← Chapters

အခန်း ၁၃၇၇

Vol. 92 Ch. 1377

အခန်း ၁၃၇၇

Vol. 92 Ch. 1377

အခန်း (၁၃၇၇) ဓားအမှတ်သား။

ဘန်း…။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။ သူသည် သူ့ဆေဘာကို အမြန်ပြန် ဆုတ်ကာ အရှိန်အဟုန်ဖြင့် နောက်ဆုတ်သွားသည်။ သူသည် သူ့လက်ထဲက နတ်ဘုရား ဆေဘာကို အဆက်မပြတ် ဝှေ့ယမ်းပြီး သူ့ကို တိုက်ခိုက်နေသည့် လျှပ်စီးဓားအားလုံးကို တွန်းထုတ် နေရသည်။

ချင်ယွင်သည် အဝေးမှာ လွင့်မျောနေသည့် ဟွမ်ဟော်ရန်ကို အံ့သြသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဟွမ်ဟော်ရန်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်ပြီး သူ့ခန္ဓာကိုယ်မှာ အဆုံးမဲ့ အဖြူရောင် လျှပ်စီးကြောင်းများဖြင့် ဖုံးအုပ်ထားသည်။ သူ့မျက်လုံးများသည် ယခုအခါ လုံးဝ အဖြူရောင်ဖြစ်နေပြီး၊ သူ့နောက်ကျောတွင် ကခုန်နေသော အနက်ရောင် ဆံပင်များပင် လျှင် ယခုအခါ နှင်းဖြူများဖြင့် လုံးလုံးအရောင်ဆိုးထားသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ကြောက်ခမန်းလိလိ ပြင်းထန်လှသည်။ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် လျှပ်စီးကြောင်းများသည် ကြောက်မက်ဖွယ် လျှပ်စီးဓားများကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေကာ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် တုနှိုင်းမရအောင် ပြင်းထန်သော အခြေအနေကို ရောက်ရှိသွားစေ သည်။

ကောင်းကင်ဘုံအုပ်စိုးခြင်း ခန်းမအတွင်းရှိ လူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ တုန်လှုပ်သွားကြသည်။

သူတို့သည် ကောင်းကင်ဘုံအုပ်စိုးခြင်း ခန်းမမှတဆင့် ဟွမ်ဟော်ရန်၏ ကြမ်းတမ်းသော အသွင်အပြင်ကို ခံစားနိုင်သည်။ ထိုအချိန်တွင်၊ ဟွမ်ဟော်ရန်၏ တစ်ကိုယ်လုံးသည် ရူးသွပ်နေသော နတ်ဆိုးနတ်ဘုရားနှင့်ပြီး လူများကို ထိတ်လန့်စေခဲ့သည်။

"သူ ရူးသွားပြီ" လင်းထန်ဘ၏ နှလုံးသားသည် တုန်လှုပ်သွားပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။

ဟွမ်ဟော်ရန်၏ ကိုယ်ရေးအချက်လက်က သာမန်ထက် ထူးခြားပါသည်။ အကယ်၍, ဟွမ်ဟော်ရန်သာ အမှန်တကယ် တစ်ခုခု ဖြစ်သွားခဲ့လျှင်, သူ့ ဆောင်းအကာအကွယ် မြို့တော်တစ်ခုလုံးတောင် ကံဆိုးမိုးမှောင်ကြသွားလိမ့်မည်။ ထို့ကြောင့် ဟွမ်ဟော်ရန်သည် ပေါက်ကွဲသွားပြီးနောက် ချင်ယွင်ကို သတ်ဖြတ်နိုင်ပြီး၊ သူ့အသိစိတ် ပြန်လည်လာရန်သာ သူ့စိတ်ထဲတွင် ဆုတောင်းနေမိပါသည်။

"ငါ မင်းကို သေစေချင်တယ်"

ဟွမ်ဟော်ရန်သည် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်အတွင်းမှာ ရူးသွပ် နေသည့် ဟစ်ကြွေးသံကို ထုတ်ဖော်လိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်လှံက သူ့လက်ထဲသို့ ပြန်ရောက်သွားပြီး၊ ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ပျံထွက်သွားခဲ့သည်။

ယခုတစ်ကြိမ်တွင်, သူ့အမြန်နှုန်းက အရင်ကထက် ပိုမြန်လာခဲ့ပြီး၊ သူ့အငွေ့အသက်က ပို၍ပင် ပြင်းထန်လာသည်။

ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အရင်က အရမ်းကို စကားများမိခဲ့သည့် သူ့ကိုယ်သူပင် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ သူသည် ဟွမ်ဟော်ရန်ကို အချိန်မီ မသတ်ခဲ့ဘဲ၊ သူ့ကို နှိုးဆွပြီး ရူးသွပ်ခွင့် ပြုလိုက်မိသည်။

ဘန်း…။

နတ်ဘုရားလှံသည် လေဟာနယ်ကို ထိုးဖြတ်၍ ချင်ယွင်၏မျက်နှာဆီသို့ တိုက်ရိုက် ထိုးစိုက်သွားလေသည်။ ကြောက်မက်ဖွယ် လျှပ်စီးစွမ်းအားက လှံထိပ်ပေါ်တွင် ဝဲပျံနေ သည်။

ချင်ယွင်၏ အကြည့်များသည် စူးရှပြီး ၎င်းကို လုံးဝ လျစ်လျူမရှုဝံ့ပေ။ ပြင်းထန်သော အနက်ရောင် လျှပ်စီးကြောင်းက သူ့လက်ထဲရှိ နတ်ဘုရားဆေဘာမှ ချက်ချင်း ထွက်ပေါ် လာသည်။ သူသည် သူ့ဆေဘာကို တိုက်ရိုက် ခုတ်ပိုင်းပြီး လှံကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။

ဘန်း..။

ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းသည် နတ်ဘုရားလှံနှင့် ချက်ခြင်း တိုက်မိသွားပြီး အလွန်မင်း ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာသည်။

ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့ နှစ်ဦးစလုံးသည် ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းကြောင့် တွန်းထုတ်သွားကြသည်။

သို့သော်လည်း ဟွမ်ဟော်ရန်သည် အတင်းပြန်ဆုတ်သွားပြီးနောက် သူသည် ရပ်တန့်ခြင်း မရှိခဲ့ပေ။ သူသည် ချက်ချင်းပင် လေဟာနယ်ထဲသို့ ခြေလှမ်းဝင်ကာ ချင်ယွင်ဆီသို့ ပြေးသွားပြန်သည်။ ဤတစ်ကြိမ်တွင် သူ့လက်ထဲမှ နတ်ဘုရားလှံသည် ကောင်းကင်ယံကို လွှမ်းခြုံကာ ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်လာသည့် လှံအရိပ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ခုတ်ပိုင်းရင်း, ချင်ယွင်၏ အကြည့်တွေက စူးရှလာသည်။ ဆေဘာအလင်းတန်းက ကောင်းကင်ယံ၌ ပြည့်လျှံနေပြီး ဟွမ်ဟောရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် ထိမှန်ပြီး နောက်သို့ တွန်းထုတ်လိုက်ပြန်သည်။

ဟွမ်ဟော်ရန်သည် ရူးသွပ်သော အခြေအနေသို့ ဝင်ရောက်ပြီးနောက် သူ၏ ခွန်အားသည် အလွန်တိုးတက်လာသည်ဟု ဆိုရပေမည်။ ချင်ယွင်၏တိုက်ခိုက်မှုသည် သူ့အား တစ်ခုခု လုပ်လိုလျှင်ပင် ခက်ခဲနေသေးသည်။

ဘန်း…။

ဟွမ်ဟော်ရန်သည် နောက်တစ်ကြိမ် ဆုတ်ခွာသွားခဲ့ရပြီးနောက်, နောက်ထပ် အရူးအမူး တိုက်ခိုက်မှုများကို ပြုလုပ်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် ချင်ယွင်နှင့် တိုက်ရိုက် နီးကပ်လာခဲ့ပြီး၊ သူ့လက်ထဲမှလှံသည် လျှပ်စီးအလုံးကဲ့သို့ သူ့ကို တိုက်ရိုက် ထိမှန်သည်။

ချင်ယွင်၏နတ်ဘုရားဆေဘာသည်လည်း အလျော့ပေးရန် ဆန္ဒမရှိပေ။ သူသည် လျှပ်စီး ပြိုလဲခြင်းနတ်ဘုရားစွမ်းရည် တိုက်ရိုက် အသုံးပြုခဲ့ပြီး၊ ဆေဘာ၏ စွမ်းအားသည် မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ပေါက်ကွဲသွားသလိုပင်။

ချွင်…။

ဟွမ်ဟော်ရန်၏လှံနှင့် ချင်ယွင်၏နတ်ဘုရားဆေဘာတို့သည့် အတူတူ အပြင်းအထန် တိုက်မိကြပြီး၊ ထိုအသံက တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ်နေသည်။

သူတို့နှစ်ယောက်သည် ချက်ခြင်းဆိုသလို အကြိမ်တစ်ရာကျော် တိုက်ခိုက်ခဲ့သည်။ နတ်ဘုရားဆေဘာနှင့် နတ်ဘုရားလှံတို့သည် အဆက်မပြတ် တိုက်မိကြပြီး၊ အချင်းချင်း တိုက်မိသည့်အသံများ ထွက်ပေါ်လာသည်။

ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိကြသည်။ ပြင်းထန်သော တုန်ခါသံများက အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်နေပြီး၊ အဖြူနှင့်အမည်း လျှပ်စီးစွမ်းအင်နှစ်ခုသည် အဆက်မပြတ် တဖျပ်ဖျပ် ခတ်ကာ၊ အလွန်တရာမှ လှပသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်နေသည်။

"အား...."

ဟွမ်ဟော်ရန်သည် ပို၍ပင် ရူးသွပ်လာခဲ့သည်။ သူသည် ကျိုးကြောင်းဆင်ခြင်မှု လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ သူသည် စကားတောင် မပြောနိုင်တော့ပေ။ သူ့ပါးစပ်မှ အသံသည် ဟိန်းဟောက်သံအဖြစ် ပြောင်းသွားခဲ့သည်။ သို့သော် သူပို၍ ရူးသွပ်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများက ပို၍ပင် အားကောင်းလာသည်။

"မဟုတ်ဘူး၊ ငါတို့ သူ့ကို ဆက်ပြီး ခွင့်မပြုနိုင်တော့ဘူး။ ငါတို့ ဒီတိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမယ်။" ချင်ယွင်က သူ့ကိုယ်သူ လေးနက်စွာ ပြောလိုက်သည်။

ယခုအချိန်တွင်၊ ဟွမ်ဟော်ရန်၏ ပေါက်ကွဲအားသည် သူနှင့် တန်းတူဖြစ်နေပြီ ဖြစ်သည်။ အကယ်၍, သူသာ ဟွမ်ဟော်ရန်၏ ပေါက်ကွဲအားကို ဆက်လက်ခွင့်ပြုထားပါက, ချင်ယွင် သည် နောက်တစ်ကြိမ် အားနည်းသူအဖြစ်သို့ ကျိန်းသေပေါက် ကျရောက်လာမည် ဖြစ်သည်။ ထိုအချိန်တွင် သူ့အဆင်းချိုးဖြတ်ထားမူ၏ အကျိုးသက်ရောက်မှုသည် အနည်းငယ်မျှပင် အသုံးမ၀င်နိုင်တော့ပေ။

"ကြည့်ရတာ ငါ တတိယဓားကွက်ကိုပဲ သုံးရတော့မယ်ထင်တယ်” ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဝူဝမ်ဓားသိုင်း၏ တတိယမြောက် ဓားကွက်ကို အသုံးပြုရန် သူစိတ်ထဲ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ဤကာလအတွင်း၊ ချင်ယွင်သည် ဝူဝမ်ဓားသိုင်း၏ တတိယမြောက် ဓားကွက်ကို ဆင်ခြင်နေခဲ့သည်။ သို့သော်လည်း တတိယမြောက် ဓားကွက်၏ စွမ်းအားသည် အမှန်တကယ် ကြီးမားလွန်းပြီး၊ ၎င်းသည် တုနှိုင်းမရလောက်အောင် လေးနက်သည်။

ချင်ယွင်သည် အချိန်အတော်ကြာအောင် ဆင်ခြင်ခဲ့သော်လည်း ၎င်းကို ၂၀ ရာခိုင်နှုန်း လောက်သာ နားလည်နိုင်ခဲ့သည်။ ထို့အပြင်၊ ထို ၂၀ ရာခိုင်နှုန်းလောက်ကို ဖော်ထုတ်ရန် လိုအပ်သော နတ်ဘုရားတန်ခိုးပမာဏသည် ချင်ယွင်၏ နတ်ဘုရားတန်ခိုး ထက်ဝက် နီးပါး ကုန်ဆုံးနိုင်သည်အထိ ကြီးမားသည်။

ဤဓားကွက်၏စွမ်းအားသည် သဘာဝအားဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဤဓားကွက်က ဟွမ်ဟော်ရန်ကို ပြင်းထန်စွာ ဒဏ်ရာရစေမည်ဟု သူ ယုံကြည်သည်။

ချွင်…။

ချင်ယွင်၏လက်ထဲက နတ်ဘုရားဆေဘာသည် ဟွမ်ဟော်ရန်၏လှံနှင့် နောက်တစ်ကြိမ် ထပ်ပြီး တိုက်မိသွားပြန်သည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခုက ပေါက်ကွဲသွားပြီး သူတို့နှစ်ဦးစလုံး အဝေးသို့ တွန်းကန်သွားကြပြန်သည်။

"အောင်း”။

ဟွမ်ဟော်ရန်သည် ဟိန်းဟောက်ပြီးနောက် လှံကိုကိုင်ပြီး ချင်ယွင်ဆီသို့ ဦးတည် သွားတော့မည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ချင်ယွင်သည် ဝေးကွာနေသည့် ဤအခိုက်တန့်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးအားလုံးကို စုစည်းလိုက် သည်။

ဘန်း…။

ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာသည် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအင် အတက်အကျလှိုင်းကို ချက်ချင်း ထုတ်လွှတ်လိုက်ပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကောင်းကင်ယံတိုင် ပျံတက်သွားသည့် ဆေဘာစွမ်းအားသည် ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်ယံရှိ တိမ်တိုက်များပင် တိုက်ရိုက် လွင့်စင်သွားသည်။

ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အစွပ်မပါသော နတ်ဘုရားဓား တစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ လေဟာနယ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွား ခဲ့သည်။ သူ့အထက်ကောင်းကင်ယံသည် အကန့်အသတ်မဲ့တန်ခိုး စွမ်းအားကို ထုတ်လွှတ် နေသည့် ပြိုင်ဘက်ကင်း ကောင်းကင်ဓားတစ်ချောင်း ထွက်ပေါ်လာသည့်အတိုင်းပင်။

ဟွမ်ဟော်ရန်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်း သော အငွေ့အသက်ကို ခံစားသိရှိလိုက်ပုံရသည်။ မူလက တဟုန်ထိုး ပြေးဝင်လာသော သူ့ခန္ဓာကိုယ်သည် ရပ်သွားခဲ့သည်။ သူ့လက်ထဲက နတ်ဘုရားလှံသည် အဆုံးမဲ့ နတ်ဘုရား တန်ခိုးကို ထုတ်လွှတ်သည်။ သူ့မျက်လုံးများတွင် အနက်ရောင် သူငယ်အိမ်များ မကျန်တော့ဘဲ အစွမ်းထက်သော အဖြူရောင် လျှပ်စီးကြောင်းများဖြင့် တောက်ပနေသော အဖြူရောင် မျက်လုံးများသာ ကျန်ရစ်တော့သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ထက်ရှသော အရိပ်မြွက်တစ်ခုက သူ့မျက်လုံးများမှတဆင့် တောက်ပလာသည်။

ဘန်း…။

ချင်ယွင်၏ နတ်ဘုရားဆေဘာသည် အနှိုင်းမဲ့ အားကောင်းသည့် စွမ်းအင် အတက်အကျ လှိုင်းတစ်ခုနှင့်အတူ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

“ဝူဝမ်ဓားသိုင်း၊ တတိယသိုင်းကွက် ဓားအမှတ်သား” ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်နှင့် သူ့လက်ထဲက နတ်ဘုရားဆေဘာသည် ချက်ချင်းပင် ပြုတ်ကျသွားသည်။

ဆေဘာသည် ခုတ်ပိုင်းသွားပြီး၊ ယင်းကြောင့် ကမ္ဘာကြီးသည် ချက်ချင်းပင် တိတ်ဆိတ် သွားခဲ့သည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းတန်းသည် လေဟာနယ်ကို ဆုတ်ဖြဲကာ ဟွမ်ဟောင်ရန်ဆီသို့ တည့်တည့် ပစ်လွှတ်သွားသည်။

ဆေဘာအလင်းတန်းသည် အဆုံးမဲ့ ကြောက်မက်ဖွယ် အငွေ့အသက်ကို ထုတ်လွှတ်သည်။

ဟွမ်ဟော်ရန်သည် ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် သူ့မျက်လုံးထဲမှာ ထိတ်လန့်တကြား ဖြစ်သည့် အမူအရာ ပေါ်လာပါသည်။ သူ့လက်ထဲမှ လှံသည် ကြောက်မက်ဖွယ် ကောင်းသော ဆေဘာအလင်းကို ပိတ်ဆို့ရန် ကြိုးစားနေသည့်အလား ကြောက်မက်ဖွယ် ကောင်းသော ဆေဘာအလင်းကို တည့်တည့်ပစ်လွှတ်လိုက်သည်။

ဘန်း..။

သို့သော်၊ သူ၏လှံသည် ဆေဘာအလင်းနှင့် တိုက်မိသည့်အခိုက်တွင်၊ ခုန်ထွက်သွားပြီး သူ့တစ်ကိုယ်လုံးကို ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းဖြင့် ထိမှန်သွားခဲ့ သည်။

သူ့တစ်ကိုယ်လုံးသည် ကြောက်မက်ဖွယ်ကောင်းအောင် စူးစူးရှရှ ‌ဟစ်ကြွေးလိုက်သည်။ နှိုင်းစာ၍မရအောင် ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်လျှပ်စီးကြောင်းသည် သူ့ခန္ဓာကိုယ်မှ အရူးအမူး ထွက်ပေါ်လာခဲ့ပြီး၊ ထိုဆေဘာအလင်းတန်းကို ပိတ်ဆို့ တားဆီး ချင်လိုသည့်အလား ချင်ယွင်၏ဆေဘာအလင်းနှင့် အပြင်းအထန် တိုက်မိသွားခဲ့သည်။

All Chapters