← Chapters

အခန်း ၁၃၇၈

Vol. 92 Ch. 1378

အခန်း ၁၃၇၈

Vol. 92 Ch. 1378

အခန်း (၁၃၇၈) ကပ်ဘေးဆိုးကြီးကိုဖြစ်စေခြင်း။

"ဘန်း…"

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အဖြူရောင်လျှပ်စီးကြောင်းများ ကွဲအက်သွားကာ နောက်ဆုံးတွင် ချင်ယွင်၏ဆေဘာအလင်းသည် ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

"ဒိုင်း”။

ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး သူ့နတ်ဘုရားခန္ဓာကိုယ် တစ်ခုလုံး အပိုင်းပိုင်း ကွဲသွားခဲ့သည်။ သွေးတွေက သူ့တစ်ကိုယ်လုံးထံမှ ဖြန်းခနဲ လွင့်စင်သွားသည်။

ကံကောင်းထောက်မစွာ၊ ဟွမ်ဟော်ရန်၏တုံ့ ပြန်မှုသည် ချက်ခြင်း ထွက်ပေါ်လာသည်။ သူ့နတ်ဘုရားခန္ဓာကိုယ် လုံးလုံးပေါက်ကွဲသွားသည့် အခိုက်တွင်၊ သူ့နတ်ဘုရား စိတ်ဝိညာဉ်သည် ဤဘေးဆိုးကြီးကို ရှောင်ရှားရန် သူ့နတ်ဘုရားခန္ဓာကိုယ်မှ အဝေးသို့ ထွက်ပြေးသွားခဲ့ပြီး၊ သူ့နတ်ဘုရား စိတ်ဝိညာဉ်သည် လွတ်မြောက်သွားခဲ့သည်။

ကောင်းကင်ဘုံအုပ်စိုးခြင်း ခန်းမအတွင်းမှ လူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ အလွန်အံ့အားသင့်သွားကြသည်။

ဟွမ်ဟော်ရန်၏ နတ်ဘုရားခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့ပြီး၊ သူ့နတ်ဘုရားစိတ်ဝိညာဉ် သာ ကျန်ရှိတော့သည်။ ထိုတိုက်ပွဲ၏ ရလာဒ်ကို သံသယဖြစ်စရာ မရှိတော့ပေ။

"လခွမ်း၊ ဟွမ်ဟော်ရန်ရဲ့ စိတ်ဝိညာဉ်ကို သတ်ပစ်ဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး။ ဒီလိုဖြစ်ခဲ့ရင် ကြီးမားတဲ့ အဖြစ်ပျက်ကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။" လင်းထန်ဘသည် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။

သူသည် တားဆီးချင်သော်လည်း ဘာမှ မတတ်နိုင်ပါဘူး။ ချင်ယွင်နှင့် ဟွမ်ဟော်ရန်တို့ သည် နတ်ဘုရားမှန်ထဲတွင် ရှိနေသောကြောင့် သူတို့သည် ပြင်ပကမ္ဘာမှ အသံများကို မကြားနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် ဘေးကနေသာ စိုးရိမ်နေနိုင်ကြသည်။

…

ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ထဲမှာ၊ ချင်ယွင်သည် အဝေးမှာ လွင့်မျော နေသော ဟွမ်ဟော်ရန်၏ နတ်ဘုရား စိတ်ဝိညာဉ်ကို သူ့မျက်နှာမှာ အပြုံးမပျက် အမူအရာ ဖြင့် ကြည့်လိုက်ပါသည်။

"ငါ့အရိုးက အရမ်းမာတယ်လို့ ငါ ပြောခဲ့သားပဲ။ မင်း မဝါးနိုင်ခဲ့ဘူး။ ဘယ်လိုလဲ။ အခု မင်းသွားတွေ ကျိုးသွားပြီလား" ချင်ယွင်သည် ဟွမ်ဟော်ရန်ကို ကြည့်ကာ ပြုံးလိုက်သည်။

ယခု ဟွမ်ဟော်ရန်၏ နတ်ဘုရားခန္ဓာကိုယ်သည် ဖျက်ဆီးခံလိုက်ရပြီး၊ သူ့ နောက်ဆုံး စိတ်ဝိညာဉ်သာ ကျန်ရစ်တော့သည်။ သူ့ခွန်အားက အရင်ကထက် အဆတစ်ထောင် လောက် လျော့နည်းသွားခဲ့ပြီ။ အခုတော့ ချင်ယွင်က သူ့ကို သေသည်အထိ အလွယ်တကူ ချေမွပစ်နိုင်ပြီ။ ထို့ကြောင့်, သူသည် ဟွမ်ဟော်ရန် ရုတ်တရက် ထပ်မံ ပေါက်ကွဲလာမည်ကို မစိုးရိမ်တော့ပါဘူး။

"ဟမ့်၊ ရှုံးတာက ရှုံးတာပဲပေါ့။ ငါ့မှာ ဘာမှ ပြောစရာမရှိဘူး။ ဒါပေမယ့် မင်း ငါ့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ်လို့ ငါ အကြံပေးတယ်။ မဟုတ်ရင် မင်းတင် သေရုံမကဘူး၊ မင်းနဲ့သက်ဆိုင်တဲ့ လူတိုင်းက သင်္ချိုင်းမြေမပါဘဲ သေရလိမ့်မယ်။" ဟွမ်ဟော်ရန်က အေးစက်စွာ ပြောလိုက်ပြီး သူ့မျက်နှာတွင် ဒေါသနှင့်အတူ မကျေမနပ်များဖြင့် ပြည့်နေခဲ့သည်။

သူ့နတ်ဘုရားခန္ဓာကိုယ်သည် ပျက်ဆီးသွားခဲ့ပြီ။ ယခုအချိန်တွင် သူသည် ရူးသွပ်ခြင်း အခြေအနေမှ လွတ်မြောက်သွားပြီး၊ သူ၏ ဆင်ခြင်တုံတရားကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သို့သော်၊ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ လက်နက်ချ အရှုံးပေးရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိသကဲ့သို့ ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေသေးသည်။

"ငါ အမုန်းဆုံးက ဘာလဲ မင်း သိလား? ငါအမုန်းဆုံးအရာက ခြိမ်းခြောက်ခံရတာပဲ။ ငါ့ကို ခြိမ်းခြောက်ဝံ့တဲ့လူမှန်သမျှ နောက်ဆုံးမှာ ငါ့ရဲ့ သတ်ဖြတ်ခြင်း ခံသွားကြရလိမ့်မယ်" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောသည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများနှင့်အတူ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ် လာသည်။

"ချင်ယွင်၊ မင်းကို သေချာစဉ်းစားကြည့်ဖို့ ငါ အကြံပေးတယ်။ ငါ ဘယ်သူလဲဆိုတာ မင်း သိလို့လား။ မင်း ငါ့ကိုသတ်ဝံ့ရင် နောက်ဆုံးရလာဒ်က ငါ့ထက် ပိုဆိုးရွားလိမ့်မယ်။"" ဟွမ်ဟော်ရန်က ချင်ယွင်သည် သူ့စကားကြားပြီးနောက် ဤမျှလောက် ပြင်းထန်သည့် သတ်ဖြတ်ချင်စိတ်များ ရှိနေသေးသည်ကို မြင်လိုက်ရလျှင်, ထိတ်လန့်တကြား အော်ပြောလိုက်ရင်း သူ့မျက်လုံးတွေက ကြောက်ရွှံ့မူများဖြင့် ပြည့်နေခဲ့သည်။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး။ ဒီနေ့ မင်းက နတ်ဘုရားနန်းတော်သခင်ရဲ့ သားဖြစ်နေရင်တောင် မင်းကို ငါ သတ်ပစ်မယ်" ချင်ယွင်၏ မျက်လုံးများသည် နှင်းခဲကဲ့သို့ အေးစက်နေသေးပြီး ခံစားချက် အရိပ်အမြွက်မျှ အနည်းငယ်မျှပင် မရှိချေ။

ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏လက်မှ နတ်ဘုရားဆေဘာကို တိုက်ရိုက် ခုတ်ပိုင်း လိုက်သည်။ ဆေဘာအလင်းသည် ကောင်းကင်ကို ဖြတ်ကျော်ကာ ဟွမ်ဟော်ရန်၏ စိတ်ဝိညာဉ်ဆီသို့ တည့်တည့် ဖြတ်သန်းသွားသည်။

ဟွမ်ဟော်ရန်၏ စိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းကို မြင်လိုက်ရသောအခါ၊ သူ့မျက်လုံးများတွင် အလွန်ဝမ်းနည်းကျေကွဲဖွယ် အမူအရာတစ်ခု ကို ထုတ်ဖော်လိုက်သည်။ သူက "ချင်ယွင်၊ မင်း နောင်တရလိမ့်မယ်" အရူးအမူး အော်ပြော လိုက်သည်။

သူစကားပြောပြီးသည်နှင့် ဆေဘာအလင်းက ချဉ်းကပ်လာပြီး ဟွမ်ဟော်ရန်၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖြိုခွင်းသွားခဲ့သည်။

ကောင်းကင်ဘုံအုပ်စိုးခြင်းခန်းမမှာ, ကျိုးဟုန်ရွှဲ့နှင့် အခြားသူများ အားလုံးသည် ထိတ်လန့် နေကြပြီး လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် လုံးဝ မှိန်းမောသွားကြသည်။

"ပြီးပြီ၊ ပြီးပြီ၊ ပြီးသွားပြီ။ ငါတို့အားလုံး သေရတော့မယ်။ အဲဒါက ငါတို့ ဆောင်းအကာကွယ် မြို့တော် တစ်ခုတည်းတင် မဟုတ်ဘူး။ မင်းရဲ့လွင့်မျောနှင်းမြို့တော်လည်း ဒုက္ခ ရောက်လိမ့်မယ်။ ဒါတွေအားလုံးက သူ့ကြောင့်ပဲ။" လင်းထန်ဘသည် အသိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့မျက်လုံးများသည် ပြင်းထန်သော နောင်တတရားများ ဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် လျှိုမြောင်တစ်ခုကဲ့သို့ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ရင်း လင်းချင်ရှန်း၏ အမူအရာမှာလည်း အလွန်ပင် မှိုင်းညို့သွားခဲ့သည်။

ကျိုးဟုန်ရွှဲ့သည် သူတို့၏ အမူအရာကို မြင်သောအခါ သူမ၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမက မထိန်းနိုင်ဘဲ မေးမြန်းလိုက်သည် "ဒီဟွမ်ဟော်ရန်ရဲ့ ကိုယ်ရေးအချက်လက်က ဘာလဲ၊ ရှင်တို့ ဘာလို့ အရမ်း စိုးရိမ်နေကြ တာလဲ”။

"ဘယ်လို ကိုယ်ရေးအချက်မျိုးလဲ၊ ဟုတ်လား?။ ဟမ့်၊ ဒီကောင်က သူ့အသက် မသေမချင်း ဘေးဆိုးကြီးတစ်ခုကို ဖြစ်စေခဲ့ပြီး၊ ငါတို့ကိုတောင် ထိခိုက်စေခဲ့တယ်။ ငါ မင်းကို ပြောပြမယ်လို့ ထင်လား။ မင်းတို့ သိထားရမှာက, မင်းတို့ငါတို့ မတတ်နိုင်တဲ့ လူတစ်ယောက်ကို ချင်ယွင်က စော်ကားခဲ့တာပဲ။ သူတစ်ယောက်တည်းတင်မကဘူး၊ မင်းနဲ့ မင်းနောက်က လွင့်မျောနှင်းမြို့တော်လည်း သူနဲ့အတူ သင်္ဂြိုဟ်ခံရလိမ့်မယ်။" လင်းထန်ဘက ရက်စက်သော အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ကျိုးဟုန်ရွှဲ့၏ မျက်ခုံးတွေက ရှုံ့တွသွားခဲ့ပါသည်။။

လွင့်မျောနှင်းမြို့တော်တစ်ခုလုံးကို မြှုပ်နှံပစ်ဖို့အတွက် စွမ်းအား မည်မျှ ရှိရမည်နည်း?။ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်အတွင်း၌ပင်၊ ဤမျှကြီးမားသော စွမ်းအင်ပမာဏကို ပိုင်ဆိုင်နိုင်သူ အနည်းငယ်သာ ရှိပေမည်။

"တကယ်ပဲ သူတို့ထဲကများ ဖြစ်နေမလား" ကျိုးဟုန်ရွှဲ့၏ သူငယ်အိမ်များသည် လျော့သွားကာ သူမနှလုံးသားသည် တုန်တုန်ယင်ယင် ဖြစ်လာသည်။

အကယ်၍, ဤဟွမ်ဟော်ရန်သာ သူမတွေးနေသည့် လူများနှင့် တကယ်ပဲ ပတ်သက် နေခဲ့သည်ဆိုလျှင်, သူမတို့ သေရမည်မှာ သေချာပါသည်။ လင်းထန်ဘ ပြောခဲ့သလိုပင်, သူမတို့ သေသွားရုံသာမက, သူမတို့နောက်ကွယ်မှ လွင့်မျောနှင်းမြို့တော်လည်း သူတို့နှင့် အတူ မြှုပ်နှံခံရပါလိမ့်မည်။

သူမသည် ဤအကြောင်းကို ပို၍တွေးတောလေ, လင်းထန်ဘသည် ထိုလူတွေထဲမှ တစ်ယောက်ကို ရည်ညွှန်းနေသည်ဟု သူမ ပိုခံစားရလေပင်။ သူမ၏ စိတ်အခြေအနေမှာ လည်း လုံးဝကို ထိုင်းမှိုင်းသွားပြီး၊ သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု က ပြင်းထန်လာခဲ့သည်။

"ငါက ဒီကပ်ဘေးဒုက္ခကို ဖြစ်စေခဲ့တဲ့သူပဲ။ တကယ်လို့, သူ့နောက်က အင်အားစုက လက်စားချေဖို့ ရောက်လာခဲ့ရင်, ငါ့ကို လာရှာခွင့်ပြုလိုက်ပါ”။

ထိုအချိန်တွင် ချင်ယွင်၏ အသံက ခန်းမထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက် ခန်းမထဲတွင် ချင်ယွင်၏ သွယ်လျသော ရုပ်အသွင်က ပြန်ပေါ်လာသည်။

"ဟမ့်၊ မင်းက ခံယူနိုင်တယ်။ ဒါကို မင်း တတ်နိုင်ပါ့မလား။ မင်းမှာ အသက်ဆယ်ခု ရှိရင် တောင် မင်းရဲ့ အပြစ်တွေအတွက် ပြန်မဆပ်နိုင်သေးဘူး။" လင်းထန်ဘက ဒေါသတကြီး အော်ပြောလိုက်သည်။

အကယ်၍, ချင်ယွင်၏ လက်ရှိအင်အားကိုသာ သူ မကြောက်ရွံ့ဘူးဆိုလျှင်, သူသည် တိုက်ခိုက်ပြီးသား ဖြစ်နေလိမ့်မည်။

သူသည် ချင်ယွင်၏ စွမ်းဆောင်ရည်ကို အခုလေးတင် မြင်ဖူးထားသည်။ သူသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်အတွင်းမှာ ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်ရှိနေ ပြီ ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံး တိုက်ခိုက်မူ, သူတောင်မှ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရသည်။ ယခုချိန်မှာ သူ့လက်တစ်ဖက်က ကျိုးသွားခဲ့ပြီး၊ သူ့ ကြံ့ခိုင်မှုက ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ပြီ။ ထို့ကြောင့်, သူ့အနေဖြင့် အနိုင်အရှုံးကို ပြောဖို့ ခက်ခဲပါသည်။ ထို့အပြင်၊ အနှိုင်းမဲ့ စွမ်းအားကြီးမားသော လိပ်နက် နတ်ဘုရား သားရဲလည်း ဘေးမှာ ရှိနေသေးသည်။

"ကျုပ်က ခင်ဗျားတို့အတွက် တာဝန်ယူမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။ ခင်ဗျားရဲ့မြို့ သေတာရှင်တာ ကျုပ်နဲ့ဘာဆိုင်လဲ။ တကယ်လို့, ခင်ဗျားတို့အနေနဲ့ တကယ်ပဲ ကပ်ဆိုးကြီးကို ကြုံတွေ့ရရင်တောင်, ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။

"မင်း" လင်းထန်ဘသည် ချင်ယွင်ကို စကားမဲ့စွာ စိုက်ကြည့်ရင်း စကားမပြောဘဲ နေလိုက်သည်။

ချင်ယွင်သည် ထိုအနေထားကို မြင်သောအခါ သူ့မျက်လုံးထဲမှာ အပြုံးတစ်ခု ပေါ်လာပါ သည်။ သူက ကျိုးဟုန်ရွှဲ့ကို ကြည့်ပြီး ပြောသည် "စိတ်မပူပါနဲ့၊ မင်းအဒေါ် ကျိုးလင်ကြောင့် ငါက မင်းရဲ့လွင့်မျောနှင်းမြို့တော်ကို ဒီကိစ္စအတွက် အပြစ်တင်မခံနိုင်ပါဘူး။ ဒါကြောင့် တကယ်လို့ တစ်ဖက်လူက ဒီကိစ္စအတွက် ရောက်လာမယ်ဆိုရင်၊ မင်းတို့က ဒီကိစ္စအတွက် ငါ့တာဝန်ထားပြီး ငါ့ဆီကို တိုက်ရိုက် လာခွင့်ပေးလိုက်ပါ"

"ဒါပေမယ့်" ကျိုးဟုန်ရွှဲ့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

သို့သော် သူမစကားမဆုံးခင် ချင်ယွင်က သူမကို လက်ဝှေ့ယမ်းပြီး ဟန့်တားလိုက်သည်။ သူ၏ပြတ်သားသော မျက်လုံးထဲတွင် ငြင်းဆန်၍မရသည့် အရိပ်မြွက်များ ပါဝင်နေသည်။

ကျိုးဟုန်ရွှဲ့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချကာ သူမပါးစပ်ထဲ ရောက်ရှိလာသည့် စကားလုံးများကို ပြန်လည်မျိုချရုံသာ တတ်နိုင်ခဲ့ပါသည်။

တကယ်တော့ သူမပြောပြချင်သည်မှာ ချင်ယွင်၏ ဟွမ်ဟော်ရန်ကို သတ်ဖြတ်မှုက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရှိ လူအနည်းငယ်ထဲမှ တစ်ယောက်နှင့် ပတ်သက်နေခဲ့ပြီး, အကယ်၍, သူတို့အနေဖြင့် ဖယ်ရှားချင်လျှင်ပင်, လွင့်မျောနှင်းမြို့တော် ကတောင် သူတို့ကို ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုသော်, မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရှိ ထိုလူများ၏ အဆင့်အတန်းနှင့် စွမ်းအားတို့သည် အမှန်တကယ်ပင် ကြီးမားလွန်းလှသောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် တခြားဘာမှ မပြောတော့ပေ။ သူသည် ဟွမ်ဟော်ရန်ကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ လုံးဝ နောင်တမရခဲ့ပါဘူး။ အကယ်၍, သူ့ကို မသတ်ခဲ့ဖူးဆိုလျှင်, သူသည် အမှန်တကယ် ဒုက္ခရောက်လိမ့်မည်။ ယခုအချိန်တွင် အရေးကြီးဆုံး အချက်မှာ လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ်ကို ရှာဖွေရန် ဖြစ်သည်။

ဘန်း…။

ချင်ယွင်က သူ့လက်တွေကို ဆန့်တန်းပြီး လှန်လိုက်ပါသည်။ သူ့လက်ထဲမှာ အရာနှစ်ခု ပေါ်လာသည်။

တစ်ခုက ရှေးဟောင်း ကြေးဝါမှန်တစ်ချပ်ဖြစ်ပြီး၊ နောက်တစ်ခုက မျက်လုံးအရွယ်အစား အဖြူရောင်ပုတီးစေ့တစ်ခု ဖြစ်ပါသည်။

All Chapters