← Chapters

အခန်း ၁၃၇၂

Vol. 92 Ch. 1372

အခန်း ၁၃၇၂

Vol. 92 Ch. 1372

အခန်း (၁၃၇၂) သွေးစွန်းတိုက်ပွဲ။

ချင်ယွင်၏ရုပ်အသွင်သည် လျင်မြန်စွာ တဟုန်ထို့း ပျံထွက်သွားခဲ့ပြီး၊ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးကို သူ့ညာလက်ထဲသို့ လုံးလုံးလျားလျား သွန်းလောင်းသွားခဲ့သည်။

ချင်ယွင်၏ပုံရိပ်သည် ဖျတ်ခနဲ ပျံထွက်သွားသည်နှင့်, သူသည် ဟွမ်ဟော်ရန်ဆီသို့ ချဉ်းကပ်သွားရင်း သူ့ညာလက်ကို လက်သီးအဖြစ် ဆုပ်ထားကာ၊ လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး၊ ကောင်းကင်ပြိုကျလောက်သည့် အရှိန်ဟုန်ဖြင့် ဟွမ်ဟော်ရန်၏ မျက်နှာကို အပြင်းအထန် ထိုးလိုက်သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် သူ၏ခွန်အားနှင့် နယ်ပယ်အရာတွင် မည်သည့်ဘက်ကမှ အသာစီး မရရှိခဲ့သောကြောင့် သူသည် ပထမဆုံး စတင်လုပ်ရှားသူ ဖြစ်ရပါမည်။ ဤနည်းဖြင့် သူသည် အနိုင်ရရန် အခွင့်အလမ်းက ပိုများလာလိမ့်မည်။

ချင်ယွင်၏ လက်သီးထိုးချက်ကို မြင်လိုက်ရသောအခါ ဟွမ်ဟော်ရန်၏ မျက်လုံးများသည် မထီမဲ့မြင်ပြုဟန်ဖြင့် တောက်ပသွားခဲ့သည်။

သူသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး၊ ၎င်းပေါ်တွင် အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားအလင်းရောင်တစ်ခုက လင်းလက်လာသွားကာ ချင်ယွင်၏ လက်သီးကို ပိတ်ဆို့ တားဆီးလိုက်သည်။

"ဘုန်း…"

ချင်ယွင်၏လက်သီးသည် ဟွမ်ဟော်ရန်၏ လက်ချောင်းပေါ်သို့ ကျရောက်သွားပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်လာပါသည်။ သို့သော် ချင်ယွင်၏ လက်သီး သည် ဟွမ်ဟော်ရန်၏ မျက်နှာနှင့် တစ်လက်မအကွာတွင် ရပ်တန့်နေပြီ ဖြစ်သည်။ သူသည် လက်ချောင်းတစ်ချောင်းဖြင့် အပြင်းအထန် ပိတ်ဆို့ခံထားရသဖြင့်၊ ရှေ့ဆက် ဝင်ရောက်ရန် သူ့အား လုံးဝ ခက်ခဲစေသည်။

ဤမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ့အကြည့်တွေက ပို၍ပင် စူးရှလာခဲ့သည်။

ဟွမ်ဟော်ရန်က အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည် "မင်းရဲ့စစ်မှန်တဲ့ ခွန်အားကို ထုတ်ဖော်လိုက်ပါ။ ဒီခွန်အား နည်းနည်းက မလုံလောက်ဘူး။ ဒီခွန်အားက အများဆုံး သာမန် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါးနဲ့ နှိုင်းယှဉ်နိုင်ရုံလောက်ပဲ။ တကယ်လို့, မင်းသာ တကယ်ပဲ ဒီခွန်အားလောက်သာ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့, ငါက မင်းကို လက်တစ်ဖက်တည်းနဲ့ တောင် ချေမွပစ်နိုင်တယ်”။

ထိုစကားပြောပြီးသည်နှင့် သူ့လက်ချောင်းပေါ်မှာ လျှပ်စီးကြောင်းတစ်ခု လင်းလက်သွား သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအားက သူ့လက်ချောင်းမှ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်သည် သူ့လက်သီးမှ နှိုင်းစာ၍ မရအောင် ပြင်းထန်သော အင်အားကို ခံစားလိုက်ရသည်။ ထို့နောက်, ထိုစွမ်းအားက သူ့ခန္ဓာကိုယ် တစ်ခုလုံးအား တွန်းလွှတ်လိုက်ပြီး၊ သူသည် သူ့ခန္ဓာကိုယ်မှ ထိုစွမ်းအားကို မဖယ်ရှားနိုင်မီ ပေတစ်ထောင်အကွာဝေးထိ ပြုတ်ကျသွားခဲ့သည်။

ချင်ယွင်သည် ခပ်ဝေးဝေးမှနေ၍ ဟွမ်ဟော်ရန်ကို ကြည့်လိုက်ပြီး၊ သူ့အကြည့်များက လေးနက်လာသည်။

သေချာသည်မှာ, ဟွမ်ဟော်ရန်သည် သာမန် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ မဟုတ်ပေ။ အစောပိုင်းက သူ့လှုပ်ရှားမှု၏ ခွန်အားသည် သာမန် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် သာလွန်နေပြီ ဖြစ်သည်။ သူသည် နတ်ဘုရားနန်းတော်ကြီးတစ်ခု၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေလောက်ပြီ။ သူသည် ထိုလှုပ်ရှားမူကို သာမန်ကာလျှံကာ အားစိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူသည် သူ့စွမ်းအားကို အစွမ်းကုန် အသုံးချပါက၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထဲတွင် မည်သူမျှ သူ့ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

"ဒါပေမယ့်, မင်းရဲ့ ခွန်အားက အရမ်းကြောက်ဖို့ ကောင်းတယ်။ မင်းက ငါတွေ့ဖူးသမျှထဲ မှာ အထူးချွန်ဆုံးပဲ" ချင်ယွင်က ပြောသည်။

ဟွမ်ဟော်ရန်သည် ချင်ယွင်က သူ့အား ရယ်စရာကောင်းသည့် ဟာသတစ်ခုကို ပြောပြနေ သည့်အလား ခံစားရသည်။

"မင်းက ငါ့ရဲ့ အစစ်မှန် ခွန်အားကို မြင်ချင်တယ်ဆိုမှတော့, ကောင်းပြီလေ၊ မင်းဆန္ဒ အတိုင်း ငါ လုပ်ဆောင်ပေးမယ်" ချင်ယွင်က အေးစက်စွာ ပြောသည်။ သူပြောပြီးသည်နှင့်၊ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာက သူ့လက်ထဲတွင် ပေါ်လာသည်။

ချင်ယွင်မှ ဤနတ်ဘုရားဆေဘာအား ရွှဲ့ကျင်း ဟူ၍ အမည်ပေးထားခဲ့သည်။ ဆိုလိုသည်မှာ, အကယ်၍, တစ်စုံတစ်ယောက်သည် သူ့လမ်းကြောင်းကို ပိတ်ဆို့ရန် သတ္တိရှိပါက, သူသည် သူ၏ဆေဘာဖြင့် ထိုလူကို သတ်ပစ်မည်ဟု အဓိပ္ပာယ်ရသည်။

ဘန်း..။

နတ်ဘုရားဆေဘာ ပေါ်လာသည်နှင့် အနှိုင်းမဲ့ စွမ်းအားကြီးမားသော ဆေဘာ အငွေ့အသက်က ချင်ယွင်၏ကိုယ်ခန္ဓာမှ ချက်ချင်း ထုတ်လွှတ်ကာ အနှိုင်းမဲ့ ပြင်းထန်သော အငွေ့အသက်ကြောင့် သူ၏ဝတ်ရုံများသည် တဖျပ်ဖျပ်ခတ်နေသည်။

ချင်ယွင်၏ တည့်မတ်သော ကိုယ်ဟန်အနေအထားသည် ကောင်းကင်နှင့် မြေကြီးကြား တွင် ရပ်နေသော လှံတစ်ချောင်းနှင့်တူပြီး အနှိုင်းမဲ့ လွှမ်းမိုးကြီးမိုးမူရှိသည်။

ကျိုးဟုန်ရွှဲ့သည် ခန်းမထဲမှ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့တော့ပေ။ သူမသည် မှန်တစ်ချပ်ကို လိုက်ကြည့်နေရသော်လည်း၊ ချင်ယွင်၏ တုနှိုင်းမရသော အရှိန်အဟုန်နှင့် စူးရှသော အကြည့်များကို ခံစားနိုင်ဆဲ ဖြစ်ပြီး၊ ၎င်းက အမျိုးသမီးအားလုံးကို ဖမ်းစားနိုင်စွမ်းရှိသည်။

သူမသည် ယခုလို လွှမ်းမိုးနိုင်စွမ်းရှိသော ယောက်ျားတစ်ယောက်ကို ရှာတွေ့ခဲ့သည့် အတွက် သူမအဒေါ်ကိုပင် မနာလိုဖြစ်စ ပြုလာသည်။

ဟွမ်ဟော်ရန်၏ပုံစံကလည်း မောက်မာမူအပြည့် ရှိနေသေးသည်။ သူသည် လက်တစ်ဖက် ကို ကျောနောက်မှာ ပစ်ထားပြီး လက်တစ်ဖက်က ရင်ဘတ်ရှေ့မှာ ထားသည်။ သူ့အဝတ်အစားတွေက လေပြည်လေးညှင်းကဲ့သို့ ညှင်သာစွာ လှုပ်ခတ်နေပြီး ဖော်မပြနိုင် လောက်အောင် ချောမောခန့်ညားနေသည်။ ချင်ယွင်၏ ပြင်းထန်သော ဆေဘာ စွမ်းအား သည် မည်သည့် သက်ရောက်မူမှမရှိဘဲ သူ့ထံမှ အလွယ်တကူ ပြန်ကန်ထွက်သွားခဲ့သည်။

"ဒါက မင်းဆိုလိုတဲ့ ခွန်အားအပြည့်လား၊ သိပ်အများကြီး တိုးတက်လာပုံ မပေါ်ပါဘူး" ဟွမ်ဟော်ရန်က ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက ပို၍ပင် လှောင်ပြောင် ရယ်မောဟန် ရှိနေသည်။

ချင်ယွင်၏ အမူအရာမှာ အေးစက်နေဆဲ ဖြစ်ပြီး သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ က လျော့ကျမသွားခဲ့ပေ။

လျှိုဘို၏ စွမ်းအားကို ငှားရမ်းခြင်းမရှိသလို, ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခြင်း မရှိပါ, သူသည် ဟွမ်ဟော်ရန်ကို အနိုင်ယူရန် အခွင့်အလမ်း နည်းပါးကြောင်း သူသိသည်။

ဒါပေမယ့်, ဘာဖြစ်လဲ? သူချင်ယွင်သည် မည်သူ့ကိုမှ မကြောက်ခဲ့ဖူးပါဘူး။ အကယ်၍, တိုက်ပွဲအတွင်းမှာ သေသွားလျှင်ပင် သူသည် လုံးဝ အလျှော့မပေးဘူး။

"ကောင်းပြီ၊ ငါကြိုးစားကြည့်ရင် သိလာလိမ့်မယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက် ပြီး ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုကာ၊ ချက်ချင်းပင် တစ်သောင်းနီးပါးသော ရုပ်အသွင်များအဖြစ် ပြောင်းလဲပြီး ဟွမ်ဟော်ရန် ဆီသို့ ဦးတည်သွားခဲ့သည်။ သူ့ပုံရိပ်များက ကြိုတင်မှန်းဆ၍ မရချေ။

မကြာခင်မှာ သူသည် ဟွမ်ဟော်ရန်၏ ရှေ့ကို ရောက်ရှိလာခဲ့သည်။ သူ့လက်ထဲက နတ်ဘုရားဆေဘာသည်လည်း မရေမတွက်နိုင်သည့် နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများအဖြစ်သို့ ပြောင်းသွားခဲ့ပြီး ပြင်းထန်စွာ ခုတ်ပိုင်းသွားသည်။

ဘန်း….။

ဆေဘာသည် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်ကာ အလွန်ကျယ်လောင်သော တုန်ခါအသံကို ထုတ်လွှတ်လိုက်သည်။

ဟွမ်ဟော်ရန်သည် သူ့ဆီသို့ ထိုးဖောက်ဖြတ်သန်းလာသော ဆေဘာကို သူ့မျက်လုံးများ တွင် အံ့သြဟန်ဖြင့် ကြည့်လိုက်သည်။ သို့သော် ဤအံ့အားသင့်မှုသည် လျင်မြန်စွာပင် ပေါ့ပါးသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူသည် အနည်းငယ် လှုပ်ရှားပြီး၊ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားကာ ချင်ယွင်၏ ဆေဘာကို ရှောင်တိမ်းလိုက်သည်။ ထို့အပြင်, သူ့လက်ချောင်းသည် ချက်ချင်း ဆန့်ထွက် လာပြီး ချင်ယွင်၏ ဆေဘာမျက်နှာပြင်ပေါ်ကို တိုက်ရိုက် ပွတ်သပ်လိုက်သည်။

ချွင်….။

ချင်ယွင်၏ နတ်ဘုရားဆေဘာပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ချက်ခြင်း ပြိုကွဲသွားပြီး၊ ထို့နောက်တွင် အနှိုင်းမဲ့ တန်ခိုးကြီးသော နတ်ဘုရားတန်ခိုးသည် နတ်ဘုရားဆေဘာ တစ်လျှောက် ချင်ယွင်၏ ရင်ဘတ်ဆီသို့ ချက်ချင်း ထိုးထွင်း ဝင်ရောက်သွားသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး၊ သူ့လည်ချောင်းက ချိုမြိန်လာသည်။ (ဤနေရာ၌ ချိုမြိန်လာသည်ဟု ပြန်ဆိုလိုက်ခြင်းမှာ သူ့လည်ချောင်းတစ်လျှောက် သွေးများ ပျို့တက်လာခြင်းကို ရည်ရွယ်ဟန်တူပါသည်)။

ဟွမ်ဟော်ရန်၏ လက်ချောင်းသည် ကောင်းကင်နှင့်မြေကြီး၏ တန်ခိုးပါ၀င်သည်ဟု ဆိုနိုင်သည်။ ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားသောကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤပြင်းထန်သော စွမ်းအားကြောင့် ထုံကျဉ်သွားခဲ့သည်။

"ဟမ့်၊ မင်းရဲ့အမြန်နှုန်းက မဆိုးပါဘူး။ မင်းရဲ့ခွန်အားကတော့ အားနည်းလွန်းတယ်။ ဒီလို အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်ဖို့၊ မင်းမှာ အထူးနတ်ဘုရားတန်ခိုးနဲ့ နတ်ဘုရားစွမ်းရည်တွေ တစ်ခုခုတော့ ရှိရမယ်။ ဒါပေမယ့် မင်းရဲ့ နတ်ဘုရားနတ်ခိုး စွမ်းအားရဲ့ အရည်အသွေးက အားနည်းနေတုန်းပဲ" ဟွမ်ဟော်ရန်က အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူသည် လျှပ်စီးလက်ကဲ့သို့ လက်ဖဝါးကို ဆန့်တန်းကာ ချင်ယွင်၏ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။

"ဖူး...”

ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထွက်လာသည်။ သူ့တစ်ကိုယ်လုံးသည် ကြိုးပြတ်သွားသောစွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားသည်။ သူ မရပ်တန့်မီ ပေတစ်သောင်း အကွာအဝေးသို့ လွင့်ပျံသွားခဲ့သည်။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။

ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားခန်းမအတွင်းမှာ, ကျိုးဟုန်ရွှဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူမပါးစပ်ကို မတတ်နိုင်ဘဲ ဖုံးအုပ်လိုက်မိသည်။

လင်းထန်ဘသည် မထီမဲ့မြင်ပြုဟန် လှောင်ပြောင်မှုကို ထုတ်ဖော်လိုက်သည်။ သူပုံစံက စိတ်သက်သာရာ ရနေပုံပေါ်သည်။ လင်းချင်ရှန်းသည်ပင် ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။

ချင်ယွင်သည် သူ့ရင်ဘတ်ကို ဖုံးအုပ်ထားပြီး ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေသည်။ သူသည် သူ့ဆေဘာကို ကိုင်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ့ရင်ဘတ်တစ်ခုလုံး နစ်မြုပ်သွားခဲ့သည်။ သူ့ရင်ဘတ်ပေါ်ရှိ အဝတ်များသည်လည်း အနီရောင်ဆိုးထားသည်။ သို့သော် သူ့အကြည့်များက ခိုင်မာပြီး မယိမ်းမယိုင် ဖြစ်နေဆဲ ပင်။

"ကောင်စုတ်လေး၊ မင်းရဲ့ ခွန်အားက သူ့ကို မယှဉ်နိုင်ဘူး။ မင်း ကြယ်နတ်ဘုရား နယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ အခွင့်အရေးကို ရှာပါ။ မင်း ဖြတ်ကျော်ပြီးတာနဲ့ မင်းရဲ့ စွမ်းအားက သူ့ကို တိုက်ခိုက်နိုင်လိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့ နတ်ဘုရားတန်ခိုး စွမ်းအား တွေက အများကြီး တိုးတက်လာလိမ့်မယ်။"

ထိုအချိန်တွင် လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားပြီး၊ စိတ်ရှုပ်ထွေးစွာ မေးလိုက်ပါသည် "ဒါက ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလား။"

ချင်ယွင် ကြယ်နတ်ဘုရားနယ်ပယ်ကို မဖြတ်ကျော်ရသည့် အကြောင်းရင်းမှာ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်မိမှာ ကြောက်ရွှံ့သောကြောင့် ဖြစ်သည်။ ယခု သူသည် လျှိုဘို၏စကားကို ကြားလိုက်ရတော့, သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုက မထိန်းနိုင် ဘဲ မြင့်တက်လာခဲ့သည်။

"စိတ်မပူပါနဲ့၊ အခုချိန်မှာ မင်းက ဒီကမ္ဘာငယ်လေးထဲမှာ ရှိနေပြီး၊ မင်းရဲ့ ကောင်းကင်ဘုံ တန်ခိုးစွမ်းအားက အားနည်းနေပြီ။ နောက်ပြီး, ငါက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေ ကို တားဆီးနိုင်အောင် မင်းကို ကူညီပေးမယ်။ ဒါဆို မင်း ဒီကမ္ဘာငယ်လေးထဲကနေ မထွက်ခွာသရွေ့ ကောင်းကင်ကပ်ဘေးဒုက္ခက သေချာပေါက် ဆင်းသက်လာမှာ မဟုတ်တော့ဘူး။ သေချာတာက, မင်း ထွက်သွားတာနဲ့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ချက်ခြင်း ဆွဲဆောင်မိလိမ့်မယ်။ ဒါကြောင့် မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာတော့ ကြိုတင် ပြင်ဆင်ထားသင့်တယ်” လျှိုဘိုက ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။ ချက်ခြင်းပင်၊ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ့နှလုံးသားထဲတွင် လောင်ကျွမ်းသွား သည်။ သူသည် အဝေးမှ ဟွမ်ဟော်ရန်ကို ရုတ်တရက် ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းထောင့် က ကွေးသွားခဲ့သည်။

All Chapters