← Chapters

အခန်း ၁၃၈၁

Vol. 93 Ch. 1381

အခန်း ၁၃၈၁

Vol. 93 Ch. 1381

အဓိပတိအင်မော်တယ်သခင် (၉၃)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၃၈၁) အစီအစဉ်။

"ဒါက မင်းအတွက်ပဲ" ချင်ယွင်သည် ထိပ်တန်းအဆင့် မြူနှင်းနတ်ဘုရားဓားကို ကျိုးဟုန်ရွှဲ့ အား ပေးလိုက်သည်။

ယခင်ကတည်းက သူသည် ကျိုးဟုန်ရွှဲ့က ထိုနတ်ဘုရားဓားကို မျက်လုံးမမှိတ်ဘဲ စိုက်ကြည့်နေသည်ကို သတိပြုမိခဲ့သည်။ ထို့နောက်, သူသည် ဦးလေးတစ်ယောက် အနေဖြင့်, ကျိုးဟုန်ရွှဲ့နှင့် တွေ့ပြီးကတည်းက မည်သည့်လက်ဆောင်မှ မပေးရသေးသည် ကို သတိရပြီး သူမလိုချင်နေသည့် ထိုနတ်ဘုရားဓားအား ထုတ်ယူပြီးပေးရန် ဆုံးဖြတ် လိုက်ပါသည်။

"ကျွန်မကို ပေးတာလား?" ကျိုးဟုန်ရွှဲ့က အံ့သြတကြီး ကြည့်လိုက်ပါသည်။ ရှင်းရှင်း ပြောရလျှင်၊ သူမသည် ချင်ယွင်က သူမအား ထိုနတ်ဘုရားဓားကို ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါဘူး။

အဆုံးတွင်, အရာအားလုံးသည် ချင်ယွင်တစ်ယောက်တည်း၏ ကျေးဇူးကြောင့် ဖြစ်သည်။ ချင်ယွင်က သူမကို ဘာမှ မပေးခဲ့လျှင်ပင်, သူမအနေဖြင့် လုံးဝ ညည်းညူမှာ မဟုတ်ပါဘူး။

"ဟုတ်တယ်၊ ဒါက မင်းအတွက်ပဲ။ မင်းအဒေါ်က ငါ့ဇနီးဆိုတော့ မင်းက သဘာဝအတိုင်း ငါ့တူမပဲပေါ့။ ဒါက မင်းအတွက် နှုတ်ဆက် လက်ဆောင်တစ်ခုပဲ" ချင်ယွင်က အပြုံးနှင့် အတူ ပြောလိုက်သည်။

ကျိုးဟုန်ရွှဲ့သည် မူလက ငြင်းချင်သော်လည်း ချင်ယွင်၏စကားကို ကြားပြီးနောက် သူမသည် အခြားဘာမျှ မပြောဘဲ ချင်ယွင်ပေးအပ်သော နတ်ဘုရားဓားကို ယူလိုက်ပါ သည်။

ထိပ်တန်းအဆင့် နတ်ဘုရားဓားတစ်ချောင်းသည် တုနှိုင်းမရအောင် အဖိုးတန်ပါသည်။

သူမဖခင်ဖြစ်သည့် လွင့်မျောနှင်းမြို့တော်၏ မြို့တော်သခင်ပင်လျှင် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းကိုသာ ပိုင်ဆိုင်ထားသည်။ လွင့်မျောနှင်းမြို့တော်တစ်ခုလုံးမှာတောင်မှ ယခုလိုထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းမျိုးကို ထုတ်မပေးနိုင်ပါဘူး။ ထို့ကြောင့် ချင်ယွင်က သူမအား နတ်ဘုရားဓားကို ပေးလိုသောအခါ သူမသည် အံ့အားသင့်ခဲ့ရသည်။

တကယ်တော့၊ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများသည် ချင်ယွင်၏မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးဆိုသည်ကို သူမ မသိခဲ့ပါဘူး။ သူ့တွင် ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာကို ပိုင်ဆိုင်ထားသလို, အဆင့်အမည်မသိသေးသည့် ကြေးနီအပိုင်းအစနှင့် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားများကို မဆိုထားနှင့်, ထိပ်တန်းနတ်ဘုရားပစ္စည်းများထက် ပို၍တန်ဖိုးရှိသော ပန်ဂုပုဆိန်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ အခြေခံအုတ်မြစ်သည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးထက် မနိမ့်တော့ပေ။ ကျိုးပဲ့နေသော ကြေးနီအပိုင်းအစနှင့် နတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားပါ ထည့်သွင်းလိုက်ပါက ဘိုးဘေးနတ်ဘုရားတစ်ပါး သူနှင့် ယှဉ်နိုင်ကောင်းမှ ယှဉ်နိုင်ပါလိမ့်မည်။

ကျိုးဟုန်ရွှဲ့သည် ထိပ်တန်းအဆင့် နတ်ဘုရားဓားကို လက်ခံရရှိပြီးနောက် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုရန် မစောင့်နိုင်တော့ပေ။ ထို့နောက်, သူမ၏ မျက်နှာသည် ကြည်နူးမှုနှင့် ပြည့်နှက်နေသည်။ ကလေးတစ်ဦးသည် အလွန်နှစ်သက်သော အရုပ်တစ်ခုကို ရရှိသွား သကဲ့သို့ပင်၊ သူမသည် ၎င်းကို လက်ကနေ မချတော့ပေ။

ကျိုးဟုန်ရွှဲ့ အရမ်းပျော်နေသည်ကို မြင်တော့၊ ချင်ယွင်က ပြုံးပြီး သူ့ဘေးက နေသာ ဧကရာဇ်ကို လှည့်ကြည့်လိုက်ပါသည်။

နေသာဧကရာဇ်သည် ချင်ယွင်၏နောက်သို့ အစမှအဆုံးထိ တိတ်တဆိတ် လိုက်ပါခဲ့ပြီး မည်သည့် အငြင်းပွားမှုတွင်မှ ပါဝင်ခြင်း မရှိခဲ့ပေ။

ချင်ယွင်ကလည်း သူ့ကို အပြစ်မတင်ပါဘူး။ တစ်ချိန်တည်းမှာပင် သူသည် သူ့နှလုံးသားကို ကောင်းစွာ နားလည်ခဲ့သည်။ နောက်ဆုံးတွင်၊ နေသာဧကရာဇ်၏ လက်ရှိအင်အားဖြင့် သူ ပါဝင်လိုလျှင်ပင်၊ သူသည် သေခြင်းတရားကို ချစ်မြတ်နိုး၍ ဖြစ်ပါလိမ့်မည်။ လင်းထန်ဘ ဖြစ်စေ, လင်းချင်ရှန်းဖြစ်စေ, သူသည် တဖက်လူ၏ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် ချင်ယွင်၏အမြင်အရ နေသာဧကရာဇ်၏ ယခင်လုပ်ရပ်များသည် လုံးဝ မှန်ကန်ပါသည်။

"စီနီယာ, အစ်ကို ယူမင်၊ ကျွန်တော် ဒီနေ့ နတ်ဘုရားမှန်စွမ်းအားကို အကုန်သုံးပြီးသွားပြီ။ ဒါကြောင့် တခြားနတ်ဘုရားပစ္စည်းတွေကို မယူနိုင်တော့ဘူး။ ဒါပေမယ့်, ကျွန်တော် စီနီယာအစ်ကိုကို ဒီလှံ ပေးနိုင်ပါတယ်။" ချင်ယွင်က နေသာဧကရာဇ်ကို ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာသည်။ ထိုလှံသည် ယခင်က ဟွမ်ဟော်ရန် အသုံးပြုခဲ့သော နတ်ဘုရားလှံမှလွဲ၍ အခြားမဟုတ်ပေ။

ဤလှံသည် ထိပ်တန်းအဆင့် နတ်ဘုရားလှံတစ်ချောင်း ဖြစ်ပြီး၊ နေသာဧကရာဇ်၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာခဲ့သည်။

သူသည်လည်း လှံကို အသုံးပြုသူတစ်ဦး ဖြစ်သည်။ ဟွမ်ဟော်ရန်သည် နတ်ဘုရားလှံကို ထုတ်ဖော်စဉ်ကတည်းက သူသည် ၎င်းကို နှစ်သက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ဟွမ်ဟော်ရန်၏ ပြင်းထန်သော ခွန်အားကြောင့် သူသည် အနည်းငယ်မျှ တွေးတောဝံ့ခြင်း မရှိခဲ့ပေ။ အခု ချင်ယွင်က ထိုနတ်ဘုရားလှံကို သူ့ဆီ ပေးလာခဲ့သည်။ သူ့အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း?။

"ဒါဆိုလည်း စီနီယာအစ်ကိုက ဂျူနီယာညီလေးကို ကျေးဇူးတင်ပါတယ်" နေသာဧကရာဇ် က စိတ်လှုပ်ရှားစွာ ပြောသည်။ နတ်ဘုရားလှံနှင့် ချိတ်ထားသည့် သူ့လက်တွေကတောင် အနည်းငယ် တုန်နေသည်။

ချင်ယွင်က ပြုံးပြီး ဘာမှ ပြန်မပြော။

"ကျွန်တော့်အတွက်ရော သခင်ကြီး" လိပ်နက်နတ်ဘုရားသားရဲသည် ချင်ယွင်ရှေ့သို့ အလိုဆန္ဒအလျောက် အလျင်အမြန် ပြေးလာကာ ၎င်း၏မျက်နှာပေါ်တွင် နုံအသော အပြုံးကို ဖော်ပြထားသည်။

"မင်းရော ဘာလက်နက်သုံးလဲ" ချင်ယွင်က မေးသည်။

"တူအကြီးကြီး၊ ဒါပေမယ့် နတ်ဘုရားပုဆိန်လည်း အဆင်ပြေပါတယ်။" လိပ်နက်က နုံအသော အပြုံးဖြင့် ပြောလိုက်သည်။ သူပြောနေစဉ်မှာ သူ့လက်များက မရပ်မနား ပွတ်သပ်နေဆဲပင်။ သူက ချင်ယွင်၏ ပန်ဂုပုဆိန်ကို ကြံစည်နေသည်မှာ ထင်ရှားပါသည်။

ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းကာ ပြောသည် "ဒီပန်ဂုပုဆိန်ကို ငါ မင်းကို မပေးနိုင်ဘူး။ ဒီပုဆိန်က ငါ့အတွက် တခြားအသုံးအဆောင်တွေ ရှိသေးတယ်"။

လိပ်နက်သည် ချင်ယွင်၏ စကားကို ကြားလိုက်သောအခါတွင် စိတ်ပျက်လက်ပျက် အရိပ်အယောင် ပေါ်လာသည်။

"ဒါပေမယ့်, ငါ မင်းကို ကတိပေးတယ်။ မင်းနဲ့ လိုက်ဖက်မယ့် လက်နက်ကို ငါ သေချာပေါက် ရှာပေးမယ်" ချင်ယွင်က ပြောသည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး" လိပ်နက်သည် ထိုစကားကိုကြားသောအခါတွင် သူသည် တစ်ဖန်ပြုံးကာ သူ၏ရိုးရှင်းပြီး ရိုးသားသော အသွင်အပြင်သို့ ပြန်ရောက်သွားခဲ့သည်။

ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ လိပ်နက်နတ်ဘုရားသားရဲ၏ တုံးအသည့် အသွင်အပြင်က သူ့ပင်မခန္ဓာကိုယ်အသွင် ရှိနေစဉ်တုန်းက သူ၏ ရက်စက်ကြမ်းကြုတ်မှု အသွင်ပြင်နှင့် လုံးဝကို ကွဲပြားခြားနားပါသည်။ လိပ်နက်နတ်ဘုရားသားရဲ၏ ယခုပုံစံနှင့် ဆက်စပ်ပြီး သူ့ပင်မခန္ဓာကိုယ်ကို သိရှိပြီး လက်ခံနိုင်ရန် သူ့အတွက် အလွန်ခက်ခဲလိမ့် မည်။

"ဟေ့ကောင်တွေ, မင်းတို့ မထွက်သွားသေးဘူးလား?။ ဘယ်လောက်တောင် စောင့်နေရမှာ လဲ" လင်းထန်ဘက ဘေးမှ စိုးရိမ်တကြီး အော်လိုက်သည်။

သူ့အနေဖြင့် ရတနာတွေကို မရဘူးဆိုလျှင်ပင် မေ့ပျောက်ပေး၍ ရပါသည်။ အခု ချင်ယွင် က ရတနာတွေကို တစ်ယောက်ပြီးတစ်ယောက် ပေးကမ်းနေသည်ကို အမှန်ပင် မြင်နေရ သည်။ သူ မည်သို့ ပျော်ရွှင်နိုင်မည်နည်း?။ ချင်ယွင်က သူ့ကို ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းတစ်ခု ပေးလိမ့်မည်ဟု သူ မထင်ပေ။

"မင်းတို့ အလျင်လိုနေရင် မင်းတို့ ကိုယ့်ဘာသာ ထွက်သွားလို့ရတယ်။ ငါတို့ကို စောင့်ခိုင်း နေတာ မဟုတ်ဘူး။" လိပ်နက်သည် ချင်ယွင်နှင့် အခြားသူများကို တုံးအဟန်ဖြင့် ပြုံးပြ သော်လည်း သူသည် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့အပေါ် ထိုကဲ့သို့ သဘောကောင်း သည့် အမူအရာမျိုး မရှိခဲ့ပေ။ သူ့မျက်နှာပေါ်ရှိ အမူအရာသည် ခက်ထန်သည်ဟု ဖော်ပြနိုင်သည်။

လိပ်နက်၏ စကားကိုကြားတော့ လင်းထန်ဘ၏ မျက်နှာသည် ဒေါသနှင့် ပြည့်နေသော် လည်း သူသည် ဘာမှ မပြောနိုင်ပေ။

ယခုအချိန်တွင်၊ လိပ်နက်နတ်ဘုရားသားရဲသာလျှင် ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းနှင့် ရင်းနှီးသူဖြစ်ပြီး၊ ဤပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် အန္တရာယ်များ နှင့် ပြည့်နှက်နေပါသည်။ အကယ်၍, သူတို့အနေဖြင့် အမှတ်တမဲ့ ကျူးလွန်မိလျှင်ပင်, မတော်တဆ အသက်ဆုံးရှုံးနိုင်သည်။ အကယ်၍, သူတို့သည် ဤပျောက်ကွယ်နေသော နတ်ဘုရားကျွန်းပေါ်တွင် ရှေ့ဆက်သွားလိုပါက, လိပ်နက်နတ်ဘုရားသားရဲနောက်သို့ လိုက်ကြရမည်ဖြစ်ပြီး၊ လိပ်နက် နတ်ဘုရားသားရဲသည်လည်း ချင်ယွင်၏ နတ်ဆိုးသားရဲ ဖြစ်သောကြောင့် သူသည် ချင်ယွင်နှင့် သဘာဝအတိုင်း ရှိနေမည်ဖြစ်သည်။ ထို့ကြောင့်၊ သူသည် လိပ်နက် နတ်ဘုရားသားရဲနက်၏ ဤစကားကို ချေပရန် နည်းလမ်းမရှိသည်မှာ သဘာဝအတိုင်း ဖြစ်သည်။

"နောက်ကျနေပြီ၊ သွားရအောင်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

ထိုသို့ပြောပြီးနောက် ကျိုးဟုန်ရွှဲ့နှင့် အခြားလူများကို ခန်းမအပြင်ဘက်သို့ ပို့ဆောင်ခဲ့ပြီး လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် သဘာဝအတိုင်း သူတို့နောက်မှ လိုက်သွားခဲ့ကြ သည်။

ခန်းမထဲမှ ထွက်လာသောအခါ လိပ်နက်က ချင်ယွင်ထံသို့ အသံဖြင့် ပို့လွှတ်၍ မနေနိုင်ဘဲ ပြောလိုက်သည် "သခင်ကြီး၊ ဒီလူနှစ်ယောက်ကို ဘာလို့ မသတ်ခဲ့တာလဲ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ စွမ်းအားနဲ့ဆို ကျွန်တော်တို့က သူတို့ကို သေချာပေါက် သတ်ပစ်နိုင်တယ်" အခုလို လက်တွဲပြီး ဘာလို့ ခေါ်လာတာလဲ။”

"အလျင်လိုစရာ မလိုပါဘူး။ သူတို့ကို ချမ်းသာပေးထားတာ အရမ်း အသုံးဝင်ပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

သူသည် ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ထဲမှ ထွက်လာသောအခါ၊ ဤမေးခွန်းကို တွေးထားပြီးသား ဖြစ်ပါသည်။

အခုအချိန်မှာ, သူ့ခွန်အားတွေ သိသိသာသာ တိုးမြင့်လာခဲ့ပါပြီ။ ထိုလင်းထန်ဘ၏ ခွန်အား သည် အလွန်ပျက်စီးသွားခဲ့ပြီ။ သူနှင့် လိပ်နက်နတ်ဘုရားသားရဲတို့သည် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့ကို အမှန်တကယ် သတ်ပစ်နိုင်ကြသည်။

သို့သော် ချင်ယွင်သည် ခဏလောက်တွေးပြီး, သူသည် လင်းထန်ဘနှင့် လင်းချင်ရှန်းတို့နှင့် အတူ ရှိနေသင့်ကြောင်း ခံစားလိုက်ရသည်။

အဆုံးတွင်၊ သူတို့သည် ဤထူးဆန်းသည့် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းတွင် အန္တရာယ်များစွာကို ကြုံတွေ့ရဦးမည်မှာ သေချာပါသည်။ လင်းထန်ဘနှင့် လင်းချင်ရှန်း တို့သည် တစ်ခါတစ်ရံ သူတို့အတွက် သူတို့၏လမ်းကြောင်းများကို ရှာဖွေနိုင်ကြသည်။ ထို့အပြင် လင်းထန်ဘသည် မြို့တော်တစ်ခု၏ မြို့တော်သခင်တစ်ဦး ဖြစ်သောကြောင့် သူ့အသက်ကို ကယ်တင်ရန် နည်းလမ်းအချို့ ရှိနေနိုင်သည်။

အကယ်၍, သူသာ အစွမ်းကုန် ပြန်ခုခံခဲ့လျှင်, ချင်ယွင်က မကြောက်သော်လည်း, အကယ်၍, လင်းထန်ဘာသာ ကျိုးဟုန်ရွှဲ့ကို ဒုက္ခရောက်အောင် လုပ်မိသွားပါက, ချင်ယွင် သည် ဝိညာဉ်နတ်ဘုရားမကို သွားတွေ့ရန် မျက်နှာရှိမှာ မဟုတ်တော့ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ၎င်းတို့အား ယခု လောလောဆယ်တွင် ထိန်းသိမ်းထားရန် ရွေးချယ်ခဲ့ပြီး လင်းထန်ဘ၏ နောက်ခံအကြောင်းကို စေ့စေ့စပ်စပ် နားလည်သည်အထိ စောင့်နေခဲ့ သည်။

သေချာသည်မှာ, သူတို့ကို အသက် ဆက်လက်ရှင်သန်ခွင့် ပေးထားခြင်းက နောက်ထပ် အားနည်းချက်တစ်ခုလည်း ရှိနေပါသည်။ အကယ်၍, လင်းထန်ဘနှင့် အခြားသူများသည် ကံကောင်းထောက်မစွာ အခွင့်အလမ်းတစ်ခု ရရှိပြီး၊ ၎င်းတို့၏ ခွန်အားများ အလွန်မင်း တိုးမြင့်လာပါက ချင်ယွင်, အခြားသူများနှင့် တိုက်ပွဲကြီးဖြစ်မည်မှာ သေချာပါသည်။ ထိုအချိန်ရောက်လျှင်, ပို၍ပင် ဒုက္ခများလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ၎င်းတို့အား အချိန်တိုင်း စောင့်ကြည့်နေခဲ့ရပြီး၊ ၎င်းတို့အား မည်သည့်အခွင့်အရေးကိုမျှ ရယူခွင့် မပြုနိုင်ပေ။

All Chapters