အခန်း ၁၃၆၆
Vol. 92 Ch. 1366
အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၂)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၃၆၆) ကောင်းကင်ဘုံအလိုဆန္ဒ။
လင်းထန်ဘ၏ စကားများသည် လူတိုင်း၏ နှလုံးသားထဲတွင် အတွေးများ ဖြစ်ပေါ်စေခဲ့ သည်။ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒမှ ဖြစ်ပေါ်လာသော ဤနတ်ဘုရားသားရဲများသည် အဘယ်ကြောင့် ၎င်းတို့၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်သွားပြီး ၎င်းတို့၏စိတ်ဆန္ဒ အားလုံးကို ပြန်လည်ချုပ်တည်းသွားရသနည်းဆိုသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
"ဘိုးဘေးနတ်ဘုရားအလိုဆန္ဒက ချင်ယွင်ကို အထင်မြင်သေးပြီး သူ့ကိုတောင် ပိုပြီး ဖိနှိပ်ခဲ့တာ ဖြစ်နိုင်မလား" လင်းထန်ဘက မိုက်မဲသောမေးခွန်းတစ်ခု မေးပြန်သည်။
"အထင်အမြင်သေးတယ်လို့ ကျွန်တော် မထင်ဘူး၊ ကြောက်စိတ်နဲ့ ပိုတူတယ်။" လင်းချင်ရှန်းသည် သူ့အတွေးများကို ထိန်းမထားဘဲ ထုတ်ပြောလိုက်သည်။
"ကြောက်တာလား?" လင်းထန်ဘက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
သူ့အမြင်အရဆို ဤအရာက လုံးဝ မဖြစ်နိုင်ရုံသာမက, ကြီးမားသည့် ဟာသကြီးတစ်ခုပင် ဖြစ်နေပါသည်။
ကျိုးဟုန်ရွှဲ့သည် ဖြစ်ပျက်ခဲ့သည်များကို နားမလည်ဘဲ သူမမျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ရှိနေသည်။
ဟွမ်ဟော်ရန်၏ မျက်လုံးတစ်စုံက ချင်ယွင်ကို လုံးလုံးလျားလျား ထွင်းဖောက်မြင်လိုသည့် အလား သိမ်းငှက်တစ်ကောင်ကဲ့သို့ ချင်ယွင်ကို စိုက်ကြည့်နေသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်လည်း အံ့အားသင့်သွားကာ သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။
ဤဘိုးဘေးနတ်ဘုရားအလိုဆန္ဒသည် နတ်ဘုရားတံခါးထဲသို့ အဘယ်ကြောင့် ပြန်ဆုတ် သွားရသည်ကို သဘာဝကျကျ သူ သိပါသည်။ ဟုတ်ပါသည်၊ ၎င်းတို့သည် သူ့စကြာဝဠာ ၏ ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို ခံစားနိုင်၍ ဖြစ်ပါသည်။
ဘိုးဘေးနတ်ဘုရားအလိုဆန္ဒသည် မည်မျှပင် သန်မာနေပါစေ၊ ကောင်းကင်ဘုံ၏ အလိုဆန္ဒနှင့် နှိုင်းယှဉ်၍ မရပေ။ ထို့ကြောင့် ဤဘိုးဘေးနတ်ဘုရား အလိုဆန္ဒသည် ချင်ယွင်၏ ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို မြင်သောအခါ၊ ကြောင်တစ်ကောင်ကို မြင်သည့် ကြွက်များကဲ့သို့ပင် သဘာဝအတိုင်း ထိတ်လန့်သွားကြသည်။
"ဘိုးဘေးနတ်ဘုရားအလိုဆန္ဒရဲ့ သဘောတူညီမူကို ငါ ရယူနိုင်ခြင်းမရှိတာကို မင်းတို့ အားလုံး မြင်ချင်နေကြတာ မဟုတ်လား။ ဒါဆိုလည်း မင်းမျက်လုံးတွေကို ကျယ်ကျယ် ဖွင့်ပြီး ကောင်းကောင်းကြည့်ရအောင် ငါ ခွင့်ပြုပေးမယ်။" ချင်ယွင်က သူ့နှလုံးသားထဲတွင် လှောင်ရယ်ရဘ်လိုက်ပြီး သူ့ရှေ့က နတ်ဘုရားတံခါးကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်ပါသည်။
ချင်ယွင်သည် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့ ပြောဆိုနေကြသည့် အကြောင်းအရာများ ကို မကြားခဲ့ရသော်လည်း သူတို့၏ အမူအရာများမှတဆင့် သူတို့ ပြောနေကြသည့်အရာကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသေးသည်။
နောက်ပိုင်းတွင်၊ လင်းထန်ဘသည် သူ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒ ဖိနှိပ်ခံနေရသည်ကို မြင်သောအခါ၊ သူသည် ဖုံးကွယ်၍မထားဘဲ အထင်အမြင်သေးသည့် အမူအရာကို ထုတ်ဖော်ပြသခဲ့ပြီး၊ လင်းထန်ဘသည် ပို၍ပင် ဖုံးကွယ်မထားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကိုပင် ထုတ်ဖော်ပြသခဲ့သည်။
ထိုလူများသည် သူ၏လှောင်ပြောင် ရယ်မောစရာ ပြက်လုံးတွေကို မြင်ချင်နေသောကြောင့် ချင်ယွင်က သူတို့မျက်နှာများကို ပြင်းပြင်းထန်ထန် ပါးရိုက်နိုင်မည့် အခွင့်အရေးကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မည်နည်း?။
ထို့ကြောင့် ချင်ယွင်သည် နတ်ဘုရားတံခါး ဦးတည်ရာဆီသို့ တိုက်ရိုက် ခြေလှမ်းလှမ်းခဲ့ သည်။ ထိုခြေလှမ်းသည် သာမာန်ခြေလှမ်းတစ်ခုကဲ့သို့ ထင်ရသော်လည်း ကောင်းကင်ဘုံ၏ အနှိုင်းမဲ့ အစွမ်းထက်သော အလိုဆန္ဒတစ်ခု ပါဝင်နေပါသည်။
ဘန်း…။
ချင်ယွင် ခြေလှမ်းချနင်းလိုက်သည်နှင့် မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက သူ့ခြေဖဝါးအောက်ခြေမှ ချက်ချင်း တုန်ခါသွားသည် ။
"ဖျစ်... ဖျစ်..."
ချင်ယွင်၏ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်း ကွဲအက်သွားပြီး အက်ကွဲလေးတစ်ခု ပေါ်လာသည်။ အက်ကွဲသံသည် အလွန်သေးငယ်သော်လည်း မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ နားထဲသို့ ကျရောက်သွားခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ ဘာကြောင့် မြေကြီးက ရုတ်တရက် ပြိုကွဲသွားတာလဲ၊ ဒီကြမ်းပြင်က နတ်ဘုရားမှော်သင်္ကေတတွေနဲ့ ကောင်းချီးပေးထားတာ မဟုတ်ဘူးလား။ လင်းထန်ဘက မတတ်နိုင်ဘဲ အံ့သြစွာ မေးလိုက်သည်။
လင်းချင်ရှန်းသည် မယုံကြည်နိုင်စွာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားပြီး၊ ကျိုးဟုန်ရွှဲ့ လည်း ဆွံအနေခဲ့သည်။
၎င်းတို့သာမက လိပ်နက်နတ်ဘုရားသားရဲပင်လျှင် အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်ပြသနေသည်။
ကြမ်းပြင်ပေါ်ရှိ နတ်ဘုရားမှော်သင်္ကေတများသည် မည်မျှ အစွမ်းထက်သည်ကို သူ သိသည်။ အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်၏ အင်အား အပြည့်ဖြင့် တိုက်ခိုက်မှုသည်ပင် ကြမ်းပြင်ကို လှုပ်ခါသွားအောင် မလုပ်ဆောင်နိုင် သော်လည်း ယခုအခါ ချင်ယွင်၏ ခြေဖဝါးနင်းချက်ကြောင့် အမှန်တကယ် ကြေမွသွားခဲ့ပြီ ဖြစ်သည်။
သို့သော်၊ ချင်ယွင်သည် ကနဦးစကြဝဠာကို ပိုင်ဆိုင်သည့်အကြောင်းဟု တွေးလိုက်သော အခါ, လိပ်နက်နတ်သားရဲသည် စိတ်သက်သာရာရသွားသည်။
ဤနတ်ဘုရား မှော်သင်္ကေတများသည် အစွမ်းထက်သော်လည်း၊ ၎င်းတို့သည် ကောင်းကင်ဘုံ၏ အနှိုင်းမဲ့ အစွမ်းထက်သော အလိုဆန္ဒကို ခံနိုင်ရည် မရှိကြပေ။ ဤအလိုဆန္ဒသည် နတ်ဘုရားမှော်သင်္ကေတများကို ဖျက်ဆီးပစ်ရန် လုံလောက်ပါသည်။
ဟုတ်ပါသည်။ ဤအရာကြောင့် ချင်ယွင်၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား တစ်ပါးထက် သာလွန်သည်ဟု မဆိုလိုပါဘူး။ ယင်းအစား၊ ၎င်းသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒ၏ ပြင်းထန်သော ဖိနှိပ်မှုတစ်ခု ဖြစ်ပါသည်။
ဤအခိုက်အတန့်တွင်၊ ဟွမ်ဟော်ရန်၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်သွားခဲ့ ပြီး၊ သူ၏အမူအရာက လေးနက်နေပါသည်။
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်သည် ရှေ့သို့ နောက်ခြေတစ်လှမ်း တိုးလိုက်သည်။
"ဖျစ်.. ဖျစ်”
မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများက တစ်ဖန် ကျယ်လာပြီး ချင်ယွင်၏ ခြေဖဝါးအောက်မှ အက်ကြောင်းတစ်ခု ထွက်လာကာ နတ်ဘုရားတံခါးဆီသို့ ဦးတည်သွားလေသည်။
လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် အံသြသွားကြသည်။ သူတို့သည် မည်မျှပင် မိုက်မဲနေပါစေ၊ ရုတ်တရတ် မြေကြီးပြိုကွဲသွားခြင်းက ချင်ယွင်နှင့် ပတ်သက်နေသည် ဆိုတာ သူတို့ သိပါသည်။
သို့သော်, သူတို့သည် သူ့စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုကို လုံးဝ မဖုံးကွယ်နိုင်ကြဘဲ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများဖြင့် အဝေးမှာရှိနေသည့် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့ကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ရှေ့ကို နောက်တစ်လှမ်း တိုးလိုက်ပြန်သည်။
"ဖျစ်... ဖျစ်..."
အက်ကွဲသံတစ်ချက်က တစ်ဖန် ပြန့်ကျဲလာသည်။ ဤတစ်ကြိမ်တွင်, ၎င်းအက်ကြောင်း သည် နတ်ဘုရားတံခါး အောက်သို့ တိုက်ရိုက် ပျံ့နှံ့သွားသည်။ ထိုအက်ကွဲကြောင်းသည် လက်ချောင်းကဲ့သို့ ကျယ်ဝန်းပြီး ၎င်းပေါ်ရှိ နတ်ဘုရား မှော်သင်္ကေတများလည်း ကွဲအက်သွားသည်မှာ ကြာလှပါပြီ။
လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် ၎င်းတို့၏ ပါးစပ်အပြည့် တံတွေးမျိုချလိုက်ပြီး ကျယ်ပြန့်သွားသော အက်ကြောင်းကို စူးစူးစိုက်စိုက် ကြည့်ကာ သူတို့နှလုံးသားထဲတွင် မသာယာသလို ခံစားလိုက်ရသည်။
ဟွမ်ဟော်ရန်သည် သူ့စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ဘဲ သူ့မျက်ခုံးများသည် လျှိုမြောင်များကဲ့သို့ တွန့်သွားခဲ့သည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသောအခါ သူ့မျက်လုံးများတွင် အပြုံးသည် ပို၍ပင် ပြင်းထန်လာသည်။
"အခုတော့ အံ့အားသင့်သွားပြီပေါ့။ ပွဲက အခုမှ စမှာ။" ချင်ယွင်သည် သူ့စိတ်ထဲတွင် အပြုံးတစ်ခုဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူပြောပြီးသည်နှင့် သူ့အကြည့်များက ရုတ်တရက် ပြင်းထန်လာပြီး နောက်တစ်လှမ်း တိုးလိုက်ပြန်သည်။
"ဘုန်း”
ထိုခြေလှမ်းသည် လျှပ်စီးတော်ဝင်တာအို၏ ပြင်းထန်သော ပေါက်ကွဲသံနှင့် ပို၍တူသည်။ သို့သော် ဤအသံသည် လူအုပ်ကြီး၏ နားထဲသို့ ကူးစက်သွားခြင်းမဟုတ်ဘဲ ၎င်းတို့၏ နှလုံးသားအောက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ဖူး.."
လင်းချင်ရှန်းသည် ဒဏ်ရာအပြင်းအထန် ရသွားသကဲ့သို့ ပါးစပ်မှ သွေးများ ထွက်လာ သည်။
ဘေးနားတွင် လင်းထန်ဘနှင့် အခြားသူများသည် ၎င်းတို့၏ စိတ်နှလုံးများ တုန်လှုပ် ခြောက်ခြားကာ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေပါသည်။
သို့သော် ဤသည်မှာ သူတို့ အမှန်တကယ် ထိတ်လန့်ရသည့် အကြောင်းရင်း မဟုတ်သေး ပေ။ ၎င်းတို့ကို အမှန်တကယ် ထိတ်လန့်စေသည့်အရာမှာ အနက်ရောင် နတ်ဘုရား ကျောက်တုံးများဖြင့် ထွင်းထုထားသော တံခါးကြီးသည် ယခုအခိုက်အတန့်တွင် အမှန်တကယ် ကွဲအက်သွားပြီး ၎င်းပေါ်တွင် မရေမတွက်နိုင်သည့် သေးငယ်သော အက်ကြောင်းများ ရှိနေခြင်းပင် ဖြစ်သည်။
သူတို့လူအုပ်စုထဲတွင် ကျွမ်းကျင်သူများနှင့် ပြည့်နေခဲ့သည်။ ဤသေးငယ်သော အက်ကွဲကြောင်းများကို သေမျိုးများက သတိမထားမိနိုင်သော်လည်း သူတို့၏ မျက်လုံးများ ကို ဖုံးကွယ်ထားနိုင်သောအရာ တစ်ခုမျှ မရှိပေ။
လင်းထန်ဘနှင့် အခြားသူများသည် မဟူရာနတ်ဘုရားကျောက်တုံးရှိ အက်ကွဲကြောင်းကို မြင်သောအခါ ချက်ချင်းပင် တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး မသိစိတ်မှ ခြေတစ်လှမ်း ဆုတ်သွားကြသည်။
ဟွမ်ဟော်ရန်၏ မျက်ခုံးများသည် တွန့်သွားခဲ့ကာ သူ့မျက်လုံးများက အလွန်အမင်း အုံ့မှိုင်းနေ၏။ ပြင်းထန်သော မနာလိုစိတ်က သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသည်။
ကျိုးဟုန်ရွှဲ့လည်း ထိတ်လန့်သွားသည်။ ချင်ယွင် မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်ကို သူမ မသိသော်လည်း၊ ဤကဲ့သို့လုပ်ဆောင်နိုင်သည့် ချင်ယွင်၏ စွမ်းဆောင်နိုင်မှုက သူ့စိတ်ဆန္ဒသည် တုနှိုင်းမရသည့်အဆင့်ကို ရောက်နေပြီဆိုသည်ကို ပြသရန် လုံလောက် ပါသည်။ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒသည်ပင် ကြောက်လန့်နေခဲ့ရသည်။
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်သည် ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်သည်။
ထိုခြေတစ်လှမ်းဖြင့်၊ မဟူရာနတ်ဘုရားကျောက်တုံးပေါ်ရှိ ဘိုးဘေးနတ်ဘုရားအလိုဆန္ဒ သည် ကွဲအက်သွားခဲ့ပြီး အက်ကွဲကြောင်းများပေါ်တွင် ပကတိမျက်စိဖြင့် မြင်နိုင်သော နတ်ဘုရားသားရဲပုံစံများ ပေါ်လာသည်။
ဤမဟူရာနတ်ဘုရား ကျောက်တုံးသည် အနှိုင်းမဲ့ မာကျောသော်လည်း၊ ၎င်းတို့သည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို သယ်ဆောင်ထားသော အဓိကကိုယ်ထည် ဖြစ်သည်။ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို ကောင်းကင်ဘုံတန်ခိုးအစွမ်းဖြင့် ချေမှုန်း ပစ်လိုက်သည်။ ထုံးစံအတိုင်း၊ ဤအရာများသည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကြောင့် ပြိုလဲသွားလိမ့်မည်။
ထိုအချိန်တွင် လင်းထန်ဘ၏ မျက်နှာသည် ဖျော့တော့နေပြီ ဖြစ်ပြီး သူ့ပါးစပ် အလယ်တည့်တည့်ကို အပြင်းအထန် ရိုက်နှက်ခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေလေ သည်။
လင်းချင်ရှန်း အနေဖြင့်မူ၊ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ထားပြီး သူ၏ ဒွါရ ခုနစ်ပေါက်မှာ သွေးထွက်နေပြီ ဖြစ်သည်။
မှန်သည်၊၊ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒအား တိုက်ခိုက်ရန် သူ၏ ကောင်းကင်ဘုံ တန်ခိုးစွမ်းအားကို အသုံးပြုနေစဉ်မှာ, သူသည် ၎င်းကို လင်းထန်ဘနှင့် လင်းချင်ရှန်းတို့ကို တိုက်ခိုက်ရန်အတွက် ကောင်းကင်ဘုံအလိုဆန္ဒ တစ်စိတ်တစ်ပိုင်းကို သဘာဝအတိုင်း ခွဲခြားထားခဲ့သည်။
လင်းထန်ဘသည် အစွမ်းထက်သောကြောင့် သူ၏ခံနိုင်ရည်မှာ လင်းချင်ရှန်းထက် များစွာ သန်မာသည်။ သို့သော်လည်း လင်းချင်ရှန်းသည် အလွန်ထိခိုက်ခဲ့ရသည်။
ယခုအချိန်တွင် သူသည် ပြိုကျလုနီးပါး ဖြစ်နေပြီ။ အကယ်၍, ချင်ယွင်သာ သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်မည်ဆိုပါက သူ သေမည်မှာ သေချာပါသည်။