← Chapters

အခန်း ၁၃၇၀

Vol. 92 Ch. 1370

အခန်း ၁၃၇၀

Vol. 92 Ch. 1370

အခန်း (၁၃၇၀) ရှေးဟောင်းကြေးဝါနယ်မြေ

"လျှိုဘို၊ ဘိုးဘေးနတ်ဘုရားတန်ခိုးတော်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းများ မရှိဘူး လား။ ချင်ယွင်က သူ့မျက်ခုံးကြားမှာ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားကို ပြောလိုက်သည်။

ယခုအခါ၊ သူသည် အခက်အခဲများ သို့မဟုတ် သူမဖြေရှင်းနိုင်သော ပြဿနာများကို ကြုံတွေ့လာသည်နှင့်, ချင်ယွင်သည် လျှိုဘို၏ ထင်မြင်ချက်ကို ဦးစွာရယူရန် ရွေးချယ်မည် ဖြစ်သည်။

လျှိုဘို၏အသိပညာသည် အလွန်ကျယ်ပြန့်သည်ဟု ဆိုနိုင်သည်။ အစကတည်းက အခုအချိန်အထိ ချင်ယွင်သည် လျှိုဘိုမသိသည့်အရာကို မတွေ့ရသေးပါ။ ထို့ကြောင့် ယခု ထိုကဲ့သို့ မေးခွန်းမျိုးကို သူကြုံတွေ့ရသောအခါ၊ ချင်ယွင်သည် လျှိုဘိုကို သူ့မသိစိတ်မှ သဘာဝအတိုင်း မေးမြန်းမိလိမ့်မည်။

"ဘိုးဘေးနတ်ဘုရားရဲ့တန်ခိုးတော်လား၊ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်က ဘာလဲ။" လျှိုဘို၏ ပျင်းရိသော အသံသည် ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

သူသည် ချင်ယွင် ယွမ်ရှီရှီ၏ခန္ဓာကိုယ် ရယူနိုင်ရန် ချင်ယွင်ကို လျှို့ဝှက်ကြံစည်ပြီး ခွင့်ပြုပြီးကတည်းက လျှိုဘိုသည် ပေါ်လာခြင်း မရှိတော့ပါဘူး။ ယင်းအစား သူသည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားတွင် ပုန်းအောင်းပြီး အိပ်နေခဲ့သည်။ ချင်ယွင်၏ အမေးကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူသည် ခဏတာအတွင်း တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ပေ။

"ခန်းမထဲက အလင်းလုံးကိုးခုကို ကြည့်လိုက်ရင် မင်း သိလိမ့်မယ်" ချင်ယွင်က တိုက်ရိုက် မရှင်းပြဘဲ လျှိုဘိုကို ကိုယ်တိုင်ကြည့်ရူဖို့ ခွင့်ပြုလိုက်ပါသည်။ လျှိုဘိုသည် ထိုလျှို့ဝှက် ဆန်းကြယ်မှုများကို တစ်ချက်တည်းမြင်နိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။

"ရှစ်..၊ အဲဒါကို တစ်ခုခုလို့ ငါက ထင်နေခဲ့တာ။ အဲဒါက အမှိုက်ကိုးခုပဲ" ဟုတ်ပါသည်, လျှိုဘို၏အသံသည် ချင်ယွင်၏စိတ်ထဲမှာ ခဏအတွင်း ထွက်ပေါ်လာသည်။ သို့သော် လျှိုဘို၏ စကားကြောင့် ချင်ယွင် သည် သွေးအန်ချင်စိတ်ပင် ဖြစ်ပေါ်စေသည်။

အမှိုက်လား?

ဤအရာများ အားလုံးသည် အကြီးမြတ်ဆုံး ရတနာများအဖြစ် အခြားသူများက မှတ်ယူ ထားကြရသည့် ရတနာများ ဖြစ်ကြသည်။ လျှိုဘို၏နေရာကို ရောက်သည့်အခါ, ၎င်းတို့သည် ဘယ်လိုလုပ် အမှိုက်ဖြစ်သွားရတာလဲ?။

"ဒါပေမယ့်၊ ဒီပစ္စည်းကိုးခုက အမှိုက်တွေဆိုပေမဲ့ အခုချိန်မှာတော့ မင်းအတွက် အရမ်းကို အသုံးဝင်တယ်။ ဥပမာဆို၊ အဲဒီပုဆိန်မှာ မင်းရဲ့ကနဦးစကြဝဠာထဲက ရတနာသုံးခုနဲ့ တူညီတဲ့ သွေးမျိုးဆက်ရှိတယ်။ ဒီအရာတွေ အားလုံးက စကြဝဠာရဲ့ အစောပိုင်း ကာလကတည်းက ဖြစ်ပေါ်လာတဲ့ ဝိညာဉ်ပစ္စည်းတွေပဲ။ တကယ်လို့ သူတို့သာ အစောပိုင်း ကောင်းကင်နတ်နယ်ပယ်အထိ အားကောင်းလာခဲ့မယ်ဆိုရင်, သူတို့အနေနဲ့ ဒီကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံး ရတနာတွေ ဖြစ်လာမှာ သေချာတယ်။” လျှိုဘိုက ထပ်ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ့စိတ်ထဲမှာ ပို၍ နေလို့ကောင်းလာသည်။

သို့သော် လျှိုဘို၏စကားများသည် ချင်ယွင်ကို အသုံးဝင်သော အချက်အလက်များစွာကို ပေးခဲ့ပါသည်။ အနည်းဆုံးတော့၊ လျှိုဘို၏ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ အဆင့် အတန်းသည် ရှေးဟောင်းဖရိုဖရဲ ရတနာများ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီး ကမ္ဘာအဆင့်ရှိ အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

"ဒီအသုံးမကျတဲ့ အရာတွေအကြောင်း မပြောဘဲနေကြစို့။ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကနေ ဖြစ်ပေါ်လာတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အလင်းလုံးတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာပဲ ဆွေးနွေးကြည့်ရအောင်။" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်ရ သည်။

"ကောင်စုတ်လေး..၊ မင်းက အရမ်းကို မိုက်မဲတာပဲ။ ဘိုးဘေးနတ်ဘုရားက ဒီရတနာကိုးခု ကို ဒီနေရာမှာ ထားခဲ့တာ ဘာအတွက်လို့ မင်း ထင်လဲ။" လျှိုဘိုက မေးသည်။

ချင်ယွင်က တခဏလောက်စဉ်းစားပြီး ပြောသည် “တိုက်ပွဲအတွင်းမှာ လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား အသေခံရခြင်းရဲ့ အကြောင်းရင်းကတော့ တစ်စုံ တစ်ယောက်က လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်ကို လက်ခံရရှိနိုင်လိမ့်မယ်လို့ သူ မျှော်လင့်ထားတာကြောင့် ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီရတနာကိုးခုကို သဘာဝအတိုင်း အမွေဆက်ခံသူက ပြန်လည် ရယူနိုင်လိမ့်မယ်”။

“ဒီလောက်ဆို လုံလောက်ပြီလေ။ အဲဒီလျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူ့ရဲ့ အမွေနှစ် ရတနာအားလုံးကို ဒီနေရာမှာ သိမ်းထားခဲ့တယ်ဆိုကတည်းက “ဒီရတနာ ကိုးခုကို မင်းရဲ့ကိုယ်ပိုင် နတ်ဘုရားတန်ခိုးနဲ့ ရစ်ပတ်ယူဆောင်ဖို့ လုံးဝ မဖြစ်နိုင်သလို တခြားသူတွေကိုလည်း ရယူခွင့်ပြုဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါ့ကြောင့်, တကယ်လို့, မင်းအနေနဲ့ ဒီအလင်းလုံးထဲက ရတနာတွေကို ရယူချင်တယ်ဆိုရင်, ဒါတွေကို ရယူနိုင်ဖို့ အခြားနည်းလမ်းတစ်ခု ရှိရလိမ့်မယ်။ ဒီသောက်အဓိပ္ပာယ်မဲ့တဲ့ အလင်းလုံးတွေကို ဖြိုခွင်းဖို့ အတွက် အခြားအစွမ်းထက် စွမ်းအားတွေကို အသုံးပြုလို့ မရနိုင်တော့ဘူး” လျှိုဘိုပုံစံက ပျင်းရိနေသေးသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်လာသည်

မှန်ပေသည်, ဤလျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးများကို ချိုးဖြတ်ပြီး ရတနာများကို ရယူရန် အခြားနည်းလမ်းတစ်ခု ရှိရပေမည်။

သို့သော်၊ အတင်းအကြပ် တိုက်ခိုက်ခြင်းမပြုဘဲ နတ်ဘုရားတန်ခိုးတော် အလင်းလုံးထဲက ရတနာတွေကို ရယူနိုင်ရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း?။

“လျှိုဘို, ငါတို့ ဘာလုပ်နိုင်မလဲလို့ မင်း ထင်လဲ။ ချင်ယွင်က လျှိုဘိုကို ဆက်မေးကြည့် သည်။

“ဒီအကြောင်းကို မင်း တွေ့ကြည့်နိုင်တယ်လေ။ ဒါနဲ့ပတ်သက်ပြီး ငါ မင်းကို မကူညီနိုင်ဘူး။ အရာအားလုံးက မင်း အပေါ်မှာပဲ မူတည်နေတယ်။" လျှိုဘိုသည် စကားတစ်ခွန်းကို ပစ်လွှတ်ပြီးနောက် သဲလွန်စပင် မချန်ထားခဲ့ပေ။ ချင်ယွင်သည် မည်မျှပင် အော်ပြောနေပါ စေ သူက ဘာမှ မတုံ့ပြန်တော့ပါဘူး။

ချင်ယွင်သည် တခဏတာ ကူကယ်ရာမဲ့ ဖြစ်နေပြီး နည်းလမ်းတစ်ခုခုကိုသာ တွေးနိုင်ပါ တော့သည်။

ထို့နောက်, ချင်ယွင်သည် ထိုအကြောင်းကို လိပ်နက်၊ ကျိုးဟုန်ရွှဲ့နှင့် နေသာဧကရာဇ်တို့ အား ပြောပြပြီး၊ သူ့အတွက် နည်းလမ်းတစ်ခုကို ကူညီစဉ်းစားပေးရန် တောင်းဆိုလိုက် သည်။

ချင်ယွင်၏စကားကိုကြားပြီးနောက် ကျိုးဟုန်ရွှဲ့နှင့် အခြားလူများသည် သူ့အတွက် နည်းလမ်းတစ်ခု စဉ်းစားနိုင်ရန် စတင်ကူညီပေးကြသည်။

ချင်ယွင်လည်း ခန်းမအတွင်းမှာ သဲလွန်စတစ်ခုခုကို ရှာဖွေကြည့်ချင်ပြီး၊ ခန်းမအတွင်းကို ဂရုတစိုက် စစ်ဆေးကြည့်ရူရန် စတင်လိုက်ပါသည်။

အမှန်တကယ်ဆို, သူတို့ချည်းသက်သက်သာ မဟုတ်ပေ။ အနားမှာရှိနေသည့် လင်းချင်းရှန်းနှင့် ဟွမ်ဟော်ရန်တို့သည်လည်း ဤအရာကို သဘောပေါက်သွားပြီး စူးစမ်းရှာဖွေကြသည်။ ဟွမ်ဟော်ရန်အနေဖြင့်, သူသည် ပင်မခန်းမကို လှည့်ပတ်ကြည့်ရူ နေသည်။

နောက်ဆုံးတွင်, ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့၏ မျက်လုံးများသည် ခန်းမရှေ့ရှိ ညာဘက် နံရံမှာ ထည့်သွင်းမြုပ်နှံထားသည့် ကြေးဝါမှန်တစ်ချပ်ကို ကျရောက်သွားကြသည်။

ပထမတော့ ချင်ယွင်နှင့် အခြားသူများသည် ၎င်းမှန်သည် ရိုးရှင်းလွန်းပြီး မည်သည့် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ မရှိသောကြောင့် ဤရှေးဟောင်း ကြေးဝါမှန်ကို ဂရုမစိုက်ကြပေ။

သို့သော်, ယခုလေးတင် သူတို့သည် ခန်းမတစ်ခုလုံးကို တစ်ပတ်လောက် လှည့်ပတ် ကြည့်ရူစစ်ဆေးခဲ့ပြီးနောက်, ဤကြေးဝါမှန်သည် ပိုပိုပြီး ထူးခြားလာသည်ကို တွေ့လိုက်ရပါသည်။

နတ်ဘုရားတံခါးကို တွန်းဖွင့်လိုက်သောအခါ ခန်းမထဲမှ စူးရှတောက်ပသော အလင်းရောင် တစ်ခု ထွက်လာသည်ကို ချင်ယွင် မှတ်မိသေးသည်။ ယခုမှပင် ထိုစူးရှတောက်ပသော နတ်အလင်းရောင်သည် ထိုရှေးဟောင်းကြေးဝါမှန်မှ ထုတ်လွှတ်ခြင်းဖြစ်ကြောင်း သူ ပြန်သတိရမိသည်။

ဘိုးဘေးနတ်ဘုရား ပြုစုပျိုးထောင်ခဲ့သည့် နတ်ဘုရားပစ္စည်းတစ်ခုသည် လျှို့ဝှက် နတ်ဘုရားဂိုဏ်း၏ အမွေဆက်ခံမှုနှင့် ဆက်နွှယ်နေသည်ဟု လိပ်နက်နတ်ဘုရားသားရဲက ပြောဆိုခဲ့ဖူးသည်။ ထိုနတ်ဘုရားပစ္စည်းသည် ဆန်းကြယ်သော အလင်းလုံးကိုးခုအတွင်းမှ ရတနာများနှင့် မနှိုင်းသာသော်လည်း ဂိုဏ်း၏အမွေဆက်ခံမူနှင့် ပတ်သက်နေသည်။ သူတို့သည် နံရံပေါ်တွင် ထည့်သွင်းမြှုပ်နှံထားသော ရှေးဟောင်းကြေးဝါမှန်တစ်ချပ်ကို တွေ့ရသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကိုးခုအတွင်းမှ ရတနာများသည် အခြားသူများကို ဖုံးကွယ်ထားရုံသက်သက်မျှသာ ဖြစ်ပါလိမ့်မည်။

ရှေးဟောင်းကြေးဝါမှန်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကိုးခုကို ဖွင့်လှစ်ရန် သော့တစ်ချောင်းပင် ဖြစ်နိုင်သည်။

ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့၏ အကြည့်များသည် ရှေးဟောင်းကြေးဝါမှန်ပေါ် ကျရောက်သွားသောအခါ၊ သူတို့သည် ဤအချက်ကို ချက်ချင်း နားလည်သွားကြသည်။

သူတို့သည် အကြည့်ချင်း ဖလှယ်ပြီးနောက် နှစ်ယောက်သား တစ်ချိန်တည်း ပျံထွက်သွား ကြသည်။ သူတို့နှစ်ဦးစလုံးသည် အလွန်လျင်မြန်သော နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ နံရံပေါ်ရှိ ရှေးဟောင်းကြေးမှန်ဆီသို့ လှမ်းဆွဲလိုက်ကြသည်။

ချင်ယွင်သည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုထားပြီး၊ သူ့ခန္ဓာကိုယ်အား ထောင်ပေါင်းများစွာသော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲပေးကာ သူ့အမြန်နှုန်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ဟွမ်ဟော်ရန်၏ အမြန်နှုန်းသည် သူ့ထက် အနည်းငယ်မျှပင် အားမနည်းခဲ့ ပေ။ သူ၏ရုပ်အသွင်သည် ရှေးဟောင်းကြေးဝါမှန်ဆီသို့ တည့်တည့် တိုးဝင်သွားကာ၊ အဖြူရောင် ရေနဂါးတစ်ကောင် ဖြတ်သန်းသွားသကဲ့သို့ အဖြူရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားလေသည်။

သူတို့နှစ်ဦးသည် အလွန်မင်း လျင်မြန်လွန်းလှသည်။ သူတို့သည် မူလက ခန်းမအ၀င်ဝတွင် ရပ်နေခဲ့ကြပြီး၊ ခန်းမနှင့် ပေအနည်းငယ်သာ ကွာဝေးကြသည်။ ထို့ကြောင့် မျက်စိ တစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် ခန်းမ၏နက်ရှိုင်းနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့နှစ်ဦး၏ လက်များသည် တစ်ချိန်တည်းတွင် ရှေးဟောင်း ကြေးဝါမှန်ဆီသို့ ဆန့်တန်း လိုက်သည်။ သူတို့လက်များသည် တစ်ချိန်တည်းမှာပင် ရှေးဟောင်းကြေးဝါမှန်ကို ထိလိုက်ကြသည်။

ဘန်း….။

သို့သော်၊ သူတို့၏လက်များသည် ရှေးဟောင်းကြေးဝါမှန်ကို ထိလိုက်သည့်အခိုက်တွင်၊ ရှေးဟောင်းကြေးဝါမှန်မှ တန်ခိုးကြီးသော နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်နှင့် ဟွမ်ဟောရန်တို့ကို တစ်ချိန်တည်း လွှမ်းခြုံသွားခဲ့သည်။

ထို့နောက် ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့သည် ပင်မခန်းမထဲမှ တစ်ချိန်တည်း ပျောက်ကွယ် သွားကြသည်။

" ချင်ယွင်…"

ကျိုးဟုန်ရွှဲ့နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်နှာများသည် အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် သူတို့၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

သူတို့ထဲမှ အနည်းငယ်သည် ပြေးသွား၍ ရှေးဟောင်းကြေးဝါမှန်ထဲသို့ ကြည့်ရူကြသည်။

ရှေးဟောင်းကြေးဝါမှန်သည် အနှိုင်းမဲ့ ထူးခြားဆန်းကြယ်သော နတ်ဘုရားအလင်းကို ကောင်းမွန်စွာ ထုတ်လွှတ်လာသည်။ ထို့နောက် မူလက ရိုးရှင်းသော ကြေးဝါမှန်ပေါ်တွင် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် အနှိုင်းမဲ့ကြီးမားသည့် ပြိုင်ပွဲကွင်းပြင်ကြီး တစ်ခု ဖြစ်ပါသည်။

ပြိုင်ပွဲကွင်းပြင်ပေါ်တွင် လူနှစ်ယောက် ရပ်နေကြသည်။ သူတို့ကတော့ ချင်ယွင် သို့မဟုတ် ဟွမ်ဟော်ရန်တို့ ဖြစ်ကြပါသည်။

All Chapters