အခန်း ၁၃၇၁
Vol. 92 Ch. 1371
အခန်း (၁၃၇၁) ဟွမ်ဟော်ရန်နှင့် တိုက်ခိုက်ခြင်း။
"အယ်၊ သူတို့ ဘာလို့ မှန်ထဲမှာ ရှိနေတာလဲ။" လိပ်နက်က တအံ့တသြ မေးသည်။
နေသာဧကရာဇ်နှင့် ကျိုးဟုန်ရွှဲ့တို့ နှစ်ယောက်စလုံး ခေါင်းယမ်းကြသည်။ ရှင်းရှင်းပြောရ လျှင်, သူတို့လည်း ဖြစ်ပျက်နေသည်ကို နားမလည်ကြပါဘူး။
"ဖြစ်နိုင်တာက… ဒါက... ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်များလား?" လင်းချင်ရှန်းသည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူ့မျက်နှာသည် အလွန် အံ့သြသွားသည့် အမူအရာတစ်ခုကို ပေါ်လွင်စေသည်။
"မှန်တယ်။ ဒါ ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ပဲ၊ တကယ်တော့ ငါတို့အနေနဲ့ ဒီနာမည်ကို ဟိုးအရင်ကတည်းက တွေးမိသင့်တယ်။ ဒီနတ်ဘုရားနန်းတော် ကို ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားနန်းတော်လို့ ခေါ်တယ်။ ဒီနာမည်ကလည်း ဒီကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ကြောင့် ဖြစ်လိမ့်မယ်။" လင်းထန်ဘ သည် အလွန်မှိုင်းညို့သော အမူအရာဖြင့် ပြောလိုက်ပြီး၊ သူ့မျက်လုံးများတွင် စိတ်အလို မကျမူများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်။ ဒါက ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်လား။" ကျိုးဟုန်ရွှဲ့သည် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့၏ စကားများကို ကြားလိုက်သောအခါတွင်, သူမ၏ လှပသော မျက်နှာသည် အလွန် အံ့သြသွားသော အမူအရာ ပေါ်လာသည်။
"အယ်? ဒီကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်မှာ ထူးခြားမှုတစ်ခုခုများ ရှိနေလို့လား" နေသာဧကရာဇ်သည် မမေးဘဲ မနေနိုင်တော့ချေ။
"ဒီကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်က ကောင်းကင်ဘုံအုပ်စိုးသူလို့ခေါ်တဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါးက ထုလုပ်ထားတဲ့ နတ်ဘုရားပစ္စည်းတစ်ခုပဲ။ ဒီနတ်ဘုရား ပစ္စည်းက အတန်ငယ် ထူးခြားတယ်။ ဒီနတ်ဘုရားပစ္စည်းက အဆင့်သတ်မှတ်ချက် မရှိသလို၊ သူ့ရဲ့အဆင့်ကလည်း သာမန် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတွေထက် သာလွန်နေတာပဲ။ ငါတို့မသိနိုင်တဲ့ အဆင့်ကိုတောင် ရောက်ရှိနေလောက်ပြီ။ ဒီနတ်ဘုရား ပစ္စည်းက ပုံရိပ်ယောင်ကမ္ဘာအားလုံးကို ဖြိုခွဲပစ်နိုင်ပြီး၊ ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်တုန့်ပြန်နိုင်စွမ်းတယ်။ ဒါက အကြီးမြတ်ဆုံး နတ်ဘုရားပစ္စည်းတစ်ခုပဲ” ကျိုးဟုန်ရွှဲ့က ရှင်းပြသည်။
နေသာဧကရာဇ်နှင့် လိပ်နက်တို့နှစ်ယောက်စလုံးသည် ထိုရှေးဟောင်းကြေးဝါမှန်က တိုက်ခိုက်မှုများကို ပြန်လည်တုန့်ပြန်နိုင်သည်ဟု ကြားရသောအခါ, သူတို့သည် အံ့ဩသွားသည့် အမူအရာများကို ထုတ်ဖော်ပြသကြသည်။ ဤစကားအရ, ထိုရတနာကို ပိုင်ဆိုင်ထားသူသည် တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်မည်ဟု ဆိုလိုရာမရောက်ပေဘူးလား။ ထိုနတ်ဘုရားပစ္စည်းသည် မည်မျှ တန်ခိုးကြီးလိုက်သနည်း။
"သေချာတာက, ပြန်လှန်တိုက်ခိုက်နိုင်မူက အရေအတွက် အကန့်အသတ်တော့ ရှိပါတယ်။ အဲဒါက ပိုင်ရှင်ရဲ့ခွန်အားပေါ်မှာလည်း မူတည်နေတယ်။ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်ဆို တစ်နေ့ကို ကိုးကြိမ်အထိ တုန့်ပြန်တွန်းလှန်နိုင်တယ်။ ကိုးကြိမ် ပြည့်သွားရင် ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ဘူး။ ကောင်းကင်နတ်ဘုရား၊ ကျွမ်းကျင်သူတွေအတွက်တော့ ခုနစ်ကြိမ်အထိပဲ တုန့်ပြန်တိုက်ခိုက်နိုင်ပြီး၊ မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တွေဆိုရင်တော့ ပိုပြီးတော့ အကြိမ်ရေ နည်းသွားနိုင်တယ်” ကျိုးဟုန်ရွှဲ့က ရှင်းပြသည်။
နေသာဧကရာဇ်နှင့် လိပ်နက်တို့သည် ဤစကားကို ကြားသောအခါ သက်ပြင်းချကြသည်။
အကယ်၍ အကန့်အသတ်မရှိ တုန့်ပြန်တိုက်ခိုက်နိုင်ပါက၊ ၎င်းသည် ကောင်းကင်ကို အံတုနိုင်လွန်းပြီး၊ နတ်ဘုရားမှန်တစ်ချပ်ကို ကိုင်ဆောင်ထားရုံဖြင့် ကောင်းကင်နတ်ဘုရား နယ်ပယ် အောက်၌ ပြိုင်ဘက်ကင်း ဖြစ်ပေတော့မည်။ သို့သော်၊ လူတစ်ယောက် ထိုသို့ လုပ်ဆောင်နိုင်ရန် အကြိမ်အရေအတွက်ကို ကန့်သတ်ရန်အတွက် ကြီးမားသော ကန့်သတ်ချက်ကြီးတစ်ခု မဖြစ်မနေ လိုအပ်လာလိမ့်မည်။ သေချာသည်မှာ, တစ်ကြိမ် ပြန်လည် တုန့်ပြန်နိုင်ခဲ့လျှင်ပင်, ၎င်းသည် အလွန် အစွမ်းထက်နေပါပြီ။ ပြန်လည် တုန့်ပြန် နိုင်ခြင်းဖြင့် မိမိ၏အသက်ကို ကာကွယ်ပြီးသားဖြစ်သလို ရန်သူကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လိမ့်မည်။ ထို့ကြောင့် ဤရှေးဟောင်း ကြေးဝါမှန်သည် ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာတစ်ခု ဖြစ်သည်။
၎င်းသည် သာမာန် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများထက် သာလွန်နေသည်ဟု ဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်း မဟုတ်တော့ပေ။
"ဒါဆို သူတို့က ဘာလို့ အခု ဒီကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ထဲမှာ ရှိနေရတာလဲ” နေသာဧကရာဇ်က ထပ်မေးသည်။
"ဒီကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်မှာ ထူးခြားချက်တစ်ခု ရှိတယ်။ အဲဒါက ပိုင်ရှင်ကို အသိအမှတ်ပြုတဲ့ နည်းလမ်းပဲ။ သခင်မရှိသေးရင် သူ့ကို ပထမဆုံး ထိတဲ့ သူကို သူ့သခင်အဖြစ် အသိအမှတ် ပြုလိမ့်မယ်။ ဒါပေမယ့်, စောစောလေးက ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့ဟာ တစ်ချိန်တည်းမှာပဲ သူ့ကို ထိလိုက်ကြတယ်။ ဒါ့ကြောင့် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်က သူ့အသိအမှတ်ပြုမူကို ရယူချင်တယ် ဆိုရင်, သူတို့နှစ်ဦးကြားမှာ အကောင်းဆုံး နည်းလမ်းတစ်ခုကို ရွေးချယ်ပေးလိမ့်မယ်။ သူတို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်းပဲ။ အနိုင်ရတဲ့ဘယ်သူမဆို ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ရဲ့ အရှင်သခင် အစစ် ဖြစ်လာလိမ့်မယ်” ကျိုးဟုန်ရွှဲ့က ထပ်မံ ပြောဆိုလိုက်သည်။
လိပ်နက်နတ်ဘုရားသားရဲနှင့် နေသာဧကရာဇ်တို့ နှစ်ယောက်စလုံးသည် ကြေးဝါမှန်ထဲက ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့ကိုကြည့်ရင်း နားလည်သဘောပေါက်သည့် အမူအရာကိုယ်စီ ပြသလာကြသည်။
“ငါ့သခင်က ဟွမ်ဟော်ရန်ကို အနိုင်ယူပြီး ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရား ကြေးဝါမှန်ရဲ့ အသိမှတ်ပြုမူကို ရယူနိုင်မလာဆိုတာ ငါ သိချင်မိတယ်” လိပ်နက် နတ်ဘုရားသားရဲ စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။
နေသာဧကရာဇ်နှင့်ကျိုးဟုန်ရွှဲ့တို့ နှစ်ယောက်စလုံး ခေါင်းယမ်းလိုက်ကြသည်။ ချင်ယွင်၏ ခွန်အားသည် အားမနည်းမှန်း သူတို့ သိကြသော်လည်း ဟွမ်ဟော်ရန်ကလည်း သာမန် လူတစ်ယောက် မဟုတ်ပေ။ ထိုလူ၏နောက်ခံသည် လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ ထို့ကြောင့် သူ့မှာ ပုံမှန်မဟုတ်သော နည်းလမ်းများ သို့မဟုတ် ဝှက်ဖဲများ ရှိရမည်။ ထို့ကြောင့် ချင်ယွင်သည် ကျိန်းသေ အနိုင်ရမည်ဟု သူတို့ အာမခံဝံ့ကြပေ။
"ဟမ့်၊ သူ ရှုံးနိမ့်တော့မယ်။ ဟွမ်ဟော်ရန်ရဲ့ အစွမ်းက မင်းတို့ထင်သလောက် မရိုးရှင်းဘူး။ သူ တကယ် လှုပ်ရှားလာရင်, သူ့ရဲ့ ခွန်အားက ငါ့နဲ့ လုံးဝ ယှဉ်နိုင်တယ်။ မင်းတို့ရဲ့ ချင်ယွင် က နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်လောက်ပဲ ရှိတယ်။ သူက ဟွမ်ဟော်ရန်ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဘာမျှော်လင့်ချက်မှ ထားမနေနဲ့။" လင်းထန်ဘက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သည်။
သူ့အမြင်အရ ဟွမ်ဟော်ရန်သည် ကောင်းကင်ဘုံအုပ်စိုး ခြင်းနတ်ဘုရား ကြေးဝါမှန်ကို ရယူနိုင်ပြီး၊ ၎င်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ အဆုံးတွင် ဟွမ်ဟော်ရန်၏ အဆင့်အတန်း နှင့် အနေထားအရ ယခုလိုရတနာတစ်ခုကို ရရှိခြင်းက သူ့အတွက် သဘာဝကျပါသည်။
"ဟမ့်၊ ငါ့သခင်ရဲ့ ခွန်အားက မင်းမြင်သလောက် မရိုးရှင်းဘူး။ တကယ်လို့ သူသာ တကယ် လှုပ်ရှားချင်တယ်ဆိုရင်, ဟွမ်ဟော်ရန်ကို မပြောနဲ့ဦး, မင်းနဲ့တူတဲ့ နောက်ထပ် ဆယ်ယောက်ရှိနေရင်တောင် သူက မင်းအားလုံးကို အလွယ်တကူ သတ်ပစ်နိုင်တယ်" လိပ်နက်က အေးစက်စက် နှာချေကာ တုံ့ပြန်သည်။
လင်းထန်ဘ၏ စကားလုံးများက သူ့စိတ်ထဲတွင် အမျက်ဒေါသကို နှိုးဆွပေးခဲ့သည်။ သူ့စိတ်ထဲတွင် ချင်ယွင်သည် ပြိုင်ဘက်ကင်း တည်ရှိမူအဖြစ် ရှိနေပြီးသား ဖြစ်သည်။ နောက်ဆုံးတွင်၊ သူသည် ချင်ယွင်၏ ကနဦးစကြာဝဠာကို ယခင်က မြင်ခဲ့ဖူးသည်။ ထို့ကြောင့်၊ ယခင်က သူ့ထက်သာလွန်သည်ဟု ခံစားဖူးသော အထွက်အထိပ် မြေကမ္ဘာ နတ်ဘုရား သို့မဟုတ် ကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုနေကြသည့် မည်သည့် ကျွမ်းကျင် ပညာရှင်မျိုးမဆို ယခုအခါ သူ့အတွက် လုံးဝ တန်ဖိုးမရှိ ဖြစ်သွားခဲ့ပြီ။ အနာဂတ်တွင်၊ ချင်ယွင်၏ စကြာဝဠာကြီး အောင်မြင်ပြီးသည်နှင့် သူသည် ဘိုးဘေးနတ်ဘုရားများကိုပင် လုံးဝ မထီမဲ့မြင် ပြုနိုင်သည်။ ဤအရာက လူတိုင်း မည်သို့ နားလည်နိုင်မည်နည်း?။
သေချာသည်မှာ, လင်းထန်ဘသည် ဤစကားကို ကြားသောအခါ သဘာဝအတိုင်း ယုံကြည်မည် မဟုတ်ပေ။ သူသည် အမှန်တကယ် ကြွားလုံးထုတ်နေသည်ဟု ထင်မြင်လိမ့်မည်။
အကယ်၍ သူသည် လက်တစ်ဖက်နှင့် သူ့ခွန်အားကို ဆုံးရှုံးလိုက်ရပြီး, ယခုအခါ, သူသည် လိပ်နက်နတ်ဘုရားသားရဲကို အနိုင်ယူနိုင်စွမ်း မရှိတော့ခြင်းကြောင့်သာ, ထိုသို့မဟုတ်ပါ က, သူသည် ယခုအချိန်တွင် တိုက်ခိုက်နေလောက်ပြီ။
“မသိနားမလည်တဲ့လူတွေ၊ မင်းတို့ ခဏ စောင့်ကြည့်နေလိုက်။" လင်းထန်ဘက အေးစက်စွာ အော်ပြောလိုက်ပြီး၊ လိပ်နက် နတ်ဘုရားသားရဲနှင့် အခြားလူများကို လျစ်လျူရှုလိုက်သည်။
လိပ်နက်နတ်ဘုရားသားရဲနှင့် ကျိုးဟုန်ရွှဲ့တို့သည် လင်းထန်ဘကို စိတ်မဆိုးတော့ပေ။ အဘယ့်ကြောင့်ဆိုသော်, ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ထဲရှိ လေထု သည် တင်းမာနေပြီ ဖြစ်ပြီး၊ နောက်အခိုက်အတန့်တွင် တိုက်ခိုက်ရန် အလားအလာ အလွန်များနေသောကြောင့် ဖြစ်သည်။
ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန် အတွင်းမှာ၊ နယ်နိမိတ် အကန့်သတ် မရှိသည့် အလွန်ကြီးမားသည့် ဧရာမပြိုင်ပွဲကွင်းကြီးသည် တိမ်များထက်တွင် လွင့်မျောနေ သည်။ ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့သည် လက်ရှိတွင် ထိုပြိုင်ပွဲကွင်းပေါ်တွင် ရပ်နေကြ သည်။
ပြိုင်ပွဲကွင်းပြင်၏ကြမ်းပြင်သည် ချင်ယွင်နှင့် ဟွမ်ဟော်ရန်၏ အရိပ်များကို ရောင်ပြန်ဟပ် နိုင်သည့် မှန်တစ်ချပ်လည်း ဖြစ်သည်။
ထိုအချိန်တွင် ချင်ယွင်နှင့် ဟွမ်ဟောရန်တို့သည် သူတို့မျက်နှာများပေါ်တွင် သတ်ဖြတ်လို သည့် ဆန္ဒကိုယ်စီဖြင့် တစ်ဖက်နှင့်တစ်ဖက် မတ်တပ်ရပ်နေကြသည်။
နတ်ဘုရားအလင်းရောင်က သူတို့ကို မှန်ထဲက လေဟာနယ်ထဲကို စုပ်ယူသွားခဲ့သည့် အခိုက်တန့်မှာပင် သူတို့စိတ်ထဲမှာ သတင်းတစ်ခု ထွက်ပေါ်လာပြီး ဖြစ်သည်။
တဖက်လူသည် ပြိုင်ဘက်ကို အနိုင်ယူနိုင်သရွေ့ အနိုင်ရသူသည် ကောင်းကင်ဘုံ အုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်၏ ပိုင်ရှင်ဖြစ်လာမည် ဖြစ်သည်။
ယခုဆိုလျှင် ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့ နှစ်ယောက်စလုံးသည် အဘယ်ကြောင့် တိုက်ခိုက်ရမည်ကို သိရှိသွားကြပြီ။
"ဟမ့်၊ ငါ မင်းကို တိုက်ချင်နေတာ ကြာပြီ။ ဒါပေမယ့် လုပ်ရှားဖို့ အခွင့်အလမ်း မတွေ့ခဲ့ဘူး။ အခု မင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဒီအခွင့်အရေးက အချိန်ခိုက် ရောက်လာခဲ့တယ်။ စိတ်မပူပါနဲ့၊ ငါ မင်းကို ပြန်မတိုက်ခိုက်နိုင်တော့တဲ့အထိ သေချာပေါက် ရိုက်နှက်ပေး မယ်။"ဟွမ်ဟော်ရန်က ပြောသည်။ ချင်ယွင်ကို ကြည့်နေသည့် သူ့အမူအရာမှာ အေးစက်မူမျိုး မရှိတော့ဘဲ မောက်မာမှုအပြည့် ရှိလာခဲ့သည်။
ချင်ယွင်သည် ထိုစကားကို ကြားတော့ ပြန်ပြောရင်း သူ့ပါးစပ်ထောင့်တွေက မထိန်းနိုင်ဘဲ တွန့်သွားခဲ့သည် "မင်းက တစ်ချက်လေးတောင် မလှုပ်ရှားရသေးဘဲ ဝါကြွားစ ပြုနေပြီ။ ငါ့ရဲ့ခွန်အား အစစ်မှန်ကို မင်း သိလို့လား"။
"မင်းကိုယ်မင်း ကောင်းကောင်း ဖုံးကွယ်ထားပြီး၊ မင်းရဲ့ ခွန်အားက အမြင့်ကနေ နိမ့်ရာကို ပြောင်းလဲနိုင်ပေမယ့် မင်းရဲ့အစွမ်းက နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိနေသေးတယ်လို့ ငါ ပြောနိုင်နေပြီ။ မင်း ဒီထက်ပိုပြီး သေချာပေါက် မမြင့်နိုင်တော့ဘူး။ ပြီးတော့, မင်း အရင်က ခွန်အားချေးငှားတဲ့ နည်းလမ်းက နောက်တစ်ကြိမ် အသုံးလို့ရချင်မှ ရတော့မယ်။ ငါပြောတာ မှန်မမှန် သိချင်မိတယ်” ဟွမ်ဟော်ရန်က ရယ်မောကာ ပြန်ဖြေသည်။
"ဟုတ်တယ်၊ မင်းပြောခဲ့တာတွေက မှန်ပါတယ်။ ဒါပေမယ့် မင်း ငါ့ကိုအနိုင်ယူချင်ရင်တော့ မင်း ထင်သလောက် မလွယ်ကူဘူး" ချင်ယွင်က ရယ်မောလိုက်ပြီး ဟွမ်ဟော်ရန်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားကာ သူ့မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။