← Chapters

အခန်း ၁၃၈၀

Vol. 92 Ch. 1380

အခန်း ၁၃၈၀

Vol. 92 Ch. 1380

အခန်း (၁၃၈၀) ပန်ဂုပုဆိန်။

ဝှီး…။

သို့သော် ချင်ယွင် စိတ်လှုပ်ရှားနေချိန်မှာ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပြီးသား လျှပ်စီးနဂါးငယ်လေးသည် တဖန်ပြန်လည် ပြေးထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင်၊ လျှပ်စီးနဂါးငယ်လေးသည် အဖြူရောင်ကျောက်စိမ်းပုလဲထဲသို့ တိုက်ရိုက် ထိုးဖောက်ကာ ဝင်ရောက်သွားခဲ့သည်။

ချင်ယွင်သည် သူ့စိတ်ကို အမြန်ပို့လွှတ်ပြီး အဖြူရောင်ကျောက်စိမ်းပုလဲထဲကို ထည့်သွင်း လိုက်စဉ်, သူသည် အနည်းငယ် မှင်သက်သွားရသည်။

လျှပ်စီးနဂါးငယ်လေးသည် ပင်လယ်သို့ ပြန်ရောက်လာသော ငါးတစ်ကောင်ကဲ့သို့ အဖြူရောင်ကျောက်စိမ်းပုလဲအတွင်းရှိ လျှပ်စီးပင်လယ်ထဲမှာ အလွန့်လွန် ပျော်ရွှင်နေ သည့်အလား လွတ်လွတ်လပ်လပ် လျှောက်သွားနေလေသည်။

ပို၍အရေးကြီးသည်မှာ၊ လျှပ်စီးနဂါးလေးသည် အဖြူရောင်ကျောက်စိမ်းလျှပ်စီးပုလဲထဲသို့ ဝင်ရောက်ပြီးနောက် ၎င်း၏အငွေ့အသက်သည် ပိုမို အားကောင်းလာကြောင်းကို ချင်ယွင် တွေ့ရှိခဲ့ရသည်။ ၎င်း၏ မူလက အနက်ရောင် ကိုယ်ထည်သည် အမှန်တကယ် အဖြူရောင် လိုင်းများ စတင်ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် အလွန်မင်း အံ့အားသင့်သွားခဲ့ပြီး၊ ထိုအကြောင်းကို စဉ်းစားပြီးနောက် သူ နားလည်သွားပါသည်။

ဤလျှပ်စီးနဂါးငယ်လေးသည် မူလကတည်းက ဖရိုဖရဲလျှပ်စီးကြောင်းမှ ပေါင်းစပ် ဖြစ်ပေါ်လာသည့် သေးငယ်သောသတ္တဝါလေး တစ်ကောင်ဖြစ်သည်။ ယခု သူသည် ဤအဖြူရောင် ကျောက်စိမ်းလျှပ်စီးပုလဲထဲသို့ ဝင်ရောက်လာသောအခါ သဘာဝအတိုင်း အသွင်ပြောင်းသွားမည် ဖြစ်သည်။

ချင်ယွင်သည် လျှပ်စီးနဂါးငယ်လေး၏ အပြောင်းအလဲများကို စောင့်မျှော်နေသည်။ လျှပ်စီး နဂါးငယ်လေးသည် ဆင့်ကဲပြောင်းလဲပြီးနောက် မည်သို့မည်ပုံ ဖြစ်လာမည်ကို သူ တကယ် မသိပါ။

သူ့တစ်ကိုယ်လုံးက နှင်းဖြူရောင်ကျောက်စိမ်းကဲ့သို့ အဖြူရောင် ဖြစ်လာမည်လား။ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် နဂါးကြေးခွံ အဖြူရောင်ချပ်ဝတ်အဖြစ်သို့ ပြောင်းလဲသွားမည်လား။

ဤမသိနိုင်သေးသည့် အရာအားလုံးသည် လျှပ်စီးနဂါးငယ်လေး လုံးလုံးလျားလျား ပြောင်းလဲလာပြီးနောက်မှသာ သိနိုင်ပါလိမ့်မည်။

ချင်ယွင်သည် အလွန်အမင်း စဉ်းစားမနေတော့ဘဲ အဖြူရောင်ကျောက်စိမ်းပုလဲကို သူ့ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ ပတ်ဝန်းကျင်မှ လူများက သူ့ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ကို ချင်ယွင် တွေ့ရှိခဲ့သည်။

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးပြီး ဘာမှ ရှင်းပြခြင်း မရှိပေ။ ယင်းအစား၊ သူသည် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ကို ထုတ်ပြီး ခန်းမအတွင်း လျှို့ဝှက် ဆန်းကြယ်သော အလင်းလုံး ကိုးလုံးအား မော့ကြည့်လိုက်သည်။

ယခုတော့ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးများကို ဖွင့်ရန် နည်းလမ်း ကို သိထားပြီး ဖြစ်သည်။ ထိုနည်းလမ်းမှာ ဘိုးဘေးနတ်ဘုရား တန်ခိုးတော်ကို တန်ပြန် တိုက်ခိုက်ရန် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ကို အသုံးပြုပြီး လျှို့ဝှက် ဆန်းကြယ်သော အလင်းလုံးများကို ဖွင့်လှစ်ခြင်း ဖြစ်သည်။

ချင်ယွင်၏ လက်ရှိအင်အားဖြင့်၊ သူသည် ထိုသို့သော တန်ပြန်တိုက်ခိုက်မှု လေးကြိမ်သာ ပြုလုပ်နိုင်ပါသည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကိုးလုံးထဲမှ လေးလုံးကိုသာ ဖွင့်နိုင်ပါမည်။

ချင်ယွင်သည် ခြေချောင်းများကို ကွေးညွှတ်လိုက်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံး ကိုးလုံးထဲမှ တစ်ခုဆီသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။ သူ၏ပစ်မှတ်မှာ အဆင့်မြင့် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားသော ပန်ဂုပုဆိန် ဖြစ်သည်။

ကျိုးဟုန်ရွှဲ့နှင့် အခြားသူများသည် ချင်ယွင် ပျံထွက်သွားသည်ကို မြင်သောအခါ၊ သူတို့ အားလုံး ချင်ယွင်ကို စိုက်ကြည့်နေကြစဉ် အံ့သြသွားကြသည်။

ချင်ယွင်၏ပုံရိပ်သည် အလွန်လျင်မြန်ပြီး ပန်ဂုပုဆိန်တစ်ဝိုက်တွင် ရှိနေသည့် လျှို့ဝှက် ဆန်းကြယ်သော အလင်းအလုံးကြီး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ဘန်း…။

ချင်ယွင် ချဉ်းကပ်လာသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးသည် တုနှိုင်းမရ အောင် တန်ခိုးကြီးသည့် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းကို ချက်ချင်း ထုတ်လွှတ်လိုက်ပါသည်။ ထို့နောက်တွင်၊ အနှိုင်းမဲ့ စွမ်းအားကြီးမားသော နတ်ဘုရား အလင်းရောင်သည် ချင်ယွင်ဆီသို့ ကျရောက်လာသည်။ အနှိုင်းမဲ့ တန်ခိုးကြီးသော တန်ခိုးတော်သည် ထိုနတ်ဘုရားအလင်းရောင်ပေါ်မှာ ပျံ့နှံ့နေသည်။ အကယ်၍, ဤစွမ်းအားသာ ချင်ယွင်၏ခန္ဓာကိုယ်ကို အပြင်းအထန် တိုက်ခိုက်မိမည်ဆိုလျှင်၊ ၎င်းသည် ချင်ယွင်ကို ဖျောက်ဖျက်ကုစား၍မရနိုင်သော ပျက်စီးမှုကို ဖြစ်ပေါ်စေမည်မှာ သေချာပါ သည်။

ကျိုးဟုန်ရွှဲ့သည် ဤမြင်ကွင်းကို မြင်သောအခါ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်က သူမမျက်လုံးများမှတဆင့် တောက်ပလာသည်။

လင်းထန်ဘသည် ဤတန်ခိုးကြီးသော ဘိုးဘေးနတ်ဘုရားတန်ခိုးတော်က ချင်ယွင်ကို သတ်ပစ်ဖို့ လျှို့ဝှက်မျှော်လင့်နေခဲ့သည်။

ဘန်း…။

သို့သော် နတ်ဘုရားအလင်းရောင်သည် ချင်ယွင်၏ခန္ဓာကိုယ်ကို ထိမှန်ခါနီးတွင်၊ ချင်ယွင် သည် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ကို ချက်ချင်း ထုတ်ပစ်လိုက်သည်။ နတ်ဘုရားကြေးမုံသည် ချင်ယွင်ရှေ့တွင် လွင့်မျောသွားပြီး နတ်ဘုရားအလင်းရောင်ကို ပိတ်ဆို့ကာ နောက်သို့ ပြန်ကန်သွားခဲ့သည်။

"ဘုန်း…"

နတ်ဘုရားအလင်းတန်းသည် နောက်ပြန်တွန်းကန်သွားပြီး ပန်ဂုပုဆိန်ကို ဖုံးအုပ်ထား သည့် လျှို့ဝှက်ဆန်းကြယ်တဲ့ အလင်းလုံးကြီးသည် ချက်ချင်း ကွဲအက်သွားလေသည်။

"အောင်မြင်ပြီ"

အောက်မှလူအားလုံးသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်ကာ အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်ကြသည်။

လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် မျက်မှောင်ကြုတ်ကာ သူတို့၏ မျက်နှာများတွင် မလိုလားသည့် ဆန္ဒများ ပြည့်နှက်နေသည်။

ဘန်း..။

လျှို့ဝှက်ဆန်းကြယ်သော အလင်းလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအချိန်တွင် ပန်ဂု ပုဆိန်၏ အစွမ်းထက်သော နတ်ဘုရားတန်ခိုးသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသည်။ တခဏချင်းမှာပင်၊ ခန်းမတစ်ခုလုံးသည် အနှိုင်းမဲ့ ထူထဲပြီး ကြီးစိုးလွန်းသည့် နတ်ဘုရား တန်ခိုးကို ထုတ်လွှတ်လိုက်ပါသည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ နတ်ဘုရားပစ္စည်းလဲ။ ဒီနတ်ဘုရားပုဆိန်က အဆင်မြင့်အဆင့်မှာပဲ ရှိနေတာပါ။ ဘာလို့ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းတွေက ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းထက် ပိုသန်မာနေရတာလဲ" လင်းချင်ရှန်း က မတတ်နိုင်ဘဲ အံ့သြစွာ မေးလိုက်သည်။

ပထမတော့, သူသည် ချင်ယွင်က မသိနားမလည်သူဖြစ်ပြီး အဆင့်မြင့် နတ်ဘုရား ပစ္စည်းကို တကယ်ပဲ ရွေးချယ်ခဲ့သည်ဟု ခံစားမိသည်။ ယခုမှပင် ၎င်းက သူ့အမှား ဖြစ်ကြောင်း သဘောပေါက်လာသည်။ ဤနတ်ဘုရားပုဆိန်သည် ရတနာကိုးခုအနက် တန်ခိုးအကြီးဆုံးဟု ဆိုနိုင်သည်။ ထို့ပြင် ဤနတ်ဘုရားပုဆိန်သည် အဆင့်မြင့်အဆင့်တွင် သာ ရှိသေးသည်။ တစ်နည်းဆိုရသော် ၎င်းကို ထိပ်တန်းအဆင့်သို့ တိုးမြှင့်နိုင်သေးသည်။ ထိုအချိန်တွင် ၎င်း၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

"ဒါက ပန်ဂုပုဆိန်များ ဖြစ်နိုင်မလား" နေသာဧကရာဇ်ကလည်း အံ့သြသည့် အမူအရာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

"မှန်တယ်၊ အဲဒါက တကယ်ပဲ ပန်ဂုပုဆိန်ပဲ။ ဒါပေမယ့်၊ အဲဒါကို အဆင့်မြင့် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားပစ္စည်းအဖြစ် အသွင်ပြောင်းပြီးသွားပြီ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

နေသာဧကရာဇ်သည် ချက်ချင်းပင် ထိတ်လန့်သွားကာ သူ၏မျက်နှာက မှုန်မှိုင်းသွားသည်။

သူသည်လည်း အင်မော်တယ်ကမ္ဘာမှ လူတစ်ဦး ဖြစ်သည်။ ထုံးစံအတိုင်း အကြီးမြတ်ဆုံး ဖရိုဖရဲ ရတနာကြီး ငါးခု တည်ရှိမူကြောင်း သူသိသည်။ ၎င်းတို့သည် အင်မော်တယ်ကမ္ဘာရှိ ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ အထွတ်အထိပ် ရတနာများ ဖြစ်ကြသည်။ သို့သော်၊ ပန်ဂု ပုဆိန်သည် နတ်ဘုရားကမ္ဘာတွင် နတ်ဘုရားပစ္စည်းအဖြစ် သန့်စင်ခံရပြီးနောက် ဤမျှ လောက် အစွမ်းထက်သော စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဟိုတချိန်တုန်းက, ရတနာကြီးငါးခုထဲမှ တစ်ခုကို ချင်ယွင်မှ ရရှိခဲ့ပြီး၊ ကျန်နှစ်ခုကို ဟွမ်ထန်းလုံမှ ရယူနိုင်ခဲ့သည်။ ပန်ဂုပုဆိန်နှင့် အရှေးပိုင်းဧကရာဇ်ခေါင်းလောင်းတို့ အတွက်မူ ၎င်းတို့သည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာအရပ်သို့ ကျရောက်သွား ခဲ့ပြီး ၎င်းတို့၏ တည်နေရာကိုပင် မသိနိုင်တော့ပေ။ ယခု၊ ၎င်းတို့သည် နတ်ဘုရာကမ္ဘာ၌ အမှန်တကယ် ရှိနေသည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အကြီးမြတ်ဆုံး ရတနာငါးပါးတို့သည် ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ ထွက်ကုန်များ ဖြစ်ကြသည်။ ၎င်းတို့သည် အင်မော်တယ်ကမ္ဘာနှင့် သက်ဆိုင်သည့်အရာများ မဟုတ်ကြ ပေ။ ၎င်းတို့သည် နတ်ဘုရားကမ္ဘာသို့ မရောက်ခင်အချိန်သည်အထိ အင်မော်တယ်ကမ္ဘာ မှာသာ လက်ဆင့်ကမ်း ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် နတ်ဘုရားကမ္ဘာမှ လူများစွာ သည် ဤအကြီးမြတ်ဆုံး ရတနာငါးခု ရှိကြောင်းကိုပင် မသိခဲ့ကြပေ။ မဟုတ်ပါက၊ သူတို့သည် ထိုရတနာများကို သိမ်းပိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားပစ္စည်းများအဖြစ် စတင်သန့်စင်နေလောက်ပြီ။

ဘန်း…။

ပန်ဂုပုဆိန်ကို ဖမ်းဆုပ်ရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်စဉ်မှာ ချင်ယွင်၏ မျက်လုံးတွေက အံ့မခန်းဖြစ်နေသည်။

ဤနတ်ဘုရားပုဆိန်သည် မီးကဲ့သို့ လုံးဝ နီရဲနေ၏။ ၎င်းပေါ်တွင် သဘာဝအတိုင်း ရေးထွင်း ထားသော ပုံစံသင်္ကေတများပါရှိပြီး၊ ၎င်းသည် အနှိုင်းမဲ့ တန်ခိုးကြီးသော နတ်ဘုရား အလင်းတန်းကို ထုတ်လွှတ်သည်။ ၎င်းသည် တောက်လောင်နေသော ကြက်သွေးရောင် မီးလုံးများကဲ့သို့ အလွန်လှပသည်။

နတ်ဘုရားပုဆိန်တစ်ခုလုံးသည် အဆုံးမရှိသော ကပ်ဘေးဒုက္ခများကို သယ်ဆောင်ထား ပြီး၊ ရှေးဦးခေတ်နှင့် ရှေးဟောင်းခေတ် အငွေ့အသက်များကို ထုတ်လွှတ်သည်။

သို့သော် ချင်ယွင်၏လက်သည် ပုဆိန်ကို ဖမ်းဆုပ်ခါနီးတွင် ပုဆိန်သည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားပြီး တစ်ဖက်တွင် ပြန်ပေါ်လာသည်။

ချင်ယွင်က ၎င်းကို ထပ်မံဖမ်းယူရန် အလျင်စလို လှမ်းလိုက်သော်လည်း နတ်ဘုရားပုဆိန် သည် ရှောင်တိမ်းနေဆဲ ဖြစ်သည်။

ချင်ယွင်သည် အကြိမ်အနည်းငယ် ကြိုးစားသော်လည်း ရလာဒ်က အတူတူပင်။

"ဟား...၊ ဟား...၊ ဒီနတ်ဘုရားပစ္စည်းက မင်းကို သူ့ရဲ့သခင်အဖြစ် အသိအမှတ် မပြုဘူး။ သိသာပါတယ်၊ သူက မင်းကို အထင်သေးနေတာ။ မင်း ဒီစိတ်နဲ့တင် သေသင့်ပြီ" လင်းထန်ဘ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ မူလက ချင်ယွင်သည် ဤကဲ့သို့ တန်ခိုးကြီးသော နတ်ဘုရားပစ္စည်းတစ်ခု ရရှိသွားသည်ကို မြင်သောအခါတွင် သူ့နှလုံးသား သည် မနာလိုမှုများနှင့် ပြည့်နှက်နေသည်။ ယခုမူကား ဤနတ်ဘုရားပစ္စည်သည် သူ့ကို သူ့သခင်အဖြစ် အမှန်တကယ် အသိအမှတ် မပြုကြောင်းကို မြင်လိုက်ရသဖြင့် သူ့စိတ်နှလုံးသည် သဘာဝအတိုင်း အလွန်ပျော်ရွှင်နေခဲ့သည်။

ချင်ယွင်သည် ထိုစကားကို ကြားသောအခါ၊ သူ့နှုတ်ခမ်းထောင့်များက ပြုံးရင်း တွန့်ကွေး သွားကာ နတ်ဘုရားပုဆိန်ကို လှည့်ကြည့်ပြန်သည်။

"ဧကရာဇ်ဟောက်ချင်း၊ နတ်နဂါးဧကရာဇ်၊ မိုးပြာဧကရာဇ်နှင့် ခရမ်းရောင် ဧကရာဇ်တို့က ယခုလက်ရှိ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့ပြီ။ မင်း သူတို့ကို မတွေ့ချင်ဘူးလား" ချင်ယွင်က ပြောသည်။

ပန်ဂုပုဆိန်သည် ချင်ယွင်၏ စကားကို နားလည်ပုံရပြီး ဆူညံသော အသံကို ထုတ်လွှတ် လိုက်သည်။ ထို့နောက် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ လက်ထဲတွင် တိုက်ရိုက် ပေါ်လာသည်။

"အယ်?" လင်းထန်ဘ၏ အပြုံးသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ့အမူအရာက အဝါရောင် ကြာပန်းကိုစားမိသည့် ဆွံ့အသူနှင့်တူနေသည်။ သူသည် အလွန်အမင်း ရှက်သွားခဲ့သည်။

ကျိုးဟုန်ရွှဲ့နှင့် နေသာဧကရာဇ်တို့သည် အံ့အားသင့်ဟန် အမူအရာများကို ဖွင့်ဟထားကြ သည်။ ချင်ယွင်သည် ပန်ဂုပုဆိန်ကို စကားတစ်ခွန်းတည်းဖြင့် နာခံစေပြီး၊ သူ့လက်ထဲသို့ ပြန်ရောက်လာမည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။

ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ပန်ဂုပုဆိန်၏ ပိုင်ရှင်အဖြစ် တိုက်ရိုက် အသိအမှတ်ပြုလိုက် သည်။ ထို့နောက် ၎င်းကို ကနဦးစကြဝဠာထဲသို့ ပစ်ချပြီး ကြည်လင်ကောင်းကင်ဓား ပစ္စည်းဝိညာဉ်နှင့် ပြန်လည်ပေါင်းစည်းရန် စေလွှတ်လိုက်သည်။

ချင်ယွင်သည် အလားတူလုပ်ဆောင်ပြီး နတ်ဘုရားလျှို့ဝှက်ကျမ်းစာနှင့် ချီလင်မျိုးစေ့ကို ထုတ်ယူခဲ့သည်။ နောက်ဆုံး အခွင့်အရေးမှာ ကျိုးဟုန်ရွှဲ့အတွက် မြူနှင်းနတ်ဘုရားဓားကို ထုတ်ယူဖို့ ကူညီပေးရန် ဖြစ်သည်။

စာစဉ် (၉၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၂၆.၁.၂၀၂၅)။

All Chapters