← Chapters

အခန်း ၁၃၆၉

Vol. 92 Ch. 1369

အခန်း ၁၃၆၉

Vol. 92 Ch. 1369

အခန်း (၁၃၆၉) ဘိုးဘေးနတ်ဘုရားတန်ခိုးတော်။

လင်းထန်ဘသည် ပုံရိပ်များအဖြစ်သို့ ပြောင်းသွားပြီး အလင်းလုံးကိုးခုထဲမှ တစ်ခုဆီသို့ ပျံသန်းသွားသည်။

လူတိုင်းက သူ့ကို ကြည့်နေကြသော်လည်း မည်သူမှ သူ့ကို တားဆီးရန် မလုပ်ဆောင်ခဲ့ကြ ပါဘူး။

ဤခန်းမသည် ဘိုးဘေးနတ်ဘုရားမှ ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ထားသည့် နတ်ဘုရားခန်းမတစ်ခု ဖြစ်သည်။ အတွင်း၌ မည်သို့သော ကပ်ဘေးဒုက္ခများ ရှိနေမလဲဆို သည်ကို မည်သူမျှ မသိနိုင်ကြပေ။ ထို့ကြောင့် ဂရုမစိုက်ဘဲ ရူးသွပ်စွာ ပြုမူပါက အသက်ပင် ဆုံးရှုံးသွားနိုင်သည်။

သူတို့သည် ထိုရတနာများကို အလွယ်တကူ ရယူနိုင်မည်ဟု မထင်ထားသောကြောင့် ထိုအလင်းလုံးများ၏ ထူးခြားချက်များကို သိရှိနိုင်ရန်အတွက် လင်းထန်ဘ၏ အကူအညီ ကို အမှန်တကယ် ငှားယမ်းချင်နေကြသည်။

ချင်ယွင်သည်လည်း လင်းထန်ဘကို စိုက်ကြည့်ကာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက် စောင့်ကြည့်နေလေသည်။

လင်းထန်ဘသည် နတ်ဘုရားကျမ်းစာအုပ်ကို ရစ်ပတ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကို ကြည့်ရင်း ပြုံးလိုက်သည်။ သူ့မျက်လုံးများက အနှိုင်းမဲ့ စိတ်အားထက်သန် သည့် အကြည့်ဖြင့် တောက်ပနေသည်။

လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရား ကျမ်းစာအုပ်သည် ထိပ်တန်းအဆင့် လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာဖြစ်သည်ဟု သူ ကြားသိခဲ့သည်မှာ ကြာမြင့်လှပါပြီ။ ၎င်းကျမ်းစာထဲမှာ အစွမ်းထက်သော ကျင့်ကြံခြင်း နည်းစနစ်များ ပါ၀င် နေရုံသာမက အနှိုင်းမဲ့ အစွမ်းထက်သော လုပ်ကြံသတ်ဖြတ်ခြင်း နည်းပညာများလည်း ပါဝင်နေခဲ့သည်။ ၎င်းကို နတ်ဘုရားကမ္ဘာမှာပင် နံပါတ်တစ် လုပ်ကြံသတ်ဖြတ်ခြင်း လျှို့ဝှက်ကျမ်းအဖြစ် အမြဲတမ်း ချီးကျူးခဲ့ကြသည်။

နတ်ဘုရားနန်းတော်ကြီးလေးခု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခန်းမများသည် ဤနတ်ဘုရား လျှို့ဝှက်ချက်ကျမ်းစားအုပ်ကို အမြဲတမ်း ရယူလိုခဲ့ကြသည်။ ၎င်းသည် နတ်ဘုရားကမ္ဘာ၌ မရေမတွက်နိုင်သော လူများ အိပ်မက်မက်ခဲ့ရသော ရတနာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူ ပထမဆုံး လုပ်ဆောင်လိုသည့်အရာက လုပ်ကြံသတ်ဖြတ်ခြင်း၏ နံပါတ်တစ် လျှို့ဝှက် ကျမ်းစားအုပ်ဟု လူသိများသော ထိုနတ်ဘုရားကျမ်းစာအုပ်ကို တိုက်ခိုက်ရန် ဖြစ်သည်။ ထိုကျမ်းစာအုပ်ကို အခြားလူများ လုယူသွားမည်ကို သူ ကြောက်ရွှံ့မိသည်။

သူသည် ထိုနတ်ဘုရား လျှို့ဝှက်ကျမ်းစာကို ပိုင်ဆိုင်ပြီး၊ ၃၀ ရာခိုင်နှုန်းလောက် လေ့ကျင့် နိုင်ခဲ့လျှင်ပင်၊ သူသည် ကောင်းကင်နတ်ဘုရားအောက်တွင် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။

"ဟား…၊ ဟား…၊ နတ်ဘုရားလျှို့ဝှက်ချက်ကျမ်းစာက ငါ့အပိုင်ပဲ” လင်းထန်ဘသည် အလင်းလုံးရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက် သည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံး ဆီသို့ တိုက်ရိုက် စူးစမ်းကြည့်လိုက်သည်။

သို့သော်၊ သူ့လက်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကို ထိတော့မည့်အခိုက်မှာ, အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းတစ်ခုသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးမှ ထုတ်လွှတ်လိုက်သည်။

ဘန်း…။

နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် ရုတ်တရက် ပေါက်ကွဲသွားပြီး လင်းထန်ဘ၏ လက်မောင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားနိုင်သည်။

"အား..…"

သနားစဖွယ် အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီး လင်းထန်ဘ၏ လက်တစ်ခုလုံးသည် ချက်ချင်းပင် အပိုင်းပိုင်း ကွဲသွားခဲ့သည်။

ထို့အပြင်, ဤအရာက အဆုံးသတ် မဟုတ်သေးပါဘူး။ လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးသည် ၎င်း၏နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ် ပြီးနောက်၊ ၎င်းသည် လင်းထန်ဘကို လုံးလုံးလျားလျား ချေမှုန်းပစ်လိုသည့်အလား နတ်ဘုရားအလင်းတန်းကို တစ်ဖန် ထုတ်လွှတ်ပြန်သည်။

လင်းထန်ဘသည် အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။ သူသည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲပြီး လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

နတ်ဘုရားအလင်းတန်းသည် လင်းထန်ဘကို မထိဘဲ အဝေးက ကျောက်စာတိုင်ကို ထိမှန်သွားကာ တိုင်ပေါ်တွင် လက်မအရွယ် အပေါက်တစ်ခု ကျန်ရစ်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ရင်သပ်ရူမောသွားကြသည်။

ဤခန်းမအတွင်းရှိ အရာအားလုံးသည် နတ်ဘုရားမှော်သင်္ကေတများထံမှ ကောင်းချီးပေးခံ ထားရပြီး ၎င်းတို့၏မာကျောမှုသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းနှင့် နှိုင်းယှဉ်နိုင် ကြသည်။

သို့သော်ငြားလည်း ထိုနတ်ဘုရားအလင်းတန်းသည် အပေါက်တစ်ပေါက်ကို ဖန်တီးထား ဆဲ ဖြစ်သည်။ ထိုနတ်ဘုရားအလင်းတန်းသည် မည်မျှ တန်ခိုးကြီးမားသည်ကို တွေးကြည့်နိုင်သည်။

လင်းထန်ဘသည် တံခါးဆီသို့ ဆုတ်သွားသည်။ သူ့တစ်ကိုယ်လုံး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်နေသည်။ အဝေးက ကျောက်စာတိုင်ပေါ်မှ အပေါက်ကို လှမ်းကြည့်လိုက်တော့ သူသည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားပါသည်။

ကံကောင်းထောက်မစွာ၊ သူသည် အစောပိုင်းက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့သည်။ မဟုတ်ပါက၊ နတ်ဘုရားအလင်းတန်းသည် သူ့ကို ထိမှန်ပြီးဖြစ်လိမ့်မည်။ အကယ်၍, သူသည် ထိုနတ်ဘုရားအလင်းတန်းဖြင့် ထိမှန်ခံရပါက၊ သူ့သား လင်းဖန်းကို ယခုပင် သွားတွေ့ရပေလိမ့်မည်။ သို့တိုင်, သူသည် လက်တစ်ဖက်ကို အဖိုးအခအဖြစ် ပေးဆပ်ခဲ့ရသေးသည်။

မှန်ပါသည်။ ထိုနတ်ဘုရားအလင်းတန်းကြောင့် ပျက်စီးသွားသည့် လက်တစ်ဖက်သည် ပြန်မပေါက်နိုင်တော့ပါဘူး။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူ မဟုတ်ပါက၊ ကောင်းကင်နတ်ဘုရားများပင်လျှင် ကျိုးပဲ့သော လက်မောင်းကို ထပ်မံကြီးထွားနိုင်မည် မဟုတ်တော့ပေ။

တစ်နည်းဆိုရသော် လင်းထန်ဘသည် ယခုအခါ လုံးဝ ချိနဲ့နေပြီ ဖြစ်သည်။ သူသည် ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ မတက်လှမ်းနိုင်သရွေ့၊ ကျိုးပြတ်သွားသော သူ့လက်မောင်းသည် ပြန်လည်မွေးဖွားလာနိုင်မည် မဟုတ်တော့ပါ။

လင်းထန်ဘသည် ကျိုးပြတ်သွားသော လက်မောင်းကို အကြိမ်အနည်းငယ် ပြန်လည် အသက်သွင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မမြင် ဖြစ်ပြီးနောက်တွင် သူ့အမူအရာက အလွန်အမင်း မှိုင်းညို့ကာ ဒေါသဖြစ်လာခဲ့သည်။

သူသည် ဆောင်းအကာကွယ်မြို့တော်၏ ဂုဏ်သိက္ခာရှိသော မြို့တော်သခင်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ သူသည် ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့ရသည်။ ဤအရာက အနာဂတ်မှာ သူ့ကို ဘယ်သူ့ကိုမှ မျက်နှာမပြရဲအောင် လုပ်ဆောင်နေသည်။

"ဒါက ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ပဲ ဖြစ်သင့်တယ်။ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကြောင့် ပျက်စီးသွားတဲ့ အရာမှန်သမျှ ဘိုးဘေးနတ်ဘုရားနယ်ပယ် မရောက်မချင်း ပြန်မရနိုင်ဘူး လို့ ပြောကြတယ်။” ကျိုးဟုန်ရွှဲ့သည် သူမ၏ လှပသော မျက်နှာမှာ ထိတ်လန့်သော အမူအရာ ပေါ်လွင်နေသည် ။

ဘိုးဘေးနတ်ဘုရားများ တန်ခိုးကြီးရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့၏ ကျင့်ကြံမှု နယ်ပယ်ကြောင့်သာမက, ဘိုးဘေးနတ်ဘုရားများသည် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများထက် အဆင့်တစ်ဆင့် ပိုမိုမြင့်မားသောကြောင့် ဖြစ်ပါသည်။

နတ်ဘုရားတန်ခိုးသည် ၎င်းတို့အနက်မှ တစ်ခုဖြစ်သည်။ ဘိုးဘေးနတ်ဘုရား၏ တန်ခိုးအား ဘိုးဘေးနတ်ဘုရားတန်ခိုးတော်ဟု ခေါ်ဆိုကြသည်။ ဘိုးဘေးနတ်ဘုရား တန်ခိုးတော်ဖြင့် တိုက်ခိုက်ခြင်းခံရသော မည်သည့်အရာမဆို၊ နတ်ဘုရားပစ္စည်း၊ နတ်ဘုရားခန္ဓာကိုယ် သို့မဟုတ် နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ်များသည် ပြန်လည်ပြုပြင်၍ မရနိုင်တော့ပါ။

အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်တွင် ပြင်းထန်သော အဖျက်စွမ်းအားများ ပါ၀င်နေသောကြောင့် ဖြစ်ပါသည်။ ထိုအဖျက်စွမ်းအားသည် နတ်ဘုရားခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန် လုံလောက်သည်။

သာမာန်အားဖြင့်၊ နတ်ဘုရားပစ္စည်းတစ်ခု ပျက်စီးသွားပါက၊ အစွမ်းထက်သော နတ်ဘုရား တန်ခိုးရှိသရွေ့ ၎င်းကို ပြန်လည်ပြုပြင်နိုင်ပါသေးသည်။ သို့ရာတွင် ဘိုးဘေးနတ်ဘုရား တန်ခိုးတော်ကြောင့် ပျက်စီးသွားသော ပျက်စီးမှုသည် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော် ကို အသုံးပြုနိုင်ခြင်း မရှိပါက, ၎င်းကို မည်သို့မျှ ပြုပြင်၍ မရနိုင်တော့ပါ။

ချင်ယွင် ရှေ့မှာရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကိုးခုနှင့် တခြားအရာများ သည် ဘိုးဘေးနတ်ဘုရားက ဘိုးဘေးနတ်ဘုရား တန်ခိုးတော်ကို အသုံးပြု၍ ဖန်တီးထား ခြင်း ဖြစ်ပါသည်။ ၎င်းတို့တွင် ဘိုးဘေးနတ်ဘုရား၏ အစွမ်းထက်သော တန်ခိုးတော် ပါရှိနေသည်။ ၎င်းတို့ကို ထိတွေ့မိသမျှကာလပတ်လုံး ၎င်းတို့အထက်ရှိ နတ်ဘုရား တန်ခိုးတော်ကို ဖြစ်ပေါ်စေပြီး၊ ထိုနတ်ဘုရားတန်ခိုးတော်ကြောင့် လှုပ်ချောက်ချားစေလိမ့် သည်။ တချို့က ဒုက္ခိတဖြစ်ကြပြီး၊ တချို့ကတော့ သေဆုံးသွားကြလိမ့်မည်။

"ကြည့်ရတာ ဒီရတနာကိုးခုက ငါတို့ထင်ထားသလို ရဖို့မလွယ်ဘူး ထင်တယ်" ချင်ယွင် သည် ခန်းမအထက်တွင် လွင့်မျောနေသော လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံး ကိုးခု အား ကြည့်ပြီး စိတ်ခံစားချက်ကို ဖော်မပြဘဲ ပြောလိုက်သည်။

ရတနာကိုးခုထဲတွင် ချင်ယွင် အမှန်တကယ် ရယူလိုသော ရတနာမှာ တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိသည်။

၎င်းတို့အထဲတွင် ပန်ဂုပုဆိန်သည် ချင်ယွင် အလိုချင်ဆုံး ရတနာဖြစ်ပြီး၊ ထို့နောက်တွင် လင်းထန်ဘက ဖမ်းယူရန် လက်လှမ်းခဲ့သော နတ်ဘုရားလျှို့ဝှက်ကျမ်းစာနှင့် ချီလင် မျိုးစေ့လို ရတနာများ ဖြစ်သည်။

အခုလေးတင်, သူ ချီလင်မျိုးစေ့ကို ကြည့်လိုက်ချိန်မှာ သူ့ခန္ဓာကိုယ်ထဲက ရှေးဟောင်း အသက်သစ်ပင်၏ အနှစ်သာရက ရှင်းရှင်းလင်းလင်း တုံ့ပြန်လာသည်။ ဤချီလင်သစ်ပင် မျိုးစိတ်များသည် အသက်သစ်ပင်၏ စိတ်ဝင်စားမှုကို သိသိသာသာ နှိုးဆွပေးနိုင်ခဲ့သည်။

ချီလင်ရှေးဟောင်းသစ်ပင်သည် နတ်ဘုရားကမ္ဘာတွင် မနှိုင်းယှဉ်သာအောင် အစွမ်းထက် သော နတ်ဘုရားသစ်ပင် ဖြစ်သည်။ အကယ်၍, နတ်ဘုရားနဂါးများသည် နတ်ဘုရား သားရဲများကြားတွင် အထွတ်အထိပ် တည်ရှိမူများဆိုပါက၊ ဤချီလင်သစ်ပင်သည် နတ်ဘုရားသစ်ပင်များ၏ အစွမ်းထက်ဆုံး သစ်ပင်တစ်မျိုး ဖြစ်သည်။

ချီလင်သစ်ပင်မျိုးစိတ်၏ အရွက်တစ်ရွက်ကို စားရသော သေမျိုးတစ်ယောက်သည်ပင် ထာဝရ အသက်ရှင်နိုင်ပြီး အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်သည်ဟု ဆိုကြပါသည်။

အကယ်၍, သူသာ ချီလင်သစ်ပင်၏မျိုးစေ့ကို ရယူနိုင်လျှင် သူ၏ ကျင့်ကြံမှုသည် ကောင်းကင်သို့တိုင် ပျံတက်သွားနိုင်ပြီး နယ်ပယ်ကြီးတစ်ခုကိုတောင် တိုက်ရိုက် ဖြတ်ကျော်သွားနိုင်သည်။ ဤချီလင်သစ်ပင်သည် မည်မျှတန်ဖိုးရှိသည်ကို တွေးကြည့်နိုင် သည်။

သေချာသည်မှာ, ထိုချီလင်သစ်ပင်ကို ပြုစုပျိုးထောင်ရန် အချိန်အတော် ကြာပါသည်။ ရှေးဟောင်း ချီလင်သစ်ပင်တစ်ပင်ကို ရင့်သန်ကြီးထွားပြီး သစ်သစ်များ ပေါင်းစည်း သိပ်သည်းနိုင်ရန်အတွက် နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ အချိန်ယူရမည် ဖြစ်ပါသည်။ ထို့ကြောင့်၊ နတ်ဘုရားကမ္ဘာ၌ပင် အစစ်မှန် ချီလင်နတ်ဘုရားသစ်ပင်ကို မြင်တွေ့ရန် မဖြစ်နိုင်သလောက်ပင်။

ဤအရာသုံးမျိုးမှလွဲ၍ ချင်ယွင်သည် အခြား ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းသုံးခုနှင့် နတ်ဘုရား စွမ်းရည်များ ပါဝင်သည့် ကျောက်စိမ်းတုံးစလစ်များကို သိပ်ပြီး စိတ်မ၀င်စားပါ။

သေချာသည်မှာ, သူလိုချင်သည့် ဤပစ္စည်းသုံမျိုးကို အသာထား၊ ပစ္စည်းတစ်ခုရဖို့တောင် ကောင်းကင်ဘုံကို တက်လှမ်းရခြင်းနှင့် နှိုင်းယှဥ်နိုင်ပါသည်။

နောက်ဆုံးတွင်၊ ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်သည် ကိုင်တွယ်ရန် လွယ်ကူသည့် အရာ မဟုတ်ပေ။ ယခုလေးတင် တိုက်ခိုက်မှုကို အကဲဖြတ်ကြည့်လျှင် ထိပ်တန်း နတ်ဘုရားပစ္စည်းများပင်လျှင် ဘိုးဘေးနတ်ဘုရားတန်ခိုးတော်၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ပေ။

ဖျောက်ဖျက်၍ မရသော ဒဏ်ရာတစ်ခုရရှိသွားခြင်း, ဤမျှပြင်းထန်သော ဒဏ်ရာသည် သာမန်လူ တစ်ဦး ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။

ချင်ယွင်တစ်ဦးသာ အတွေးကမ္ဘာထဲတွင် ပျောက်ဆုံးသွားသည်မဟုတ်၊ အခြားလူများ လည်း အတွေးကမ္ဘာထဲတွင် ပျောက်ဆုံးသွားခဲ့သည်။

ထင်ရှားသည်မှာ၊ ဤရတနာများထဲတွင် သူတို့ရယူလိုသော တစ်စုံတစ်ခု ရှိနေသည်မှာ ထင်ရှားသည်။

ဥပမာအားဖြင့်၊ ကျိုးဟုန်ရွှဲ့သည် ထိုရတနာကိုးခုထဲမှ တစ်ခုကို စိတ်ကူးယဉ်နေခဲ့သည်။ ထိုဓားသည် သူမကျင့်ကြံသည့် ကျင့်ကြံခြင်းနည်းလမ်းကို ဖြည့်စွက်ပေးနိုင်သည့် ပြင်းထန် သော ရေခဲအေးဓာတ်ကို ထုတ်လွှတ်နေသည်။ ၎င်းသည် သူမအတွက် အသင့်တော်ဆုံး ဖြစ်သည်။ သူမသည် ၎င်းကို ပထမဆုံး မြင်မြင်ချင်းမှာပင် သဘောကျနေခဲ့သည်။

All Chapters