← Chapters

အခန်း ၁၃၈၄

Vol. 93 Ch. 1384

အခန်း ၁၃၈၄

Vol. 93 Ch. 1384

အခန်း (၁၃၈၄) လင်းထန်ဘ၏တောင်းဆိုချက်

လိပ်နက်နတ်ဘုရားသားရဲ၏ စကားများသည် လူတိုင်း၏ဦးခေါင်းပေါ်သို့ ရေခဲဇလုံဖြင့် တိုက်ရိုက် သွန်းလောင်း သွန်းလောက်လိုက်သကဲ့သို့ပင်။ လူတိုင်း၏နှလုံးသားကို ချက်ခြင်း ငြိမ်းသတ်သွားစေခဲ့သည်။

ချင်ယွင်သည်လည်း လိပ်နက်နတ်ဘုရားသားရဲကို လှည့်ကြည့်လိုက်ရင်း, သူ့မျက်နှာပေါ် တွင် အံ့အားသင့်သည့် အမူအရာကို ဖော်ပြလာသည်။

ချင်ယွင်၏ အမူအရာသည် လွန်စွာလေးနက်သော အရာတစ်ခုခုကို ကြုံတွေ့လိုက်ရသကဲ့ သို့ ထူးထူးခြားခြား လေးနက်လာခဲ့သည်။

"ရှင်သန်သူမရှိ ဆယ်ယောက်ဆုံးခြင်း၊ ဒီအသက်အန္တရာယ် စမ်းသပ်မှုက တကယ်ကို ကြောက်မက်ဖွယ်ကောင်းနေသလား" နေသာဧကရာဇ်သည် မမေးဘဲမနေနိုင်ခဲ့ပေ။

လူတိုင်း၏အကြည့်များသည် လိပ်နက်နတ်ဘုရားသားရဲပေါ်သို့ ကျရောက်သွားခဲ့သည်။ သေချာသည်မှာ, သူတို့သည် ဤသေကြောင်းကြံစည်၍ စမ်းသပ်ခြင်းဟု ခေါ်ဆိုသည့် စမ်းသပ်မူနှင့် ပတ်သက်၍ အလွန်သိချင်နေခဲ့ကြသည်။

"ဟမ့်၊ မင်းက ငါတို့ကို စစ်မှန်တဲ့အဓိပ္ပါယ် အမွေနှစ်ကို မဆက်ခံစေချင်လို့ မဟုတ်လား။ ဒါကြောင့်, မင်းက ငါတို့ကို ကြောက်လှန်ဖို့ ကြိုးစားနေတာမလား။" လင်းထန်ဘက မထိန်းနိုင်ဘဲ အေးစက်စွာ အော်ပြောလိုက်သည်။

လင်းချင်ရှန်းသည်လည်း သူ့မျက်နှာပေါ်တွင် သံသယစိတ်များ ရှိနေခဲ့သည်။ ထင်ရှားသည်မှာ၊ သူသည် လိပ်နက်နတ်ဘုရားသားရဲ၏ စကားကို မယုံကြည်ခဲ့ပေ။

"ငါက မင်းတို့ကို ခြိမ်းခြောက်ခြင်း ဟုတ်မဟုတ် မင်းတို့ သိလိမ့်မယ်။ ဒါပေမယ့် မင်းအတွက် ခေါင်းတလားတစ်ခု ကြိုပြင်ထားဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် အချိန်ရောက်တဲ့အခါ အလောင်းကောက်တဲ့လူတောင် ရှိမှာ မဟုတ်တော့ဘူး။" လိပ်နက် က အေးစက်စွာ ပြန်ပြောသည်။

"မင်း... မင်း သေချင်နေတာလား?။ လင်းထန်ဘသည် ချက်ချင်းပင် ဒေါသထွက်သွား သည်။ သူသည် လှုပ်ရှားချင်နေပုံရသော်လည်း လင်းချင်ရှန်းက တားဆီးလိုက်သည်။

လင်းချင်ရှန်း၏ အကြည့်ကိုမြင်တော့ လင်းထန်ဘသည် သူ အလွန်စိတ်လှုပ်ရှားနေမှန်း နားလည်သွားသည်။ ယခုအခါ, ချင်ယွင်, အခြားသူများနှင့် ပဋိပက္ခဖြစ်ရန် သူ့အတွက် မသင့်လျော်သေးပါ။ စစ်မှန်သော အမွေနှစ်ကို ရရှိရန် သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။

လိပ်နက်က လင်းထန်ဘကို လှောင်ပြောင် သရော်လိုက်သည်။ လင်းထန်ဘ မျိုသိပ်ထား သည့် ဒေါသက ထပ်ပြီး ပေါက်ကွဲတော့မည်။

"လိပ်ကလေး၊ သူတို့ ဘယ်လိုပဲဖြစ်ဖြစ်ကွာ, ဒီသေကြောင်းကြံစည်၍ စမ်းသပ်မူက ဘာလဲဆိုတာ အရင်ပြောကြရအောင်။" ချင်ယွင်က တိုက်ရိုက် ပြောလိုက်သည်။

လိပ်နက်နတ်ဘုရားသားရဲသည် ချင်ယွင်၏ မေးခွန်းကို ကြားသောအခါ၊ ၎င်းသည် ၎င်း၏ အထင်အမြင်သေးသည့် အမူအရာကို ထိန်းထားရင်း " သေကြောင်းကြံစည်၍ စမ်းသပ်ခြင်း ဆိုတာကက ဟိုတချိန်တုန်းက လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အပြင်းထန်ဆုံး စမ်းသပ်မှု တစ်ခု ဖြစ်ခဲ့တယ်။ ဒီစမ်းသပ်မှုကို ဘိုးဘေးနတ်ဘုရားတွေက တပည့်တွေ ရွေးချယ်ရာမှာ များသောအားဖြင့် အသုံးပြုခဲ့ကြတယ်။ ဒီသေကြောင်းကြံစည်၍ စမ်းသပ်မူကို ဖြတ်ကျော်နိုင်တဲ့ လူတွေမှန်သမျှ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ လေးစားမူကို ရယူနိုင်စွမ်း ရှိကြတယ်”။

လူတိုင်းက ခေါင်းညိတ်ကြသည်။ ဤအရာက လုံးဝကို ကျိုးကြောင်းဆီလျော်ပါသည်။

ဘိုးဘေးနတ်ဘုရားများ၏ သင်ကြားပေးမူကို လက်ခံရရှိခြင်းသည် လျှို့ဝှက်နတ်ဘုရား ဂိုဏ်းကို ဝင်ရောက်ပြီး ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏ တပည့်အဖြစ် သတ်မှတ်ခံ ရခြင်းနှင့် ညီမျှပါသည်။ ဘိုးဘေးနတ်ဘုရားများ၏ တပည့်တိုင်းသည် မိမိကိုယ်ကို သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းဟုခေါ်သော ဤစမ်းသပ်မူကို သဘာဝအတိုင်း ကျော်ဖြတ်ရမည် ဖြစ်သည်။

"ဒါဆို သေကြောင်းကြံစည်၍ စမ်းသပ်မူမှာ ရှင်သန်သူမရှိ ဆယ်ယောက်ဆုံးခြင်းလို့ မင်း ဘာကြောင့် ပြောခဲ့တာလဲ။" နေသာဧကရာဇ်က ဆက်မေးသည်။

လိပ်နက်နတ်ဘုရားသားရဲက မျက်မှောင်ကြုတ်ပြီး ဆက်ပြောသည် "လျှို့ဝှက်နတ်ဘုရား ဂိုဏ်းက ထွက်ပေါ်လာကတည်းက ဘိုးဘေးနတ်ဘုရားသုံးပါးမှာ တပည့်ဘယ်နှစ်ယောက် ရှိလဲဆိုတာ မင်း သိရဲ့လား။"

လိပ်နက်၏မေးခွန်းကို ကြားသောအခါ လူတိုင်း ခေါင်းယမ်းပြကြသည်။

လိပ်နက်နတ်ဘုရားသားရဲသည် လှည့်ကွက်များကို မကစားချင်တော့ပေ။ "လျှို့ဝှက် နတ်ဘုရားဂိုဏ်း ထွက်ပေါ်လာပြီးကတည်းက၊ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ဦး မှ သေကြောင်းကြံစည်၍ စမ်းသပ်မူကို မကျော်ဖြတ်နိုင်ခဲ့ကြဘူး။ တစ်နည်းအားဖြင့် ပြောရရင်, ဟိုရှေးခေတ်ကတည်းက လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်မှ ဒီသေကြောင်းကြံစည်၍ စမ်းသပ်ခြင်းကို မကျော်ဖြတ်နိုင်ခဲ့ကြဘူး။ သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းကို ဖြတ်ကျော်သူတိုင်း ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ကြပြီး၊ ၎င်းတို့ အားလုံးလည်း ဒီသေကြောင်းကြံစည်၍ စမ်းသပ်မူထဲမှာ သေဆုံးသွားခဲ့ကြတယ်။” လိပ်နက်နတ်ဘုရား သားရဲက ဆက်ပြောသည်။

ထိုစကားကို ကြားသောအခါ လူတိုင်း ရင်မောသွားကြသည်။

ဒါက သောက်ကျိုးနည်း ရှင်သန်သူမရှိ ဆယ်ယောက်ဆုံးခြင်းတဲ့လား?။ ဒါကို တကယ်ကို ရှင်သန်သူမရှိ တစ်ထောင်, သို့မဟုတ် တစ်သောင်း သေဆုံးခြင်း မဟုတ်ပါလား?။

ယခင်က မာနကြီးနေသော လင်းထန်ဘသည် ယခုအခါ ခရမ်းသီးတစ်လုံးလို ဖြစ်နေပြီး၊ သူ့မျက်ခုံးများက ရှုံ့မဲ့နေကာ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

ဘိုးဘေးနတ်ဘုရား၏ စစ်မှန်သော အဓိပ္ပာယ်ကို သူရယူလိုသော်လည်း၊ ဘိုးဘေး နတ်ဘုရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် နှိုင်းယှဉ်ပါက သူ၏အသက်သည် ပို၍ အရေးကြီးပါသည်။ သူ့အသက်မရှိတော့ဘူးဆိုလျှင်, အရာအားလုံးက လေပူဖောင်းသဖွယ် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် လိပ်နက်နတ်ဘုရားသားရဲက ထိုကဲ့သို့ပြောလာသည်ကို ကြားလိုက်သောအခါ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသည်။

"ဒါဆိုရင် သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းက ဘယ်လို စမ်းသပ်မှုမျိုးလဲ။" ကျိုးဟုန်ရွှဲ့ က ကမန်းကတန်း မေးလိုက်သည်။

“ငါလည်း မသိဘူး။ လူတိုင်းက မတူညီတဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းဖူးတယ်လို့ ပြောကြတယ်။ ဒါ့အပြင် စမ်းသပ်မှုတွေထဲက ဘယ်သူမှ မဖြတ်ကျော်ဖူးတဲ့အတွက် စမ်းသပ်မှုရဲ့ အကြောင်းအရာတွေက ဘာတွေလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။" လိပ်နက်က ပြန်ဖြေသည်။

ထိုစကားကို ကြားတော့ ကျိုးဟုန်ရွှဲ့သည် မျက်မှောင်ကြုတ်သွားသည်။

ချင်ယွင်လည်း တိတ်ဆိတ်နေပြီး သူ့မျက်လုံးများက လေးနက်သော အမူအရာတစ်ခုကို ပြသနေသည်။

ယခု သူတို့သည် ဤအတားအဆီးတွင်းမှာ ရှိနေသောကြောင့်, သူတို့အနေဖြင့် ထွက်ခွာ၍ မရနိုင်တော့ပေ။ အကယ်၍, သူတို့သည် ဤအတားအဆီးကို ဖြတ်ကျော်လိုပါက ဤသေကြောင်းကြံစည်၍ စမ်းသပ်မူကို ဖြတ်ကျော်ပြီး ဘိုးဘေးနတ်ဘုရား၏ စစ်မှန်သော အမွေနှစ်ကို ရယူရမည် ဖြစ်သည်။

သို့သော် သေကြောင်းကြံစည်၍ စမ်းသပ်မူသည် အန္တရာယ်များလွန်းလှပါသည်။ အကယ်၍, သူတို့သာ အောင်မြင်စွာ မဖြတ်ကျော်နိုင်ပါက ဤစမ်းသပ်မှုတွင် သေဆုံးနိုင်ခြေ များပါသည်။ သို့သော်, သူတို့ မဖြတ်ကျော်ဘူးဆိုလျှင်လည်း, ဤနေရာတွင် ထာဝရ ပိတ်မိနေမည် ဖြစ်သည်။ တစ်နည်းဆိုရသော် ချင်ယွင်နှင့် အခြားလူများတွက် လမ်းနှစ်ခုသာ ကျန်ပါတော့သည်။

ပထမအချက်အနေဖြင့်, အကယ်၍, သူသည် ဤစမ်းသပ်မူ အောင်မြင်ခဲ့လျှင်, သူတို့ ထွက်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင်, ဘိုးဘေးနတ်ဘုရား၏ စစ်မှန်သော အဓိပ္ပာယ် အမွေနှစ်ကိုလည်း သူ ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍, မအောင်မြင်ရင် စမ်းသပ်မူအတွင်း မှာ သေဆုံးရလိမ့်မည်။

ဒုတိယအချက်ကတော့, သူတို့သည် ဤအတားအဆီးမှာ နေပြီး၊ သူတို့၏ လက်ကျန်ဘဝ တစ်လျှောက်လုံးကို ဤနေရာတွင် ဖြည်းညှင်းစွာ ဖြတ်သန်းရန် ဖြစ်ပါသည်။ သူတို့သည် ဤနေရာတွင် ထာဝရ ပိတ်မိနေမှာ ဖြစ်ပြီး, ဤနေရာကနေ ဒီတစ်သက် ဘယ်တော့မှ ထွက်ခွာနိုင်မှာ မဟုတ်တော့ပါဘူး။

ယခု ချင်ယွင်သည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ ဖြတ်ကျောက်ပြီးစပြီး၊ သူတို့အနေဖြင့် ကနဦးစကြာဝဠာဆိုသည့် အခွင့်ရေးကောင်းယူကာ, အင်မော်တယ် ကမ္ဘာသို့ ပြန်သွားရန် မဖြစ်နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော်, သူသည် ချင်ယွင်သည် ကနဦးစကြာဝဠာကို အသုံးပြုပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်သွားပါက, ကပ်ဘေးဒုက္ခ သည် ချက်ခြင်းကျဆင်းလာမည်မှာ သေချာသည်။ ထိုအချိန်တွင်၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတစ်ခုလုံးကို မဆိုထားနှင့်, ချင်မင်းဆက်ကြီး တစ်ခုလုံးသည်ပင် သူ၏ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြောင့် ပျက်စီးသွားမည် ဖြစ်သည်။ တစ်နည်းဆိုရသော်, ချင်ယွင်၏ ကနဦးစကြဝဠာ လမ်းကြောင်းသည်ပင် စည်းတံဆိပ် ခတ်ခံထားရသည်။ ထိုကြောင့် သူသည် ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်ရပေတော့မည်။

"ချိုးဖြတ်မယ်ကွာ” သေခြင်းတရားကို စောင့်နေတာကလည်း သေမှာပဲလေ။ မင်းတို့ ဘာလို့ မကြိုးစားကြည့်တာလဲ။" အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လင်းထန်ဘက သူရဲကောင်းဆန်သော လေသံဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုစကားကို ကြားတော့ လူတိုင်း အံ့အားသင့်သွားပြီး လင်းထန်ဘကို ကြည့်လိုက်ကြသည်။

"ဟမ့်၊ ဒီနေ့ ငါ အရာအားလုံးကို စွန့်စားပစ်မယ်။ ဘိုးဘေးနတ်ဘုရားရဲ့ စစ်မှန်သော အဓိပ္ပာယ်ကို ငါရယူနိုင်တဲ့အခါ မင်းတို့အားလုံးကို ငါ သေချာပေါက် သတ်ပစ်မယ်" အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်လျှင် လင်းထန်ဘက အေးစက်စက် ပြန်ကြည့်လိုက်သည်။

သူသည်လည်း ပြတ်ပြတ်သားသား တွေးကြည့်ပြီးသွားပြီ။ သူသည် ကြီးကြီးမားမား ကြိုးစားအားထုတ်မှုဖြင့် ဤနေရာကို ရောက်ရှိလာခဲ့သည်။ သူ့သားက သေဆုံးသွားပြီး ဖြစ်ကာ၊ သူကိုယ်တိုင်လည်း လက်တစ်ဖက် ပြတ်နေခဲ့ပြီ။ အကယ်၍, သူသည် ဘာတစ်ခုမှ မရခဲ့ဘူးဆိုလျှင်, ဆောင်းအကာကွယ်မြို့တော်ကို မည်သို့ ပြန်သွားရမည်နည်း?။

ထို့ကြောင့် သူ့ရှေ့တွင် ဤစမ်းသပ်မှုသည် သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ အကယ်၍, သူသည် ဤအခွင့်အရေးကို မဆုပ်ကိုင်နိုင်ဘူးဆိုလျှင်လည်း သေဆုံးကောင်း သေဆုံးသွားနိုင်သည်။

"အစ်ကိုကြီး ငါ သွားမယ်" လင်းချင်ရှန်းက ကမန်းကတန်း စေတနာ့ဝန်ထမ်း လုပ်သည်။

သို့သော်လည်း လင်းချင်ရှန်းသည် သူ၏ တင်ပြချက် မပြီးဆုံးခင်မှာ လင်းထန်ဘမှ တားဆီးလိုက်သည်။

လင်းထန်ဘသည် လင်းချင်ရှန်း၏ စိုးရိမ်နေသည့် အကြည့်ကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူက ချင်ယွင်ဘက်သို့ လှည့်ပြီး ပြောသည် "ချင်ယွင်၊ မင်းနဲ့ ဒီလိပ်နက် နတ်သားရဲက ငါ့ကို သေချာပေါက် သတ်နိုင်မယ်ဆိုတာ ငါ သိတယ်။ မင်း ဘာလို့ ငါ့တို့ကို မတိုက်ခိုက်လဲဆိုတာပါ ငါ သိတယ်။ မှန်ပါတယ်၊ ငါ့မှာ အသက်ကယ်ပစ္စည်းတစ်ခု ရှိတယ်။ တကယ်လို့, မင်းတို့သာ ငါ့ကိုတိုက်ခိုက်ဝံ့တာနဲ့, ငါက မင်းအထဲက အနည်းဆုံး တစ်ယောက်ကိုတော့ ငါနဲ့အတူ ခေါ်ဆောင်သွားနိုင်တယ်လို့ ငါ အာမခံနိုင်တယ်။”

ချင်ယွင်က အဆုံးမဲ့ လှောင်ပြောင်လိုက်ပြီး၊ သူ့မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။

"မင်း ငါ့ကို မယုံရဲဘူး မဟုတ်လား? ငါ့လက်ထဲမှာ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ လူဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခု ရှိနေခဲ့တယ်။ ငါ လှုပ်ရှားလိုက် တာနဲ့ လိပ်နက်နဲ့ မင်းကို မသတ်နိုင်ရင်တောင်, သူတို့ကို ငါနဲ့အတူ ခေါ်ဆောင်သွားနိုင်မယ် လို့ ငါယုံကြည်တယ်။" လင်းထန်ဘက သရော်သံဖြင့် ပြောလိုက်သည်။

"ဟမ့်, မင်း အတိအကျ ဘာကို ပြောချင်နေတာလဲ" ချင်ယွင်က သရော်သံဖြင့် မေးလိုက်သည်။

လင်းထန်ဘ၏စကားများသည် အလွန်နားလည်ရခက်ပြီး သူ့ဝှက်ဖဲများကို ပြသရန် ရည်ရွယ်ချက်ရှိကြောင်း သူ ခံစားခဲ့ရသည်။

"ငါ မင်းကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ငါဒီလိုပြောရတဲ့ အကြောင်းရင်းက ဒီအတားအဆီးကို ငါ ဖွင့်ချင်တာကြောင့်ပဲ။ ကျေးဇူးပြုပြီး ငါ့ညီလေးကိုတော့ လွှတ်ပေးပါ” လင်းထန်ဘက ပြောသည်။

All Chapters