← Chapters

အခန်း ၁၃၇၉

Vol. 92 Ch. 1379

အခန်း ၁၃၇၉

Vol. 92 Ch. 1379

အခန်း (၁၃၇၉) အဖြူရောင်ကျောက်စိမ်းမိုးကြိုးပုလဲ

ရှေးဟောင်း ကြေးဝါမှန်သည် သဘာဝအတိုင်း ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရား ကြေးဝါမှန် ဖြစ်သည်။ ချင်ယွင်သည် ဟွမ်ဟော်ရန်ကို သတ်ဖြတ်ခဲ့ပြီးကတည်းက၊ ဤနတ်ဘုရားမှန်သည် သဘာဝအတိုင်း သူ့အတွက် ဖြစ်လာခဲ့သည်။

ယခုအခါ မှန်သည် ချင်ယွင်ကို ၎င်း၏ပိုင်ရှင်အဖြစ် အသိအမှတ် ပြုစရာမလိုတော့ဘဲ ချင်ယွင်သည် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ကို အလိုအလျောက် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

သို့သော်၊ ယခုအချိန်တွင် ချင်ယွင် အာရုံစိုက်သော အရာမှာ ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရား ကြေးဝါမှန် မဟုတ်ပါ။ ဤအခိုက်အတန့်တွင် သူပို၍ ဂရုစိုက်သည့် အရာမှာ မျက်လုံးတစ်လုံး၏ အရွယ်အစားရှိသော အဖြူရောင်ပုတီးစေ့ကြီး ဖြစ်ပါသည်။

ထိုအဖြူရောင်ပုလဲကို ဟွမ်ဟော်ရန်၏ ခန္ဓာကိုယ်ကနေ ရရှိခဲ့ခြင်း ဖြစ်ပါတည်။ ချင်ယွင် သည် ဟွမ်ဟော်ရန်၏ နတ်ဘုရားခန္ဓာကိုယ်ကို အပိုင်းပိုင်း ခွဲလိုက်သောအခါ ထိုပုလဲသည် ပြုတ်ကျသွားခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် ဟွမ်ဟော်ရန်၏ စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား သုတ်သင် ခဲ့ပြီးဖြစ်ကာ၊ ဤပုလဲသည် သဘာဝအတိုင်း ပိုင်ရှင်မဲ့ အရာတစ်ခု ဖြစ်လာခဲ့သည်။

ဟွမ်ဟော်ရန်သည် အဖြူရောင်လျှပ်စီးကြောင်းကို အသုံးပြုနိုင်ရသည့် အကြောင်းအရင်း မှာ အစွမ်းထက်သည့် ရတနာတစ်ခုကြောင့်ဟု အရင်က လျှိုဘို ပြောခဲ့ဖူးသည်။ အခု ဟွမ်ဟော်ရန် အဖြူရောင်လျှပ်စီးများကို ချေးငှားနိုင်သော ထိုရတနာသည် ဤအဖြူရောင် ကျောက်စိမ်းပုလဲဟု ထင်ရပါသည်။

ဘန်း..။

ချင်ယွင်သည် သူ့လက်ထဲတွင် အဖြူရောင်ကျောက်စိမ်းပုလဲကို ကိုင်ထားပြီး ၎င်းအတွင်းမှ အားကောင်းသည့် လျှပ်စီးကြောင်းကို သူ ခံစားနိုင်သည်။ ဤလျှပ်စီးသည် လျှပ်စီးအိုင် တစ်ခုကဲ့သို့ လှိုင်းလာသည်။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ လျှပ်စီးစွမ်းအားလဲ။ ဒီလျှပ်စီးကို နဂါးငယ်လေးက စုပ်ယူနိုင်ပါ့မလား ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သူ့ကိုယ်အတွင်းမှာ ပုန်းအောင်းနေသော လျှပ်စီးနဂါးငယ်လေးသည် အလွန်မင်း နှေးကွေးစွာဖြင့် ကြီးထွားလာနေပြီ ဖြစ်သည်။ လျှပ်စီးစွမ်းရည် နတ်ဘုရားတန်ခိုးသည် ၎င်း၏ အစာစားချင်စိတ်ကို မဖြည့်ဆည်း ပေးနိုင်တော့ပါ။ အကယ်၍, နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ကို ယခုထက်ပိုပြီး တိုးတက်ချင်သည် ဆိုလျှင်, ယခုထက်ပိုပြီး အားကောင်း သည့် လျှပ်စီးများကို စုပ်ယူရပါမည်။

ယခင်က ဟွမ်ဟော်ရန်သည် အဖြူရောင်လျှပ်စီးများကို အသုံးပြုသောအခါ, အဖြူရောင် လျှပ်စီးများသည် ထူးထူးခြားခြား ဖြစ်ကြောင်း သူ ခံစားခဲ့ရသည်။ သို့သော် ချင်ယွင်သည် ယခင်က အဖြူရောင်လျှပ်စီးကြောင်းကို စုပ်ယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ ပေ။ ယခုအခါ ချင်ယွင်သည် အဖြူရောင်ကျောက်စိမ်းပုလဲ၏ ပိုင်ရှင်အဖြစ် အသိအမှတ် ပြုခဲ့ပြီး၊ ထို့နောက် ၎င်းကို စုပ်ယူဖို့ ကြိုးစားကြည့်ရန် လျှပ်စီးနဂါးငယ်လေးကို ပေးခဲ့သည်။ အောင်မြင်ခြင်းရှိမရှိ သူ မသိပါဘူး။

"ဖြန်း.."

ချင်ယွင်သည် သူ၏နတ်ဘုရားဆေဘာဖြင့် သူ၏လက်ချောင်းကို ဖြတ်ပြီး အဖြူရောင် ကျောက်စိမ်းပုလဲပေါ်တွင် သွေးများ စီးကျလာသည်။

လတ်ဆတ်သော သွေးများသည် ပုတီးစေ့ပေါ်သို့ ကျဆင်းလာကာ အဖြူရောင် ကျောက်စိမ်းပုလဲမှ ချက်ချင်း စုပ်ယူသွားပါသည်။ ထို့နောက်တွင်၊ ချင်ယွင်သည် သူ့စိတ်ထဲတွင် နောက်ထပ် သတင်းတစ်ခုရလာခဲ့ပြီး၊ သူ၏စိတ်သည်လည်း အဖြူရောင် ကျောက်စိမ်းပုလဲနှင့် ဆက်စပ်နေသည်။

အဖြူရောင်ကျောက်စိမ်းပုလဲ၏ သတင်းအချက်အလက်မှ တစ်ဆင့် ချင်ယွင်သည်လည်း ဤပုလဲ၏ မူလအစကို သိရှိခဲ့သည်။

ဤပုလဲကို လူသားများက သွန်းလုပ်ထားခြင်း မဟုတ်ဘဲ၊ ကြည်လင်ကောင်းကင် နယ်မြေ မှ ပေါင်းစည်းထားခြင်း ဖြစ်နိုင်သည်။

ဤပစ္စည်းကို နတ်ဘုရားကမ္ဘာ၏ အနန္တလျှပ်စီးချောက်နက်ကြီး၏ နက်နဲသော နေရာတွင် မွေးဖွားခဲ့သည်။ သာမာန် လျှပ်စီးစွမ်းအားကို ပိုမိုအားကောင်းသည့် အဖြူရောင် ကျောက်စိမ်းလျှပ်စီးအဖြစ်သို့ ပြောင်းလဲပေးနိုင်ပြီး၊ ဤလျှပ်စီးပုလဲကို မွေးဖွားနိုင်ရန် နတ်ဘုရားလျှပ်စီး ၁၀ ဘီလီယံအထိ အသုံးပြုခဲ့ရသည်။

ဤအဖြူရောင်ကျောက်စိမ်း လျှပ်စီးသည် အလွန်အစွမ်းထက်ပြီး၊ ပြင်းထန်သော တိုက်ခိုက်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် ထူးထူးခြားခြား အရည်အသွေး မြင့်မားသော လျှပ်စီးတစ်ခု ဖြစ်သည်။

"ဇီ!"

ချင်ယွင်၏ စိတ်က တစ်ချက်လှုပ်ရှားသွားသည်နှင့် သူ့လက်ဖဝါးမှာ အနှိုင်းမဲ့ ပြင်းထန်သော အဖြူရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ဤအဖြူရောင် လျှပ်စီးကြောင်းသည် ယခင်က ဟွမ်ဟော်ရန် အသုံးပြုခဲ့သော အဖြူရောင် ကျောက်စိမ်း လျှပ်စီးကြောင်းနှင့် အတူတူပင်။

"မျှော်လင့်ထားသလိုပဲ၊ အံ့သြစရာကောင်းလွန်းတယ်။ အဖြူရောင်ကျောက်စိမ်းလျှပ်စီးရဲ့ အရည်အသွေးက ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားလျှပ်စီးထက်တောင် ပိုမြင့်မားတယ်။" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။

ယခုအချိန်တွင်၊ သူ၏ဖရိုဖရဲလျှပ်စီးသည် ရှေးဟောင်း နတ်ဘုရားလျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးဖြစ်ကာ၊ ၎င်း၏စွမ်းအားသည် သာမန်နတ်ဘုရားလျှပ်စီးများထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ။ သို့သော်၊ ဤအဖြူရောင်ကျောက်စိမ်းလျှပ်စီး၏ အရည်အသွေးသည် ချင်ယွင်၏ ဖရိုဖရဲနတ်ဘုရားလျှပ်စီးထက်ပင် ပိုမိုအားကောင်းသည်။

ထိုအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ့စိတ်ထဲကနေ လျှပ်စီးနဂါးလေးဆီကို တိုက်ရိုက် လှမ်းအော်လိုက်သည်။

တစ်ဖက်မှာတော့ ကျိုးဟုန်ရွှဲ့နှင့် တခြားသူများသည် သူ့ခန္ဓာကိုယ်ထဲက ဖျတ်ခနဲ ခုန်ထွက် လာပြီး သူ့လက်မောင်းတစ်လျှောက် အဖြူရောင် လျှပ်စီးကြောင်းဆီ ဦးတည်ကူးခတ် သွားနေသော အနက်ရောင် လျှပ်စီးနဂါးလေးကို တွေ့လိုက်ရသည်။

သူတို့သည် အံ့သြသွားသော်လည်း ချင်ယွင်၏ လုပ်ရပ်ကို မနှောင့်ယှက်ကြပေ။ ဘေးနားမှာ ရပ်ပြီး တိတ်တိတ်လေး ကြည့်နေကြသည်။

ချင်ယွင် ကိုယ်တိုင်ကလည်း လျှပ်စီးနဂါးလေးကို လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။

လျှပ်စီးနဂါးလေးသည် အဖြူရောင်လျှပ်စီးကြောင်းကို မြင်သောအခါ, လောဘကြီးသော အကြည့်က သူ့မျက်လုံးထဲတွင် ချက်ချင်းဆိုသလိုပင် ပေါ်လာပါသည်။ ၎င်းသည် အလွန် အရသာရှိသော အစားအစာကို မြင်လိုက်ရသကဲ့သို့ အဖြူရောင် လျှပ်စီးကြောင်းဆီ ချက်ချင်း ပျံသန်းသွားခဲ့သည်။

သို့သော်, ၎င်းသည် အဖြူရောင်လျှပ်စီးကြောင်းတစ်ခုကို မျိုချလိုက်ပြီးနောက်, ချက်ချင်း ပင် အဖြူရောင်လျှပ်စီးကို အမှန်တကယ် သန့်စင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဆန့်ကျင်ဘက်အနေဖြင့် အဖြူရောင် လျှပ်စီးကြောင်းသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံသန်းသွားသဖြင့် အလွန်နာကျင်မူကို ခံစားရစေသည်။ သူသည် ကူကယ်ရာမဲ့၊ အဖြူရောင်လျှပ်စီးကို ထွေးထုတ်ရုံသာတတ်နိုင်ပါသည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လျှပ်စီးနဂါးလေး ပေါ်လာပြီးကတည်းက သူ မျိုချ၍မရသည့် လျှပ်စီးကြောင်းတစ်ခုမှ မရှိခဲ့ဖူးပါ။ ယခုဆိုလျှင် အဖြူရောင် လျှပ်စီးကြောင်းသည် အမှန်တကယ်ပင် မျိုချ၍ မရနိုင်ခဲ့ပေ။ ဤအရာက တကယ်ကို အံ့အားသင့်စရာကောင်းပြီး ချင်ယွင်ကို အံ့သြသွားစေ သည်။

"ကောင်စုတ်လေး၊ မင်းရဲ့ ဖရိုဖရဲနတ်ဘုရားလျှပ်စီးကို ဒီအဖြူရောင်ကျောက်စိမ်းပုလဲမှာ မိတ်ဆက်ပေးပြီး ကြိုးစားကြည့်စမ်း” ချင်ယွင်သည် အရှုံးပေး လက်လျော့ခါနီးမှာ လျှိဘို၏ အသံက ထပ်ပြီး ထွက်ပေါ်လာပြန်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်က ခဏလောက် ထိတ်လန့်သွားပြီး တုံ့ပြန်လိုက်သည်။

ဤအဖြူရောင် ကျောက်စိမ်းပုလဲသည် သာမန်လျှပ်စီးများအား အစွမ်းထက်သော အဖြူရောင် ကျောက်စိမ်းလျှပ်စီးအဖြစ်သို့ ပြောင်းလဲပေးနိုင်သောကြောင့်၊ ၎င်းသည် သူ၏ ဖရိုဖရဲနတ်ဘုရားလျှပ်စီးကိုလည်း ပြောင်းလဲ မပေးနိုင်ဘူးလား။

အကယ်၍ ၎င်းကို အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့ပါက၊ ၎င်းသည် ပိုမိုအားကောင်းသော လျှပ်စီးကြောင်းများကို ဖန်တီးနိုင်မည် မဟုတ်ပါလား။

ထိုအကြောင်းကို တွေးမိပြီး ချင်ယွင်၏ စိတ်နှလုံးသည်လည်း မျှော်လင့်ချက်နှင့်အတူ ခုန်သွားခဲ့သည်။ ထို့နောက်၊ သူသည် သူ့ခန္ဓာကိုယ်ရှိ ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီးကို ထိန်းချုပ်ကာ အဖြူရောင်ကျောက်စိမ်းပုလဲဆီသို့ ပျံ့နှံ့စေခဲ့သည်။

ဘန်း..။

ချင်ယွင်၏ ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီးသည် ချက်ချင်းပင် အဖြူရောင် ကျောက်စိမ်းပုလဲဆီသို့ ပြေးသွားကာ ၎င်းကို အဖြူရောင်ကျောက်စိမ်းပုလဲက တိုက်ရိုက် မျိုချလိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် ရွှင်မြူးသွားသည်။

ယခင်က သူသည် အဖြူရောင်ကျောက်စိမ်းပုလဲက ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီး ကို မစုပ်ယူနိုင်တော့မည်ကို စိုးရိမ်ခဲ့ဖူးသည်။ ယခုမူ ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီးကို စုပ်ယူနေသမျှ ကာလပတ်လုံး၊ သူသည် လုပ်ဆောင်နိုင်လိမ့်မည်။

ချင်ယွင်သည် အသွင်ပြောင်းလဲလာသော ဖရိုဖရဲနတ်ဘုရား လျှပ်စီးကို လမ်းညွှန်မူပေးရန် အဖြူရောင်ကျောက်စိမ်းပုလဲကို ကမန်းကတန်း ဖြန့်ကျက်လိုက်သည်။

"ဘုန်း"

ရုတ်တရက် ချင်ယွင်၏လက်မှ အလွန်ပြင်းထန်သော လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာ သည်။ ထိုလျှပ်စီးကြောင်းသည် အဖြူရောင် ဖြစ်နေတုန်းပဲ။

သို့သော်လည်း ထိုအဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးသည် သာမန် အဖြူရောင် ကျောက်စိမ်း နတ်ဘုရားလျှပ်စီးများနှင့် ကွဲပြားသည်။ ဤအဖြူရောင် ကျောက်စိမ်း နတ်ဘုရား လျှပ်စီးသည် ပိုးသားကဲ့သို့ဖြူစွပ်ပြီး ယခင်ကထက် ပိုမိုဖြူစင်သည်။ ၎င်းမှ ထုတ်လွှတ်သော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် သာမန် အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးများထက် အဆများစွာ ပိုမိုအစွမ်းထက် သည်။

ချင်ယွင်သည် သူ၏လက်ချောင်းများကို ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ ဖရိုဖရဲနတ်ဘုရား လျှပ်စီးအဖြစ်မှ ပြောင်းလဲသွားသော အဖြူရောင် ကျောက်စိမ်း နတ်ဘုရား လျှပ်စီးကြောင်း သည် ချက်ခြင်း ထွက်ပေါ်လာပြီး အဝေးရှိ ကျောက်စာတိုင်တစ်ခုပေါ်သို့ ထိမှန်သွားခဲ့ သည်။

"ဘုန်း…။"

တဟုန်ထိုး တုန်ခါအသံနှင့်အတူ ကျောက်စာတိုင်ပေါ်တွင် အပ်နဖါးပေါက်အရွယ် အပေါက်တစ်ခု ပေါ်လာသည်။

ထိုမြင်ကွင်းကို လူတိုင်း မြင်လိုက်ရတော့ မထိန်းနိုင်ဘဲ မျက်လုံးတွေ ပြူးကျယ်သွားကြ သည်။

အပေါက်သည် အပ်နဖါးပေါက် အရွယ်အစားမျှသာ ရှိသော်လည်း ကျောက်စာတိုင်ပေါ် တွင် နတ်ဘုရား မှော်သင်္ကေတများ ရှိနေခဲ့သည်။ ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းများ ပင်လျှင် သဲလွန်စ မချန်ထားရစ်နိုင်ခဲ့ပါ။ ယခု၊ ချင်ယွင်ထံမှ နတ်ဘုရားလျှပ်စီး တိုက်ခိုက်မူ သည် ကျောက်စာတိုင်ပေါ်တွင် အပေါက်တစ်ပေါက် ထိုးဖောက်သွားနိုင်ခဲ့သည်။ ဤနတ်ဘုရားလျှပ်စီးသည် မည်မျှ တန်ခိုးကြီးသည်ကို တွေးကြည့်နိုင်ပါသည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ လျှပ်စီးကြောင်းလဲ။ နောင်မှာ မင်းကို ရှေးဟောင်းအဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးလို့ ခေါ်တော့မယ်" ချင်ယွင်၏ မျက်လုံးများတွင် စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာသည်။

ဤရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးဖြင့် ချင်ယွင်မှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိလာပါလိမ့်မည်။

ယခုအချိန်တွင်၊ သူသည် နှောင်းပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ များကို သတ်ဖြတ်ခြင်းက အလွယ်လေး ဖြစ်နေပါပြီ။ အထွတ်အထိပ်အဆင့် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအတွက်မူ၊ ဤနတ်ဘုရားလျှပ်စီးကြောင်းဖြင့်ဆိုပါက, ချင်ယွင်သည် အန္တရာယ်ကင်းသည့် အနေအထားတွင် ရပ်တည်နိုင်ပါသည်။ သေချာသည် မှာ၊ သူတို့ကို ရင်ဆိုင်သတ်ဖြတ်ရန်မှာ အနည်းငယ် ခက်ခဲပုံရပြီး, သူကိုယ်တိုင်လည်း သတိလက်လွတ် မနေဝံ့ပေ။

ထို့ကြောင့်၊ ချင်ယွင်၏ အစစ်အမှန် စွမ်းအားသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်အဆင့်နှင့် ညီမျှပါသည်။ သူနှင့် အထွက်အထိပ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်အကြားမှာ တိကျသော အကွာအဝေးတစ်ခု ရှိနေပါသေးသည်။ လင်းထန်ဘကဲ့သို့ သာမန် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင် ပညာရှင်တစ်ဦးနှင့် ကြုံတွေ့ရပါက၊ သူသည် တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော်, အကယ်၍, သူသာ အစွမ်းထက်သော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် လက်ရွေးစင် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရပါက၊ သူသည် များစွာ ဒုက္ခရောက်ပါဦးမည်။

သို့သော် အခြားသူများ၏အမြင်တွင်, ဤအရာကပင် အလွန်မင်း ထိတ်လန့်စရာ ဖြစ်နေပါပြီ။

All Chapters