← Chapters

အခန်း ၁၃၆၇

Vol. 92 Ch. 1367

အခန်း ၁၃၆၇

Vol. 92 Ch. 1367

အခန်း (၁၃၆၇) နောက်ဆုံးအဆင့်တွင် ကျရှုံးခြင်း။

ချင်ယွင်သည် အဝေးမှ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လင်းချင်ရှန်းအား လှမ်းကြည့် လိုက်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဤလင်းချင်ရှန်းသည် အကြံအစည်ကြီးမားသူဖြစ်ပြီး၊ ချင်ယွင် သတ်ပစ်ချင်ဆုံး လူ တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူသည် လင်းချင်ရှန်းကို ကောင်းကင်ဘုံ အလိုဆန္ဒဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည် ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်သည်နှင့် လင်းချင်ရှန်း ၏ စိတ်ဝိညာဉ်သည် ပြိုင်ကွဲကာ သေဆုံးသွားမည် ဖြစ်သည်။

ဘန်း..။

ချင်ယွင်သည် ခြေထောက်ကို မြှောက်လိုက်ပြီး နောက်တဖန် ဆင်းသက်ရန် ပြင်ဆင်ရင်း လင်းချင်ရှန်းကို သေသည်အထိ လှုပ်ခါသွားစေတော့မည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ စိတ်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်စုတ်လေး၊ မင်းရဲ့ ကောင်းကင်ဘုံတန်ခိုးအစွမ်းကို ထပ်ပြီး မသုံးနဲ့တော့။ အစောပိုင်းက မင်းရဲ့ လုပ်ရပ်တွေက မင်းတို့ကမ္ဘာလောကရဲ့ ကောင်းကင်ဘုံတန်ခိုး အစွမ်းရဲ့ အာရုံကို ဆွဲဆောင်မိနေပြီ။ တကယ်လို့, မင်းသာ မင်းရဲ့ ကောင်းကင်ဘုံ တန်ခိုးအစွမ်းကို နောက်တစ်ကြိမ် ထပ်သုံးခဲ့ရင်, မင်းအနေနဲ့ ဒီပုရွက်ဆိတ်ကို မသတ်နိုင်ခင်မှာ မင်းကို ဒီကောင်းကင်ဘုံတန်ခိုးအစွမ်းက အရင် သတ်သွားလိမ့်မယ်။” လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အယ်?" ထိုစကားကိုကြားတော့ ချင်ယွင်သည် ခဏလောက် မှင်သက်သွားခဲ့ပြီး၊ ကောင်းကင်ဘုံတန်ခိုး စွမ်းအားကို စွန့်လွှတ်ရန်အတွက် သူ့စိတ်ဆန္ဒကို ရုပ်သိမ်းလိုက် သည်။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မင်းက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို အသုံးချခဲ့တယ်။ မင်းအတွက် ဖုံးကွယ်ပေးထားဖို့ ငါက နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားကို အသုံးပြုခဲ့ရတယ်။ ဒါကြောင့်သာ မင်းတို့ကမ္ဘာရဲ့ ကောင်းကင်ဘုံ တန်ခိုးစွမ်းအားက မင်းကို ရှာဖွေတွေ့ရှိသွားခြင်း မရှိတာ။ ဒါပေမယ့်, မင်းက မင်းရဲ့ ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို အကြိမ်များစွာ အသုံးပြုခဲ့တယ်။ အခု ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားက စွမ်းအားတွေ အများကြီး ကုန်သွားခဲ့ပြီ။ ဆိုတော့, မင်းကို အကန့်အသတ်ချက် ရောက်တဲ့အထိ ကူညီပြီးသွားပြီ။ တကယ်လို့, မင်းသာ ကနဦး စကြဝဠာရဲ့ စွမ်းအားကို အသုံးပြုပြီး၊ ပြင်ပကမ္ဘာရှိ စကြဝဠာရဲ့အလိုဆန္ဒကို ဆွဲဆောင်မိ ပါက, ကောင်းကင်ဘုံတန်ခိုးက မင်းကို ရှာဖွေတွေ့ရှိပြီး၊ မင်းကို တိုက်ရိုက် သတ်ပစ်လိမ့် မယ်” လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ချင်ယွင်သည် အံ့အားသင့်ဟန် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။

ယခင်တုန်းက သူသည် သူ့ခန္ဓာကိုယ်အတွင်းမှာ ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို အမြဲတမ်း အသုံးပြုခဲ့ဖူးပြီး၊ ပြင်ပကမ္ဘာမှာတော့ အသုံးမပြုခဲ့ဖူးပေ။ ယခုအခါ, သူသည် အခြားသူများကို တိုက်ခိုက်ရန် ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည်။ ၎င်းက သူ့ကန့်သတ်ချက်ထက် ကျော်လွန်နေခဲ့ပြီ။

ယခင်က အဆင်ပြေနေသည်ဟု သူ ထင်နေခဲ့မိသည်၊ ထို့ကြောင့်, သူသည် ၎င်းကို ရူးရူးမိုက်မိုက် အသုံးပြုဝံ့ခဲ့သည်။ သို့သော်, လျှိုဘိုက မထင်မှတ်ပဲ လျှို့ဝှက်စွာ ကူညီနေခဲ့သည်ဟု သူ မမျှော်လင့်ခဲ့ပေ။

မမျှော်လင့်ထားသည်မှာ, ဤနောက်ဆုံး အခိုက်အတန့်မှာပင်၊ လျှိုဘို၏စွမ်းအား ကုန်ုဆုံးမူ က ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီ။

ကောင်းကင်ဘုံ၏အလိုဆန္ဒကို အသုံးပြုပြီး လင်းချင်ရှန်းကို သတ်ရန် အကြံအစည်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိတော့ပေ။

ချင်ယွင်သည် ကောင်းကင်ဘုံ၏အလိုဆန္ဒကို လုံးဝ ထိန်းချုပ်ထားလိုက်ရပြီး၊ အခု ၎င်းစွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိတော့ပါဘူး။

ယခုအခါ, သူသည် ကနဦးစကြဝဠာ၏ စွမ်းအားကို အလွယ်တကူ အသုံးမချနိုင်တော့ပါ ဘူး။

"ကောင်စုတ်လေး, တကယ်လို့, မင်းသာ ကနဦးစကြဝဠာမှာ ထိုက်ကျိနယ်ပယ်ကို ဖြတ်ကျော်သွားမယ်ဆိုရင်တော့, ကြေးနီအပိုင်းအစကို အသုံးပြုနိုင်စွမ်း ရှိလာလိမ့်မယ်။ အဲဒီအချိန်မှာ, မင်းက ကြေးနီအပိုင်းအစမှတဆင့် မိုးကုပ်စက်ဝိုင်းအထိ ဖုံးကွယ်နိုင်လိမ့် မယ်။ အဲဒီအချိန်ရောက်ရင် မင်းက ကနဦးစကြဝဠာရဲ့ စွမ်းအားကို လျှို့ဝှက်စွာ အသုံးပြုနိုင်ပြီ။ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်နေရင်တောင်, မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။" လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ခဏလောက် မှင်သက်သွားခဲ့ပြီး အလွန် ပျော်ရွှင်သည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။

ကနဦးစကြဝဠာ၏ စွမ်းအားသည် အလွန်အစွမ်းထက်ပါသည်။ အကယ်၍ သူသာ ကနဦး စကြဝဠာ၏ စွမ်းအားကို အသုံးချနိုင်လျှင်, မြေကမ္ဘာနတ်ဘုရားနယ်ပယ် အထွတ်အထိပ် တွင် ရှိနေသည့် လင်းထန်ဘကို မဆိုထားနှင့်၊ အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ချင်ယွင်အနေဖြင့် ချက်ချင်း သတ်ပစ်နိုင်မည် ဖြစ်သည်။

သို့သော် ဤအရာများကို အလွယ်တကူ အသုံးမပြုနိုင်ပါ။ ကျိုးပဲ့နေသော ကြေးနီ အပိုင်းအစမှတဆင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဖုံးကွယ်ပြီးမှသာ သူသည် ကောင်းကင်ဘုံ၏အလိုဆန္ဒအား အသုံးပြုနိုင်မည်ဖြစ်ကြောင်း သူ ကြားသိလိုက်ရသည်။ ဤသည်မှာ ချင်ယွင်အတွက် ဧကန်အမှန် သတင်းကောင်းတစ်ခုပင်။

အဝေးတွင်၊ လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် အထူးသဖြင့် လင်းချင်ရှန်းသည် အလွန်မင်း ထိတ်လန့်ကြောက်ရွံ့နေပြီ ဖြစ်သည်။ ချင်ယွင် ခြေထောက်ကို မြှောက်လိုက် သည်နှင့် သေခြင်းတရားက နီးကပ်လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သို့သော်လည်း ချင်ယွင်၏ ခြေလှမ်းသည် ယခင်ကကဲ့သို့ ထူးထူးဆန်းဆန်း အစွမ်းမထက် ခဲ့ပေ။ ယင်းကြောင့် လင်းချင်ရှန်းသည် သူ၏ နှလုံးသားထဲတွင် စိတ်သက်သာရာရပြီး၊ သက်ပြင်းတစ်ချက် ရှူရှိုက်လိုက်ပါသည်။

လင်းထန်ဘလည်း ကြောက်ရွံ့မှုမှ ပြန်လည် သက်သာလာပြီး ချင်ယွင်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

အစောပိုင်းက ထူးဆန်းသည့် တိုက်ခိုက်မှုကို သူ ခံနိုင်ရည် ရှိခဲ့သော်လည်း နောက်ထပ် အကြိမ်အနည်းငယ် ဆက်တိုက် တိုက်ခိုက်လာမည်ဆိုလျှင်, သူသည် ဤနေရာ၌ အသက်ရှင်နိုင်ဦးမည်ဟု အာမခံရဲမှာ မဟုတ်တော့ပါဘူး။

"အစောပိုင်းက တိုက်ခိုက်မှုက ကျုပ်ကိုသတ်ချင်တဲ့အတွက် အပြစ်ဒဏ်ပေးလိုက်တာပဲ။ တကယ်လို့, ခင်ဗျားတို့ ကျုပ်ကို ထပ်ပြီး သတ်ဖို့ကြံဝံ့ရင်, ခင်ဗျားတို့ကို မြေမြှုပ်စရာမလို ဘဲ သေချာပေါက် သေအောင်ပစ်ပေးမယ်" ချင်ယွင်က လင်းချင်ရှန်းနှင့် လင်းထန်ဘတို့ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် ချင်ယွင်၏ စကားကို ကြားသောအခါ အကြည့်ချင်း ဖလှယ်ကြသည်။

သူတို့သည် ချင်ယွင်၏စကားကို လုံး၀ မယုံခဲ့ကြသော်လည်း ယခုလေးတင် ဖြစ်ပျက်ခဲ့ သော အဖြစ်အပျက်ကြောင့် ချင်ယွင်အပေါ် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။

ဟွမ်ဟော်ရန်သည် စကားတစ်ခွန်းမှ မပြောဘဲ အနားတွင် ရပ်နေသော်လည်း, ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ အလွန်လေးနက်နေလေသည်။ ယခုအချိန်တွင် သူသည် ချင်ယွင်ကို သူ့စိတ်ထဲမှာ စိုးရိမ်ဖွယ်ရာ နံပါတ်တစ်လူအဖြစ် သတ်မှတ်ထားပြီး ဖြစ်သော ကြောင့် သူ့ကို ဖယ်ရှားပစ်ရတော့သည်။

သို့သော်လည်း ချင်ယွင်သည် ဟွမ်ဟော်ရန်ကို လျစ်လျူရှုပြီး ကျိုးဟုန်ရွှဲ့နှင့် လိပ်နက်တို့ ဆီသို့ လျှောက်သွားခဲ့သည်။

"ရှင်က ဘယ်သူလဲ။ ကျွန်မတို့ အရင်က တစ်နေရာရာမှာ ဆုံဖူးကြလား" ချင်ယွင် လမ်းလျှောက်လာသည်ကို မြင်တော့ ကျိုးဟုန်ရွှဲ့က သူမ အမြဲတမ်း တွေးထင်နေခဲ့သည့် မေးခွန်းတစ်ခုကို နောက်ဆုံးတွင် မေးလိုက်ပါသည်။

ဤစကားကိုကြားသောအခါ ချင်ယွင်က ပြုံးလိုက်မိပါသည်။

သူ့ကိုယ်ရေးအချက်လက်ကို အချိန်အကြာကြီး ဖုံးကွယ်ထား၍ မရဘူးဆိုသည်ကို သူသိပြီးသား ဖြစ်သလို, ကျိုးဟုန်ရွှဲ့က အနှေးနှင့်အမြန်ဆိုသလို မေးမြန်းလာမည်ကိုပါ သူ သိပါသည်။ သို့သော်လည်း ကျိုးဟုန်ရွှဲ့သည် ယခုအချိန်အထိ ချုပ်တည်းထားနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဘန်း….။

အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် သူ၏ မူလအသွင်အပြင်သို့ ပြန်ရောက်သွားခဲ့သည်။

ကျိုးဟုန်ရွှဲ့သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူမ၏လှပသော မျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာတစ်ခုကို ချက်ချင်း ဖော်ပြလာသည်။

သူသည် ဤမျက်နှာကို သဘာဝကျကျ မှတ်မိပြီး ချင်ယွင်က သူမကို အဘယ့်ကြောင့် ကူညီခဲ့သည်ကိုပါ ချက်ချင်း နားလည်သွားပါသည်။

ဆိုတော့, ဤလူသည် သူမအဒေါ်ကျိုးလင် နှစ်သက်နေသည့် ချင်ယွင် ဖြစ်နေသည်။

သို့သော် သူမအမြင်တွင် ချင်ယွင်၏ ကျင့်ကြံမှုသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ် သို့မဟုတ် အထွတ်အထိပ်ရှိ မြေကမ္ဘာနတ်ဘုရားနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သော ခွန်အားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

"အမိုက်စား ပါရမီရှင်၊ ဒါက တကယ့်ကို အမိုက်စား ပါရမီရှင်တစ်ဦးပဲ။" ကျိုးဟုန်ရွှဲ့က မကျေမနပ် ညည်းညူလိုက်သည်။

ချင်ယွင်သည် ခါးသီးစွာ ပြုံးကာ ကျိုးဟုန်ရွှဲ့၏ခေါင်းကို ခေါက်လိုက်သည်။ သူက ရယ်ပြီး ကြိမ်းမောင်းသည် "မင်း မင်းရဲ့ ဦးလေးအကြောင်း ပြောနေတယ်ဆိုတာရော သိရဲ့လား”။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ ခေါင်းခေါက်ခြင်း ခံရပြီးနောက် သူမသည် ချက်ချင်းပင် စိတ်မချမ်းသာတော့ပေ။ သူမက ချက်ချင်း တုန့်ပြန်လိုက်သည် "နင် ငါ့ကို တကယ် ရိုက်ဝံ့တယ်ပေါ့။ ဟမ့်၊ ငါ့အဒေါ်နဲ့ နင့်ကို လက်ထပ်ခွင့် မပြုဘဲထားလိုက်မယ်။ သတိထားပါ"။

ထိုစကားကြားတော့ ချင်ယွင်က ရယ်မောလိုက်သည်။

ကျိုးဟုန်ရွှဲ့သည် ဤစကားကို ပြောခြင်းက, သူမသည် သူ့ကို သူမဦးလေးအဖြစ် သေချာပေါက် အသိအမှတ်ပြုထား၍ ပြောခြင်းဖြစ်ပါသည်။ ထို့ကြောင့်, သူက ကျိုးဟုန်ရွှဲ့၏ ခေါင်းကို ပွတ်သပ်ရန် လက်ကိုဆန့်တန်းပြီး ပြောလိုက်ပါသည်။

ကျိုးဟုန်ရွှဲ့သည် ရွံရှာသော အကြည့်ဖြင့် ချင်ယွင်၏လက်ကို ပုတ်ထုတ်လိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် အနည်းငယ် ကြည်နူးနေမိသည်။ သူ့အဒေါ်က အိမ်ထောင်ကောင်း တစ်ယောက်ကို ရှာဖွေနိုင်သည့် ဝမ်းသာမိပါသည်။

ယခုအချိန်တွင် နေသာဧကရာဇ်သည် စိတ်ဓာတ်အကျဆုံး ဖြစ်နေပါသည်။ သူသည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို ရနိုင်ခြင်းရှိမရှိ မြင်လိုသည့်အလား နတ်ဘုရားတံခါးကို ဖြတ်ကျော်ရန် လူအုပ်ကြီးနောက်တွင် ရပ်နေခဲ့သည်။

သို့သော် ချင်ယွင်ကြောင့် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒသည် ပြိုကွဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အကယ်၍, သူသည် ဘိုးဘေးနတ်ဘုရားအလိုဆန္ဒကို ရယူလိုလျှင်ပင်, နတ်ဘုရားတံခါးသည် ၎င်း၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွားပြီးဖြစ်သဖြင့် ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။

နတ်ဘုရားတံခါးသည် သုံစားမရဖြစ်သွားခဲ့ပြီး နေသာဧကရာဇ်သည် အတားအဆီးမရှိဘဲ နတ်ဘုရားတံခါးထဲကို ၀င်သွားပါသည်။

ကျိုးဟုန်ရွှဲ့နောက်ကို လိုက်နေသည့် ဆံပင်ဖြူ အကြီးအကဲ နှစ်ယောက်ကတော့ သူတို့ ရပ်နေသည့် နေရာမှာပင် နေရစ်ကျန်ခဲ့ရန် ရွေးချယ်လိုက်ပါသည်။

အကြီးအကဲယွမ်သည် သတိလစ်နေသေးပြီး၊ အဘိုးကြီးဟောင်က သူ့ကို ပြုစုရန် နောက်မှာ နေခဲ့ရသည်။

ဤနတ်ဘုရားတံခါးသည် သူတို့အား တားဆီးထားသည့် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ ပထမဆုံးသော တားဆီးဖြစ်သောကြောင့်, အကယ်၍, သူတို့အနေဖြင့်, ရှေ့ဆက်သွားလျှင် ပင်, အဝေးကြီးသွားရန်မှာ မဖြစ်နိုင်ပေ။ ယင်းအစား သူတို့သည် အထဲမှာပင် အသက် ဆုံးရှုံးရနိုင်သည်။

ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့ နှစ်ဦးစလုံးသည် အဖိုးအို၏ ဆုံးဖြတ်ချက်ကို သဘောတူသော ကြောင့် အဘိုးအိုနှစ်ဦးအား ရိုးရှင်းသော ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် ကျိုးဟုန်ရွှဲ့၊ လိပ်နက်နှင့် နေသာဧကရာဇ်တို့သည် ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်း၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားကြသည်။

ချင်ယွင်၏ယခင်နည်းလမ်းများဖြင့် ခြိမ်းခြောက်ခံရခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ လင်းထန်ဘနှင့် အခြားသူများသည် ဤခရီးစဉ်တွင် ချင်ယွင်အတွက် အခက်အခဲများ မပြုလုပ်ခဲ့ကြသလို ချင်ယွင်အနားရှိ လူများကိုလည်း မတိုက်ခိုက်ခဲ့ကြပေ။ သို့သော် သူ့တို့မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခု ရှိနေကြသေးသည်။

All Chapters