အခန်း ၁၃၇၅
Vol. 92 Ch. 1375
အခန်း (၁၃၇၅)
ကောင်းကင်ဘုံအုပ်စိုးခြင်းခန်းမအတွင်းရှိ လူတိုင်းသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရ သောအခါ အလွန်အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်ပြသကြသည်။
"မဖြစ်နိုင်ဘူး၊ ဒီလူက တကယ့် နတ်ဘုရားတစ်ပိုင်း ဖြစ်နိုင်ပါ့မလား" လင်းထန်ဘက မယုံကြည်နိုင်စွာ ပြောလိုက်ပါသည်။
လင်းချင်ရှန်းလည်း မျက်မှောင်ကြုတ်ကာ စကားမပြောနိုင်ပေ။ မေးခွန်းတစ်ခုကို သူ စဉ်းစားနေမိသည်။ အကယ်၍, ချင်ယွင်ပြောသည့်စကားသာ မှန်နေခဲ့လျှင်, မည်သည့် မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်နည်း?။
နတ်ဘုရားတစ်ပိုင်းသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့ပြီး၊ ယခုအခါ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပြီ။ ထို့ကြောင့် သူ၏ခွန်အားသည် အလွန်တိုးမြင့်လာမည်ဟု မဆိုလိုနိုင် ပေဘူးလော။
ကျိုးဟုန်ရွှဲ့လည်း ထိတ်လန့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သို့သော် ချင်ယွင် ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူမ၏နှလုံးသားထဲတွင် အသံတစ်ခုက ပြောပြနေသည်။
လိပ်နက်နတ်ဘုရားသားရဲမှ လွဲ၍ ချင်ယွင်၏ စကားများသည် အမှန်ဖြစ်ကြောင်း ယုံကြည် သူမှာ နေသာဧကရာဇ် တစ်ဦးတည်းသာ ဖြစ်ပါသည်။ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ် က ချင်ယွင်ကို မြင်တွေ့ရသောအခါ, ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းပင် မဟုတ်သေး ပေ။ ယခုအခါတွင်၊ သူသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် ဆန့်ကျင်ဘက် တိုက်ခိုက်နိုင်နေပြီ။ အကယ်၍, ဤသတင်းကို ဖြန့်လိုက်မည်ဆိုလျှင်, အတော်လေး ထိတ်လန့်သွားနိုင်ပါသည်။
ထို့ကြောင့် ချင်ယွင်၏ လက်ရှိစွမ်းဆောင်မူက ကောင်းကင်ကို မည်မျှပင် အံတုနေပါစေ၊ ထိုစွမ်းဆောင်မူသည် ပုံမှန်ကိစ္စသာဖြစ်ကြောင်း သူ ခံစားမိသည်။ အဘယ့်ကြောင့်ဆို သော်, ချင်ယွင်သည် သူ့နှလုံးသားထဲတွင် စိတ်ကူးမယဉ်နိုင်သော တည်ရှိမူအဖြစ် ရှိနေပြီးသား ဖြစ်သောကြောင့်ပင်။
ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်အတွင်းရှိ လေဟာနယ်ထဲမှာ….။
ဟွမ်ဟော်ရန်သည်လည်း သူ့မျက်နှာပေါ်တွင် မယုံနိုင်သည့် အရိပ်အယောင် ရှိနေသည်။ သူသည် အချိန်အတော်ကြာအောင် လက်မခံချင်ဟန်ဖြင့် ရုန်းကန်နေခဲ့ပြီးမှ နောက်ဆုံး တွင် ချင်ယွင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည် "မဖြစ်နိုင်ဘူး၊ မင်းက အစောပိုင်း ကြယ်နတ်ဘုရားတစ်ပါး မဖြစ်နိုင်ပါဘူး။ မင်းရဲ့ ကျင့်ကြံမှု အခြေခံက အတုဖြစ်ရမယ်"။
အစောပိုင်း ကြယ်နတ်ဘုရားအဆင့်။ သူသည် သရဲတစ္ဆေများကိုသာ လိမ်ညာနိုင်ပါလိမ့် မည်။
နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူတစ်ဦးသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်၏ ခွန်အားကို ပိုင်ဆိုင်နိုင်သည်ဟု သူ မည်သို့ ယုံကြည်နိုင်မည်နည်း။
သူ့အမြင်အရဆို, မျိုးစေ့တစ်ခုက သစ်ပင်တစ်ပင်ပေါ် ခုန်တက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ ဘူး။ ထို့ကြောင့် ယခုအချိန်တွင် ချင်ယွင်၏ အဆင်းချိုးဖြတ်မူသည် သူ့မျက်လုံးထဲတွင် ထင်ယောင်ထင်မှားဖြစ်မူတစ်ခုထက် မပိုပေ။
ချင်ယွင်က ပြုံးပြီး ဘာမှ မရှင်းပြပါဘူး။ ယင်းအစား၊ သူက ဟွမ်ဟော်ရန်ကို ကြည့်ပြီး ပြောသည် "အခုလေးတင် ငါဟာ မင်းရဲ့ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်။ အခုက ပြန်ပေးဖို့ အချိန်တန်ပြီ။ မင်းက ငါ့အရိုးအားလုံးကို ချိုးပစ်ချင်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ ကောင်းပြီ၊ ငါ ပြန်ပေးနိုင်အောင် ကြိုးစားကြည့်မယ်”။
ချင်ယွင်သည် ထိုစကားကို ပြောနေစဉ်မှာ သူ့ပါးစပ်ထောင့်တွင် ဝင့်ကြွားဟန် အပြုံးတစ်ခု ရှိနေပြီး၊ သူ့မျက်လုံးများတွင် ဆော့ကစားလိုဟန် အမူအရာတစ်ခု ရှိနေခဲ့သည်။
ချင်ယွင်၏ အမူအရာကိုမြင်တော့ ဟွမ်ဟော်ရန်သည် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက် သည်။ သူ အမုန်းဆုံးအရာက သူ့စကားတွေကို တခြားလူတွေက လိုက်ပြောခြင်း ဖြစ်သည်။ ယခုဆိုလျှင် ချင်ယွင်၏ အမူအရာက သူ့ကို မျက်လုံးထဲ ထည့်မထားသည်မှာ ရှင်းလင်းနေ ပြီ။ ယင်းကြောင့် သူ့စိတ်ထဲတွင် ပြင်းထန်သော အမျက်ဒေါသများ ဖြစ်ပေါ်လာသည်။
"ဟမ့်၊ ကြည့်ရတာ, မင်းက သေဖို့ တကယ်ကို မစောင့်နိုင်တော့ဘူး ထင်တယ်။ ကောင်းပြီ လေ၊ ဒီတစ်ခါ မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်နဲ့ မင်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုပါ အတူတူ ပေါင်းပြီး ချေမွပစ်မယ်။ ပြီးမှ မင်းရဲ့ အရိုးတွေကို ပြာဖြစ်တဲ့အထိ လုံးဝ ချေမွပစ်မယ်။ ဒါဆို မင်း မသေသေးဘူးလို့ ငါ မယုံဘူး။” ဟွမ်ဟော်ရန်က သူ့သွားများကြားမှ စကားတစ်ခွန်းကို ညှစ်ထုတ်ကာ ပြောလိုက်သည်။ သူ့နှလုံးသားထဲတွင် သတ်ပစ်ချင်စိတ်က အထွတ်အထိပ် အထိ ရောက်ရှိနေခဲ့ပြီ။
ယခုအချိန်တွင် သူသည် ချင်ယွင်နှင့် ကစားရန် ရည်ရွယ်ချက် မရှိတော့ပေ။ ယခု သူ၏ တစ်ခုတည်းသော အတွေးမှာ ချင်ယွင်ကို အမြန်ဆုံး သတ်ပစ်ရန် ဖြစ်သည်။ မဟုတ်ရင် သူ့အတွက် သက်တောင့်သက်သာခံစားမူ ရရှိရန် အရမ်းကို ခက်ခဲပါလိမ့်မည်။
"ဘုန်း”။
ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ထဲတွင် ဖြောင့်တန်းနေသော လှံတစ်စင်းက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
လှံတစ်ချောင်း, ၎င်း၏ကိုယ်ထည်တစ်ကိုယ်လုံးသည် မှင်ကဲ့သို့ မည်းနက်နေသည်။ လှံထိပ်ဖျားသည် နှင်းပြင်ပေါ်မှာ ကြက်သွေးနီရောင် တောက်ပနေသည်။ လှံပေါ်တွင် တောက်ပနေသည့် အဖြူရောင်လျှပ်စီးကြောင်းတစ်ခုက အဆုံးမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ပေးစွမ်းနေသည်။ လှံတဝိုက်တွင် ရစ်ပတ်နေသော အဖြူရောင် လျှပ်စီးကြောင်းများက အဖြူရောင် ရေနဂါးတစ်ကောင်ကဲ့သို့ အဆုံးမဲ့ ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်နေပုံရသည်။ ၎င်းသည် ဆောင်းရာသီတွင် နှင်းများကဲ့သို့ မှတ်ထင်ရပြီး, အဆုံးမရှိသော အအေးဓာတ်နှင့် အေးစိမ့်မူကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို အံ့သြတကြီးဖြင့် ကြည့်နေမိသည်။
လက်ထဲမှာ လှံကိုင်ထားသည့် ဟွမ်ဟော်ရန်၏ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းသည်ဟု ဆိုရပါလိမ့်မည်။ ထိုအချိန်တွင်၊ သူသည် ထူးထူးခြားခြား အစွမ်းထက် သည့် စစ်နတ်ဘုရားတစ်ဦးနှင့် တူသည်။
"ဒီနေ့, အစစ်မှန်အကြောက်တရားက ဘာလဲဆိုတာ မင်းကို ငါ ပြောပြမယ်။" ဟွမ်ဟော်ရန် က သူ့လှံကို လှည့်လိုက်သည်။ လှံမှ နဂါးတစ်ကောင်၏ ကျယ်လောင်သော ဟိန်းဟောက် သံကို ကြားရသည်။ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော လှိုင်းလုံးကြီးသည် ချက်ချင်းပင် ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ပေါင်းစပ် နတ်ဘုရား တန်ခိုးသည်လည်း ယခုအချိန်တွင် လွတ်မြောက်သွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကိုးရောင်ခြယ် နတ်ဘုရားအလင်းရောင်သည် တဖြည်းဖြည်း ဆုတ်ခွာသွားပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းတစ်ခုဖြင့် အစားထိုးလာသည်။
"အောင်း”။
အနက်ရောင်လျှပ်စီးသည် ပေါက်ကွဲထွက်ပြီး ချင်ယွင်၏ကိုယ်ခန္ဓာတစ်ဝိုက်တွင် အဆုံးမဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အငွေ့အသက်ကို ထုတ်လွှတ်ကာ အနှိုင်းမဲ့ပြင်းထန်သော အနက်ရောင်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
အနက်ရောင်လျှပ်စီးနဂါးကြီးသည် အသက်ရှင်နေသည့်အလား ထင်မှတ်ရပြီး၊ ၎င်း၏ အကြေးခွံများကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ဟွမ်ဟော်ရန်၏ နတ်ဘုရားတန်ခိုး စွမ်းအား ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းကြီးသည် ချင်ယွင်ကို လုံးဝ ထိခိုက်ခြင်း မရှိခဲ့ပေ။
ဘန်း…။
ချင်ယွင်၏ဆေဘာသည် လှည့်သွားပြီး အနက်ရောင်လျှပ်စီးနဂါးကြီးသည် ချင်ယွင်၏ နတ်ဘုရားဆေဘာထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။
ချက်ချင်းပင်၊ ဆေဘာ၏မူလက နှင်းသဖွယ်ထူထပ်သော မျက်နှာပြင်ပေါ်တွင် အနက်ရောင် နဂါးပုံစံတစ်ခု ပေါ်လာသည်။ ပြင်းထန်သော လျှပ်စီးစွမ်းအားက ၎င်းနဂါး ပုံစံပေါ်တွင် တဖျပ်ဖျပ် ခတ်နေပြီး ရင်တုန်လှုပ်ဖွယ် စွမ်းအင်အတက် အကျလှိုင်းများကို ထုတ်လွှတ်သည်။
လျှပ်စီးစွမ်းအားကို အသုံးပြု၍ နတ်ဘုရားမှော်သင်္ကေတများကို ရေးဆွဲခြင်း၊ ၎င်းသည် တုနှိုင်းမဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဤသည်မှာ မကြာမှီကမှ ချင်ယွင်တီထွင်ခဲ့သော နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းသည် နတ်ဘုရားဆေဘာ၏ တိုက်ခိုက်မှုကို ပို၍ပင် အားကောင်းသည့် စွမ်းအားများအဖြစ် ထုတ်လွှတ်စေနိုင်သည်။
ဤအခိုက်အတန့်တွင်၊ နတ်ဘုရားဆေဘာသည် အဆုံးမဲ့နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နိုင်သည်။ ထိုကြောက်မက်ဖွယ် အငွေ့အသက်သည် ဟွမ်ဟော်ရန်၏လှံအောက် မရောက်ရုံသာမက၊ ပို၍ပင် ကြောက်စရာကောင်းသည်။
၎င်းတို့သည် ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းများ ဖြစ်ကြသည်ဆိုလျှင်ပင်, အဓိကချက်မှာ ကိုင်ဆောင်သူ၏ ခွန်အားအပေါ် မူတည်ပါသေးသည်။
ဘန်း….။
ထိုအချိန်တွင် ဟွမ်ဟော်ရန်သည် လှုပ်ရှားသွားသည်။ ခြေလှမ်းတစ်ချက် လှမ်းလိုက်သည် နှင့် သူ့ရုပ်အသွင်သည် ပုံရိပ်တစ်ခု တဟုန်ထိုး ပြေးသွားကဲ့သို့ ဖြစ်နေသည်။ သူသည် ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် လှံဖြင့်ထိုးလိုက်စဉ် သူ့လက်ထဲက လှံသည် ကြောက်မက်ဖွယ် အဖြူရောင် လျှပ်စီးကြောင်းများဖြင့် ရစ်ပတ်ထားသည်။
ဤလှံတွင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော တန်ခိုးစွမ်းအားများ ပါ၀င်နေပုံရ သည်။ ယခုအချိန်တွင်, ချင်ယွင် မြင်လိုက်ရသည့်အရာမှာ အစွမ်းထက်လှသည့် သွေးနီရောင် လှံထိပ်သက်သက်တင် မဟုတ်တော့ပေ။
ထို့ထက် ပို၍အရေးကြီးသည်မှာ ဟွမ်ဟော်ရန်၏ နောက်ကျောတွင် ကောင်းကင်ယံကို လှုပ်ခါကာ ကမ္ဘာမြေကြီးကို ကွဲအက်သွားစေနိုင်သည့် ပြင်းထန်သော အငွေ့အသက်ဖြင့် ပြိုင်ဘက်ကင်း အစွမ်းထက်သည့် ဒေါသပေါက်ကွဲနေသော သားရဲတစ်ကောင် ဖြစ်သည်။
သို့သော် ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပေ။ သူ့အကြည့်တွေက အနှိုင်းမဲ့ စူးရှလွန်းသည်။ သူ၏လက်ထဲမှ နတ်ဘုရားဆေဘာကို တစ်ချက် လှည့်လိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် လျှပ်စီးကြောင်းက ဆေဘာတစ်ဝိုက်တွင် ချက်ချင်းဆိုသလို ရစ်ပတ်သွားကာ၊ မူလကတည်းက ထက်ရှသော ဆေဘာသည် ပို၍ပင် အားကောင်းလာခဲ့သည်။
ဘန်း…။
ချင်ယွင်က သူ့လက်ထဲက နတ်ဘုရားဆေဘာကို တိုက်ရိုက် ထုတ်ပြီး၊ ဆေဘာဖြင့် ထိုးလိုက်သည်။
ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ပါရှိသော ဆေဘာ ထိပ်ဖျားသည် ဟွမ်ဟော်ရန်၏ လှံထိပ်ဖျားနှင့် အပြင်းအထန် တိုက်မိသွားသည်။
ဘန်း…။
အင်အားကြီးမားသော စွမ်းအားနှစ်ခုသည် တခဏချင်း အပြင်းအထန် တိုက်မိပြီး ပြင်းထန်သော စွမ်းအင် အငွေ့အသက်နယ်ပယ်ကို ဖြစ်ပေါ်စေသည်။
အဖြူအမည်း အငွေ့အသက်များသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် ထိပ်တိုက်ဆုံမိကြ ပြီး၊ အချိန်အကြာသည်အထိ တစ်ယောက်နှင့်တစ်ယောက် ဘာမှမလုပ်ဆောင်နိုင်ကြပေ။
ချင်ယွင်၏ခါးသည် ဖြောင့်မတ်နေပြီး၊ သူသည် နတ်ဘုရားဆေဘာကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ၊ ဟွမ်ဟော်ရန်၏တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးလိုက်သည်။ သက်တံနှင့်တူသော လှံသည် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိတော့ပေ။
ထိုမြင်ကွင်းကို ဟွမ်ဟော်ရန် မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများတွင် အလွန် အံ့သြသွား သည့် အမူအရာတစ်ခုကို ဖော်ထုတ်လိုက်ပါသည်။ သူသည် သူ့ခွန်အားရှိသမျှကို အကု အသုံးပြုထားသော်လည်း ချင်ယွင်က သူ့ကို တားဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်ထား သည်မှာ ထင်ရှားသည်။
"မင်းမှာရှိတာ ဒါအကုန်ပဲလား။ ကြည့်ရတာ မင်းမှာရှိတာ ဒါအကုန်ပဲထင်တယ်"။
သို့သော် ထိုအချိန်တွင် အေးစက်သော ရယ်မောသံက သူ့နားထဲတွင် ရုတ်တရက် ထွက်ပေါ် လာသည်။ အသံသည် အကျယ်ကြီး မဟုတ်သော်လည်း သူ့နားထဲသို့ ဝင်ရောက်သွားသည်။ ၎င်းသည် မိုးခြိမ်းသံ ပေါက်ကွဲသည်ထက်ပင် ပိုကြောက်စရာကောင်းသည်။
ဘန်း…။
ထို့နောက် ချင်ယွင်၏လက်ထဲရှိ နတ်ဘုရားဆေဘာထံမှ အလင်းတန်းတစ်ခု ထွက်လာ သည်ကို သူ မြင်လိုက်ရသည်။ ထို့နောက် သူ၏လှံပေါ်ရှိ အဖြူရောင် လျှပ်စီးကြောင်းသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ ခုခံနိုင်စွမ်းမရှိတော့သည့် လှံသည် သူ့ခန္ဓာကိုယ် ပေါ်သို့ စီးမျောသွားခဲ့သည်။