← Chapters

အခန်း ၁၃၈၂

Vol. 93 Ch. 1382

အခန်း ၁၃၈၂

Vol. 93 Ch. 1382

အခန်း (၁၃၈၂) ဘိုးဘေးနတ်ဘုရားမချင်းယောင်။

ချင်ယွင်နှင့် သူ့အဖွဲ့သည် ကောင်းကင်ဘုံအုပ်စိုးခြင်း နန်းတော်မှ ထွက်ခွာပြီးနောက် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ နက်ရှိုင်းရာအရပ်ဆီသို့ ချက်ချင်း ပြေးသွား ကြသည်။

ကျွန်းများကို ကောင်းကင်ဘုံနန်းတော်များကဲ့သို့ပင် အထက်မှအောက်သို့ ဖြန့်ခွဲထားသည်။ တစ်လွှာပြီးတစ်လွှာရှိနေပြီး အလွှာတစ်ခုစီသည် ယခင်တစ်ခုထက် ပိုမြင့်မားသည်။

တိမ်ထုထိပ်ဖျား၏အဆုံးတွင် ဤပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ပင်မနေရာ ဖြစ်သည်။ ဤလျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေဆက်ခံမှုသည် အမြင့်ဆုံး နတ်ဘုရား ခန်းမအတွင်း၌ ရှိနေသည်ဟု ခန့်မှန်းရသည်။

လိပ်နက်နတ်ဘုရားသားရဲ၏ ပြောစကားအရ၊ နတ်ဘုရားခန်းမများကို အလွှာကိုးလွှာ ခွဲခြားထားပါသည်။ အလွှာတိုင်းတွင် စမ်းသပ်စစ်ဆေးရေး ဂိတ်ရှိသည်။ လျှို့ဝှက် နတ်ဘုရားဂိုဏ်း၏အမွေကို ရယူရန်အတွက် ထိုစမ်းသပ်မှုများကို တစ်ခုပြီးတစ်ခု အောင်မြင်ရမည် ဖြစ်သည်။ ဤနည်းဖြင့်သာလျှင် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေကို ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ သူသည် အမြင့်ဆုံးနတ်ဘုရားခန်းမဆီသို့ တိုက်ရိုက် ပျံသန်းသွားပါက၊ သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေဆက်ခံမှုကို မရရှိနိုင်ဘဲ၊ နတ်ဘုရားခန်းမထဲရှိ တန်ခိုးကြီးသော ကန့်သတ်ချက်များကြောင့် ဖယ်ရှားခံရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ်ကို ရယူလိုလျှင် အလွှာတစ်ခုပြီးတစ်ခု တက်ရမည် ဖြစ်သည်။

ဤနေရာသည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ပထမအလွှာ (အထိပ်)ရှိ တစ်ခုတည်းသော ကောင်းကင်ဘုံအုပ်စိုးခြင်း နန်းတော်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ဒုတိယအလွှာ(အထပ်)သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ဒုတိယအလွှာသို့ လှမ်းဝင်လိုက်သည်နှင့် ချင်ယွင်နှင့် အခြားသူများသည် ကြီးမားသော စင်မြင့်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ဤစင်မြင့်ကြီးသည် အလွန်ကြီးကျယ်ခမ်းနားပြီး ၎င်း၏ဧရိယာသည် အလွန်ကျယ်ဝန်း သည်။ ၎င်းသည် စတုဂံပုံသဏ္ဍာန်ရှိသည်။ ၎င်း၏အရှည်မှာ ပေ ၁၀၀၀၀ ထက် မနည်းရှိပြီး၊ ၎င်း၏အကျယ်မှာ ပေ ၃၀၀၀၀ ထက်မနည်းပေ။

စင်မြင့်ကြီးပေါ်ရှိ ကျောက်ပြားများအားလုံးကို အဖြူရောင် ကျောက်စိမ်းနတ်ဘုရား ကျောက်တုံး အမျိုးစားဖြင့် ခင်းထားခဲ့သည်။ သူတို့၏ကိုယ်ထည်တစ်ခုလုံးသည် တောက်ပ နေပြီး၊ ၎င်းတို့ကို အနှိုင်းမဲ့တန်ခိုးကြီးသော နတ်ဘုရားမှော်သင်္ကေတများဖြင့် ရေးထွင်း ထားသည်။ ယင်းကြောင့် စင်မြင့်ကြီးတစ်ခုလုံးသည် ဂုဏ်သိက္ခာကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့သည်။

သို့သော် ၎င်းသည် ချင်ယွင်နှင့် အခြားသူများကို ဆွဲဆောင်သွားသည့် အကြောင်းရင်း မဟုတ်ပေ။ ချင်ယွင်နှင့် အခြားသူများကို အမှန်တကယ် စွဲဆောင်နိုင်သည့် အရာမှာ စင်မြင့်ကြီးရှေ့တွင် အနှိုင်းမဲ့ကြီးမားသော ရုပ်ထုကြီးတစ်ခု ရှိနေခြင်းပင်။

ထိုရုပ်ထုသည် အလွန်ခမ်းနားသည်။ ၎င်းသည် ပေသုံးထောင်မြင့်ပြီး ၎င်း၏ တစ်ကိုယ်လုံးကို ကြီးမားသော အဖြူရောင်ကျောက်စိမ်း နတ်ဘုရားကျောက်တုံးဖြင့် ထုလုပ်ထားသည်။

၎င်းရုပ်ထုကြီးသည် နေရောင်အောက်မှာ တဖျပ်ဖျပ် တောက်ပနေသည့် နတ်ဘုရား ကျောက်စိမ်းတုံးကြီးတစ်ခုကဲ့သို့ပင်။

ရုပ်ထုထဲမှလူသည် အမျိုးသားတစ်ယောက်မဟုတ်ဘဲ, လှပစွာ ၀တ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ထိုအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်သည် အလွန်လှပပြီး သူမ၏ရုပ်သွင်သည် အနှိုင်းမဲ့ ချောမောသည်။ ရုပ်ထုထွင်းထုထားသည့် ဤပုဂ္ဂိုလ်သည် အလွန်တရာ လှပသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သေချာစွာ သိနိုင်သည်။

သို့သော် ဤသည်မှာ အဓိကချက် မဟုတ်ပေ။ အဓိကချက်မှာ ရုပ်ထုမှ ထုတ်လွှတ်သော ခမ်းနားသည့် အငွေ့အသက် ဖြစ်သည်။ ၎င်းသည် တုနှိုင်းမရလောက်အောင် ကြီးမား ကျယ်ပြန့်ပြီး၊ ခမ်းနားထည်ဝါသော အငွေ့အသက်ကို ထုတ်လွှတ်နေကာ၊ မူလကတည်းက လှပသော ရုပ်သွင်သည် အလွန်ပင် သူရဲကောင်းဆန်လာပြီး၊ လူအများ၏ ကြည်ညိုမှုကို မထိန်းနိုင်ဘဲ ခံစားရစေသည်။ ခံ့ညားထည်ဝါသော ထိုအငွေ့အသက်သည် အလွန် အားကောင်းပြီး ချင်ယွင်နှင့် အခြားသူများသည် အလွန်အလှမ်းဝေးသော အကွာအဝေးမှ ပင် ရုပ်ထုမှ ထွက်ပေါ်လာသော ဖိအားကို ခံစားနိုင်သည်။

"ဘိုးဘေးနတ်ဘုရားရဲ့ ခမ်းနားထည်ဝါမူ” ဒီရုပ်ထုရဲ့ ပိုင်ရှင်က ဘိုးဘေးနတ်ဘုရားမ တစ်ပါးဆိုတာ သေချာတယ်။" လင်းချင်ရှန်းက မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။

ကျိုးဟုန်ရွှဲ့နှင့် အခြားသူများလည်း အံ့အားသင့်သွားကြသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ဒုတိယအလွှာတွင် ဘိုးဘေးနတ်ဘုရားမရုပ်တုကို မြင်တွေ့ရမည်ဟု မမျှော်လင့်ခဲ့ကြပေ။ ထို့အပြင်, ထိုရုပ်ထုသည် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။

"အမျိုးသမီး ဘိုးဘေးနတ်ဘုရားမလား။ အမျိုးသမီး ဘိုးဘေးနတ်ဘုရားမကို ငါ ဘာလို့ မကြားဖူးတာလဲ။" လင်းထန်ဘက စိတ်ရှုပ်ထွေးစွာ ပြောသည်။

ချင်ယွင်လည်း သူ့ဘေးနားရှိ လိပ်နက်နတ်သားရဲကို အံ့အားသင့်စွာ လှည့်ကြည့်လိုက် သည်။ သူလည်း ရုပ်ထုပိုင်ရှင်၏ ကိုယ်ရေးအချက်လက်ကို အလွန်သိချင်နေခဲ့သည်။

"သူမက ငါတို့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေးနတ်ဘုရား ၃ ပါးထဲက တစ်ဦးတည်း သော အမျိုးသမီး ဘိုးဘေးနတ်ဘုရားမ ဖြစ်တယ်။ သူမနာမည်က ဘိုးဘေးနတ်ဘုရားမ ချင်းယောင်တဲ့။ သူမက ငါတို့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အငယ်ဆုံး ဘိုးဘေးနတ်ဘုရားမ လည်း ဖြစ်တယ်။ သူမက လျှို့ဝှက်နတ်ဘုရားဂိုဏ်းမှာ ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်း ရှိခဲ့တယ်။ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ တပည့်များအားလုံး ယောကျာ်းလေးဖြစ်နေသရွေ့ သူမအား အဆုံးမရှိ လေးစားကြည်ညိုကြတယ်။” လိပ်နက်နတ်ဘုရားသားရဲက ဝမ်းနည်းကြေကွဲဟန် လေသံဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ဘိုးဘေး နတ်ဘုရား ၃ ပါးထဲက တစ်ပါးလား?။

မူလက သူသည် လျှို့ဝှက်နတ်ဘုရားဂိုဏ်းတွင် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားတစ်ပါးတည်းသာ ရှိမည်ဟု ထင်ခဲ့သော်လည်း၊ ထိုဂိုဏ်းထဲတွင် သုံးဦးရှိနေမည် ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်, ၎င်းတို့ထဲမှ တစ်ဦးသည် အမှန်တကယ် အမျိုးသမီး တစ်ဦး ဖြစ်နေခဲ့သည်။ ယခုတွင် လျှို့ဝှက်နတ်ဘုရားဂိုဏ်းသည် နတ်ဘုရားနန်းတော်ကြီး လေးခုကို အဘယ်ကြောင့် ဆန့်ကျင်တိုက်ခိုက်နိုင်သည်ကို နောက်ဆုံးတွင် သူ နားလည်ခဲ့ သည်။

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် တန်ခိုးကြီးရုံသာမက လျှို့ဝှက် နတ်ဘုရားဂိုဏ်း တစ်ခုလုံးကလည်း အလွန်အစွမ်းထက်ပါသည်။

'"ဘိုးဘေးနတ်ဘုရားမ ချင်းယောင်ဟာ ဘိုးဘေးနတ်ဘုရားသုံးပါးထဲမှာ သူမရဲ့ ခွန်အားက အသန်မာဆုံး မဟုတ်ပေမယ့် သူမရဲ့ပါရမီအရည်ချင်းက အကောင်းဆုံး ဖြစ်ခဲ့တယ်။ သူမ စတင်ကျင့်ကြံခဲ့ကတည်းက ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့အထိ နှစ်သန်းပေါင်း ၃၀ သာ အချိန်ယူခဲ့ရတယ်။ သူမက နတ်ဘုရားကမ္ဘရဲ့သမိုင်းမှာ ရှားပါးတဲ့ တည်ရှိမူတစ်ခု ဖြစ်နေဆဲပဲ”။ လိပ်နက်နတ်ဘုရားသားရဲက ပြောသည်။ ထိုစကားများကို ပြောနေစဉ်မှာ, သူ့မျက်လုံးများတွင် ရိုသေလေးစားမှု အရိပ်အယောင်ကို သူ့နှလုံးသား အောက်ခြေမှ သယ်ဆောင်လာသည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ မည်သို့မျှ မခံစားရသော်လည်း ကျိုးဟုန်ရွှဲ့, လင်းထန်ဘနှင့် အခြားလူများသည် ထိုစကားကိုကြားသောအခါ အလွန်မင်း အံ့အားသင့် သွားကြသည်။

နှစ်သန်းပေါင်း သုံးဆယ်လား?။

နှစ်တစ်ရာနီးပါး ကျင့်ကြံခဲ့သော ချင်ယွင်အတွက်မူ ၎င်းသည် အလွန်ရှည်လျားသော်လည်း နှစ်သန်းပေါင်းများစွာ သို့မဟုတ် နှစ်သန်းပေါင်း ဆယ်နှင့်ချီ၍ ကျင့်ကြံခဲ့ပြီးဖြစ်သော ကျိုးဟုန်ရွှဲ့နှင့် လင်းထန်ဘတို့အတွက်မူ ဤအရေအတွက်မှာ အလွန်နည်းပါပါသည်။

နှစ်သန်းပေါင်း ၃၀ အတွင်း ဘိုးဘေးနတ်ဘုရားဖြစ်လာခြင်း၊ အကယ်၍, ဤသတင်းသာ ပြန့်နှံ့သွားပါက၊ ၎င်းသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးကိုပင် အာရုံစိုက်လာစေမည် ဖြစ်သည်။

သာမာန်အားဖြင့်၊ လူများသည် နှစ်သန်းပေါင်း ၃၀ အတွင်း ဘိုးဘေးနတ်ဘုရားများ ဖြစ်လာရန် မဆိုထားနှင့်၊ ကောင်းကင်နတ်ဘုရားနယ်ပယ် ဖြတ်ကျော်ရန်ပင် အလွန် ခက်ခဲပေလိမ့်မည်။ အချို့လူများသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် တွင် ပိတ်မိနေကြပြီး၊ ဤအရွေ့တစ်ခုတည်းကပင် နှစ်သန်းပေါင်းများစွာ ကြာရှည်နေမည် ဖြစ်သည်။

လင်းထန်ဘပင်လျှင် နှစ်သန်းပေါင်း ၅၀ တိုင်တိုင် ကျင့်ကြံခဲ့ပြီးဖြစ်ကာ၊ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူ တစ်ဦးသာ ဖြစ်နေသေးသည်။

"ဒါဆို နောက်ပိုင်း ဘာဖြစ်သွားတာလဲ။ သူမ အသက်ရှင်နေတာလား။ ဒါမှမဟုတ် သေသွားပြီလား" ကျိုးဟုန်ရွှဲ့က ကမန်းကတန်း မေးလိုက်သည်။

သူမသည်လည်း အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမသည် ကျောက်ရုပ်ထုကို ကြည့်နေသည့် ကျိုးဟုန်ရွှဲ့၏ အကြည့်များသည် ကြည်ညို လေးစားမှုများနှင့် ပြည့်နှက်လာခဲ့သည်။ ထို့ကြောင့် သူမသည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင် ဖြစ်ပျက်ခဲ့သည်များကို သိလိုစိတ်ပြင်းပြခဲ့သည်။

"အဲဒီတုန်းက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက နတ်ဘုရားနန်းတော်ကြီးနဲ့ တိုက်ခိုက်တဲ့အခါ, လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားဟာ ကျရှုံးသွားခဲ့ရတယ်။ ဘိုးဘေးနတ်ဘုရားမချင်းယောင်က ဒဏ်ရာ အပြင်းအထန်ရပြီး သဲလွန်စမရဘဲ ပျောက်ကွယ်သွားခဲ့တယ်။ သူမ ဘယ်မှာလဲဆိုတာ မသိရတော့ဘူး။ ဒါကြောင့် နတ်ဘုရား ကမ္ဘာမှာ သူမနဲ့ပတ်သက်တဲ့သတင်း ဘာတစ်ခုမှ မရှိခဲ့ဘူး" လိပ်နက်က ကူကယ်ရာမဲ့ ခေါင်းယမ်းပြသည်။

ထိုအချိန်တုန်းက သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် နတ်ဘုရား သားရဲ ငယ်လေးတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ နတ်ဘုရားနန်းတော်ကြီးလေးခုနှင့်စစ်ပွဲမှာ ပါဝင်ရန် အရည်အချင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရား သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းတစ်ခုလုံးကို စည်းတံဆိပ်ခတ်ခဲ့သည်။ ၎င်းစည်းတံဆိပ်သည် ပြင်ပလူများအား နတ်ဘုရားကျွန်းပေါ်သို့ မတက်နိုင်အောင် ဤကမ္ဘာငယ်လေး၏ ဝင်ပေါက်ကို တားဆီးထားသည်။ သူသည်လည်း နတ်ဘုရား ကျွန်းပေါ်သို့ မဝင်နိုင်တော့ပါ။ ယခု, သူသည် ဘိုးဘေးနတ်ဘုရားမချင်းယောင်၏ ကျောက်ရုပ်ထုအား ပြန်လည် မြင်တွေ့ရသောအခါ အတိတ်ကို ပြန်လည် အမှတ်ရစေပါ သည်။

"ဟမ့်၊ စကားတွေ အများကြီးပြောနေလို့ ဘာအသုံးဝင်မှာလဲ။ ဒီစင်မြင့်ကြီးကလွဲရင် ဒီဒုတိယအလွှာမှာ ဒီဘိုးဘေးနတ်ဘုရားမ ရုပ်ထုပဲ ရှိတယ်။ စောစောက မင်းပြောခဲ့တဲ့ စမ်းသပ်မှုဆိုတာကရော ဘယ်မှာလဲ။" လင်းထန်ဘက စိတ်မရှည်စွာ မေးလိုက်သည်။

လိပ်နက်နတ်ဘုရားသားရဲသည် ထိုစကားကို ကြားသောအခါ လင်းထန်ဘကို ပြင်းပြင်း ထန်ထန် စိုက်ကြည့်လိုက်သည်။ သူ့သဘောထားအရ မကျေမနပ် ဖြစ်သွားသည်မှာ သိသာလှသည်။

သို့သော်လည်း သူကပင် စတင်တုန့်ပြန်ပါသည် “ဘိုးဘေးနတ်ဘုရားက ကန့်သတ်ထားတဲ့ စမ်းသပ်မှု အမျိုးမျိုးကို ချမှတ်ထားတဲ့ အချိန်မှာ, ငါက ကျွန်းပေါ်မှာ မရှိတော့ဘူး။ ဒီအတွက် ဘယ်လို စမ်းသပ်မှုမျိုးတွေ ရှိနေလဲဆိုတာ ငါလည်း သေချာ မသိဘူး။ ဒုတိယ အလွှာရဲ့ စမ်းသပ်မှုက ဘိုးဘေးနတ်ဘုရားမချင်းယောင်နဲ့ သေချာပေါက် ပတ်သက်နေ လိမ့်မယ်”။

"ဒါကို ငါသိတာ ကြာလှပြီ။ ဟမ့်၊ ဒီမှာ ကျောက်ရုပ်တစ်ခုပဲ ရှိတာလေ။ ဒီစမ်းသပ်မူက သူမနဲ့ ပတ်သက်နေတာ သိနိုင်ဖို့ ငါ စဉ်းစားနေစရာတောင် မလိုဘူး။" လင်းထန်ဘက မထီမဲ့မြင်ပြုသော အကြည့်ဖြင့် အေးစက်စွာ ပြောလိုက်သည်။

လိပ်နက်နတ်ဘုရားသားရဲသည် ထိုစကားကို ကြားသောအခါ သူ့နှာခေါင်းထဲမှ အစိမ်းရောင် အခိုးအငွေ့နှစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

"စိတ်မဆိုးပါနဲ့၊ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ အရင်ကြည့်ရအောင်။" ချင်ယွင်က လိပ်နက်နတ်ဘုရားသားရဲအား သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို ဦးစွာ စိတ်တည်ငြိမ် အောင်ထားရန် အချက်ပြလိုက်သည်။

လိပ်နက်သည် ချင်ယွင်၏စကားကို ကြားသောအခါ၊ ဤတစ်ကြိမ်တွင် ၎င်း၏ဒေါသကို ထိန်းထားနိုင်သော်လည်း လင်းထန်ဘအား ပြင်းထန်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

လင်းထန်ဘလည်း အေးစက်စွာ နှာခေါင်းရှုံ့ပြီး မောက်မာသည့်ပုံ ပေါ်လွင်နေသည်။

ဘန်း…။

ထိုအချိန်တွင် ကျောက်စိမ်းရုပ်ထုမှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာ သည်။ ရုပ်တုကြီးတစ်ခုလုံးသည် ချက်ချင်းပင် တောက်ပနေ၏။ မူလကလည်းက တန်ခိုးကြီးမားသော ဘိုးဘေးနတ်ဘုရား၏ ခမ်းနားထည်ဝါမူက ချက်ချင်းပင် ပို၍ အားကောင်းလာသည်။

All Chapters