အခန်း ၁၃၆၈
Vol. 92 Ch. 1368
အခန်း (၁၃၆၈) ရှေးဟောင်းဖရိုဖရဲနတ်ဘုရားပစ္စည်း။
ချင်ယွင်နှင့် အခြားသူများသည် နတ်ဘုရားတံခါးကို ဖြတ်ကျော်၍ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ အတွင်းပိုင်းဆီသို့ လျှောက်သွားကြသည်။
ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ ၎င်းသည် လွင့်မျောကျွန်းတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ဧရိယာသည် သေးငယ်သော တိုက်ကြီးတစ်ခု၏ အရွယ်အစား ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူတို့သည် ကျယ်ပြောလှသော ခန်းနားထည်ဝါသည့် လမ်းမတစ်ခု ပေါ်တွင် လမ်းလျှောက် နေကြသည်။ ဤခမ်းနားထည်ဝါသော လမ်းမအဆုံးတွင် တုနှိုင်းမရအောင် ကြီးကျယ်သည့် နန်းတော်တစ်ခု ရှိနေသည်။
ဤနန်းတော်ကြီးသည် အလွန်ခမ်းနားသည်။ တန်ခိုးကြီးသော နတ်ဘုရား မှော်သင်္ကေတ များကို နံရံများပေါ်တွင် မြင်တွေ့နိုင်ပြီး၊ နန်းတော်တစ်ခုလုံးကို အဆုံးမရှိသော တန်ခိုး အငွေ့အသက်များဖြင့် ပြည့်နှက်စေသည်။
"ဒီနန်းတော်ကို ကောင်းကင်ဘုံအုပ်စိုးခြင်းခန်းမလို့ ခေါ်တယ်။ ဒါက ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းရဲ့ အရေးကြီးဆုံး နေရာတွေထဲက တစ်ခုပဲ။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ဒီနန်းတော်ထဲမှာ ပစ္စည်းတစ်ခုကို ချန်ထားခဲ့တယ်၊ ဒီပစ္စည်းကို ရယူနိုင်တဲ့ ဘယ်သူမဆို သူ့အမွှေနှစ်ကို လက်ရဖို့ ဖြစ်နိုင်ခြေရှိလိမ့်မယ်”။ လိပ်နက်က သူ့ရှေ့က ခမ်းနားထည်ဝါသည့် ခန်းမကြီးကို ကြည့်ရင်း ပြောလိုက်ပါသည်။
"ကောင်းကင်ဘုံအုပ်စိုးခြင်းနန်းတော်လား?" ချင်ယွင်နှင့် အခြားသူများသည် လိပ်နက် နတ်ဘုရားသားရဲ၏ စကားကို ကြားသောအခါတွင် သူတို့၏မျက်နှာများသည် အံ့အားသင့်သည့် အမူအရာများ ထွက်ပေါ်လာသည်။
ထိုနန်းတော်နာမည်ကို ကြားရရုံဖြင့် ထုတ်လွှတ်နေသော ထူးခြားသည့် အငွေ့အသက်ကို ခံစားနိုင်ကြပြီး၊ ထိုခန်းမသည် ဘိုးဘေးနတ်ဘုရား၏ အမွေဆက်ခံမှုနှင့် ဆက်စပ် နေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
“အဲဒီတုန်းက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ဒီခန်းမမှာ ဘာတွေ ချန်ထားခဲ့တာလဲ။ မေးလိုက်သူမှာ ချင်ယွင်နှင့် မလှမ်းမကမ်းရှိ လင်းထန်ဘ ဖြစ်သည်။ ယခုအချိန်တွင် သူ့မျက်လုံးတွေက တောက်ပနေသည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေဆက်ခံခြင်းဟူသော စကားလုံးများသည် သူ့အတွက် ကြီးမားသော သွေးဆောင်မှုဖြစ်ကြောင်း ထင်ရှားပါသည်။
လိပ်နက်သည် လင်းထန်ဘ၏ မျက်နှာကို အထင်အမြင်သေးသည့် အရိပ်မြွက်ဖြင့် လှည့်ကြည့်လိုက်သည်။ သူက “ငါ မသိဘူး” ဟု အေးစက်စွာ အော်ပြောလိုက်သည်။ "တကယ်လို့, ငါ သိခဲ့ရင်တောင် မင်းကို ဘာလို့ ပြောရမှာလဲ"။
လင်းထန်ဘသည် လိပ်နက်၏စကားကို ကြားသောအခါ အမျက်ဒေါသက တဟုန်ထိုး လှိမ့်တက်လာသည်။ သူ့ဘေးတွင် ရပ်နေသော လင်းချင်ရှန်းသည် လင်းထန်ဘကို အလျင်အမြန် ကြည့်ကာ စိတ်မြန်လက်မြန် လှုပ်ရှားရန် မလိုအပ်ကြောင်း ညွှန်ပြလိုက်ရ သည်။
လင်းထန်ဘသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ လိပ်နက်နတ်ဘုရားသားရဲကို စိုက်ကြည့်နေသည်။ သူသည် ဤလိပ်နက်နတ်ဘုရားသားရဲကို သေချာခုတ်ပိုင်းပြီး ခွေးစာကျွေးပစ်မည် ဟု စိတ်ထဲကနေ ကျိန်ဆိုခဲ့ပါသည်။
ဟွမ်ဟော်ရန်သည် တိတ်ဆိတ်နေသော်လည်း ကောင်းကင်ဘုံအုပ်စိုးခြင်းခန်းမကို ကြည့်နေစဉ် သူ့မျက်လုံးများတွင် လောဘအရိပ်အယောင်များ ရှိနေသည်။
သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေကို ဆက်ခံနိုင်ရန် ဤနေရာကို သဘာဝအတိုင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဤကောင်းကင်ဘုံအုပ်စိုးခြင်း နန်းတော်တွင် ဘိုးဘေး နတ်ဘုရား၏ အမွေဆက်ခံမှုနှင့် ပတ်သက်သည့် တစ်စုံတစ်ခု ရှိကြောင်းကို ယခု ကြားသိရ သည့်အခါ သူ့အနေဖြင့် မည်သို့လျှင် ဂရုမစိုက်ဘဲ နေနိုင်တော့မည်နည်း?။
"သွားရအောင်၊ ဝင်ကြည့်ရအောင်။" ပင်မခန်းမဆီသို့ လျှောက်လာရင်း ချင်ယွင်က ပြောသည်။
ကျိုးဟုန်ရွှဲ့နှင့် နေသာဧကရာဇ်တို့သည် သဘာဝအတိုင်း နောက်မှ အနီးကပ် လိုက်ကြ သည်။ ဟုတ်ပါသည်၊ လင်းထန်ဘနှင့် တခြားသူများလည်း လွန်လွန်ကဲကဲ ဖြစ်လိုက်စိတ် မရှိကြပါဘူး။
သူတို့သည်လည်း ခြေလှမ်းတလှမ်းချင်း အနီးကပ် လိုက်လာကြသည်။ ခန်းမထဲက ရတနာတွေကို သူတို့ဘေးမှ ချင်ယွင်နှင့် တခြားသူတွေ အရင် သိမ်းယူသွားနိုင်သည်လေ။
ချင်ယွင်နှင့် အခြားသူများသည် ခန်းမအောက်ခြေသို့ အမြန်ရောက်ရှိလာကြသည်။ ခန်းမ၏ အထက်တွင် ကောင်းကင်ဘုံအုပ်စိုးခြင်းနန်းတော်' ဟူသော စာလုံးကို ရေးထိုးထားသည့် ကျောက်စာတန်းတစ်ခု ရှိနေသည်။
ဤစကားလုံးသုံးလုံးသည် ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးကြီးစိုးသော အငွေ့အသက်များ ဖြင့် လွှမ်းခြုံထားသည်။ ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူတို့နှလုံးသားတွေ တုန်လှုပ်သွားသည်။
"ဘယ်လောက်တောင် ကြီးစိုးမူရှိလိုက်တဲ့ စကားလုံးကြီးတွေလဲ။ ဒီစကားလုံးသုံးလုံးကို လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်၊ ဟုတ်တယ် မဟုတ်လား။" ချင်ယွင်သည် ကျောက်ပြားကို မော့ကြည့်ပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။
“ဟုတ်တယ်၊ ဒီစကားလုံးတွေက တကယ်ပဲ ဘိုးဘေးနတ်ဘုရားကိုယ်တိုင် ရေးထွင်းထား တာ။ လိပ်နက်နတ်ဘုရားသားရဲက ပြောသည်။
ထိုစကားကို လူတိုင်း ကြားသောအခါ၊ ကျောက်ပြားပေါ်ရှိ သူတို့၏အကြည့်များသည် ရိုသေ လေးစားမှုများဖြင့် ချက်ခြင်း ပြည့်လာကြသည်။
ချင်ယွင်သည် တံခါးဆီသို့ တိုက်ရိုက် လျှောက်လာပြီး သူ့လက်မောင်းဖြင့် တွန်းဖွင့်လိုက် သည်။
ဘန်း…။
ရုတ်တရက် ခန်းမအတွင်းမှ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာသည်။ ခန်းမထဲမှ အဆုံးမရှိသော အလင်းတန်းများ ထွက်လာပြီး လူတိုင်းသည် မျက်လုံးမဖွင့်နိုင် ဖြစ်သွားကြသည်။
ချင်ယွင်သည် ခန်းမတံခါးအားလုံးကို ဖွင့်ပြီးမှသာ ခန်းမအတွင်း ဖြစ်ပျက်နေသည့် အရာများကို သူ မြင်လိုက်ရသည်။
ခန်းမသည် အလွန်ကျယ်ဝန်းသည်။ ခန်းမ၏ထိပ်သည် မီတာနှစ်ဆယ် မြင့်သည်။ ခန်းမနံရံနှင့် ကြမ်းပြင်တွင် တုနှိုင်းမယှဉ်နိုင်အောင် အစွမ်းထက်သော နတ်ဘုရား မှော်သင်္ကေတများ ရှိသည်။
ထိုနတ်ဘုရားမှော်သင်္ကေတများသည် အလွန်ထူးခြားပြီး ၎င်းတို့အပေါ်တွင် နတ်ဘုရား တန်ခိုး စွမ်းအင်ကန့်သတ်ချက် အတက်အကျလှိုင်းလုံးများ ရှိနေပါသည်။ ဤနတ်ဘုရား မှော်သင်္ကေတများ၏ ပံ့ပိုးမှုဖြင့် ဤခန်းမသည် ထူးထူးခြားခြား သန်မာနေဟန်တူသည်။
သို့သော်, ဤအရာက ချင်ယွင်နှင့် အခြားသူများကို အဆွဲဆောင်နိုင်ဆုံးအရာ မဟုတ်ခဲ့ပေ။ ချင်ယွင်နှင့် အခြားသူများကို ဆွဲဆောင်နိုင်ဆုံးအရာမှာ ခန်းမအထက်တွင် လွင့်မျော နေသည့် အလင်းလုံးကိုးလုံး ဖြစ်သည်။
ထိုအလင်းလုံးကိုးလုံးသည် အနှိုင်းမဲ့တန်ခိုးကြီးသော နတ်ဘုရားအလင်းရောင်ကို ထုတ်လွှတ်ကာ ထိုနတ်ဘုရားအလင်းရောင်များအောက်တွင် ၎င်းတို့ကို ရစ်ပတ်ထားသော အရာတစ်ခု ရှိနေပါသည်။
လက်နက်များ၊ နတ်ဘုရားကျမ်းစားအုပ်နှင့် အပင်ကဲ့သို့သော မျိုးစေ့များလည်း ရှိနေခဲ့သည်။ ၎င်းတို့ထဲမှ တစ်ခုချင်းစီတိုင်းသည် ထူးထူးခြားခြား ဖြစ်သည်ဟု ပြော၍ ရပါသည်။
"ချီလင်မျိုးစေ့၊ နတ်ဘုရားလျှို့ဝှက်ကျမ်းစာ၊ နတ်ဘုရားဖြိုခွင်းဓား ... အလို ကောင်းကင်ဘုံ ကြီး၊ ဒီအရာအားလုံးက ပြိုင်ဘက်ကင်း ရတနာတွေပဲ။ တစ်ခုချင်းစီရဲ့ တန်ဖိုးကလည်း ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းသုံးခုထက် မနိမ့်ကျဘူး” လင်းချင်ရှန်းသည် အလင်းလုံး ကိုးခုအထဲမှ အရာများကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်ရှိ အံ့အားသင့်သော အမူအရာကို ပင် သတိမထားနိုင်တော့ပေ။
ဤအလင်းလုံးကိုးခုအတွင်းရှိ ရတနာများ၏တန်ဖိုးသည် သူ့စိတ်ကူးစိတ်သန်းများထက် ကျော်လွန်နေသည်မှာ ထင်ရှားပါသည်။
ထိုအချိန်တွင် လင်းထန်ဘသည် အလွန်စိတ်လှုပ်ရှားနေပါသည်။ အလင်းလုံးကိုးခုအား ကြည့်လိုက်ရင်း, သူ့မျက်လုံးများက အနှိုင်းမဲ့ တောက်လောင်နေသည့် အမူအရာ ပေါ်လွင်နေသည်။
အတွင်းမှာရှိနေသည့် ရတနာတိုင်းသည် အလွန်တန်ဖိုးရှိပါသည်။ လက်နက်များသည် အနည်းဆုံး ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များ ဖြစ်ကြပါသည်။ လျှို့ဝှက် ကျမ်းစာ များပင်လျှင် အဆင့်မြင့် နတ်ဘုရားစွမ်းရည်များ ဖြစ်ကြပါသည်။ အကယ်၍, ၎င်းတို့ကို အပြင်ကမ္ဘာမှာ ထွက်ပေါ်လာခဲ့မည်ဆိုလျှင်, ၎င်းရတနားထဲမှ တစ်ခုချင်းစီအတွက်ပင် အဆုံးမဲ့ သတ်ဖြတ်မူများ ဖြစ်လာကြလိမ့်မည်။ သို့သော် ဤနေရာတွင် အမှန်တကယ် ကိုးခု ရှိနေခဲ့သည်။
ကျိုးဟုန်ရွှဲ့နှင့် နေသာဧကရာဇ်တို့သည် ရတနာကိုးပါးကို အံ့ဩတကြီး အမူအရာဖြင့် ကြည့်နေကြသည်။
ချင်ယွင်သည်လည်း ဤအခိုက်အတန့်တွင် ထူးထူးခြားခြား အံ့အားသင့်သွားသော်လည်း၊ သူ့အကြည့်များကို အလင်းလုံးများထဲမှ တစ်ခုက ပို၍ စွဲဆောင်သွားခဲ့သည်။
ထိုအလင်းလုံးများအတွင်းမှဦ နတ်ဘုရားပုဆိန်တစ်လက် ရှိနေခဲ့သည်။
ထိုနတ်ဘုရားပုဆိန်သည် ကြီးကြီးမားမားကြီး မဟုတ်သော်လည်း အလွန် လက်ရာ မြောက်လှသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော နတ်ဘုရားတန်ခိုးသည်လည်း တူညီစွာပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ပန်ဂုပုဆိန်လား?" ဤစကားသုံးခွန်းသည် ချင်ယွင်၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲရတနာငါးခုအနက် သုံးခုကို ရရှိထားပြီး ဖြစ်သည်။ ဤနေရာ၌ စတုတ္ထမြောက်တစ်ခုကို အမှန်တကယ် ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ဤပန်ဂုပုဆိန်သည် အမှန်တကယ်ပင် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းအဖြစ် အသွင်ပြောင်းသွားခဲ့ပြီ။
ပန်ဂုပုဆိန်သည် ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်မှ ပေါင်းစည်းသိပ်သည်းထားခြင်း ဖြစ်သည်။ ၎င်းသည် စကြာဝဠာကြီး မွေးဖွားကတည်းက တည်ရှိခဲ့သည်။ ယခု ၎င်းကို အဆင့်မြင့် နတ်ဘုရားပစ္စည်းအဖြစ် အသွင်ပြောင်းလိုက်သောအခါ၊ ၎င်း၏ စွမ်းအားသည် သာမန် အဆင့်မြင့် နတ်ဘုရားပစ္စည်းများထက် အဆများစွာ သို့မဟုတ် အဆဒါဇင်ပေါင်းများစွာ ကြီးမားပေလိမ့်မည်။
ဧကရာဇ် ဟောက်ချင်းသည် ရှေးဟောင်း ဖရိုဖရဲ ရတနာများသည် နတ်ဘုရား ပစ္စည်းများအဖြစ် အသွင်ပြောင်းလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို နတ်ဘုရား ပစ္စည်းများအဖြစ် ဖော်ပြ၍ မရနိုင်တော့ကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။ ယင်းအစား ၎င်းတို့ကို ရှေးဟောင်းဖရိုဖရဲနတ်ဘုရားပစ္စည်းများဟု ခေါ်ဆိုရမည်။ ယခု၊ ဤပန်ဂုပုဆိန် သည် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားပစ္စည်းအဆင့်နှင့် သက်ဆိုင်နေပါပြီ။
တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ဤပန်ဂုပုဆိန်သည် ထိပ်တန်းအဆင့် ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားပစ္စည်းအဆင့်သို့ ရောက်ရှိသွားပုံ မပေါ်သေးပေ။ သို့သော် ၎င်း၏ စွမ်းအားသည် သာမန် အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုထက် များစွာသာလွန်နေသည်။
ယခုအချိန်တွင်၊ ကြည်လင်ကောင်းကင်ဓားနှင့် နတ်နဂါးကျောက်စိမ်းတံဆိပ်တို့သည် ကြေးနီအပိုင်းအစ၏ အကျိုးသက်ရောက်မှုအောက်တွင် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့သည် လုံးဝ ပုံသဏ္ဍာန် မပေါ်သေးပါဘူး။ ထို့ကြောင့်, ထွက်ပေါ်လာမည့် ရလာဒ်နှင့်ပတ်သက်၍ ချင်ယွင်လည်း မသိနိုင်သေးပေ။ ရှေးဟောင်း ဖရိုဖရဲ အစိမ်းရောင် ကြာပန်းမျိုးစေ့ကိုလည်း သူ၏မျက်ခုံးကြားမှ ထုတ်ယူပြီး ဖရိုဖရဲ ပင်လယ်တွင်း နက်ရှိုင်းသောအရပ်မှာ စိုက်ပျိုးထားခဲ့သည်။
ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေသည့်အရာမှာ ယခုအချိန်တွင် သူသည် ဤပန်ဂု ပုဆိန်ကို မမျှော်လင့်ဘဲ တွေ့ရခြင်းဖြစ်သည်။
"ဘိုးဘေးနတ်ဘုရားက အမွေဆက်ခံမူနဲ့ ပတ်သက်တဲ့ နတ်ဘုရားပစ္စည်းတစ်ခု ချန်ထားခဲ့ တယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား?။ ဒါပေမယ့် ဒီမှာ ကိုးခုရှိနေတယ်။ ဒီကိုးခုထဲက တစ်ခု ဖြစ်နိုင်မလား" ချင်ယွင်က လိပ်နက်နတ်သားရဲကို လှည့်ကြည့်ကာ မေးသည်။
လူတိုင်းသည် လိပ်နက်နတ်ဘုရားသားရဲကို ကြည့်ရန် ခေါင်းကိုယ်စီ လှည့်ကြသည်။ ရှင်းပါသည်၊ သူတို့လည်း ထိုမေးခွန်းအတွက် အလွန်ကို ပဟေဠိ ဖြစ်နေခဲ့ပါသည်။
ဤနေရာတွင် နတ်ဘုရားပစ္စည်း ကိုးခု ရှိနေခဲ့သည်။ ထိုရတနာကိုးခုစလုံးသည် ဘိုးဘေး နတ်ဘုရား၏ အမွေဆက်ခံမှုနှင့် ဆက်နွယ်နေသည်ဟု ပြောဆိုလာလျှင့်, သူတို့ ယုံကြည်နိုင်မည် မဟုတ်ပေ။
"ငါ အရင်က ကောင်းကင်ဘုံအုပ်စိုးခြင်းနန်းတော်ကို တစ်ခါမှ မရောက်ဖူးဘူး။ ဆိုတော့ ငါလည်း မသေချာဘူး။ နတ်ဘုရားပစ္စည်း အမွေဆက်ခံမူ အကြောင်းကိုပဲ ကြားဖူးခဲ့တာ။" လိပ်နက်က ကူကယ်ရာမဲ့ ပြန်ဖြေသည်။
ထိုသတင်းကြားတော့ လူတိုင်း စိတ်ပျက်သွားကြသည်။
"ဟမ့်၊ ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဒီရတနာကိုးပါးကို အရင် ယူရအောင်။" လင်းထန်ဘ သည် အေးစက်စွာ အော်ပြောလိုက်ပြီး အလင်းလုံးများထဲမှ တစ်ခုဆီသို့ ပျံသန်းသွားစဉ် နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကိုမြင်တော့ အားလုံးက လင်းထန်ဘကို ကြည့်နေကြသည်။