွန်အားနှင့် အရည်အချင်းကို အရမ်းကို သိချင်နေခဲ့ကြသည်။

ချင်ယွင်၏ ခွန်အားသည် သူတို့၏မျက်လုံးထဲတွင် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေခဲ့ သည်။ ယခု ချင်ယွင်သည် ဤနတ်ဘုရားတံခါးကို ဖြတ်ကျော်လိုသည်။ ထို့ကြောင့်၊ သူတို့သည် ဤမျှကောင်းမွန်သည့် အခွင့်အရေးကောင်းကို မည်ကဲ့သို့ လက်လွှတ်ခံနိုင် မည်နည်း။

"ချင်းရှန်း၊ ဒီလူက ဘိုးဘေးနတ်ဘုရားရဲ့ အသိမှတ်ပြုမူကို ရရှိပြီး ဘိုးဘေးနတ်ဘုရားရဲ့ အလိုဆန္ဒကို ရယူနိုင်မယ်လို့ မင်း ထင်လား။" လင်းထန်ဘက လင်းချင်ရှန်းကို အသံပို့လွှင့်မှုမှ တစ်ဆင့် မေးမြန်းလိုက်သည်။

"ဒီလူငယ်က မရိုးရှင်းဘူး။ အစကတည်းကနေ အခုအချိန်အထိ သူ့ရဲ့ကျင့်ကြံမှု အစစ်အမှန် ကို ကျွန်တော် မတွေ့ခဲ့ရဘူး။ ဒါ့အပြင် ဒီကောင်လေးရဲ့ အကြံအစည်က ဘယ်သူနဲ့မှ ယှဉ်လို့မရတဲ့ အရာတစ်ခုပဲ။ သူက ကြောက်စရာကောင်းတဲ့ ရန်သူဖြစ်လာမှာ သေချာတယ်။ တကယ်လို့, သူသာ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို ရရှိသွားမယ်ဆိုရင်, ဒါက ကျွန်တော်တို့အတွက် ပိုပြီး ဒုက္ခများလိမ့်မယ်” လင်းချင်ရှန်းက အသံပို့လွှင့်မှုမှ တစ်ဆင့် ပြန်ကြားလိုက်သည်။

လင်းထန်ဘသည် လင်းချင်ရှန်း၏ စကားကို ကြားသောအခါတွင် သူ၏နဖူးပေါ်ရှိ အရေးအကြောင်းများသည် မထိန်းနိုင်ဘဲ နက်ရှိုင်းလာခဲ့သည်။

လင်းချင်ရှန်း ပြောခဲ့သလိုပင်, သူသည် ထိုလူငယ်၏ ကျင့်ကြံမှုနှင့် ခွန်အားကို တိတိပပ မမြင်နိုင်ပေ။ ထို့ကြောင့်သာ, သူ မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့၏ တိုက်ပွဲမှတဆင့် ဤလူငယ်၏ ခွန်အားသည် သူထင်သလောက် မသန်မာကြောင်း နားလည်စေခဲ့သည်။ ၎င်းသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား အဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့်ပင် သူသည် ဤလူငယ်ကို သံသယစိတ်လွန်ကဲစွာ ဖြင့် ဆက်ဆံမိနေသလားဟုပင် သူ သံသယဖြစ်မိသည်။ ထို့ကြောင့် သူ့နှလုံးသားက ထိုလူငယ်ကို ယခုလေးတင် အထင်မြင်သေးလာခဲ့သည်။

ယခုမူ သူ့ညီငယ် လင်းချင်ရှန်း၏ စကားကို ကြားလိုက်ရတော့ သူ အံသြသွားသလို ခံစားလိုက်ရသည်။

ယခင်က လင်းချင်ရှန်းသည် ချင်ယွင်နှင့် လိပ်နက်နတ်ဘုရားသားရဲ၏ တိုက်ပွဲမြင်ကွင်းကို ပြောပြထားပြီး ဖြစ်သည်။ လင်းချင်ရှန်း၏ ဖော်ပြချက်အရ လင်းယု၏ စွမ်းအားသည် မြေကမ္ဘာနတ်ဘုရားအဆင့် အထွတ်အထိပ်တွင် သေချာပါသည်။ သို့သော် အစောပိုင်းက ဟွမ်ဟော်ရန်နှင့် တိုက်ခိုက်သောအခါတွင် သူ့စွမ်းအားသည် မြေကမ္ဘာနတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်နှင့် အလှမ်းဝေးနေသေးသည်ကို တွေ့ရှိခဲ့ရသည်။

ယခုဆိုလျှင် လင်းထန်ဘသည် ချင်ယွင် အမှန်တကယ် မည်မျှ သန်မာသည်ကို မသိနိုင်သေးပေ။

"တကယ်လို့, သူသာ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို မယူနိုင်ခဲ့ဘူးဆိုရင်, ငါ သူ့ကို တိုက်ရိုက် သတ်ပစ်မယ်။ လိပ်နက်ကို တားဆီးထားဖို့ ဟွမ်ဟော်ရန်ကို တောင်းဆို လိုက်ပါ။ သူ့ကို သတ်လိုက်တာနဲ့ လိပ်နက်လည်း အလိုလို သေဆုံးသွားလိမ့်မယ်" လင်းထန်ဘသည် လင်းချင်ရှန်းသို့ အသံပို့လွှတ်လိုက်သည်။

"ငါတို့ နောက်ထပ် စောင့်ကြည့်သင့်လား?။ တကယ်လို့ သူသာ အမှန်တကယ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ရင်၊ သေမင်းတမန် တိုက်ပွဲကြီးကို သေချာပေါက် ကြုံတွေ့ရလိမ့်မယ်။" လင်းချင်ရှန်းက စိုးရိမ်တကြီး မေးသည်။

"ငါတို့ ​နောက်​ထပ် ​မ​စောင့်​​နိုင်တော့ဘူး။ သူ ဘိုး​ဘေးနတ်​ဘု​ရား​အလို​ဆန္ဒ​ကို ​မ​ရ​တာနဲ့ ငါတို့ ​လှုပ်ရှား​ရ​လိမ့်​မယ်။ အရင်က သူ ဒီ​လိပ်​နက်​နတ်​သား​ရဲ​ကို ထိန်းချုပ်နိုင်ရတဲ့ အကြောင်းရင်းက သူ့ကိုယ်ပိုင် အစွမ်းအစကြောင့်ဘဲ အခြားစွမ်းအားတစ်ခုကြောင့်လို့ ငါ ခန့်မှန်းထားတယ်။ ဒီလိုစွမ်းအားမျိုးကလည်း ကန့်သတ်ချက် ကြီးကြီးမားမား ရှိနေနိုင် တယ်။ ဒါကြောင့်, ငါတို့က သူ့ကို သတ်ချင်တယ်ဆိုရင်, ငါတို့အနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရလိမ့်မယ်။ သေချာတာက, ဒီလှုပ်ရှားမူရဲ့ အခြေခံကတော့ ဘိုး​ဘေး နတ်​ဘု​ရား​အလို​ဆန္ဒကို ခံယူနိုင်ခြင်း ရှိမရှိအပေါ်မှာ မူတည်နေတယ်” လင်းထန်ဘက စိတ်ပိုင်းဆိုင်ရာဖြင့် ပေးပို့လိုက်သည်။

လင်းချင်ရှန်း ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူ့အတွေးတွေကလည်း လင်းထန်ဘ နှင့် အတူတူပင်။

သို့ရာတွင်၊ သူ့ရှေ့တွင်ရှိသော ဤလူငယ်သည် ဘိုး​ဘေးနတ်​ဘု​ရား​အလို​ဆန္ဒ၏ အသိမှတ်ပြုမူကို မရရှိနိုင်ဖို့က ဖြစ်နိုင်ချေ အလွန်နည်းပါသည်။ ထို့ကြောင့် အဖြစ်ပျက်ကို ပြောဆိုရန်မှာ အလွန်ခက်ခဲပါသည်။

ကျိုးဟုန်ရွှဲ့လည်း မျက်တောင်မခတ်ဘဲ နတ်ဘုရားတံခါးဆီသို့ ဦးတည်သွားနေသော ချင်ယွင်ကို စိုက်ကြည့်နေသည်။ အစကတည်းက အခုချိန်ထိ သူမသည် ချင်ယွင်အကြောင်း ကို အရမ်းသိချင်နေခဲ့သည်။

ချင်ယွင်က သူမကို သိနေသည်ဟု သူမ ခံစားမိသော်လည်း, သူမသည် ချင်ယွင်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ထို့အပြင် ချင်ယွင် သူမကို ကြည့်နေပုံစံက သူမကို ဂရုစိုက်လွန်းသည်ဟု ခံစားရစေသည်။ ထိုခံစားချက်က သူမအဖေနှင့် အဒေါ်ဆီမှာ ဖြစ်ပေါ်လာခဲ့ ဖြစ်သည်။

"အတိအကျ သူက ဘယ်သူလဲ" ကျိုးဟုန်ရွှဲ့က သူမကိုယ်သူမ ရေရွတ်လိုက်သည်။

အေးအေးလူတစ်ယောက်သာ စကားမပြောဘဲ နတ်ဘုရားတံခါးရှေ့တွင် အထင်သေးဟန် ဖြင့် တိတ်တဆိတ် ရပ်နေခဲ့သည်။

ဘန်း…။

လူတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကိုယ်ပိုင်အတွေးများဖြင့် အတွေးကိုယ်စီ ရှိနေကြစဉ်မှာ, ချင်ယွင်သည် နောက်ဆုံးတွင် နတ်ဘုရားတံခါး၏ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သောအခါ, သူ့ပတ်ဝန်းကျင်ကမ္ဘာသည် ရုတ်တရက် ပြောင်းလဲသွားသည်ကို သူ ချက်ချင်း ခံစားလိုက်ရသည်။

ပတ်​ဝန်းကျင်​ရှိ အရာအားလုံး ​ပျောက်​ကွယ်​သွားသည်​။ ကမ္ဘာကြီးတစ်ခုလုံး ချက်ခြင်း အမှောင်ကျသွားသည်။ သူ့ရှေ့တွင် ကြီးမားသော နတ်ဘုရားတံခါးကြီးတစ်ခုသာ ရှိနေသည်။ ထိုနတ်ဘုရားတံခါးသည် အဝေးမှာရှိနေခဲ့ပြီး အလွန် ဝေးကွာလှ၏။ ၎င်းသည် အစစ်အမှန်နှင့် အစစ်အမှန်မဟုတ်သော ခံစားမှုကြားမှာ ရှိနေခဲ့သည်။

"အောင်း.”

သားရဲတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ အနှိုင်းမဲ့တန်ခိုးကြီးသော နတ်ဘုရားသားရဲ တစ်ကောင်သည် နတ်ဘုရားတံခါးမှ ချက်ခြင်း ထွက်ပေါ်လာပြီး ချင်ယွင်အပေါ် ပြင်းထန်စွာ ဖိအားပေးနေသည့် အနှိုင်းမဲ့ ပြင်းသောဖိအားကို ထုတ်လွှတ်လိုက်သည်။

ဤဖိနှိပ်ခြင်းစွမ်းအားသည် ကိုယ်ခန္ဓာမှ မဟုတ်ဘဲ၊ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော အရပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍, လူတစ်ဦး၏စိတ်ဆန္ဒသည် မခိုင်မာပါက, ထိုနတ်ဘုရားသားရဲမှ ထုတ်လွှတ် သော ကြောက်မက်ဖွယ် အငွေ့အသက်ကြောင့် ကြောက်ရွံ့တုန်လှုပ်နေမည်မှာ သေချာပါ သည်။

ဤအရာအားလုံးက အဆုံးသတ် မဟုတ်သေးပါဘူး။ ထိုကြီးမားသော နတ်ဘုရားသားရဲ ကြီး ထွက်ပေါ်လာပြီးနောက်, နောက်ထပ် နတ်ဘုရားသားရဲများ တစ်ကောင်ပြီး တစ်ကောင် နတ်ဘုရားသားရဲတံခါးဆီမှ ပြေးထွက်လာကာ၊ ကောင်းကင်ယံ၌ ရိုင်းစိုင်းစွာ ပြေးလွှားနေကြသည်။ ၎င်းတို့သည် အချိန်မရွေး အောက်သို့ ပြေးဆင်းပြီး ချင်ယွင်ကို ၎င်းတို့ပါးစပ်ထဲ ဝါးမျိုးလိုသည့်အလား ၎င်းတို့၏သွားများနှင့် ခြေသည်းများကို ဖွင့်လှစ်ထားကြသည်။

ထိုနတ်ဘုရားသားရဲများမှ ထုတ်လွှတ်သော ဖိအားသည် ချင်ယွင်အား ပြင်းထန်သော ဖိအားများ ပေးနေခဲ့သည်။

ထိုနတ်ဘုရားသားရဲ စိတ်ဆန္ဒများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖြန့်ကျက်ထားကြပြီး၊ သူအား အနည်းငယ် အသက်ရှူမဝသလို ခံစားရစေသည်။ သူ့ခြေထောက်များသည် နတ်တောင်နှစ်ခု၏ အလေးချိန်နှင့် ပြည့်နေပုံရပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးရန်ပင် ခက်ခဲစေသည်။

"ဒီဘိုးဘေးနတ်ဘုရားရဲ့ အလိုဆန္ဒက တကယ့်ကို သန်မာလွန်းတယ်။ လင်းဖန်းကို အရူးတစ်ယောက်အဖြစ် တိုက်ရိုက် ခြောက်ခြားသွားအောင် လုပ်နိုင်တာ အံ့သြစရာ မရှိတော့ပါဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

နတ်ဘုရားတံခါးအတွင်း၌ ချင်ယွင်၏အခက်အခဲကို တွေ့သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

"ကြည့်ရတာ ငါတို့ လွန်လွန်ကဲကဲ တွေးနေပုံရတယ်။ သူ့လက်ရှိအခြေအရ, ဘိုး​ဘေးနတ်​ဘု​ရား​အလို​ဆန္ဒရဲ့ အသိမှတ်ပြုမူခံရဖို့က သူ့အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။ သူ့မှာ လမ်းလျှောက်ဖို့တောင် အလွန့်လွန် ခက်ခဲနေတာ”။ လင်းထန်ဘက လှောင်ပြောင်ပြီး စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်ပါသည်။

လင်းချင်ရှန်းလည်း အလွန်အံ့သြသွားသည်။ ချင်ယွင်၏ ခက်ခဲသော အမူအရာကို ကြည့်ရင်း သူသည် ဝေခွဲမရဖြစ်သွားကာ "ငါများ သူ့ကို တကယ်ပဲ အထင်ကြီးနေတာ လား”။

ကျိုးဟုန်ရွှဲ့လည်း မျက်မှောင်ကြုတ်သွားသည်။ ဤအရာက သူမမျှော်လင့်ထားသလို မဟုတ်ပါဘူး။ သူမမျှော်လင့်ချက်တွင်၊ ချင်ယွင်သည် အနည်းဆုံး ဘိုး​ဘေးနတ်​ဘု​ရား​အလို​ဆန္ဒတစ်ခုကို ရရှိနိုင်မည် ဖြစ်သည်။ သို့သော်, သူသည် နတ်ဘုရားတံခါးဝသို့ လှမ်းဝင်သည် နှင့်တပြိုင်နက် ခုခံနိုင်စွမ်းမရှိတော့ပေ။ သူမမျှော်လင့်ထားသည့်အရာနှင့် အမှန်တကယ် ဝေးကွာလွန်းလှသည်။

ဤအခိုက်အတန့်တွင် ဟွမ်ဟော်ရန်သည် ဖုံးကွယ်မထားသည့် မထီမဲ့မြင်ပြုသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူသည် ပြန်လှည့်ရန် ပြင်ဆင်လိုက်ပြီး ချင်ယွင်အပေါ် သူ့စိတ်ဝင်စားမှု အားလုံးကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ဘန်း..။

သို့သော် ဟွမ်ဟော်ရန် လှည့်ခါနီးတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ရောက်ရှိလာခဲ့သည်။

မူလက မခံမရပ်နိုင်ဖြစ်နေခဲ့သော ချင်ယွင်သည် ရုတ်တရက် ထက်ရှလာခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် အလင်းဝင်ပေါက်မှ ထွက်ပေါ်လာသော ဓားတစ်လက်ကဲ့သို့ ချက်ချင်း ဖြစ်လာခဲ့ပြီး၊ အဆုံးမဲ့ ထက်ရှမှုကို ပေါ်လွင်စေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကောင်းကင်ဘုံအလိုဆန္ဒကို ထုတ်ဖော်လိုက်မှ ပိုပြီး လွယ်ကူလာတယ်” ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

ယခင်က၊ သူသည် သူ၏စိတ်ဆန္ဒအားလုံးကို ချုပ်နှောင်ထားပြီး ဘိုး​ဘေးနတ်​ဘု​ရား​အလို​ဆန္ဒကို ဆန့်ကျင်ရန် သူ့စိတ်ဝိညာဉ်ကို အသုံးပြုခဲ့သော်လည်း၊ ၎င်းကို ခံနိုင်ရည်ရှိရန်မှာ အမှန်တကယ်ပင် ခက်ခဲနေခဲ့သည်။

ယခုမူကား၊ ကနဦးစကြဝဠာ၏ ကောင်းကင်ဘုံအလိုဆန္ဒ ထွက်ပေါ်လာမှုနှင့်အတူ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများသည် ချက်ချင်း ပျောက်ကွယ်သွားကာ၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ၎င်း၏ဝန်ထုပ်ဝန်ပိုး အားလုံးကို ရုတ်တရက် ကျုံ့သွားကာ အနှိုင်းမဲ့ ဖြေလျှော့သွားပုံရသည်။

"အယ်?" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားကြသည်။

သို့သော်လည်း သူတို့သည် အဖြစ်ပျက်တွေကို မသိနိုင်ခင်မှာ နတ်ဘုရားတံခါးကနေ ထွက်ပေါ်လာသည့် နတ်ဘုရားသားရဲပုံရိပ်များသည် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်လာ ကြသည်။ ထို့နောက်, ၎င်းတို့သည် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား နေရာတိုင်းကို ထွက်ပြေးကြပြီး၊ နတ်ဘုရားတံခါးကြီးထဲ တစ်ကောင်ပြီး တစ်ကောင် ထိုးဖောက်ဝင်သွားကြသည်။ နတ်ဘုရားတံခါးအထက်က နတ်ဘုရားအလင်းရောင်တောင် မှ ချက်ချင်း မှိန်သွားခဲ့သည်။

“ဒါ… ဘာတွေဖြစ်နေတာလဲ။ ဘိုး​ဘေးနတ်​ဘု​ရား​အလို​ဆန္ဒနဲ့ ဖန်တီးထားတဲ့ ဒီပုံရိပ်ယောင် နတ်ဘုရားသားရဲတွေက ဘာကြောင့် ပြန်ဝင်သွားကြတာလဲ။” လင်းထန်ဘ သည် အံ့ဩသော အမူအရာဖြင့် မေးလိုက်ပါသည်။

စာစဉ် (၉၁) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၂၀.၁.၂၀၂၅)။

All Chapters