← Chapters

အခန်း ၁၃၈၃

Vol. 93 Ch. 1383

အခန်း ၁၃၈၃

Vol. 93 Ch. 1383

အခန်း (၁၃၈၃) စစ်မှန်သော အဓိပ္ပါယ် အမွေဆက်ခံခြင်း

အဖြူရောင် ကျောက်စိမ်းရုပ်ထုသည် အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အလင်းရောင်ကို ထုတ်လွှတ်နေကာ ဘိုးဘေးနတ်ဘုရား၏ အစွမ်းထက်သော တန်ခိုးတော် သည် စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ဘာတွေ ဖြစ်နေတာလဲ?" လင်းထန်ဘသည် တန်ခိုးကြီးသော နတ်ဘုရားအလင်းရောင် ထုတ်လွှတ်နေသည့် အဖြူရောင် ကျောက်စိမ်းရုပ်ထုကို ကြည့်ပြီး အံ့သြသော အမူအရာ ဖြင့် မေးလိုက်သည်။

သို့သော် လူတိုင်းသည် စိတ်အကြံအိုက်နေကြသည်။ သိသာထင်ရှားစွာ၊ သူတို့သည် အဖြစ်ပျက်ကို မသိကြပေ။

ဘန်း…။

လူအားလုံး ပဟေဠိဖြစ်နေကြစဉ်မှာ, အဖြူရောင် ကျောက်စိမ်းရုပ်ထုကြီးဆီကနေ နောက်ထပ် လှိုင်းလုံးတစ်ခု ထွက်လာပါသည်။

ထို့နောက် ချင်ယွင်နှင့် အခြားသူများသည် အဖြူရောင် ကျောက်စိမ်းနတ်ဘုရားရုပ်ထုမှ ပြင်းထန်သည့် သိမ်မွေ့နက်ရှိုင်းသည့် အလင်းတန်းတစ်ခု ထုတ်လွှတ်ကြောင်း တွေ့ရှိခဲ့ သည်။ ထိုနတ်ဘုရား အလင်းရောင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး စင်မြင့်တစ်ခုလုံး ကို တိုက်ရိုက် လွှမ်းခြုံထားသည်။

ချက်ချင်းပင်၊ အနှိုင်းမဲ့ စွမ်းအားကြီးမားသော အတားအဆီးတစ်ခုသည် စတုရန်း စင်မြင့် တစ်ခုလုံးကို ဖုံးအုပ်ကာ၊ ၎င်းနေရာသည် လုံးဝ ပိတ်ဆို့ထားသော နေရာတစ်ခု ဖြစ်လာခဲ့ သည်။

"အယ်၊ သူမက ငါတို့ကို ဒီနေရာမှာ ထောင်ဖမ်းဖို့ ကြိုးစားနေတာလား။" နေသာဧကရာ ဇ်က သူတို့ဦးခေါင်းထိပ်ပေါ်နှင့် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည့် ဧရာမအတားအဆီးကို အံ့ဩသော အမူအရာဖြင့် ကြည့်နေ၏။

ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ ဘိုးဘေးနတ်ဘုရားမ ချင်းယောင် မည်သည့် အရာလုပ်ဆောင်နေကို သူ နားမလည်ပါဘူး။ သို့ရာတွင်၊ ဘိုးဘေးနတ်ဘုရားမ ချင်းယောင် က ဤအတားအဆီးကို ချမှတ်ခဲ့သည့် အကြောင်းရင်းမှာ ဒုတိယအဆင့် စမ်းသပ်မှုနှင့် ပတ်သက်နေကြောင်း သူ သိပါသည်။

"ဟမ့်၊ ဒီအတားအဆီးက ငါ့ကို ထောင်ဖမ်းနိုင်မယ်လို့ ငါ မယုံဘူး။" လင်းထန်ဘသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လက်ထဲတွင် နတ်ဘုရားဆေဘာတစ်ချောင်း ပေါ်လာပြီး စိတ်ဝိညာဉ်အစီအရင်ဝင်္ကပါ၏ နံရံဆီသို့ ခုတ်ပိုင်းလိုက်သည်။

ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများသည် အနှိုင်းမဲ့ အစွမ်းထက်သော ဆေဘာအလင်းအသွင်ကိုပင် ဖြစ်ပေါ်စေသည်။

"ဘုန်း”။

သို့သော် လူတိုင်း အံ့အားသွားရသည်မှာ လင်းထန်ဘ၏ ဆေဘာအလင်းသည် စိတ်ဝိညာဉ်အစီအရင်ဝင်္ကပါ နံရံကို ထိမှန်ပြီးနောက် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နောက်တော့ ပျောက်သွားခဲ့သည်။ မူလ သန့်ရှင်းသော အလင်း မျက်နှာပြင် နံရံသည် မပျက်မစီး ရှိနေဆဲ ဖြစ်သည်။

"ဒါ" လင်းထန်ဘ အံ့သြလွန်း၍ စကားတောင် မပြောနိုင်ခဲ့ပါဘူး။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်ရသောအခါတွင် သူ့မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

လင်းထန်ဘ၏ တိုက်ခိုက်မှုသည် သူ့စွမ်းအား၏ ကိုးဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့သည်မှာ ထင်ရှားသော်လည်း အတားအဆီးနံရံကို ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေခဲ့ပေ။ တစ်နည်းဆိုရသော်, သူတို့သည် မိမိတို့၏ကိုယ်ပိုင်ခွန်အားကို အားကိုးခြင်းဖြင့် ဤအတားအဆီး နံရံတံတိုင်းကို ဖွင့်လှစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဘိုးဘေးနတ်ဘုရားမ ချင်းယောင်က ငါတို့ကို စမ်းသပ်မှု တစ်မျိုးမျိုး ခံယူခွင့်ပြုဖို့အတွက် ဒီအတားအဆီးနံရံကို တည်ဆောက်ထားတာ ဖြစ်ရမယ်။ ဒီစမ်းသပ်မှုကို ပြီးစီးအောင် လုပ်ဆောင်နိုင်မှပဲ ဒီအတားအဆီးကို အောင်မြင်စွာ ဖွင့်နိုင်လိမ့်မယ်ထင်တယ်" ကျိုးဟုန်ရွှဲ့က မှန်းဆလိုက်သည်။

"အရမ်း ဖြစ်နိုင်ချေများတယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်း၏ ကောင်းကင်ဘုံနန်းတော်ကိုးခုတွင် စမ်းသပ်မှု ကိုးခုကို ပြုလုပ်ခဲ့ကြောင်း လိပ်နက်နတ်ဘုရားသားရဲသည် မကြာခင်က ပြောခဲ့ဖူးသည်။ စမ်းသပ်မှုများကို အောင်မြင် ပြီးမြောက်သူများသာလျှင် နဝမမြောက် ကောင်းကင်ဘုံနန်းတော်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီး လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေနှစ်ကို ရယူနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဒုတိယမြောက် ကောင်းကင်ဘုံနန်းတော်သည် စမ်းသပ်မှုတစ်ခု ဖြစ်ဖွယ်ရှိ သည်။

"ဒါဆို စမ်းသပ်မှုက ဘာလဲ၊ သူက ငါတို့ကို ဒီအတားအဆီးကို ဖြတ်ကျော်စေချင်သလား" နေသာဧကရာဇ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် သံသယစိတ်များရှိနေကာ စူးရှသော မျက်လုံးတစ်စုံက ပတ်ဝန်းကျင်ကို ကြည့်ရူစစ်ဆေးလိုက်သည်။

ဘန်း….။

ဤအခိုက်အတန့်တွင် ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအား အတက်အကျလှိုင်းတစ်ခု ထပ်မံ ရောက်ရှိလာပြီး ကောင်းကင်၌ စကားလုံးတစ်လုံး ပေါ်လာသည်။

ဤစကားများသည် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်နှင့် လုံးလုံးလျားလျား ပေါင်းစပ် ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် နတ်ဘုရားအလင်းရောင်ကို ထုတ်လွှတ်နေပြီး၊ အဆုံးမဲ့ ဘုန်းတန်ခိုးအာနုဘော် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းကို ပြီးမြောက်တွေသာ ကျွန်ုပ်၏ စစ်မှန်သော အဓိပ္ပာယ်ကို ရယူနိုင်ပြီး ဤအတားအဆီးကို ဖြတ်ကျော်နိုင်မည်" ကျိုးဟုန်ရွှဲ့သည် သူမ မျက်နှာပေါ်တွင် အံ့သြတကြီး အမူအရာဖြင့် ကောင်းကင်ယံမှ စာကြောင်းတစ်ကြောင်းကို ဖတ်ပြသည်။

ချင်ယွင်သည်လည်း သူ့မျက်နှာပေါ်တွင် နားလည်သဘောပေါက်သည့် အရိပ်အယောင်မျိုး ရှိနေသည်။ ဤအတားအဆီးသည် အမှန်ပင် သူမှန်းဆထားသည့်အတိုင်း ဖြစ်နေပေသည်။ အကယ်၍, သူသည် ဤအတားအဆီးကို ဖြတ်ကျော်ချင်သည်ဆိုလျှင်, သူသည် စမ်းသပ်မှု တစ်ခုကို ရင်ဆိုင်ရလိမ့်မည်။ ထိုစမ်းသပ်မှုကို ပြီးမြောက်ခြင်းဖြင့်သာ, သူသည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ အမွေနှစ်ကို ရယူနိုင်ပြီး၊ သူမ၏ စစ်မှန်သော အဓိပ္ပာယ်ကို ရယူနိုင်ကာ ဤအတားအဆီးကို ဖွင့်နိုင်မည် ဖြစ်သည်။ ဒီအပြင်, သူလုပ်နိုင် တာက တခြားဘာမှ မရှိပါဘူး။

သို့သော်၊ ချင်ယွင်ကို အမှန်တကယ် စိတ်လှုပ်ရှားစေသည့် အရာမှာ ဘိုးဘေးနတ်ဘုရားမ စကားများထဲမှ “ကျွန်ုပ်၏ စစ်မှန်သော အဓိပ္ပါယ်”ကို ရရှိခြင်းဟူသော စကားပင် ဖြစ်ပါ သည်။

ထိုစကားများ၏ နောက်ကွယ်မှ “စစ်မှန်သော အဓိပ္ပာယ်”ဟူသည် ဘိုးဘေးနတ်ဘုရားများ ၏ ထိုးထွင်းသိမြင်မှု သို့မဟုတ် စကြဝဠာအတွင်း ဘိုးဘေးနတ်ဘုရားများ၏ ထိုးထွင်းသိမြင်မှုတစ်ခုကို ဆိုလိုပါသည်။

ဘိုးဘေးနတ်ဘုရားအဆင့်မှ ကျွမ်းကျင်သူများသည် ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးနိုင်ရ သည့် အကြောင်းရင်းမှာ ဘိုးဘေးနတ်ဘုရားများသည် စစ်မှန်သော အဓိပ္ပါယ်ကို နားလည် ထားပြီး စစ်မှန်သော အဓိပ္ပာယ်ထက် ပို၍ပင် တန်ခိုးကြီးသော အဆင့်သို့ ရောက်ရှိနေသော ကြောင့် ဖြစ်ပါသည်။

စစ်မှန်သော အဓိပ္ပာယ်ကို သေးငယ်သော ကောင်းကင်ဘုံပေါင်းစည်းခြင်း စစ်မှန်သော အဓိပ္ပာယ်၊ ကြီးမြတ်သော ကောင်းကင်ဘုံပေါင်းစည်းခြင်း စစ်မှန်သော အဓိပ္ပာယ်နှင့် ပြီးပြည့်စုံခြင်း စစ်မှန်သော အဓိပ္ပာယ်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားပါသည်။

ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ရန်အတွက်၊ ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိရမည့်အပြင်, ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို နားလည်နိုင်ရန် သေးငယ်သော ကောင်းကင်ဘုံပေါင်းစည်းခြင်း စစ်မှန်သော အဓိပ္ပာယ် နယ်ပယ်သို့ ရောက်ရှိရန်လည်း လိုအပ်ပါသည်။ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်ရန် အတွက်မူ၊ ဘိုးဘေးနတ်ဘုရားများသည် ၎င်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို ပြီးပြည့်စုံ ခြင်း နယ်ပယ်သို့ ရှောက်ရှိသည့်တိုင်အောင် ၎င်းကို ဆက်လက် နားလည် သဘောပေါက် အောင် ဆင်ခြင်ရမည် ဖြစ်ပါသည်။

ထို့ကြောင့် ဘိုးဘေးနတ်ဘုရားများကို အဆင့်သုံးဆင့် ခွဲခြားထားပါသည်။ စစ်မှန်သော အဓိပ္ပါယ် တည်ရှိမှုအဆင့်သည် ဘိုးဘေးနတ်ဘုရားများ၏ အစစ်အမှန် တန်ခိုးတော်၏ အခြေခံ အုတ်မြစ်လည်း ဖြစ်ပါသည်။

သို့သော် စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်ရန် အလွန်ခက်ခဲပါသည်။

ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများစွာသည် စစ်မှန်သော အဓိပ္ပာယ် နယ်ပယ်၏ ကနဦးအဆင့်သို့ပင် ဝင်ရောက်နိုင်ခြင်းမရှိကြဘဲ ၎င်းတို့၏ဘဝတစ်ခုလုံးကို ကုန်ဆုံးခဲ့ရသည်။ သူတို့လို မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဆို စကားထဲ ပင် ထည့်ပြောနေစရာ မလိုပါချေ။ သို့ရာတွင်၊ စစ်မှန်သော အဓိပ္ပါယ်၏ တံခါးခုံသို့ (ကနဦး)အဆင့် ဝင်ရောက်သွားသည်နှင့်, ၎င်းတို့သည် ယင်းကို သဲလွန်စမျှသာ နားလည်ခဲ့လျှင်ပင်၊ ၎င်းတို့သည် တူညီသောအဆင့်၏ ပြိုင်ဘက်ကင်း တည်ရှိမှုများ ဖြစ်လာမည်မှာ သေချာပါသည်။

ထို့ကြောင့်၊ ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ ကြားတွင် သန်မာသူအချို့နှင့် အားနည်းသူအချို့ ရှိနေကြခြင်း ဖြစ်သည်။ အကယ်၍, စစ်မှန်သော အဓိပ္ပါယ်ကို ပို၍နားလည်သဘောပေါက်သူ ဖြစ်ခဲ့လျှင်, ထိုကျွမ်းကျင်သူများ ၏ ခွန်အားသည်လည်း ပို၍သန်မာလာပေလိမ့်မည်။

ဒုတိယအဆင့် စမ်းသပ်မှု၏ ရလာဒ်သည် အမှန်တကယ်ပင် လူတိုင်းကို ထိတ်လန့်စေသည့် အစစ်အမှန် အဓိပ္ပာယ် အမွေနှစ် ဖြစ်နေခဲ့သည်။

"ဘိုးဘေးနတ်ဘုရားရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ငါ ရအောင်ယူရမယ်။" လင်းထန်ဘ၏ မျက်လုံးများက တောက်ပလာသည်။

အမှန်တော့၊ စစ်မှန်သော အဓိပ္ပာယ် အမွေဆက်ခံခြင်းဟု ခေါ်ဆိုသည့်အရာမှာ ဘိုးဘေး နတ်ဘုရား၏ စစ်မှန်သော အဓိပ္ပာယ်ကို အမွေဆက်ခံ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် သွန်းလောင်းပေးခြင်းမျိုး မဟုတ်ပေ။ ယင်းအစား၊ အမွေဆက်ခံသူ၏ ခန္ဓာကိုယ်တွင်း၌ စစ်မှန်သော အဓိပ္ပာယ်မျိုးစေ့ကို စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။ ထိုမျိုးစေ့သည် ပွင့်ပြီး၊ အသီးသီးနိုင်စွမ်းရှိမရှိကတော့ အမွေဆက်ခံသူ၏ နားလည်နိုင်စွမ်းနှင့် နားလည် သဘောပေါက်မှုပေါ်မှာ မူတည်ပါသည်။

သို့သော်ငြားလည်း ၎င်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများအားလုံး အိပ်မက်မက်ခဲ့ရသော အရာတစ်ခု ဖြစ်ပါသည်။ အချို့သော ကောင်းကင်နတ်ဘုရားများ သည် ၎င်းတို့၏ ဘဝတစ်ခုလုံးကို ကုန်ဆုံးခဲ့ပြီး ၎င်းတို့၏ တာအိုနှလုံးသားများ ပြိုလဲသွား ခဲ့ကြသော်လည်း, သူတို့သည် စစ်မှန်သော အဓိပ္ပါယ်၏ သဲလွန်စကိုပင် တစ်ချက်တစ်လေ မျှ မထိတွေ့နိုင်ခဲ့သည့်အကြောင်းကို သိရှိထားရပါမည်။ သို့သော် စစ်မှန်သော အဓိပ္ပာယ် မျိုးစေ့ကို ရရှိထားသူများသည် သူတို့ မသေဆုံးသေးသရွေ့၊ ၎င်းတို့သည် အနာဂတ်တွင် စစ်မှန်သော အဓိပ္ပာယ် တံခါးခုံသို့ အရောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

၎င်းသည် အနာဂတ်တွင် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာခြင်းနှင့် ညီမျှသည်။ သို့ရာတွင်၊ ၎င်းတို့ ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာချိန်မှာတော့ ၎င်း၏ကံကြမ္မာအပေါ် မူတည်သွားပါပြီ။

ထို့ကြောင့်၊ စစ်မှန်သော အဓိပ္ပာယ် အမွေဆက်ခံမှုတန်ဖိုးသည် ဘိုးဘေးနတ်ဘုရားများ၏ နတ်ဘုရားစွမ်းရည်နှင့် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများထက် အဆပေါင်းများစွာ မြင့်မားနေပါသည်။

ဤမျှ အဖိုးတန်သော ရတနာတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ လင်းထန်ဘနှင့် လင်းချင်ရှန်းတို့သည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ယခုအချိန်တွင် ကျိုးဟုန်ရွှဲ့သည်လည်း သူမနှလုံးသားထဲတွင် မုန်တိုင်းတစ်ခု လှုပ်ခတ် သွားသလို ခံစားလိုက်ရသည်။ စစ်မှန်သော အဓိပ္ပာယ် အမွေဆက်ခံမှုကို ရရှိပြီးနောက်, သူမသည် ဘိုးဘေးနတ်ဘုရားမတစ်ပါး ဖြစ်လာမည်ဟု ကြိုတင်တွေးနေခဲ့ပြီး၊ အကယ်၍, သူမသာ သေဆုံးသွားခြင်းပါက, အနာဂတ်တွင် သူမသည် ဘိုးဘေးနတ်ဘုရားမတစ်ပါး ဖြစ်လာမည်မှာ သေချာပါသည်။ အကယ်၍ ထိုအမွေနှစ်သာ နတ်ဘုရားကမ္ဘာရှိ ကောင်းကင်နတ်ဘုရား၏ နားထဲသို့ ဝင်ရောက်သွားပါက၊ ၎င်းသည် ပြင်းထန်သော မုန်တိုင်းတစ်ခု သို့မဟုတ် သွေးထွက်သံယို မုန်တိုင်းတစ်ခု ဖြစ်စေမည်မှာ သေချာပါသည်။

ထိုအခိုက်တွင် ချင်ယွင်လည်း အလွန်တုန်လှုပ်သွားသည်။ ကိုးခုမြောက် ကောင်းကင်ဘုံ နန်းတော်ထဲမှ အမွေဆက်ခံမှုသည် စစ်မှန်သော အဓိပ္ပာယ် အမွေဆက်ခံမူများ ဖြစ်နေမလားဟု သူ တွေးတောနေမိသည်။ အကယ်၍, ထိုအတိုင်းသာ ဖြစ်နေပါက, ထို အမွေနှစ်ကို ဆက်ခံနိုင်သူသည် ထင်ရှားကျော်ကြားလှသည့် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ စစ်မှန်သော အဓိပ္ပာယ် အမွေအနှစ် ဖြစ်ရပါမည်။

ချင်ယွင်၏ ခန့်မှန်းချက်အရဆို, ဤဘိုးဘေးနတ်ဘုရားမ ချင်းယောင်သည် သေးငယ်သော ကောင်းကင်ဘုံပေါင်းစည်းခြင်း ဘိုးဘေးနတ်ဘုရားမတစ်ပါး ဖြစ်သင့်ပြီး၊ လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် အနည်းဆုံး ကြီးမြတ်သော ကောင်းကင်ဘုံ ပေါင်းစည်းခြင်း ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သင့်သည်။ ပြီးပြည့်စုံသော ဘိုးဘေးနတ် ဘုရားတစ်ပါးပင် ဖြစ်နိုင်ပေမည်။ ထိုဘိုးဘေးနတ်ဘုရား၏ စစ်မှန်သော အဓိပ္ပာယ် အမွေဆက်ခံမူသည် မည်မျှ တန်ဖိုးကြီးလိုက်သနည်း။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် ဤအမွေနှစ်ကို လျစ်လျူရှုနိုင်မှာ မဟုတ်ပါဘူး။

"အရမ်းလည်း စိတ်လှုပ်ရှားမနေကြနဲ့ဦး။ ဒီစမ်းသပ်မှုက မင်းတို့ ထင်ထားသလောက် မရိုးရှင်းဘူး။ ဒီစမ်းသပ်မှုမှာ ဖော်ပြထားတဲ့ 'သေကြောင်းကြံစည်၍' ဆိုတဲ့ စကားလုံးမျိုး အသုံးပြုထားပုံထောက်ရင်, ဒါက သေချာပေါက် ရှင်သန်သူမရှိ ဆယ်ယောက်ဆုံးခြင်း ဖြစ်လို့ပဲ” သို့သော် ဤအခိုက်အတန့်တွင် မျက်မှောင်ကြုတ်နေခဲ့သော လိပ်နက် နတ်သားရဲက ရုတ်တရက် ပြောလာသည်။

လူတိုင်းသည် ထိုစကားကိုကြားသောအခါ မှင်သက်သွားကြပြီး သူတို့၏မျက်နှာပေါ်မှ အပြုံးများသည် ချက်ချင်း အေးခဲသွားကြပါသည်။

All Chapters