အခန်း ၁၃၈၆
Vol. 93 Ch. 1386
အခန်း (၁၃၈၆) ကျိုးဟုန်ရွှဲ့၏ဆုံးဖြတ်ချက်
လင်းထန်ဘသည် ကွယ်လွန်သွားခဲ့ပြီး လင်းချင်ရှန်းသည် ဝမ်းနည်းပူဆွေးမှုအတွင်းမှာ လုံးဝ ပိတ်မိနေခဲ့သည်။
ချင်ယွင်သည် အမှန်တကယ်ပင် နောက်ထပ် ဘေးဆိုးတစ်ခုထဲသို့ ကျရောက်သွားခဲ့ပြီ။
နောက်ထပ် သေကြောင်းကြံစည်၍ စမ်းသပ်မူထဲကို မည်သူက ပြေးဝင်သွားမည်နည်း?။
“သခင်၊ ကျွန်တော် လုပ်ပါရစေ။ ကျွန်တော်က မူလကတည်းက လျှို့ဝှက်နတ်ဘုရား ဂိုဏ်းရဲ့ တပည့်တစ်ဦးပဲ။ သေကြောင်းကြံစည်၍ စမ်းသပ်မူထဲကို ကျွန်တော်ကို ဝင်ခွင့်ပြုပါ။" လိပ်နက်က အလျင်စလို ပြောလိုက်သည်။
သို့သော်လည်း ချင်ယွင်က ခေါင်းခါလိုက်ပြီး ပြောသည် " သေကြောင်းကြံစည်၍ စမ်းသပ်မူ ကို ဖြတ်ကျော်ဖို့ မင်းမှာ ယုံကြည်ချက်ရှိတယ်ဆိုရင် မင်းအနေနဲ့ အခုအချိန်အထိ စောင့်နေခြင်းမရှိမှာကို ငါ ကြောက်မိတယ်။ ဟိုတချိန်တုန်းက လျှို့ဝှက်နတ်ဘုရားဂိုဏ်း မှာ ရှိနေစဉ်ကတည်းက မင်း ဖြတ်ကျော်ပြီး ဖြစ်လောက်ပြီ။ ဒီတော့ မင်း မသွားတာ ပိုကောင်းပါတယ်”။
"ဒါဆို ငါ လုပ်ပါရစေ။ ငါ့မှာ ခေါင်းလောင်းလေ နတ်ဘုရားခန်းမမှာ ကိုယ်ပွားတစ်ခု ရှိပါသေးတယ်။ ငါ သေသွားရင်တောင်, အဲဒီကိုယ်ပွားနဲ့ ဆက်ပြီး အသက်ရှင်နိုင်မှာပါ" နေသာဧကရာဇ်က ပြောသည်။
"မဟုတ်ဘူး၊ သေကြောင်းကြံစည်၍ စမ်းသပ်မူက အစစ်အမှန် ခန္ဓာကိုယ်ပေါ်မှာပဲ သက်ရောက်တာ မဟုတ်လောက်ဘူး။ မင်း ကြိုးစားတဲ့အခါ မင်းကိုယ်ပွားက သတိလစ် မေ့မြောသွားလိမ့်မယ်။ မင်းရဲ့အစစ်အမှန် ခန္ဓာကိုယ်က သေကြောင်းကြံစည်၍ စမ်းသပ်မူ ထဲမှာ သေသွားခဲ့ရင်, မင်းကိုယ်ပွားလည်း သေသွားလိမ့်မယ်။" ချင်ယွင်က ပြောသည်။
အရင်ကတည်းက သူသည် လိပ်နက်ကို မေးထားပြီးဖြစ်သည်။ လိပ်နက်ကလည်း သူ့ကို ဤအရာအားလုံးကို ပြောပြခဲ့သည်။
ချင်ယွင်၏စကားကိုကြားတော့ နေသာဧကရာဇ်သည် မှင်သက်သွားခဲ့ပြီး လေးလေး နက်နက် တွေးတောလိုက်သည်။
သေကြောင်းကြံစည်၍ စမ်းသပ်မူသည် ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မမျှော် လင့်ခဲ့မိသည်မှာ ထင်ရှားပါသည်။ သူ၏မူလခန္ဓာကိုယ်သည် စမ်းသပ်မှုအတွင်းမှာ သေဆုံး သွားခဲ့လျှင်, သူ့ကိုယ်ပွားလည်း သေဆုံးသွားမည် ဖြစ်သည်။
သို့သော် ချင်ယွင်ပြောသော စကားသည် မှားယွင်းနိုင်သည်ဟု သူ သံသယမရှိခဲ့ပေ။ ဘိုးဘေးနတ်ဘုရားများ၏ နည်းလမ်းများဖြင့်ဆိုပါက ဤကိစ္စမျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သူယုံကြည်သည်။
"ငါလုပ်မယ်" ချင်ယွင်က မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။
သူသည်လည်း သေကြောင်းကြံစည်၍ စမ်းသပ်ခြင်းကို အလွန်သိချင်နေခဲ့သည်။ ၎င်းသည် မည်သည့်ပုံစံမျိုး ဖြစ်နေမလဲဆိုသည်ကို သူ တကယ် မြင်ချင်မိသည်။ ထို့အပြင်၊ သူ့မှာ ကနဦးစကြာဝဠာ၏ အကာအကွယ်လည်း ရှိနေခဲ့သည်။ ထိုကြောင့် အရေးကြီးသော အခိုက်အတန့်တွင် သူသည် ကနဦးစကြာဝဠာထဲတွင် ပုန်းအောင်းနေနိုင်ပေသည်။
"မဟုတ်ဘူး ကျွန်မ လုပ်မယ်" သို့သော် ချင်ယွင် ထခါနီးတွင် လူတိုင်း၏နားထဲမှာ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကိုကြားတော့ ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်ပြီး ပြောဆိုလာသည့် ကျိုးဟုန်ရွှဲ့ကို ကြည့်လိုက်ပါသည်။
လင်းထန်ဘ၏ နတ်ဘုရားစိတ်ဝိညာဉ် ကျောက်စိမ်းတံဆိပ်ပြား ကွဲသွားပြီးကတည်းက ကျိုးဟုန်ရွှဲ့သည် အနှစ်တစ်ရာကြာသည့်အလား တိတ်ဆိတ်သွားခဲ့သည်။ အစောပိုင်းက သူတို့ ဆွေးနွေးစဉ်မှာပင် ခေါင်းမထောင်ခဲ့ပေ။ ချင်ယွင်က သူမသည် ကြောက်ရွှံ့သွားသည် ဟု ထင်ခဲ့သော်လည်း၊ သူမသည် ရှေ့သို့တလှမ်းတိုးကာ သေကြောင်းကြံစည်၍ စမ်းသပ်မူ သို့ ဝင်ရောက်ရန် တောင်းဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မဟုတ်ဘူး၊ မင်း သွားလို့မရဘူး။ မင်း သေသွားရင် မင်းအဒေါ်ကို ငါ ရှင်းပြလို့မရနိုင်ဘူး" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
ယခု သူသည် ကျိုးဟုန်ရွှဲ့၏ အကြီးအကဲတစ်ဝက်ဖြစ်နေသဖြင့်, ကျိုးဟုန်ရွှဲ့ သေဆုံးမည့် အရေးကို သူ မည်သို့ မြင်နိုင်မည်နည်း။
နေသာဧကရာဇ်နှင့် လိပ်နက်တို့သည်လည်း ကျိုးဟုန်ရွှဲ့၏ အသက်အန္တရာယ် စမ်းသပ်မှုကို သဘောမတူကြောင်း ရှင်းရှင်းလင်းလင်း ခေါင်းယမ်းပြလိုက်ကြသည်။
"ဦးလေး, ကျွန်မကို သွားခွင့်ပြုပါ။" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို လေးလေးနက်နက် ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။
ဦးလေး?
ကျိုးဟုန်ရွှဲ့က သူ့ကို ဦးလေးဟု ခေါ်ဆိုခြင်းသည် အခု ပထမဆုံးအကြိမ် ဖြစ်သည်။ သူသည် ဤနာမည်ကို အသုံးမချလိုသော်လည်း ကြားရသည်မှာ အရမ်းကို ကြည်နူးဖွယ် ကောင်းနေတုန်းပင်။
"မင်းက ငါ့ကို ဦးလေးလို့ခေါ်ကတည်းက ငါ မင်းကို ခွင့်မပြုနိုင်ဘူး" ချင်ယွင်က သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။
ချင်ယွင်က သဘောမတူကြောင်း ကျိုးဟုန်ရွှဲ့မြင်သောအခါ စိုးရိမ်သည့် အမူအရာက သူမ၏ လှပသော မျက်နှာပေါ်တွင် ချက်ချင်းပင် ပေါ်လာသည်။
"ဦးလေး၊ ဦးလေးရဲ့လုပ်ဆောင်ချက်တွေကို, အဒေါ်က ကျွန်မကို ပြောပြထားပြီးသားပါ" ဦးလေးဟာ သေမင်းရဲ့လက်မှ ဦးလေးရဲ့နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့လို့ ဦးလေးအနေနဲ့ ဒီလောက် အဝေးကြီး လျှောက်လှမ်းနိုင်ခဲ့တာလေ။ အဲဒါကြောင့်ပဲ ဒီနေ့ ဦးလေးက အများကြီး အောင်မြင်ခဲ့တယ်။ ဦးလေးရဲ့ လုပ်ဆောင်ချက် တွေကို ကျွန်မ ကြားပြီးကတည်းက ဦးလေးကို အမြဲလေးစားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ, ကျွန်မက ဦးလေးရဲ့အကြောင်းတွေကို အလွန်သိချင်နေခဲ့တယ်။ ဒီအချိန်အတောလေး အတွင်းမှာ ဦးရဲ့ခန္ဓာကိုယ်ပေါ်မှာ အလျော့မပေး, အကြောက်တရားကင်းမဲ့တဲ့ စိတ်ဝိညာဉ် မျိုး ရှိနေတာကို ကျွန်မ တွေ့လိုက်ရတယ်" ကျိုးဟုန်ရွှဲ့က ပြောသည်။
ချင်ယွင်သည် အံ့သြသွားခဲ့သည်။ ကျိုးဟုန်ရွှဲ့သည် ထိုကဲ့သို့သော စကားမျိုးပြောလာရန် သူ မမျှော်လင့်ခဲ့ပေ။ ဝိညာဉ်နတ်ဘုရားမသည် ကျိုးဟုန်ရွှဲ့အား သူ့လုပ်ရပ်တွေ အကြောင်း ပြောပြပြီး ဒီကောင်မလေးကို သူ့အား လေးစားကြည်ညိုအောင် လုပ်ဆောင်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်, ကျိုးဟုန်ရွှဲ့က ဆက်ပြောသည် "ကျင့်ကြံခြင်းဆိုတာက ကောင်းကင်ဘုံကို အံတုခြင်းပဲ။ အခွင့်အရေး အားလုံးကို ကျွန်မကိုယ်တိုင်ပဲ ရယူနိုင်တယ်။ အခု ဒီအခွင့်အရေး က ကျွန်မရှေ့မှာ ရှိနေခဲ့ပြီ။ ဒီအတွက် ကျွန်မ မတိုက်ခိုက်ခဲ့ဘူးဆိုရင် နောင်တချိန်မှာ ကျွန်မ သေချာပေါက် နောင်တရလိမ့်မယ်။ ဒါကို ဦးလေး သွားခွင့်ပြုပေးပါ။"
ချင်ယွင်သည် ထိုစကားကိုကြားတော့, သူသည် ချက်ချင်းပင် မှင်သက်သွားခဲ့ပြီး၊ ကျိုးဟုန်ရွှဲ့ကို မည်သို့ ပြန်လည်ချေပရမလဲဆိုတာ မသိတော့ပေ။
ချင်ယွင် တုန်လှုပ်သွားသည်ကိုမြင်လျှင်, ကျိုးဟုန်ရွှဲ့သည် သံမဏိကို အပူပေးနိုင်မည့် အခွင့်ကောင်း ယူကာ ချက်ခြင်းပင် ဆက်ပြောလိုက်သည် "ဦးလေး၊ ဘိုးဘေးနတ်ဘုရားမ ချင်းယောင်နဲ့ ဆုံတွေ့ဖို့ ကံကြမ္မာက ဖန်တီးထားတယ်လို့ ကျွန်မ ခံစားရတယ်။ သူမက ကျွန်မအတွက် မျက်နှာသာအချို့ ပေးနိုင်ပါတယ်။ ကျွန်မကို သွားခွင့်ပြုမယ် မဟုတ်လား?။
ချင်ယွင်က တုံ့ဆိုင်းသွားသည်။ ကျိုးဟုန်ရွှဲ့ပြောသည်မှာ မှန်ပါသည်. စစ်မတိုက်ဘဲ စစ်သားကောင်းတွေကို ပြုစုပျိုးထောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ထို့အပြင်, ဤအရာက သူမအတွက် ကျင့်ကြံမူလည်း ဖြစ်သည်။ ယုတ္တိဗေဒအရ, သူသည် ကျိုးဟုန်ရွှဲ့ကို ဤသေကြောင်းကြံစည်၍ စမ်းသပ်မူတွင် ပါဝင်ရန် ခွင့်ပြုသင့်ပါသည်။
သို့သော် သူမ၏ဘေးကင်းမှုအတွက်ကြတော့…။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများက တောက်ပလာကာ ကျိုးဟုန်ရွှဲ့ကို ကြည့်ပြီး ပြောလိုက်သည် "ကောင်းပြီလေ၊ ငါ မင်းကို စမ်းသပ်မှုမှာ ပါဝင်ဖို့ ခွင့်ပြုပေးနိုင်တယ်။ ဒါပေမယ့် အခြေအနေတစ်ခုကိုတော့ မင်း သဘောတူရမယ်။"
"ဘယ်လိုအခြေအနေလဲ" ကျိုးဟုန်ရွှဲ့က ကမန်းကတန်း မေးလိုက်သည်။
"စောစောက ငါပေးခဲ့တဲ့ ကျောက်စိမ်းတံဆိပ်ပြားကို မင်း မှတ်မိသေးလား" ချင်ယွင်က ပြောသည်။
"ဒါလား။ ဒါက ဘာအတွက်သုံးတာလဲ” ကျိုးဟုန်ရွှဲ့က ချင်ယွင် ပေးထားသည့် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။
“ဒါက ဘာအတွက် အသုံးပြုတယ်ဆိုတာ ကိစ္စမရှိဘူး။ မင်း မှတ်ထားရမှာက မင်း အန္တရာယ်တစ်ခုခု ဒါမှမဟုတ် မင်း မခုခံနိုင်တဲ့ အခက်အခဲမျိုးတွေ ကြုံလာရတဲ့အခါ ဒီဒီကျောက်စိမ်းတံဆိပ်ပြားကို တိုက်ရိုက် ချေမွလိုက်ဖို့ပဲ။ အဲဒီအချိန်မှာ ဒါက မင်းအသက် ကို ကယ်တင်လိမ့်မယ်" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို လေးလေးနက်နက် သတိပေးလိုက် သည်။
"ကောင်းပြီ" ကျိုးဟုန်ရွှဲ့က တခဏလောက် စဉ်းစားပြီး ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် ပါးလွှာသော ချည်မျှင်တစ်စကို ဆွဲထုတ်ရန် သူမ၏ နတ်ဘုရားတန်ခိုးကို အသုံးပြုလိုက်ပါသည်။ သူမသည် ထိုကျောက်စိမ်းတံဆိပ်ပြား ကို သူမရင်ဘတ်ပေါ်တွင် ချိတ်ဆွဲလိုက်သည်။ ဤနည်းဖြင်, အရေးကြီးသော အခိုက်အတန့်တွင် သူမ၏အသက်ကို ကယ်တင်နိုင်လိမ့်မည်။
ထိုကိစ္စပြီးသည်နှင့်, ချင်ယွင်သည် ပန်ဂုပုဆိန်ကို ထုတ်ယူပြီး သူမကို ယူဆောင်ခွင့် ပေးလိုက်သည်။ ပန်ဂုပုဆိန်တွင် ပစ္စည်းဝိညာဉ်တစ်ခုရှိပြီး ကျိုးဟုန်ရွှဲ့၏အသက်ကို ကယ်တင်ရန်အတွက် အရေးကြီးသော အခိုက်အတန့်တွင် တိုက်ခိုက်ရန် အစပျိုး လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သူသည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားနှင့် ကြေးနီ အပိုင်းအစကို မရွေ့လျားနိုင်ခြင်းကြောင့်သာ, ထိုသို့မဟုတ်ပါက၊ ချင်ယွင်သည် ကြီးမြတ်လှသော နတ်ဘုရားနှစ်ပါးကို ကျိုးဟုန်ရွှဲ့နှင့်အတူ ယူဆောင်သွားစေရန်ပင် ဆန္ဒရှိနေခဲ့သည်။ လျှိုဘိုနှင့်ဆိုပါက သူမသည် ဘေးကင်း လုံခြုံလိမ့်မည်။
ကံမကောင်းစွာပဲ၊ လျှိုဘိုသည် သူ့မျက်ခုံးမွှေးနှစ်ခုကြားထဲသို့ ဝင်သွားပြီးနောက် လှုပ်ရှား ရန် အလွန်ခက်ခဲခဲ့သည်။
ချင်ယွင်သည် ကျိုးဟုန်ရွှဲ့အတွက် ဤအနေထားအထိ ပြီးမြောက်အောင် လုပ်ဆောင်ပေး နိုင်သည်ကို ကြည့်ပြီး သူသည် ပို၍ သက်တောင့်သက်သာ ခံစားရလေသည်။
“မင်း အန္တရာယ်ကြုံလာခဲ့ရင် ဒီကျောက်စိမ်းတံဆိပ်ပြားကို ချေမွပစ်ရမယ်” ဆိုတာကို သတိရပါ။ ချင်ယွင်က ထပ်မံ သတိပေးလိုက်သည်။
"ဟုတ်ပါပြီ ဦးလေး၊ ဦးလေးက တော်တော်လေး အရစ်ရှည်တာပဲ" ကျိုးဟုန်ရွှဲ့က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် သူမသည် ပြန်လှည့်၍ ကျောက်စိမ်းရုပ်တုဆီသို့ လျှောက်သွားခဲ့သည်။
ချင်ယွင်သည် ကူကယ်ရာမဲ့သော အမူအရာဖြင့် သူ့နှာခေါင်းကို အိုးတိုးအမ်းတန်း ပွတ်လိုက်မိသည်။
ပထမဆုံးအကြိမ် အကြီးတစ်ယောက် ဖြစ်ရခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် သူမနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိပါသည်။ သို့သော် သူသည် စကားအပြော အဆိုခံရလျှင်ပင် သူမကို သတိပေးရသေးသည်။
"တပည့် ကျိုးဟုန်ရွှဲ့က သေကြောင်းကြံစည်၍ စမ်းသပ်မူမှာ ပါဝင်ဖို့ တောင်းဆိုပါတယ်။" ကျိုးဟုန်ရွှဲ့သည် ကျောက်စိမ်းရုပ်တုဆီသို့ လျှောက်သွားပြီး လေးလေးစားစား ပြောလိုက်သည်။
ဘန်း…။
မျှော်လင့်ထားသည့်အတိုင်း ကျိုးဟုန်ရွှဲ့၏အသံ ပြီးဆုံးပြီးနောက်၊ ကျောက်စိမ်းရုပ်ထုထံမှ ကျိုးဟုန်ရွှဲ့အား လွှမ်းခြုံလာသည့် နတ်ဘုရားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကျိုးဟုန်ရွှဲ့သည် သူမ ရှိနေရာနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် ကျိုးဟုန်ရွှဲ့ ပျောက်ကွယ်သွားသောနေရာကို ကြည့်လိုက်ရင်း စိုးရိမ်နေသည့် အမူအရာများက သူ့မျက်လုံးများထဲသို့ မတတ်နိုင်ဘဲ ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။
နေသာဧကရာဇ်က ချင်ယွင်၏ ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးသည် "စိတ်မပူပါနဲ့။ သူမ အဆင်ပြေမှာပါ။ သူမလည်း သူမလိုချင်တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရမှာပဲ လေ”။
ချင်ယွင်က ခေါင်းညိတ်ပြပြီး, သိပ်အများကြီး မတွေးတော့ပေ။ သူသည် တင်ပျဉ်ခွေ ထိုင်ကာ ကျိုးဟုန်ရွှဲ့၏ စမ်းသပ်မှုရလာဒ်ကို ဖြည်းညှင်းစွာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် လည်း သူ၏စိတ်သည် ကနဦးစကြာဝဠာအတွင်းရှိ လှုပ်ရှားမှုများကို အမြဲတမ်း အာရုံ စိုက်နေခဲ့သည်။