အခန်း ၁၃၇၆
Vol. 92 Ch. 1376
အခန်း (၁၃၇၆) ဟွမ်ဟော်ရန် ရူးသွပ်သွားခြင်း။
"ဖူး”။
ဟွမ်ဟော်ရန်သည် နောက်သို့ ယိမ်းထိုးသွားစဉ် သူ့ပါးစပ်မှ သွေးများ လွင့်စင်သွားသည်။
သို့သော် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် မဆုတ်လှမ်းနိုင်ခင် သူ့မျက်လုံးရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက်, ပြင်းထန်သော ဆေဘာအလင်းရောင်တစ်ခုက သူ့မျက်နှာဆီသို့ ဖြတ်ဆင်းလာသည်ကို တွေ့လိုက်ရပြီး၊ သူ့ဦးရေပြားသည် ပေါက်ကွဲသွား သကဲ့သို့ ခံစားရသည်။ ၎င်းသည် ပြင်းထန်သော ထုံကျင်မူကို ခံစားလိုက်ရခြင်း ဖြစ်သည်။
အကယ်၍, သူသာ ထိုဆေဘာ ခုတ်ပိုင်းမူကို ခွင့်ပြုလိုက်မည်ဆိုလျှင်၊ သူသည် တိုက်ရိုက် နှစ်ခြမ်းခွဲခံရပြီး သူ့စိတ်ဝိညာဉ်တောင် တိုက်ရိုက် ပြိုကွဲသွားလိမ့်မည်။
ဟွမ်ဟော်ရန်သည် ထိတ်လန့်သွားပြီး လှံဖြင့် အဆောတလျင် ပိတ်ဆို့လိုက်သည်။
ချွင်…။
ချင်ယွင်၏ နတ်ဘုရားဆေဘာသည် ဟွမ်ဟော်ရန်၏ လှံတံကို ထိမှန်ပြီး ပြတ်သားသည့် အပြင်းအထန် တိုက်မိသည့် အသံကို ထုတ်လွှတ်သည်။
ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားစဉ်, သူ့ပါးစပ်ထဲမှ နောက်ထပ် သွေးများ အန်ထုတ်လိုက်ရပြန်သည်။
ဤဆေဘာတွင်ပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။ သူသည် ချင်ယွင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခါစ ဖြစ်ပြီး၊ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးသည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ ယခုအခါ သူသည် နောက်ထပ် အပြင်းအထန် တိုက်ခိုက်မူဒဏ်ကို ခံစားခဲ့ရပြီး သူ့ဒဏ်ရာများသည် သဘာဝအတိုင်း ဆိုးရွားလာခဲ့သည်။
ဟွမ်ဟော်ရန်သည် ချင်ယွင်ကို ပြင်းထန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ့ပါးစပ်ထောင့်မှ သွေးများတွဲလောင်းကျနေသေးပြီး အနှိုင်းမဲ့ ပြင်းထန်သော ခံစားချက် ကို ပေးစွမ်းသည်။
"မင်း ငါ့ကို မသတ်နိုင်ဘူး" ဟွမ်ဟော်ရန်က ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။
ချင်ယွင်သည် သူ့မျက်လုံးများတွင် လှောင်ပြောင်သော အကြည့်ဖြင့် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည် "တကယ်လား?"
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ စူးရှလာကာ နတ်ဘုရားဆေဘာကို ကိုင်ဆောင်ထားသည့် သူ၏ ညာဖက်လက်က ချက်ချင်း ဖိချလိုက်လေသည်။
ရုတ်တရက်၊ ကြီးမားသော အင်အားတစ်ခုသည် သူ့နတ်ဘုရားဆေဘာမှတဆင့် ဟွမ်ဟော်ရန်၏လှံကို ကျော်ဖြတ်ကာ ထွက်ပေါ်လာခဲ့သည်။
"ဘန်း..."
ဟွမ်ဟော်ရန်သည် ချက်ချင်း ဒူးထောက် ထိုင်ချလိုက်သည်။ ချင်ယွင်သည် သူ့လက်ထဲက နတ်ဘုရားဆေဘာကို ဖိနှိပ်လိုက်သည်နှင့် သူ့အပေါ်ကို အဆုံးမဲ့ အင်အားတစ်ခု ရုတ်တရက် ဖိနှိပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းခံစားမူက အနှိုင်းမဲ့ မြင့်မားသော နတ်တောင်ကြီး တစ်ခုသည် သူ့လှံပေါ်သို့ ပြိုလဲကျကာ သူ၏ထောက်မထားမှုကို ဆုံးရှုံးစေပြီး သူ့ကို ချက်ချင်း ဒူးထောက်သွားစေသည်။
ဟွမ်ဟော်ရန်၏ မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူ့မျက်နှာသည် ရှုံ့မဲ့နေပြီ ဖြစ်သည်။
လှံမှတဆင့် ထွက်ပေါ်လာသော ကြီးမားလှသော စွမ်းအားနှင့် နှိုင်းယှဉ်ပါက, သူသည် ဤကိုယ်လုံးတီး အရှက်ကွဲမှုကို လက်ခံနိုင်ရန် သူ့အတွက် ပိုခက်ခဲနေသည်။
ဤအခိုက်အတန့်တွင် သူသည် သူကိုယ်တိုင်က ပုရွက်ဆိတ်တစ်ကောင်ဟု ထင်မှတ်ထား သော လူတစ်ယောက်၏ ရှေ့တွင် အမှန်တကယ် ဒူးထောက် ထိုင်ချလိုက်ရသည်။ ဤအရာသည် သူမွေးကတည်းက ခံစားခဲ့ရသမျှတွင် အကြီးမားဆုံး အရှက်တရားပင်။
ကောင်းကင်ဘုံအုပ်စိုးခြင်း ခန်းမအတွင်းမှ လူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး။" လင်းထန်ဘက သူ့ကိုယ်သူ မယုံကြည်နိုင်သည့် အမူအရာဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်နှာမှာလည်း ပြင်းထန်သော မကျေမနပ် ဖြစ်သည့် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ယခင်က ချင်ယွင်သည် ဟွမ်ဟော်ရန်၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ပြောခဲ့ဖူးသော်လည်း ယခု ဟွမ်ဟော်ရန်သည် ချင်ယွင်၏ဆေဘာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းစေ ခံနေခဲ့ ရသည်။ ဤအရာက သူ့မျက်နှာကို အမှန်တကယ် အက်ကွဲသည်အထိ ပါးရိုက်လိုက် သကဲ့သို့ပင်။
ထိုအချိန်တွင် လင်းချင်ရှန်းလည်း မှင်သက်အံ့ဩသွားပြီး စိတ်ပျက်အားငယ်သော ခံစားချက်က သူ့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
သူသည် ထက်မြက်သူတစ်ဦးဟု ကြွားဝါခဲ့သော်လည်း ယခုအခါ, သူသည် အမှန်တကယ် မိုက်မဲသူတစ်ဦး ဖြစ်နေသည်ကို သိရှိလိုက်ပါသည်။ သူသည် အမှန်တကယ် လွဲမှားစွာ ခန့်မှန်းခဲ့ပြီး ထိုကဲ့သို့သော မွန်းစတားတစ်ကောင်ကို နှိုးဆော်ခဲ့မိသည်။
ဤအခိုက်အတန့်တွင် သူသည် ချင်ယွင်ပြောသည့်စကားကို လုံးလုံး ယုံကြည်သွားသည်။ ချင်ယွင်သည် အစစ်အမှန် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အခုတော့ သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပါပြီ။
အခုချိန်မှာတော့ သူသည် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ အစောပိုင်းက သူသည် ချင်ယွင်ကို ရန်စမိခဲ့သည်ကို နောင်တရမိသည်။ ထိုကဲ့သို့သော လူမျိုးသည် သူ ရန်စနိုင်စွမ်း ရှိသူ မဟုတ်သည်မှာ သေချာပါသည်။ သူသာမကဘဲ ဆောင်းအကာကွယ် မြို့တော်ကြီး တစ်ခုလုံးလည်း ဒုက္ခရောက်ရမည်။
ကျိုးဟုန်ရွှဲ့သည် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ထဲမှ ဝင့်ကြွားမူ အပြည့်ရှိသည့် ရုပ်အသွင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် အံ့ဩခြင်းများ ဖြင့် ပြည့်နှက်နေသည်။ အရင်က ဟွမ်ဟော်ရန်သည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်ကိုပင် သူမ မယုံနိုင်တော့ပါဘူး။ တခဏလေးအတွင်းမှာပင် အခြေအနေ က လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။ ဤအရာက တကယ့်ကို လက်မခံနိုင်စရာပါပင်။
လိပ်နက်သည် ၎င်း၏မျက်နှာပေါ်တွင် မာနကြီးသော အမူအရာတစ်ခု ရှိနေသည်။ သူသည် "မင်း ဘယ်လိုထင်လဲ" ဟု မေးခွန်းထုတ်ဟန်ဖြင့် စောစောက ကြွားဝါခဲ့သော ဟွမ်ဟော်ရန် ကို တစ်ချက် ကြည့်လိုက်ဖို့လည်း မမေ့ခဲ့ပါဘူး။
ဟွမ်ဟော်ရန်၏ မျက်နှာက နီရဲပြီး ပူလောင်နေပြီ။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ မင်းရဲ့ခွန်အားတွေ ဘယ်လိုလုပ် ဒီလောက်အများကြီး တိုးလာတာလဲ။" ဟွမ်ဟော်ရန်သည် သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် အရာများကို လက်ခံရန် ခက်နေသေးသည်။
ချင်ယွင်က မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ သူက ရုတ်တရက် သူ့လက်ထဲမှ နတ်ဘုရား ဆေဘာကို လှည့်ပြီး ပုံစံတစ်မျိုးပြောင်းလိုက်သည်။ နတ်ဘုရားဆေဘာသည် ချက်ချင်းပင် အလျားလိုက် ရိုက်ခတ်သွားကာ ဟွမ်ဟော်ရန်၏ရင်ဘတ်ပေါ်သို့ ဆင်းသက်လာပြီး သူ့ကို မြှားတစ်စင်းကဲ့သို့ လွင့်ပျံသွားစေသည်။
"ဖူး...။"
ဟွမ်ဟော်ရန်၏ ပါးစပ်သည် သွေးများဖြင့် ပြည့်နှက်နေပြီး သူ့ရှေ့ပတ်ဝန်းကျင် ရှုခင်းများ က လျင်မြန်စွာ ရှုပ်ပွသွားခဲ့သည်။ ယခုအချိန်မှာ သူ့တစ်ကိုယ်လုံးသည် သူ၏အသိစိတ်မှ လွဲ၍ ထုံကျင်နေခဲ့ပြီ။
ချင်ယွင်က သူ့ဆေဘာကို အလျားလိုက် ရိုက်ပုတ်လိုက်သည်။ သူသည် ပြင်းထန်သော အနက်ရောင် ဖရိုဖရဲ လျှပ်စီးကို အသုံးပြုထားရုံသာမက၊ မူလကတည်းက ပြင်းထန်သော အနက်ရောင် လျှပ်စီးကြောင်းအား တုနှိုင်းမရအောင် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲစေနိုင်သည့် လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်ကိုလည်း အသုံးပြုထားသည်။ ထို့ကြောင့်၊ ချင်ယွင်၏ဆေဘာသည် သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို အမှုန့်အဖြစ်သို့ တိုက်ရိုက် ကြေမွသွားစေခဲ့သည်။
အခုအချိန်မှာတော့ ဟွမ်ဟော်ရန်၏ တစ်ကိုယ်လုံးသည် ရွှံ့ရေကန်တစ်ခုကဲ့သို့ပင်။ အကယ်၍, သူ့ကို ကူညီမထားလျှင်ပင် ချက်ခြင်း ပြိုလဲကျသွားလိမ့်မည်။
ဒေါင်!
ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်သည် မှန်၏အနှိုင်းမဲ့ချောမွေ့သော မျက်နှာပြင်ပေါ်သို့ ပြုတ်ကျ ကာ မရပ်တန့်နိုင်ခင် မီတာထောင်ပေါင်းများစွာအထိ ရွေ့လျားသွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် အော်ညီးသံများပင် ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် သူ့လက်ထဲတွင် နတ်ဘုရားဆေဘာကို ကိုင်ထားပြီး ဟွမ်ဟော်ရန် ဦးတည်ရာဆီသို့ လျှောက်လှမ်းသွားသည်။ ဆေဘာ၏ ချွန်ထက်သော ထိပ်ဖျားက ချောမွေ့သော မှန်မျက်နှာပြင်ကို ထောက်ထားကာ နားထဲစူးရှပြီး ကြားရခက်သည့် အသံမျိုး ထွက်ပေါ်လာသည်။ သို့သော်လည်း မှန်၏မျက်နှာပြင်ပေါ်တွင် ဒဏ်ရာတစ်ခုမျှ မကျန်ရစ်ခဲ့ပေ။
ဤနတ်ဘုရားမှန်သည် ထူးထူးခြားခြား မာကျောလှသည်။ ၎င်း၏ မာကျောမှုပမာဏသည် သာမန် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများထက် သာလွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်၏ နတ်ဘုရားဆေဘာသည် ထက်ရှသော်လည်း မှန်၏မျက်နှာပြင်ကို ဖြတ်တောက်နိုင်သည့် အဆင့်သို့ မရောက်သေးပေ။
ချင်ယွင်သည် ဟွမ်ဟော်ရန်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ သူသည် သက်ဝင် လှုပ်ရှားမူမရှိဘဲ သူ့အသွင်ပြင်က သရဲတစ္ဆေလိုပင်။ တခဏအတွင်းမှာ သူသည် ဟွမ်ဟော်ရန်ရှေ့ကို ရောက်လာခဲ့သည်။
"ဘယ်သူလဲ...မင်းက ဘယ်သူလဲ၊ မင်းက အတိအကျ ဘယ်သူလဲ" ဟွမ်ဟော်ရန်က အော်ဟစ်ပြောဆိုသည်။ ယခုအချိန်တွင် သူ့မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေကာ သူ့တစ်ကိုယ်လုံးသည် ရူးသွပ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ချင်ယွင်၏ခွန်အားက သူ့စိတ်နှလုံးအား ပြင်းထန်စွာ ထိုးနှက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ပျက်စီးသွားမူနှင့် ယှဉ်ရင် သူ့စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က ပိုပြင်းထန်သည်။
အစောပိုင်း ကြယ်နတ်ဘုရားအဆင့် လူတစ်ယောက်ကပင် သူ့ကို အပိုင်းပိုင်း ဖြစ်သည် အထိ နှိပ်စက်နိုင်သည်။ အကယ်၍, အတိတ်တုန်းကဆိုလျှင်, သူသည် ရိုက်နှက်ခံရသည့် တိုင် ဤအရာအားလုံးက အမှန်တရားဟု သူ ယုံကြည်မည် မဟုတ်ပေ။ အခုတော့ ဤအရာ အားလုံး အတုယောင်ဖြစ်ရန် သူ မျှော်လင့်မိသည်။ ချင်ယွင်၏ ကျင့်ကြံမူနယ်ပယ်သည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေရန် သူ မျှော်လင့်မိသည်။ ထိုမှသာ သူ ရှုံးနိမ့်လျှင်ပင်, ပို၍ခံစားမူကောင်းလိမ့်မည်။
"မင်းမှာ အရှုံးတရားကို လက်ခံရဲတဲ့ သတ္တိတောင် မရှိဘူးပဲ။ ဒီလို စိတ်ထားမျိုးနဲ့ မင်းက အမြင့်မားဆုံးနေရာကို တက်လှမ်းဖို့ အိပ်မက် မက်နေတုန်းလား။ မင်းမှာ ဘယ်လောက်ပဲ ပါရမီတွေ အရည်အချင်းတွေ ရှိနေပါစေ, မင်းရဲ့ အထွတ်အထိပ်က ကောင်းကင်နတ်ဘုရား နယ်ပယ်ပဲ” ချင်ယွင်သည် ဟွမ်ဟော်ရန်ကို သရော်သည့် အရိပ်အမြွက်ဖြင့် ကြည့်ရင်း အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ဟွမ်ဟော်ရန်၏ ခွန်အားသည် တကယ်ကို မပျော့ညံ့ပါဘူး။ အကယ်၍, သူသာ အမှန်တကယ် တိုက်ပွဲဝင်ခဲ့မည်ဆိုလျှင်, အဆုံးသတ်မှာ ရှုံးနိမ့်ခဲ့ရင်တောင် သေချာပေါက် ဤမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ ၎င်းသည် ချင်ယွင်၏ ခွန်အားများ ပေါက်ကွဲထွက်လာခြင်းကြောင့် ဖြစ်ကာ၊ ယင်းက သူ့စိတ်တွင် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့ပြီး၊ သူ့တာအိုနှလုံးသားကို ထိခိုက်ခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
အကယ်၍, သူခန့်မှန်းချက် မမှားဘူးဆိုလျှင်, ဟွမ်ဟော်ရန်၏ ကျင့်ကြံမှုသည် သူ ငယ်ငယ်လေးကတည်းက ချောမွေ့စွာ ရွက်လွှင့်လာခဲ့ပြီး၊ သူသည် ယခုလိုကြီးမားသည့် ထိုးနှက်ချက်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားရခြင်း ဖြစ်လိမ့်မည်။
"အရှုံးကို လက်ခံဖို့လား။ ကောင်းကင်နတ်ဘုရားက သူ့ရဲ့အထွတ်အထိပ်လား” ဟွမ်ဟော်ရန်သည် ချင်ယွင်၏ စကားများကို အုံ့မှိုင်းနေသော အမူအရာဖြင့် ရေရွတ်လိုက် ပြီး၊ သူ့မျက်နှာပေါ်တွင် ပြင်းထန်သော မလိုလားသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်သည် ခေါင်းယမ်းကာ သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ဝှေ့ယမ်းပြီး၊ ဟွမ်ဟော်ရန်ကို တည့်တည့် ခုတ်ပိုင်းလိုက်သည်။ သူသည် နောက်ထပ် မတော်တဆမှုမျိုး ဖြစ်လာမည်ကို စိုးရိမ်ပြီး၊ နောက်ထိပ် အချိန်မဆွဲချင်တော့ပေ။
"ဟင့်အင်း၊ ငါ မကျေနပ်ဘူး။ ငါဟွမ်ဟော်ရန်ဟာ ဒီလိုပုံစံမျိုးနဲ့ ဘယ်တော့မှ အရှုံးမပေး ဘူး။"
သို့သော်၊ ချင်ယွင်၏ နတ်ဘုရားဆေဘာသည် ဟွမ်ဟော်ရန်၏ပေါ်သို့ ကျရောက်ခါနီးတွင် သူ့ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်လျှပ်စီးကြောင်းသည် မရေမတွက်နိုင်သော လေလှိုင်းများကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ လျှပ်စီးကြောင်းတစ်ခုစီတွင် အဆုံးမရှိသော စွမ်းအားများ ပါဝင်နေသည်။