အခန်း ၁၃၇၄
Vol. 92 Ch. 1374
အခန်း (၁၃၇၄)အစောပိုင်း ကြယ်နတ်ဘုရားအဆင့်
"ဘုန်း…."
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လျှပ်စီးကြောင်းနှစ်ခုသည် အားကောင်းသော အငွေ့အသက်တစ်ခုအသွင် ဖြစ်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိကာ အနက်ရောင်တစ်ခုနှင့် အဖြူတစ်ခုသည် တစ်ခုနှင့်တစ်ခု ရှင်းလင်းပြတ်သားစွာ ခွဲခြားထားသည်။
"ဟုတ်သားပဲ။ ဒီအနက်ရောင်လျှပ်စီးကြောင်းက စိတ်ဝင်စားစရာ ကောင်းသားပဲ။ ဒါပေမယ့် ဒါက ငါ့ရဲ့အဖြူရောင်ကျောက်စိမ်းလျှပ်စီးထက် အနည်းငယ် အားနည်းပုံရ တယ်။" ဟွမ်ဟော်ရန်က ချင်ယွင်ကို ပြင်းပြင်းထန်ထန် လှောင်ပြောင် ရယ်မောဟန် အကြည့်ဖြင့် ကြည့်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။
ဘန်း….။
ထိုသို့ပြောပြီးနောက် ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်သည် နှိုင်းစာ၍မရအောင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အဖြူရောင်လျှပ်စီးကြောင်းသည် ချက်ခြင်း ပိုထူလာကာ သူ့လက်ဖဝါးကို ဖုံးအုပ်ထားသည့် အဖြူရောင်လျှပ်စီးဓားသည်လည်း အားကောင်းလာသည်။
"ဘုန်း”
ချင်ယွင်၏ အနက်ရောင်လျှပ်စီးကြောင်းသည် ချက်ခြင်း ကွဲကြေသွားပြီး ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးတိုက်ခိုက်မှုကြောင့် ချင်ယွင်သည် ဆုတ်ခွာသွားခဲ့ရသည်။
ထိုအရာ မပြီးဆုံးသေးခင်မှာ, ဟွမ်ဟော်ရန်၏ မျက်လုံးများတွင် အေးစက်သော အပြုံး တစ်ခု ပေါ်လာသည်။ သူသည် ရှေ့ကို လှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်က ချက်ချင်း ပျံထွက်သွားသည်။ သူ့လက်ဖဝါးပေါ်ရှိ လျှပ်စီးဓားသည် ချင်ယွင်ဆီသို့ အညှာအတာမဲ့စွာ ဖြတ်သန်းသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်လျှပ်စီးဓားသည် ခြိမ်းချောက်နိုင်စွမ်း အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤအငွေ့အသက်သည် အလွန်စူးရှပြီး ချင်ယွင်၏ ဦးရေပြားကို ထုံကျင်စေသည်။
ချင်ယွင်၏ အကြည့်များသည် လျှပ်စီးလက်သကဲ့သို့ တောက်ပသွားပြီး၊ သူသည် ထိုတိုက်ခိုက်မှုကို ဟန့်တားရန် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။
ချွင်….။
သို့သော်လည်း ဟွမ်ဟော်ရန်၏ အဖြူရောင်လျှပ်စီးကြောင်းများနှင့် အပြင်းအထန် တိုက်မိသည့် အခိုက်တွင်၊ ချင်ယွင်၏ နတ်ဘုရားဆေဘာသည် တိုက်ရိုက် ခုန်ထွက်သွား ကာ၊ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးဓားသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိမှန်သွားသည်။
"ဖူး”။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အလွန်ထက်မြက်သော အဖြူရောင်လျှပ်စီးဓားကြောင့် တိုက်ရိုက် စုတ်ပြဲသွားသည်။ သူ့ရင်ဘတ်မှာ ဒဏ်ရာကြီး တစ်ခုနှင့်အတူ စုတ်ပြဲသွားသည်။ ထိုဒဏ်ရာမှ လတ်ဆတ်သော သွေးများ စီးထွက်လာ သည်။ နီရဲတောက်ပသော သွေးများအတွင်းမှာ ထူထပ်သော အဖြူရောင်အရိုးတစ်ခုကို မြင်နိုင်သည်။
ဖူး...။
ချင်ယွင်သည် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး၊ နောက်သို့ လွင့်ပျံသွားကာ အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ဒဏ်ရာပေါ်တွင် အဖြူရောင်လျှပ်စီးကြောင်းများသည် တဖျပ်ဖျပ် ခတ်နေဆဲဖြစ်ပြီး၊ ချင်ယွင်၏ ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဒုတိယအကြိမ်အဖြစ် ဖျက်ဆီးပစ်နေသည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ လျှပ်စီးကြောင်းလဲ။ နဂါးကြေးခွံအနက်ရောင် ချပ်ဝတ်ကတောင် စုပ်ယူလို့မရဘူး" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
အစောပိုင်းက ချင်ယွင်သည် ဟွမ်ဟော်ရန် ပြောခဲ့သည့် အဖြူရောင်ကျောက်စိမ်းလျှပ်စီးကို စုပ်ယူရန်အတွက် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း သူသည် နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။
ချင်ယွင်သည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်မှ စုပ်ယူ၍မရသော လျှပ်စီးကြောင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
ချင်ယွင်သည် ပြင်းထန်သော နာကျင်မှုကို အတင်းကြပ် တောင့်ခံပြီး၊ ကနဦးစကြဝဠာ၏ စုပ်ယူမှု စွမ်းအားကို လှည့်ပတ်ကာ သူ့ကိုယ်ခန္ဓာအတွင်း ကျန်ရှိနေသည့် အဖြူရောင် လျှပ်စီးကြောင်းများကို ကနဦးစကြဝဠာထဲသို့ စုပ်ယူလိုက်သည်။
အဖြူရောင် လျှပ်စီးကြောင်းများသည် ကနဦးစကြဝဠာထဲသို့ စိမ့်ဝင်သွားသောအခါ, ချင်ယွင်၏ နာကျင်မှုက ပို၍သက်သာလာလိမ့်မည်။ ထိုသို့မဟုတ်ဘဲ, အကယ်၍, ထိုလျှပ်စီးများသာ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့မည်ဆိုလျှင်၊ သူ့ဒဏ်ရာများသည် နတ်ဘုရားတန်ခိုးအစွမ်းဖြင့် ပျောက်ကင်းနိုင်မည် မဟုတ်ပေ။
"ငါ့ခန္ဓာကိုယ်ကို လုံးဝ သန့်စင်နိုင်ဖို့ နည်းနည်းလေး ဝေးနေသေးတယ်" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့သူငယ်အိမ်များ၏ နက်ရှိုင်းဆုံးနေရာမှာ မမြင်နိုင်သည့် ပျော်ရွှင်မှုတစ်ခု ပေါ်လာခဲ့သည်။
ဟွမ်ဟော်ရန်၏ တိုက်ခိုက်မှုသည် သူ့ကို များစွာနာကျင်စေသော်လည်း၊ ၎င်းသည် သူ့နတ်ဘုရားတန်ခိုးဖြင့် သန့်စင်နေသည့် သူ့အမြန်နှုန်းကို တိုးမြှင့်စေသည်။ ယခုဆိုလျှင် သူသည် အချိန်မရွေး နေရာမရွေး ဖြတ်ကျော်သွားနိုင်ပြီး၊ အခွင့်အလမ်းတစ်ခုသာ လွှဲချော်နေခြင်း ဖြစ်သည်။
"ဟမ့်၊ အခု မင်းပါးစပ်က မောက်မာနေသေးလားဆိုတာ ငါ မြင်ချင်မိတယ်။ ဘယ်လိုလဲ၊ ငါ့ရဲ့ အဖြူရောင်ကျောက်စိမ်းလျှပ်စီး အရသာက ကောင်းရဲ့လား?။” ဟွမ်ဟော်ရန်က အေးစက်သော အပြုံးဖြင့် ပြောသည်။
" အဖြူရောင်ကျောက်စိမ်းလျှပ်စီးလား?" ချင်ယွင်သည် ထပ်ခါထပ်ခါ ရေရွတ်လိုက်သည်။
ဤအဖြူရောင်ကျောက်စိမ်းလျှပ်စီးကို သူတစ်ခါမှ မကြားဖူးပေ။
“ဒီလူမှာ သာမန်လျှပ်စီးကို အဖြူရောင်ကျောက်စိမ်းလျှပ်စီး အမျိုးစားအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းအားကြီး လျှို့ဝှက်ရတနာတစ်ခု သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေသင့်တယ်။ ဒီအဖြူရောင်ကျောက်စိမ်းလျှပ်စီးရဲ့ အရည်အသွေးနဲ့ စွမ်းအားက မင်းရဲ့ ဖရိုဖရဲလျှပ်စီး ထက် နည်းနည်းလေးမှ နိမ့်ကျမှာ မဟုတ်ဘူး။ ကောင်စုတ်လေး, တကယ်လို့, မင်း သူ့ကို အနိုင်ယူချင်တယ်ဆိုရင်, မင်းအနေနဲ့ ကြီးကြီးမားမား ခံစားသွားရမှာ ငါ ကြောက်မိတယ်။ မင်း မြန်မြန် အဆင့်ချိုးဖြတ်ရင် အကောင်းဆုံးပဲ။" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွား သည်။
ဟွမ်ဟော်ရန်၏ အဖြူရောင်ကျောက်စိမ်းလျှပ်စီးခေါ်သည့်အရာကို ရတနာတစ်ခုမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ၎င်းသည် ဤမျှလောက် အစွမ်းထက်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ထိုလျှို့ဝှက်ရတနာ၏ အရည်အသွေးမှာ သေချာပေါက် နိမ့်ကျမည်မဟုတ်ဟု ထင်ရသည်။ ထိုသို့မဟုတ်ရင်၊ ယခုလို ပြင်းထန်သည့် လျှပ်စီးစွမ်းအားကို ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။
"မင်း နာမည်က ချင်ယွင်၊ ဟုတ်တယ်မဟုတ်လား၊ မင်းကို အခု ငါ အခွင့်အရေးပေးမယ်။ မင်း ငါ့ကို သုံးကြိမ်သုံးခါ ဒူးထောက်ပြီး အရိုသေပေးလိုက်၊ ပြီးရင် မင်းရဲ့သခင်အဖြစ် အသိအမှတ် ပြုလိုက်ပါ။ ဒါဆို မင်းရဲ့အသက်ကို ငါ ချမ်းသားမယ်။ ဒီလိုမှမဟုတ်ရင်တော့, ဒီနေ့ ငါ မင်းကို ဒီနေရာမှာ သေစေရမယ်။" ဟွမ်ဟော်ရန်က ပြောလာပြန်သည်။ သူ့လေသံ က အေးစက်ပြီး လွှမ်းမိုးလာပြန်သည်။
"မင်းကို ငါ့ရဲ့သခင်အဖြစ် အသိအမှတ် ပြုရမယ် ဟုတ်လား။ မင်းက ထိုက်တန်တယ်လို့ ထင်နေလား။" ချင်ယွင်က လှောင်ပြောင်ပြီး သူ့မျက်လုံးများတွင် အလျှော့မပေးသည့် မောက်မာမှုက ပေါ်လွင်ထင်ရှားလာသည်။
ထိုစကားကို ကြားတော့ ဟွမ်ဟော်ရန်၏ နဂိုက လှောင်ပြောင်သရော်ဟန် မျက်နှာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူ့အကြည့်တွေက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာခဲ့ပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ ပြင်းထန်သည့် သွေးဆာမှုများဖြင့် ပြည့်နေခဲ့ သည်။
"ဒါဆိုလည်း သွားသေလိုက်တော့။" ဟွမ်ဟော်ရန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပါ သည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်လျှပ်စီးကြောင်းသည် သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲ ထွက်လာပြီး သူ့ရုပ်အသွင်သည် ချင်ယွင်ဘက်သို့ ဦးတည်ပြေးသွားသည့် အဖြူရောင် ရေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်သည် ခမ်းနားထည်ဝါသော ဟွမ်ဟော်ရန်ကို အဝေးကနေ လှမ်းကြည့်သော်လည်း သူ့မျက်လုံးထဲတွင် လိမ္မာကောက်ကျစ်သော အပြုံးတစ်ခု တောက်ပလာသည်။ သူသည် ရှောင်တိမ်းခြင်းမရှိဘဲ နေရာတွင် တိုက်ရိုက် ရပ်နေခဲ့သည်။
ဟွမ်ဟော်ရန်၏ လျှပ်စီးကြောင်း ရေနဂါးကြီးသည် အဆုံးမဲ့ အဖျက်စွမ်းအားကို ထုတ်လွှတ် ခဲ့ပြီး ၎င်း၏အရှိန်ဟုန်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ချင်ယွင်က ရှောင်တိမ်းခြင်းမရှိဘဲ သူ့မျက်လုံးများတွင် အထင်သေးဟန်ဖြင့် ဖျတ်ခနဲ လင်းလက်သွား သည်ကို မြင်လိုက်ရပြီးနောက်, သူ့တစ်ကိုယ်လုံးသည် ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။
ဘန်း…။
ဟွမ်ဟော်ရန်သည် ချင်ယွင်၏ နောက်ကျောဘက် ပေတစ်ရာအကွာမှာ ရပ်တန့်လိုက် သည်။ သူ၏ခန္ဓာကိုယ်သည် ချောမောသည့် သခင်လေးတစ်ဦးဖြစ်သည့် မူလရုပ်ရည် အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူက ရင်ဘတ်တွင် အပေါက်ကြီး တစ်ပေါက် ရှိနေပြီဖြစ်သော ချင်ယွင်ကို လှည့်ကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည် "ဟား...၊ ဟား...၊ ငါ့လျှပ်စီးနဂါး တိုက်ခိုက်မူကြောင့် မင်း ပျက်စီးသွားခဲ့ပြီ။ ငါ့ရဲ့ အဖြူရောင်ကျောက်စိမ်းလျှပ်စီးကြောင့် ပျက်စီးသွားတဲ့ အရာမှန်သမျှ မင်းရဲ့ နတ်ဘုရားတန်ခိုးနဲ့ ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းရဲ့နတ်ဘုရားခန္ဓာကိုယ် လုံးလုံးပြိုလဲပြီး သေဆုံးမည့်အချိန်ကို စောင့်နေလိုက်တော့”။
ထိုသို့ပြောပြီးသည်နှင့် ဟွမ်ဟော်ရန်သည် အလွန်ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။
"တောင်းပန်ပါတယ်၊ ငါ မင်းကို စိတ်ပျက်စေမိပြီထင်တယ်" သို့သော် ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
ဟွမ်ဟော်ရန်၏ ရယ်မောသံက ရုတ်တရက် ရပ်သွားခဲ့သည်။ သူက ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်ပြီး ပြောသည် "ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ မင်းရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း ဖျက်ဆီးပစ်လိုက်ပြီလေ။ မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ် က မပျက်စီးနိုင်ရင်တောင် မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်က ပြိုကျသွားလောက်ပြီ။ မင်းက ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ။"
ချင်ယွင်က ရယ်လိုက်ပြီး ဟွမ်ဟော်ရန်ကို လှည့်ကြည့်လိုက်သည်။
သူ၏ ရင်ဘတ်ရှိ ကြီးမားသော သွေးထွက်သံယို အပေါက်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပျောက်ကင်းသွားသည်။ ထိုမျှသာမကဘဲ၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ကိုးရောင်ခြယ် နတ်ဘုရားအလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့တစ်ကိုယ်လုံး တောက်ပရွှန်းလဲ့ပြီး လင်းလက်လာစေသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
"ငါ မင်းကို ကျေးဇူးတင်နေတုန်းပါပဲ။ မင်းရဲ့ တိုက်ခိုက်မှုကြောင့်သာ မဟုတ်ရင်, ငါက ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်နိုင်ပြီး၊ အစောပိုင်း ကြယ်နတ်ဘုရားအဆင့်ကို မြန်မြန်နဲ့ ရောက်ရှိနိုင်မှာ မဟုတ်ဘူး။" ချင်ယွင်က ဟွမ်ဟော်ရန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။ သို့သော် သူ့အသံတွင် မမြင်နိုင်သော လွှမ်းမိုးနိုင်စွမ်းများ ရှိနေခဲ့သည်။
"အဆင့်ချိုးဖြတ်မူလား။ အစောပိုင်း ကြယ်နတ်ဘုရား အဆင့်လား?" ဟွမ်ဟော်ရန်၏ မျက်နှာသည် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နေခဲ့သည်။ သူသည် ချင်ယွင် ပြောခဲ့သည့်စကားကို ထပ်ခါတလဲလဲ ပြောနေခဲ့သော်လည်း တခဏတွင်း တုံ့ပြန်မှု မရှိခဲ့ပါဘူး။
ချင်ယွင်သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ သူ၏ နတ်ဘုရားတစ်ပိုင်း ကျင့်ကြံမှု အခြေခံသည် လှည့်စားမှုတစ်ခုသာ ဖြစ်မည်ဟု သူသည် အမြဲတမ်း ထင်နေခဲ့မိသည်။ ယခု ချင်ယွင်သည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသောအခါ၊ ချင်ယွင်သည် အစစ်အမှန် နတ်တစ်ပိုင်း နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး၊ ထိုနတ်ဘုရားတစ်ပိုင်းက သူ့ကို တိုက်ခိုက်နိုင်သည် ကို သဘောပေါက်လိုက်သည်။ ဤအရာက အတော်လေး ထိတ်လန့်စရာ မကောင်းပေဘူး လား။