အခန်း ၁၃၇၃
Vol. 92 Ch. 1373
အခန်း (၁၃၇၃) တစ်ချက်တည်းခုခံဖို့အတွက်တောင် အားနည်းလွန်းတယ်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွားပြီး သူ့မျက်လုံးများက နတ်ဘုရားအလင်းရောင်များဖြင့် လင်းလက်နေသည်။
ယခင်က သူသည် ကောင်းကင် ကပ်ဘေးဒုက္ခအတွက် စိုးရိမ်နေခဲ့ပြီး သူ့နယ်ပယ်ကို အဆင့်ချိုးဖြတ် မသွားအောင် ဖိနှိပ်ခဲ့ရသည်။ အခု လျှိုဘိုပြောစကားကို ကြားလိုက်ရ သဖြင့် သူသည် စိုးရိမ်စရာ မရှိတော့ပြီ။
သူ့နတ်ဘုရားခန္ဓာကိုယ်သည် ၉၉ ရာခိုင်နှုန်းအထိ ပြည့်သွားခဲ့ပြီ ဖြစ်ပြီး၊ သူသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သူ ထိုအဆင့်ကို ပြီးမြောက်နိုင်သရွေ့တော့ သူသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်ကို ချက်ချင်းပင် ဖြတ်ကျော်နိုင်လိမ့်မည်။
သူသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားသရွေ့ သူ၏ နတ်ဘုရား တန်ခိုးခြောက်ပါး၏ အရည်အသွေးသည် အဆင့်တစ်ခုအထိ တိုးမြင့်လာမည် ဖြစ်သည်။ ဤနည်းအားဖြင့်၊ သူ၏ပေါင်းစပ်နတ်ဘုရားတန်ခိုး၏ အရည်အသွေးသည် ကြီးကြီးမားမား တိုးတက်လာမည် ဖြစ်သည်။ တစ်နည်းဆိုရသော် ချင်ယွင်၏ စွမ်းအားသည် မြင့်မားသော အဆင့်တစ်ခုအထိ မြင့်တက်လာမည် ဖြစ်သည်။
"အိုး၊ မင်း အရှုံးမပေးသေးဘူးပဲ၊ ကြည့်ရတာ မင်းက တော်တော်လေး လေသံမာပုံပဲ။" ဟွမ်ဟော်ရန်သည် ချင်ယွင်ကို ဆော့ကစားဟန် အပြုံးဖြင့် လှောင်ပြောင်သည်။
အခုလေးတင်၊ သူသည် လက်တစ်ဖက်တည်းဖြင့် ချင်ယွင်ကို နှိပ်ကွပ်ထားပြီး ဖြစ်ကာ၊ ချင်ယွင်သည် လက်တုံ့ပြန်ရန်ပင် ခွန်အားမရှိခဲ့ပါဘူး။ ဤယှဉ်ပြိုင်ပွဲသည် သည်းထိတ် ရင်ဖိုစရာ မရှိဘူးဟုပင် ပြော၍ ရပါသည်။
"ဟုတ်တယ်၊ ငါ့အရိုးတွေက အမြဲတမ်း မာကျောတယ်။ ငါ့အရိုးကို စားချင်တဲ့လူတိုင်း နောက်ဆုံးမှာ သူတို့သွားတွေ ကျိုးကြေသွားကြတယ်။ မင်းလည်း ခြွင်းချက်မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။ သူ့မျက်လုံးများသည်လည်း ခိုင်လုံသော ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ စကားကိုကြားတော့ ဟွမ်ဟော်ရန်က မထီမဲ့မြင် ပြုံးပြီး ပြောသည် "မင်းရဲ့ အရိုးတွေက မာကျောတာမဟုတ်ပဲ၊ မင်းရဲ့ပါးစပ်ကပဲ မာကျောတာလို့ ငါ ထင်တယ်။ အခု အချိန်အထိ ငါက လက်တစ်ဖက်တည်း အသုံးပြုခဲ့ပြီး၊ မင်းကတော့ မင်းရဲ့ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကိုတောင် အသုံးပြုထားသေးတယ်။ ဒါတောင်မှ မင်းက ငါ့လက်ထဲမှာ သုံးကွက်ပြည့်အောင် မလှုပ်ရှားနိုင်ခဲ့ဘူး။ ငါ မင်းရဲ့အရိုးတွေကို မကိုက်နိုင်သေးဘူးလို့ မင်း ထင်နေသလား။”
"သေချာတာက, ဒါက အဆုံးသတ် မဟုတ်သေးဘူးလေ။ ချင်ယွင်၏ အပြုံးက အတူတူပင် ဖြစ်ပြီး သူ့မျက်လုံးများသည် ယုံကြည်မှုအပြည့် ရှိနေဆဲပင်။
အခုအချိန်မှာ သူသည် အဆင့်ဖြတ်ကျော်ချင်နေပြီး၊ အဆင့်ဖြတ်ကျော်ရန် အကောင်းဆုံး နည်းလမ်းက တိုက်ခိုက်ရန် ဖြစ်သည်။ ထို့ကြောင့် သူသည် ဟွမ်ဟော်ရန်ကို ဆက်လက် တိုက်ခိုက်နေသရွေ့၊ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်သို့ ချောမွေ့စွာ ဖြတ်ကျော်နိုင်လိမ့်မည်။
စော်ကားခံရခြင်းနှင့် ပတ်သက်၍မူ, ဤအရာက ချင်ယွင်အတွက် လုံးဝ သာမန်ဖြစ်ပါ သည်။ အောင်မြင်မှုတစ်ခုကို သူ လုပ်ဆောင်နိုင်သရွေ့, ချင်ယွင်သည် သူ အရင်က ခံစားခဲ့ရသည့် ခါးသီးမူ အသီးအနှံအားလုံးကို သေချာပေါက် ရှာတွေ့နိုင်ပါလိမ့်မည်။
"ဟမ့်၊ မင်းက သေချင်နေလား၊ အသက်ရှင်နေချင်လားဆိုတာ ငါ မသိဘူး။ မင်းရဲ့အရိုးတွေ က မာကျောတယ်လို့ ပြောပြီးပြီဆိုမှတော့, ငါက မင်းခန္ဓာကိုယ်မှာရှိတဲ့ အရိုးအားလုံးကို ရိုက်ချိုးပစ်လိုက်မယ်။ အဲဒီအချိန်ရောက်ရင် မင်းအနေနဲ့ အဲဒီစကားမျိုး ပြောဖို့ ယုံကြည်မှု ရှိသေးရဲ့လား ငါကြည့်ချင်တယ်"ဟွမ်ဟော်ရန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများက ရုတ်တရက် အေးစက်သွားသည်။
ချင်ယွင်၏ အကြည့်များသည် ခက်ထန်လာပြီး သူ့အငွေ့အသက်က စူးရှလာသည်။ သူ့တစ်ကိုယ်လုံးသည် တိမ်တိုက်ထဲတွင် အချိန်ကြာမြင့်စွာ တွေဝေမှိန်းမောနေခဲ့ရာမှ ရုတ်တရက် အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်တစ်ခုဖြင့် ပေါက်ကွဲထွက်လာသကဲ့သို့ ပင်။
ရှေးဟောင်း ဖရိုဖရဲအစိမ်းရောင် ကြာပန်းပညာရပ်သည် စတင်ပျံ့နှံ့လာပြီး သူ့ခန္ဓာကိုယ် အတွင်းမှ ပေါင်းစပ်နတ်ဘုရားတန်ခိုးသည် သူ့တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားကာ၊ သူ့နတ်ဘုရားခန္ဓာကိုယ်ကို အဆက်မပြတ် လှုံ့ဆော်ပေးသည်။
ဘန်း…။
ချင်ယွင်၏ ခြေချောင်းများသည် မြေပြင်နှင့် ထိကပ်သွားသည်။ သူ့တစ်ကိုယ်လုံးသည် လျှပ်စီးလက်သွားသကဲ့သို့ပင်။ လေပြင်းတစ်ချက် တိုက်ခတ်မူနှင့်အတူ သူသည် ထောင်ပေါင်းများစွာသော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လက်ထဲမှ ရွှဲ့ကျင်း က (သွေးလှိုင်းဆေဘာက) နတ်ဘုရားအလင်းရောင်များ ပွင့်လန်းသွားပြီး ဆေဘာက ခုတ်ပိုင်းသွားခဲ့သည်။ (သွေးလှိုင်းဆေဘာဟူသည် နတ်ဘုရားဆေဘာ ရွဲ့ကျင်း၏အမည် ဖြစ်ပြီး နောက်ပိုင်း နာမည်ပါခဲ့လျှင် ဤနာမည်ကို အသုံးပြုသွားပါမည်)။
ဓားလှိုင်း။
ယခုအချိန်တွင်၊ ချင်ယွင်သည် ဝူဝမ်ဓားသိုင်းကို သာမန်ထက် ထူးခြားသည့် အတိုင်းအတာ တစ်ခုအထိ နားလည်ထားပြီး ဖြစ်သည်။ ဤသိုင်းကွက်ကို ထုတ်ဖော်ရန် နတ်ဘုရား ဆေဘာကို အသုံးပြုခဲ့ပြီး၊ ၎င်းဓားကွက်သည် မီးကဲ့သို့ သန့်စင်နေပြီး ၎င်း၏စွမ်းအားက အကန့်အသတ် မရှိပေ။
ထို့ကြောင့် ဆေဘာခုတ်ပိုင်းသွားသည့် အခိုက်တန့်မှာပင်, ဆေဘာစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးမှ ထွက်ပေါ်လာခဲ့သည်။ ထိုဆေဘာစွမ်းအားသည် ဟွမ်ဟော်ရန် ဆီသို့ ဟစ်ကြွေးဟိန်းဟောက်ကာ ပျံသန်းသွားသည့် နဂါးတစ်ကောင်နှင့် တူသည်။
၎င်း၏အရှိန်အဟုန်သည် အလွန်ပြင်းထန်သောကြောင့် လျှပ်စီးကြောင်းများဖြင့် ပြည့်နှက် နေသည်ဟု ဆိုနိုင်သည်။
ဟွမ်ဟော်ရန်သည် တဟုန်းဟုန်း ပျံ့နှံ့ထွက်ပေါ်လာသော ဆေဘာစွမ်းအားကို မြင်သော အခါ, သူ့ပါးစပ်ထောင့်က အနည်းငယ် လှုပ်သွားသည်။
သူ့ဘယ်လက်သည် သူ့နောက်ကျောတွင် ရှိနေဆဲဖြစ်ပြီး၊ သူ့ညာလက်က ညင်သာစွာ ဝှေ့ယမ်းကာ သူ့ဝတ်စုံလက်မောင်းကို လှိမ့်သွားသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအား အတက်အကျလှိုင်း တစ်ခုသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ချင်ယွင် ခုတ်ပိုင်းလိုက်သော ဆေဘာစွမ်းအားကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
တဟုန်းထိုး ပျံ့နှံ့ထွက်သွားသော ဆေဘာစွမ်းအားသည် ဟွမ်ဟော်ရန်၏ နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းများနှင့် အပြင်းအထန် တိုက်မိသွားပြီး ကြောက်မက်ဖွယ် ဟစ်အော်သံတစ်ခု ထွက်လာခဲ့သည်။
၎င်းတိုက်ပွဲသည် ထိုကြေးမှန်အတွင်းရှိ လေဟာနယ်ထဲမှာ ရှိနေခြင်း မဟုတ်ဘဲ ပြင်ပ ကမ္ဘာမှာ ရှိနေခဲ့ပါက, ထိုကြောက်စရာကောင်းသည့် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမှု၏ နောက်ဆက်တွဲ ရလာဒ်က ဆယ်ကီလိုမီတာ အကွာအဝေးအတွင်းရှိ အရာအားလုံးကို ကွဲကြေသွားစေမည်မှာ သေချာပါသည်။
"ဟမ့်၊ ဒါက မင်းရဲ့ယုံကြည်မှုပဲလား။ တစ်ချက်တည်း ခုခံဖို့အတွက်တောင် အားနည်းလွန်း မနေဘူးလား” ဟွမ်ဟော်ရန်သည် လက်ဖဝါးကို လှန်ကာ ချင်ယွင်ဆီကို ဦးတည်ပြီး ရိုက်လိုက်သည်။
ဤလက်ဖဝါး ရိုက်ချက်နှင့်အတူ, သူ့လက်ဖဝါးမှ တုနှိုင်းမရအောင် စွမ်းအားကြီးသည့် နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခု ချက်ချင်း ထွက်လာပါသည်။
ချင်ယွင်၏ ဆေဘာစွမ်းအားမှ ဖြစ်ပေါ်လာသော ဧရာမလှိုင်းကြီးသည်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ ထိုမျှတင်မကဘဲ ၎င်းသည် ချင်ယွင်၏ ဆေဘာစွမ်းအားကို လုံးလုံးလျားလျား ဖြိုခွင်းသွားပြီးသည့် နောက်မှာ, ထိုလက်ဖဝါးသည် ပင်လယ်ထဲမှ ထွက်လာသည့် ရေနဂါးတစ်ကောင်ကဲ့သို့ ချင်ယွင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက် သည်။
ပြေးဝင်လာသည့် တိုက်ခိုက်မူကို အလျင်အမြန် ခံယူရင်း ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် အေးခဲသွားသည်။
ချွင်…။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း တစ်ခုက ချင်ယွင်၏ နတ်ဘုရားဆေဘာ မျက်နှာပြင်နှင့် အပြင်းအထန် တိုက်မိသွားပြီး၊ အလွန်မင်း ပြင်းထန်သည့် တုန်ခါအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအကာကွယ် စွမ်းအားသည် နတ်ဘုရားဆေဘာမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
ချင်ယွင်က သူ့ခြေချောင်းတွေကို မြေပြင်နှင့် ဖိကပ်လိုက်ပြီး၊ နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားသည်။ သူ့လည်ချောင်းက ပို၍ပင် ချိုမြမြန်အရသာကို ခံစားလိုက်ရသည်။
ထိုလက်ဖဝါးမှ ထွက်ပေါ်လာသော စွမ်းအားသည် သူ၏အခန်းငါးခုနှင့် အင်္ဂါခြောက်ခုကို ဖြိုခွဲသွားခဲ့ပြီး၊ သူ့ကို အလွန်မင်း နာကျင်စေကာ သည်းမခံနိုင်လောက်အောင်ပင်။
"မင်း တစ်ချက် ထိုးနှက်တာကိုတောင် မခံနိုင်ခဲ့ဘူး။ မင်း ငါ့ရှေ့မှာ ဘယ်လိုလုပ် မာနကြီးဝံ့လဲ?။ မင်းက သေချင်နေတာ မဟုတ်လား။" ဟွမ်ဟော်ရန်၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့အကြည့်များသည် စူးရှလာပြီး ချင်ယွင်၏နောက်သို့ လိုက်ပါသွားရင်း သူ့တစ်ကိုယ်လုံးသည် အဖြူရောင်လျှပ်စီးကြောင်း အဖြစ်သို့ ပြောင်းလဲသွားသည်။
ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်သည် အဖြူရောင် လျှပ်စီးကြောင်းများဖြင့် ဝန်းရံထားသည်။ သူ့အမြန်နှုန်းသည် အလွန်လျင်မြန်ပြီး သူနှင့် ချင်ယွင်ကြားတို့ အကွာအဝေးက ချက်ချင်း နီးကပ်သွားသည်။ အဖြူရောင်လျှပ်စီးကြောင်းသည် အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်သည်။
"အဖြူရောင် လျှပ်စီးကြောင်းလား?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာဖြင့် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာနေသော ဟွမ်ဟော်ရန်ကို ကြည့်လိုက်သည်။
ဤအဖြူရောင် လျှပ်စီးကြောင်းကို သူသည် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အဖြူရောင်လျှပ်စီးကြောင်းကို အရင်က သူ တစ်ခါမှ မမြင်ဖူးပါဘူး။
"အဲဒါဆိုလည်း မင်းရဲ့လျှပ်စီးက ဘာတွေများ ထူးခြားလဲဆိုတာ ကြည့်ကြည့်ရအောင်။" ချင်ယွင်၏ မျက်လုံးများတွင် အနက်ရောင် လျှပ်စီးကြောင်း အရိပ်အယောင်များ ပေါ်လာသည်။
နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ မိုးခြိမ်းသံများနှင့် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။
နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို အနက်ရောင် နဂါးငယ်လေးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အနက်ရောင်နဂါးငယ်လေးသည် နတ်ဘုရားလျှပ်စီး၏ စွမ်းအားကို တော်တော် များများ စုပ်ယူထားသည်။ ထို့ကြောင့်၊ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အဆင့်မြင့် နတ်ဘုရားပစ္စည်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အနက်ရောင် ဖရိုဖရဲ လျှပ်စီး၏ စွမ်းအားသည် ပေါင်းစပ်နတ်တန်ခိုး ခြောက်ပါး၏ ကောင်းချီးပေးများအောက်တွင် လျှော့တွက်၍ မရနိုင်သော အဆင့်သို့ ရောက်ရှိခဲ့ပြီ။
ဘန်း…။
တုနှိုင်း၍မရနိုင်အောင် ပြင်းထန်သော အနက်ရောင် လျှပ်စီးကြောင်းသည် ချင်ယွင်၏ နတ်ဘုရား ဆေဘာပေါ်တွင် ချက်ချင်း ရစ်ဝဲသွားပြီး သူ့အား အနှိုင်းမဲ့ အစွမ်းထက်သော အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်စေသည်။
ထိုနောက် ချင်ယွင်သည် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းပြီး၊ သူ့တစ်ကိုယ်လုံးသည် ရုတ်တရက် နောက်ပြန် ဆုတ်ခြင်း ရပ်တန့်သွားကာ၊ ယင်းအစား, လျင်မြန်စွာ ချဉ်းကပ်လာ နေသော ဟွမ်ဟော်ရန်ဆီသို့ ဦးတည်သွားခဲ့သည်။
မှန်ပါသည်၊ ချင်ယွင်သည် ဟွမ်ဟော်ရန်ကဲ့သို့ပင် အဖြူရောင်လျှပ်စီးကြောင်းကို ကိုင်တွယ် ရန် ဖရိုဖရဲလျှပ်စီးကြောင်းကို အသုံးပြုလိုခြင်း ဖြစ်ပါသည်။ သူသည် ဟွမ်ဟော်ရန်၏ ထူးဆန်းသော အဖြူရောင်လျှပ်စီးကြောင်းက သန်မာမည်လား၊ သို့မဟုတ် သူ၏ အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းက သန်မာမည်လား မြင်ချင်မိသည်။
"ယုံကြည်မူ လွန်ကဲနေတာပဲ" ဟွမ်ဟော်ရန်သည် ချင်ယွင်က နောက်မဆုတ်ဘဲ ရှေ့သို့ တိုးလာသည်ကို မြင်လိုက်ရလျှင်, မထီမဲ့မြင်ပြုမှု အရိပ်မြွက်တစ်ခုက သူ့မျက်လုံးထဲတွင် တစ်ဖန် ပေါ်လာပြန်သည်။ သူ့လက်ဖဝါးကို ဖုံးအုပ်ထားသည့် သူ့လက်ထဲမှ အဖြူရောင် လျှပ်စီးသည် လျှပ်စီးဓားတစ်လက်အသွင် ပြောင်းသွားပြီး၊ နှလုံးခုန် ရင်တုန်လောက်သည့် စွမ်းအင်အတက်အကျလှိုင်းကို ဖြစ်ပေါ်စေသည်။
ချွင်…။
ချင်ယွင်၏ နတ်ဘုရားဆေဘာသည် ဟွမ်ဟော်ရန်၏ အဖြူရောင် လျှပ်စီးဓားနှင့် အပြင်းအထန် တိုက်မိပြီး ပြင်းထန်သော အသံ ထွက်ပေါ်လာသည်။
အနက်ရောင်တစ်ခုနှင့် အဖြူရောင်တစ်ခု၊ လျှပ်စီးကြောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားကာ ၎င်းတို့နှစ်ဦး၏ ပတ်ပတ်လည်တွင် အနှိုင်းမဲ့ အစွမ်းထက် သော အလင်းရောင်နှစ်ခုကို ဖန်တီးပေးသည်။
အချင်းချင်း တိုက်မိသော မိုးခြိမ်းသံသည် ပြင်းထန်သော တဖျစ်ဖျစ်မြည်သံများကို ထွက်ပေါ်စေသည်။