← Chapters

အခန်း ၁၃၈၅

Vol. 93 Ch. 1385

အခန်း ၁၃၈၅

Vol. 93 Ch. 1385

အခန်း (၁၃၈၅) လင်းထန်ဘ၏သေဆုံးခြင်း။

လင်းထန်ဘ၏စကားများကို ကြားပြီး ချင်ယွင်သာ မှင်သက်အံ့အားသင့်သွားရုံမက, ကျိုးဟုန်ရွှဲ့, နေသာဧကရာဇ်နှင့် လိပ်နက်တို့လည်း မှင်သက်အံ့ဩသွားကြသည်။

လင်းထန်ဘ၏ညီဖြစ်သူ လင်းချင်ရှန်းပင် အံ့အားသင့်သွားခဲ့သည်။

ချင်ယွင်သည် လင်းထန်ဘက ယခုလိုစကားမျိုး ပြောလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူသည် သူ့ညီလေးအတွက် သူ့ကို တကယ် တောင်းပန်နေခဲ့ပါသည်။

"ဘာလို့ ငါ သဘောတူရမှာလဲ။ နောက်ပြီး၊ ဒီကိစ္စက မင်းကိုယ်တိုင် သေကြောင်းကြံစည်၍ စမ်းသပ်မူကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာမလား?။ မင်းရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းကြည့်ရင်, မင်းကိုယ်တိုင်လည်း ယုံကြည်မှု မရှိပါဘူး" ချင်ယွင်သည် လင်းထန်ဘကို ရွှင်မြူးသော အရိပ်အမြွက်ဖြင့် ကြည့်ရင်း ရယ်မောလိုက်သည်။

တကယ်တော့ သူနှင့် လင်းထန်ဘကြားမှာ လေးလေးနက်နက် အမုန်းတရားမျိုး မရှိခဲ့ပါဘူး။

သူ လင်းထန်ဘကို ဤကဲ့သို့ ပစ်မှတ်ထားရသည့် အကြောင်းရင်းမှာ လင်းထန်ဘသည် မာနကြီးလွန်းပြီး၊ သူ့သားက ချင်ယွင်ကို သေဆုံးနိုင်ခြင်း ရှိမရှိကို မသိဘဲ သူ့ကို အကြိမ်ဖန်များစွာ ရန်စခဲ့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူတို့နှင့် တုတ်ပြီးချည်ပြီး ဖြစ်လာခဲ့သည်။

သူ့အမြင်အရဆို, ဤလင်းထန်ဘသည် အရိုက်ခံရရင်တောင် ခေါင်းငုံ့မခံသည့် လူစားမျိုး ဖြစ်သည်။ အခုတော့ သူက ချင်ယွင်ကို တောင်းဆိုရန် အစပြုခဲ့သည်။ ဤအရာ မည်သို့ အံ့ဩစရာမဟုတ်ဘဲ နေမည်နည်း?။

"ရိုးရိုးသားသား ပြောရရင်, ငါ ဒီစမ်းသပ်မှုကို ယုံကြည်ချက် သိပ်မရှိပါဘူး။ ဒီလူတွေထဲမှာ စမ်းသပ်မူကို ဖြတ်ကျော်နိုင်ဖို့ ယုံကြည်မူရှိဆုံးလူကတော့ မင်းပဲ။ အဲဒါကြောင့် ငါ့ညီငယ်ကို လွှတ်ပေးပါလို့ မင်းကို ငါ မေတ္တာရပ်ခံတာပါ။ မင်း ငါ့ညီကို လွတ်ပေးတာနဲ့ ငါ မင်းကို ဆောင်းအကာကွယ်မြို့တော်တစ်ခုလုံးကို ပေးချင်ပါတယ်။" လင်းထန်ဘက ပြောသည်။ သူပြောပြီးသည့် နောက်မှာတော့ သူ့လက်ထဲမှာ ရွှေအနက်ရောင်တံဆိပ်ပြားတစ်ခု ပေါ်လာပြီး၊ ၎င်းတံဆိပ်ပြားပေါ်တွင် "ဆောင်းအကာကွယ်မြို့တော်" ဆိုသည့် စကားလုံး ကို ရေးထွင်းထားသည်။

ထိုစကားကို ကြားတော့ ချင်ယွင် အံ့သြသွားသည်။

ကျိုးဟုန်ရွှဲ့လည်း အံသြသွားပါသည်။ ဆောင်းအကာကွယ်မြို့တော်သည် နတ်ဘုရား မြို့တော်တစ်ခု ဖြစ်သည်။ လင်းမျိုးနွယ်၏ နှစ်သန်းပေါင်းများစွာ စုဆောင်းထားသော အရင်းအမြစ်များသည် သာမန်မဟုတ်ပေ။ လင်းထန်ဘသည် သူ့ညီငယ်၏ အသက်ကို လဲလှယ်ရန်အတွက် ၎င်းတို့အား ထုတ်ပေးရန် ဆန္ဒရှိနေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။

"အစ်ကိုကြီး၊ မင်း လုံးဝ ဒီလိုမရဘူး။ အများဆုံး ငါ သေလိုက်ရုံပေါ့။ ဒါ့ပြင် မင်းလည်း ဒီစမ်းသပ်မှုကို မကျော်ဖြတ်ရဘူး။ မြို့တော်သခင်တံဆိပ်ကိုလည်း သူ့ကို မပေးရဘူး။ အဲဒါက နှစ်သန်းပေါင်း သောင်းချီကြာ တည်ရှိနေခဲ့တဲ့ ငါတို့ လင်းမျိုးနွယ်ရဲ့ အခြေခံ အုတ်မြစ်ပဲ။ " လင်းချင်ရှန်းက စိုးရိမ်သော အမူအရာဖြင့် အမြန်ပြောလိုက်သည်။

"လင်းမျိုးနွယ်မှာ မင်းနဲ့ငါပဲ ကျန်တော့တယ်။ မင်းနဲ့ငါသေရင် ငါတို့လင်းမျိုးနွယ်က သဘာဝအတိုင်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒီဆောင်းအကာကွယ်မြို့တော်က ဘာ အသုံးဝင်တော့မှာလဲ။ ဒါကြောင့် ငါတို့ထဲက တစ်ယောက်တော့ အသက်ရှင်သန်နေရမယ်။ တကယ်လို့, ငါသာ ဒီစမ်းသပ်မူကို ဖြတ်ကျော်နိုင်ခဲ့ရင်, အရာအားလုံး အဆင်ပြေသွား လိမ့်မယ်။ ဒါ​ပေမယ့်​ ငါ ကျရှုံးခဲ့ရင်,​ မင်းအနေနဲ့ ဖြတ်ကျော်စရာ မလိုတော့ဘူး။ ဒီတံဆိပ်ပြားကို ချင်ယွင်ကို ​ပေးလိုက်​ပြီး မင်းကို လွှတ်ပေး​ခိုင်းရမယ်” လင်းထန်ဘက လင်းချင်ရှန်းကို ပြောသည်။

လင်းချင်ရှန်းသည် တစ်ခုခုပြောချင်နေသော်လည်း လင်းထန်ဘ၏ သံသယကင်းသည့် အကြည့်တွေကို သူမြင်လိုက်ရသည့်အခါ ကူကယ်ရာမဲ့ သက်ပြင်းချပြီး ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်ပါသည်။

"ဒါကို ဘယ်လိုသဘောရလဲ, ချင်ယွင်, မင်း ငါ့ရဲ့ ဒီအခြေအနေကို မင်း ကျေနပ်ရဲ့လား" လင်းထန်ဘက ချင်ယွင် ဘက်လှည့်ပြီး ပြောလိုက်သည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ယခင်က လင်းထန်ဘသည် သားဖြစ်သူအား ရိုက်သတ်ခဲ့သည်ကို မြင်သောအခါ လင်းထန်ဘသည် သွေးအေးပြီး အကြင်နာမဲ့သူဟု သူ ထင်ခဲ့သည်။ သို့သော် သူ့ညီငယ်အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ရိုးရိုးသားသား ပြောရလျှင် ချင်ယွင်သည် လင်းထန်ဘကြောင့် အမှန်တကယ် စိတ်လှုပ်ရှားမိပါသည်။

"မင်းပြောသလိုပဲ တကယ်လို့, ငါသာ ဒီစမ်းသပ်မူကို တကယ်ပဲ ဖြတ်ကျော်နိုင်ခဲ့ရင်, ငါ သူ့ကို လွှတ်ပေးနိုင်တယ်။ သူနဲ့ ပတ်သက်ခဲ့တဲ့ ရန်ငြိုးတွေ အားလုံးကို ငါ ခဝါချနိုင်တယ်။ သူ ငါ့ကို ထပ်ပြီး မနှောင့်ယှက်သေရွေ့ ငါ သူ့ကို သေချာပေါက် ဒုက္ခမပေးမှာ မဟုတ်ဘူး” ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

သူနှင့် လင်းချင်ရှန်းတို့ကြားမှာ ရန်ငြိုးရန်စ ကြီးကြီးမားမား မရှိပေ။ လင်းချင်ရှန်း၏ အကြံအစည်တွေက သူ့ကို မလိုလားအပ်သည့် ဒုက္ခတွေ ပေးလာမှာကို စိုးရွံ့သည့်အတွက် သူ့ကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယခုအခါ, သူ့စွမ်းအားက အများကြီး တိုးမြင့်လာခံပြီ ဖြစ်သဖြင့် လင်းချင်ရှန်း၏ အကြံအစည်များကို ကြောက်နေစရာ မလိုတော့ပေ။ ထို့ကြောင့်, သူ့ကို အသက်ရှင်ခွင့် ပေးရန်ဆိုသည်မှာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဆောင်းအကာကွယ်မြို့တော်အတွက်မူ ချင်ယွင်၏ စိတ်ဝင်စားမှုသည် ကြီးကြီးမားမား မဟုတ်ပေ။ ဆောင်းအကာကွယ်မြို့တော်ကို ဘာအတွက် သူ လိုချင်ရမည်နည်း?။

တစ်ခုတည်းသော အကျိုးအမြတ်မှာ သူ့ယောက္ခထီး ကျိုးဟုန်ရွှဲ့၏ဖခင်ကို လိုက်လျော ညီထွေ ဖြစ်စေရန်တော့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ချင်ယွင်သည် အခြားမည်သည့် အကျိုးကျေးဇူးကိုမျှ မစဉ်းစားခဲ့ပေ။

ချင်ယွင် သဘောတူသည်ကိုမြင်တော့ လင်းထန်ဘက ပြုံးပြီး လင်းချင်ရှန်းကို လှည့်ကြည့် လိုက်တယ်။

"အစ်ကိုကြီး၊ ငါ့ကို သွားခွင့်ပြုပါ။" လင်းချင်ရှန်းက ကမန်းကတန်း ပြောလိုက်သည်။

လင်းထန်ဘက ခေါင်းခါပြီး လင်းချင်ရှန်းအား ပြောလိုက်သည် "ငါပြောခဲ့တာတွေကို မှတ်မိတယ် မဟုတ်လား?"

လင်းချင်ရှန်း၏ မျက်လုံးများသည် မလိုလားမူများဖြင့် ပြည့်နေခဲ့၏။ နောက်ဆုံးတွင် သူသည် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

လင်းချင်ရှန်း ခေါင်းညိတ်သည်ကိုမြင်တော့ လင်းထန်ဘက ပြုံးပြီး လင်းချင်ရှန်း၏ ပုခုံးကို ပုတ်လိုက်သည်။ ထို့နောက် လှည့်ကြည့်ကာ ကျောက်စိမ်းရုပ်ထုကြီးဆီသို့ လျှောက်သွား တော့သည်။

"အစ်ကိုကြီး၊ မင်း စမ်းသပ်မူ သေချာပေါက် အောင်မြင်မှာပါ"

လင်းချင်ရှန်း၏ အသံသည် သူ့နောက်မှ ထွက်ပေါ်လာသည်။ လင်းထန်ဘ ပြုံးလိုက်သော် လည်း ပြန်လှည့်မကြည့်ပေ။ သူသည် ကျောက်စိမ်းရုပ်ထုကို ကြည့်ရန် ဦးခေါင်းကို မြှောက်လိုက်ပြီး "တပည့် လင်းထန်ဘက ကျေးဇူးပြုပြီး စီနီယာရဲ့လေ့ကျင့်မူကို အကောင်းဆုံး ကြိုးစားပါ့မယ်” ပြောကာ ဦးညွတ်လိုက်သည်။

ဘန်း…။

သူပြောပြီးသည်နှင့် တပြိုင်နက် ကျောက်စိမ်းဖြူရုပ်ထုမှ တန်ခိုးကြီးသော နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ကျောက်စိမ်းရုပ်ထု၏ လက်ဖဝါးပေါ်တွင် နတ်ဘုရားအလင်းရောင်တစ်ခု ပေါ်လာပြီး ဆင်းသက်လာကာ လင်းထန်ဘကို တိုက်ရိုက် လွှမ်းခြုံသွားသည်။

လူတိုင်းသည် ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက ရှုပ်ထွေးသော အမူအရာများကို ဖော်ပြနေကြသည်။

လင်းထန်ဘသည် သေကြောင်းကြံစည်၍ စမ်းသပ်မူတွင် ပါဝင်ခဲ့သည်။ အကယ်၍ သူသာ ကံတရားကြောင့် ဤစမ်းသပ်မှုကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့ပါက ချင်ယွင်နှင့် အခြားသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။ သို့သော် သူပြောသည့်အတိုင်းပင်, အကယ်၍, သူသာ ဤစမ်းသပ်မူတွင် ပါဝင်ခွင့်မရပါက သူ့လက်ထဲတွင် ဝှက်ဖဲတစ်ချပ် ရှိနေသဖြင့် သူတို့ထဲမှ တစ်ယောက် သို့မဟုတ် နှစ်ယောက် လောက်ကို သူနှင့်အတူ ခေါ်သွားနိုင်သည်။

ထို့ကြောင့် လင်းထန်ဘသည် သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းတွင် ပါဝင်ခွင့်မပြုရန် အတွက် အကျပ်ရိုက်နေခဲ့သည်။

နောက်ပိုင်းတွင်, ချင်ယွင်သည် လင်းယွင်နှင့် လင်းချင်ရှန်းတို့၏ အလွန် ညီအစ်ကိုဆန် သည့် အပြုမူတွေကို မြင်သောအခါ၊ ချင်ယွင်သည် စိတ်လျှော့လိုက်ပြီး လင်းထန်ဘကို စွန့်စားခွင့် ပေးခဲ့သည်။ အကယ်၍ လင်းထန်ဘသည် ဘိုးဘေးနတ်ဘုရား စမ်းသပ်မူကို အမှန်တကယ် အောင်မြင်ခဲ့ပါက, အများဆုံး လင်းထန်ဘသည် ကံကောင်းလွန်းသည်ဟု ဆိုရပေလိမ့်မည်။ သို့သော်, အကယ်၍, လင်းထန်ဘသည် စမ်းသပ်မူမှာ သေဆုံးသွားခဲ့ပါ က, ချင်ယွင်အတွက် အကျိုးရှိပြီး အန္တရာယ်ကင်းသည့် အရာတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်.

ဘန်း..။

လင်းထန်ဘ၏ ရုပ်အသွင်သည် နတ်ဘုရားအလင်းရောင်အောက်တွင် စင်မြင့်အထက်မှ ပျောက်ကွယ်သွားသည်။ သူ့ပတ်ဝန်းကျင်မှ အရာအားလုံးသည် အရင်အတိုင်း ငြိမ်သက် သွားခဲ့ပါသည်။

ချင်ယွင်နှင့် အခြားသူများသည် လင်းထန်ဘ၏ စမ်းသပ်မှုရလာဒ်ကို စောင့်မျှော်လျက် အဝေးတွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

လင်းချင်ရှန်းအနေဖြင့်မူ, သူသည် လင်းထန်ဘ၏ စိတ်ဝိညာဉ် ကျောက်စိမ်း တံဆိပ်ပြားကို သူ့လက်ထဲတွင် တင်းကြပ်စါာ ဆုပ်ကိုင်ထားပြီး အဝေးတစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေသည်။ သူသည် လင်းထန်ဘ၏ လုံခြုံရေးအတွက် စိုးရိမ်နေပုံရသော အမူအရာဖြင့် နတ်ဘုရား ကျောက်စိမ်းရုပ်ထုကို ကြည့်ရန် ရံဖန်ရံခါ သူ့ခေါင်းကို မော့ထားလေ့ရှိသည်။

ထိုကဲ့သို့ပင်၊ သုံးရက်တာအချိန်သည် တခဏချင်း ကုန်ဆုံးသွားသည်။ လင်းထန်ဘသည် စမ်းသပ်မှုထဲမှ ထွက်မလာသေးပေ။ လင်းချင်ရှန်းသည် ပို၍ပင် စိုးရိမ်လာခဲ့သည်။

"ဖျစ်…ဖျစ်..”.။

သို့သော် သုံးရက်မြောက်သောနေ့ ညနေပိုင်းတွင် ကွဲအက်သံတစ်ချက်ချင်း ကြားလိုက်ရ သည်။ အသံက မကျယ်သော်လည်း လူတိုင်း၏နားထဲမှာ မိုးခြိမ်းသံလိုပင်။

ချင်ယွင်နှင့် အခြားလူများ အားလုံး မျက်လုံးကိုယ်စီဖွင့်လာကြပြီး လင်းချင်ရှန်း၏ ဦးတည် ရာဆီသို့ ကြည့်လိုက်ကြသည်။

လင်းချင်ရှန်းသည် မယုံကြည်နိုင်သော အမူအရာဖြင့် သူ့လက်ထဲတွင် စိတ်ဝိညာဉ် ကျောက်စိမ်း တံဆိပ်ကို ဆုပ်ကိုင်ထားသည်။

“အစ်ကိုကြီး…”

ထို့နောက် အဆုံးမရှိ နာကျင်မှုနှင့်အတူ ပင်ပန်းနွမ်းနယ်နေသည့် အော်ဟစ်သံက ထွက်ပေါ်လာသည်။

လင်းထန်ဘ၏ နတ်ဘုရားစိတ်ဝိညာဉ် ကျောက်စိမ်းတံဆိပ်ပြား ကွဲအက်သွားခြင်းက လင်းထန်ဘသည် လုံးဝ သေဆုံးသွားပြီဟု ဆိုလိုပါသည်။

ချင်ယွင်၊ ကျိုးဟုန်ရွှဲ့နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ ကူကယ်ရာမဲ့ ခေါင်းယမ်းကြသည်။

ယုန်သေသွားပြီး မြေခွေးက ဝမ်းနည်းနေသလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ လင်းထန်ဘ သည် ကွယ်လွန်သွားသော်လည်း သူတို့သည် လုံးဝ မပျော်ရွှင်ကြပေ။ လင်းထန်ဘ သေဆုံး ရန် သူတို့ မျှော်လင့်ထားသော်လည်း လင်းထန်ဘ၏သေဆုံးမှုက သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းသည် အလွန်အန္တရာယ်များကြောင်း သူတို့အား ပြောပြနေခဲ့သည်။

All Chapters