← Chapters

အခန်း ၁၃၈၇

Vol. 93 Ch. 1387

အခန်း ၁၃၈၇

Vol. 93 Ch. 1387

အခန်း (၁၃၈၇) စမ်းသပ်မူမျှော်စင်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ သုံးရက်တာအချိန်သည် လျှပ်တပြက် ကုန်သွားခဲ့သည်။ ချင်ယွင်သည် လွန်ခဲ့သည့် သုံးရက်လုံးလုံး ဘုန်းကြီးတစ်ပါးကဲ့သို့ စင်မြင့်၏ ကျောက်ပြားပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။

နေသာဧကရာဇ်နှင့် လိပ်နက်တို့သည် ချင်ယွင်ကို မနှောင့်ယှက်ခဲ့ကြပေ။ သူတို့သည် နံဘေးတဖက်မှာ ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေကြသည်။

အဝေးတွင်ရှိနေသော လင်းချင်ရှန်းသည် လင်းထန်ဘနှင့်ပတ်သက်၍ ပူဆွေးသောကထဲမှ လွတ်မြောက်လာခဲ့သည်။ သူက ချင်ယွင်နှင့် အခြားလူများကို ကြည့်ပြီး လှောင်ပြောင် ရယ်မောကာ ပြောလိုက်သည် "ယောင်္ကျားအရင့်မာကြီး သုံးယောက်က ကောင်းမလေး တစ်ယောက်ကို ဒီစမ်းသပ်မှုမှာ ဖြတ်သန်းခွင့်ပြုခဲ့တယ်။ မင်းတို့အစား ငါ ရှက်လိုက်တာ"

လိပ်နက်သည် လင်းချင်ရှန်း၏စကားကို ကြားသောအခါ ချက်ချင်းဆိုသလို မျက်လုံးများ ပွင့်လာပြီး လင်းချင်ရှန်းကို ပြင်းထန်စွာ စိုက်ကြည့်ကာ ပြောလိုက်သည် "ဟမ့်၊ မင်း မသေချင်ရင် ပါးစပ်ပိတ်ထားစမ်း။"

သို့သော်၊ လင်းချင်ရှန်းသည် လိပ်နက်နတ်ဘုရားသားရဲ၏ ခြိမ်းခြောက်မှုကို မကြားသလို ပင်။ သူက ဆက်ပြီး လှောင်ပြောင်ပြောဆိုသည် “အချိန်သုံးရက် ကုန်သွားခဲ့ပြီ။ ဒီကောင်မ လေး ဒီနေရာကို ပြန်ရောက်လုနီးပါး ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်။ ဟင်း….၊ ဒါနဲ့ မင်းတို့မှာ သူမရဲ့ နတ်ဘုရားကျောက်စိမ်းဆွဲပြား ရှိတယ်မဟုတ်လား?။ သူမ အထဲမှာ သေသွားမှန်း တောင် မသိဘူးလား?။

"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ" လိပ်နက်နတ်သားရဲသည် ထိုစကားကို ကြားသောအခါ ချက်ခြင်း ဒေါသထွက်သွား၏။ ၎င်းသည် မတ်တပ်ရပ်ကာ လင်းချင်ရှန်းကို တိုက်ခိုက်တော့မည် ဖြစ်သော်လည်း အနားမှ နေသာဧကရာဇ်က တားဆီးလိုက်သည်။

"လင်းချင်ရှန်း ၊ ငါ မင်းကို ရိုးရိုးသားသား အကြံပေးလိုက်မယ်။ မင်း အစ်ကိုကြီးသေဆုံးခြင်း က မင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာကို ငါ သိတယ်။ ဒါပေမယ့် မင်း ငါတို့ကို ထပ်ပြီး ရန်စဝံ့ရင်, ငါတို့က မင်းကို မြေမြှုပ်စရာမလိုဘဲ သေချာပေါက် သေဆုံးခွင့်ပြုမယ်" နေသာဧကရာဇ်သည် လင်းချင်ရှန်းကို ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

"ဟမ့်၊ မင်းက ဘယ်သူလဲ။ မင်းက အစောပိုင်း မြေကမ္ဘာ နတ်ဘုရားတစ်ပါးလေးပဲလေ။ မင်းကို လက်တစ်ဖက်တည်းနဲ့တောင် ငါ ချေမှုန်းပစ်နိုင်တယ်။ အစကနေအဆုံးအထိ မင်းက နောက်လိုက် တစ်ယောက်ပဲ" လင်းချင်ရှန်းသည် နေသာဧကရာဇ်ကိုကြည့်ကာ လှောင်ပြောင်သည်။

နေသာဧကရာဇ်၏ မျက်လုံးများသည် ဒေါသပြင်းထန်စွာ ပေါက်ဖွားလာသော်လည်း ၎င်းကို ပြန်လည်ချေပနိုင်ခြင်း မရှိပေ။

သူသည် ဤကမ္ဘာငယ်လေးထဲ ဝင်လာပြီးနောက် အမှန်တကယ်လည်း အသုံးမဝင်ခဲ့ပါဘူး။ ဤအရာက သူ့နှလုံးသားထဲမှာ အမြဲ နာကျင်နေခဲ့ရသည့်အရာ ဖြစ်သည်။

သူက ချင်ယွင်အား ဤကမ္ဘာငယ်လေးအကြောင်း အချက်အလက်တွေ ပေးခဲ့သော်လည်း, အကယ်၍, ချင်ယွင်သာ မရှိခဲ့ဘူးဆိုရင်, သူသည် ဒီနေရာအထိ လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူ့စိတ်ထဲတွင် အမြဲတမ်း အပြစ်ရှိသလို ခံစားနေရသည်။ ယခု, လင်းချင်ရှန်းက ထိုစကားကို ပြောလာခဲ့ပြီး သူ့ရင်ထဲမှာ သဘာဝအတိုင်း စိတ်မသက်မသာ ခံစားလိုက်ရသည်။

သူသည် သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု အမြဲတွေးထားခဲ့သော်လည်း ချင်ယွင်နှင့် နှိုင်းယှဥ်ကြည့်ရင်, သူသည် သူ့နောက်မှာ လီပေါင်း ၁၀၈၀၀၀၀ ကျန်ရစ်ခဲ့သည်။ ဤအရာက သူ့နှလုံးသားထဲမှာ ပြင်းထန်သော ခံစားချက်ကို ခံစားရစေသည်။

နေသာဧကရာဇ်၏ မျက်လုံးများသည် အရောင်မှိန်သွားသည်။ သို့သော် ထိုအချိန်တွင် ချင်ယွင်က နေသာဧကရာဇ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည် "စီနီယာအစ်ကို ယူမင်, ဆရာကြီးက အခု နတ်ဘုရားကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီ။ သူက ကျင့်ကြံဖို့အတွက် မြင့်မြတ် သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ လွင့်မျောနှင်းမြို့တော်ကို ဝင်ရောက်သွား ခဲ့ပြီ။ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း ခရီးစဉ်ကိစ္စပြီးရင် သူ့ကို ကျွန်တော်တို့ အတူတူ သွားတွေ့ကြမယ်"

"အယ်?" နေသာဧကရာဇ်သည် အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ ခေါင်းညိတ် လိုက်သည်။

ချင်ယွင်၏ ဆိုလိုရင်းကို သူ နားလည်ပါသည်။ ချင်ယွင်သည် သူတို့နှစ်ယောက်၏ သိုင်းညီ အစ်ကိုများကြားမှ ကွာဟချက်ဆိုသည့် အတွေးများကို တားဆီးရန် သူ့ကို အားပေးနေခြင်း ဖြစ်ပါသည်။

ချင်ယွင်သည် နေသာဧကရာဇ်အား သူ့ကိုယ်သူ ယုံကြည်မှုများ ပြန်လည်ရလာသည်ကို မြင်ပြီးနောက် လင်းချင်ရှန်းကို လှည့်ကြည့်လိုက်ပြီး "လင်းချင်ရှန်း၊ မင်းကို ချမ်းသားပေး မယ်လို့ မင်းအစ်ကိုကို ငါ ကတိပေးထားပေမယ့်, မင်း ငါတို့ကို ထပ်ပြီး မနှောင့်ယှက်မှ ဖြစ်လိမ့်မယ်။ တကယ်လို့ မင်း ငါတို့ကို ထပ်ပြီး ရန်စဝံ့ရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်"

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပလာသည်။

လင်းချင်ရှန်း မှင်သက်သွားသည်။ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။ သူသည် နာခံမှုရှိစွာဖြင့် ပါးစပ်ကိုပိတ်ကာ စကားရပ်လိုက်သည်။

လိပ်နက်နတ်ဘုရားသားရဲနှင့် နေသာဧကရာဇ်တို့သည် ထိုမြင်ကွင်းကို မြင်သောအခါ နှစ်ယောက်စလုံး ပြုံးပြီး လင်းချင်ရှန်းကို မထီမဲ့မြင်ပြုဟန်ဖြင့် ကြည့်လိုက်သည်။

"ကွဲသွားပြီ"

သို့သော် ထိုအချိန်တွင် ချင်ယွင်သည် စကားတစ်ခွန်းကို ရုတ်တရက် ထုတ်ပြောလိုက်ပြီး သူ့တစ်ကိုယ်လုံးလည်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။

နေသာဧကရာဇ်နှင့် အဝေးမှာရှိနေသော လင်းချင်ရှန်းတို့သည် ထိတ်လန့်သွားကြသည်။ ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူတို့ နားမလည်ခဲ့ကြ ပေ။

လိပ်နက်နတ်ဘုရားသားရဲသာလျှင် တစ်စုံတစ်ခုကို ခန့်မှန်းပြီး အနည်းငယ် မျက်မှောင် ကြုတ်နေပုံရသည်။

...

"ဘုန်း”။

ချင်ယွင်သည် သူ့ရှေ့မှ နတ်ဘုရားသားရဲတစ်ကောင်ကို လက်သီးဖြင့် ထိုးလိုက်ပြီး၊ ထိုနတ်ဘုရား သားရဲသည် အပိုင်းပိုင်း ဖြတ်တောက်သွားသည်။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ ရုတ်တရက် ထွက်ပေါ်လာမူကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ချင်ယွင်သည် အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာသည်ကို သူမ နားမလည်ပါ။

သို့သော် သူမ၏လက်ထဲတွင် ကျိုးကြေနေသော ကျောက်စိမ်းတံဆိပ်ပြားကို သူမ မြင်သော အခါတွင်, သူမသည် ဖြစ်ပျက်နေသည့်အရာများကို သူမ ဝေဝေဝါးဝါး နားလည်သွားသည်။

သူမ ဝင်ရောက်ခဲ့သော စမ်းသပ်မှုမျှော်စင်သည် ကိုးလွှာရှိသည်။ အစပိုင်း ပထမထပ်သည် အထွတ်အထိပ် ကြယ်နတ်ဘုရား နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။

သူမသည် နောက်ဆုံးတွင် ထိုနတ်ဘုရားသားရဲကိုသတ်ရန် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ရပြီး၊ သူမကိုယ်တိုင်လည်း အစောပိုင်း မြေကမ္ဘာနတ်ဘုရား အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

သို့သော်၊ ဒုတိယထပ်သို့ ရောက်သောအခါ၊ ဒုတိယထပ်တွင် အစောပိုင်း မြေကမ္ဘာ နတ်ဘုရား နတ်ဘုရားသားရဲ နှစ်ကောင်ရှိကြောင်း သူမ တွေ့ရှိခဲ့ရသည်။

သူမသည် နောက်ဆုံးတွင် ထိုအစောပိုင်း မြေကမ္ဘာနတ်ဘုရား, နတ်ဘုရားသားရဲ နှစ်ကောင်ကို သတ်ပစ်နိုင်ရန် သူမ၏ နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။

ထို့နောက် သူမအား မျှော်စင်၏ တတိယထပ်သို့ တည်နေရာရွေးပြောင်းပေးခဲ့သည်။ ဤတစ်ကြိမ်တွင်၊ တတိယထပ်မှာ အစောပိုင်း မြေကမ္ဘာနတ်ဘုရား နတ်ဘုရားသားရဲ လေးကောင် ရှိနေသည်။

ကျိုးဟုန်ရွှဲ့သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား နတ်ဘုရားသားရဲ နှစ်ကောင်ကို သတ်ဖြတ်နိုင်ရန် သူမ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။ အခြားတစ်ကောင်ကို ပန်ဂုပုဆိန်က သတ်ပစ်လိုက်သော်လည်း, နောက်ဆုံး နတ်ဘုရားသားရဲတစ်ကောင်သည် ပန်ဂုပုဆိန်က အခြားသားရဲကို သတ်ဖြတ်ရန် တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ ကျိုးဟုန်ရွှဲ့ကို တိုက်ခိုက်ခဲ့သည်။

ကျိုးဟုန်ရွှဲ့သည် သူမ၏နတ်ဘုရားတန်ခိုး စွမ်းအားများအားလုံး ကုန်ဆုံးသွားခဲ့ပြီး ဖြစ်ကာ၊ ကူကယ်ရာမဲ့ဖြစ်ပြီး ချင်ယွင်ပေးခဲ့သော ကျောက်စိမ်းတံဆိပ်ပြားကို ချေမွပစ်ရန်သာ တတ်နိုင်ခဲ့ပါသည်။

ကျောက်စိမ်းတံဆိပ်ပြားကို ကြေမွသွားပြီး နောက်တွင် ပြင်းထန်သော စုပ်ယူမှုစွမ်းအား တစ်ခုက သူမနောက်မှ ချက်ချင်း ထွက်ပေါ်လာသည်။ သို့သော်လည်း သူမအား တွင်းနက်ကြီးမှ ဝါးမျိုချတော့မည်ကို မြင်လိုက်ရသောအခါတွင်, ပြင်းထန်လှသော လေဟာနယ်ဆိုင်ရာ ချုပ်နှောင်မှုစွမ်းအားတစ်ခုက သူမအား ဝါးမျိုသွားခြင်းမှ ကာကွယ်သွားခဲ့သည်။

ချင်ယွင်သည် ဤအခြေအနေကို အတိအကျ သိလိုက်ရသောကြောင့်, သူသည် ကနဦး စကြဝဠာကို ဖြတ်သန်းပြီး စမ်းသပ်မူမျှော်စင်ရဲ့ တတိယထပ်ကို အပြေးအလွှား ပြေးသွား နိုင်ခြင်း ဖြစ်ပါသည်။ နောက်ဆုံးတွင်, သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား နတ်ဘုရားသားရဲကို သတ်ပြီး ကျိုးဟုန်ရွှဲ့၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။

“ဟုန်ရွှဲ့ မင်း အဆင်ပြေရဲ့လား" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို လှည့်ကြည့်ပြီး စိုးရိမ်စိတ်ဖြင့် မေးသည်။

ယခုအချိန်တွင် ကျိုးဟုန်ရွှဲ့သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သူမ၏ဝတ်စုံတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

"အဆင်ပြေပါတယ်၊ ကျွန်မရဲ့ နတ်ဘုရားတန်ခိုးတွေ အရမ်းကုန်သွားရုံပါ။” ကျိုးဟုန်ရွှဲ့က ပြုံးပြသည်။

ချင်ယွင်၏ ရုတ်တရက် ထွက်ပေါ်လာမူက သူမအား နားမလည်နိုင်သည့် လုံခြုံမှုကို ပေးစွမ်းပါသည်။

ကျိုးဟုန်ရွှဲ့၏ စကားကိုကြားတော့ ချင်ယွင်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက် သည်။

သူက သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ သူ့ရှေ့တွင် ကနဦးစကြဝဠာ၏ တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သို့သော်, ချင်ယွင်ကို ထိတ်လန့်စေသည်မှာ, သူသည် အမှန်ပင် တွင်းနက်ကြီးထဲသို့ မ၀င်နိုင်ရောက်နိုင်ခဲ့ပေ။ သူ တွင်းနက်ကြီးထဲသို့ ဝင်ရောက် သည်နှင့် လေဟာနယ်ထဲမှ ကြီးမားသော ချည်နှောင်မှုစွမ်းအားတစ်ခုကို ခံစားရပြီး၊ ယင်းကြောင့် လှုပ်ရှားနိုင်စွမ်းပင် မရှိခဲ့ချေ။ သူသည် ကျိုးဟုန်ရွှဲ့၏ ယခင်အခြေအနေကဲ့သို့ အတားအဆီး လုံးဝ မရှိသော်လည်း အခြားနေရာများသို့ သွား၍မရနိုင်ခဲ့ပေ။

“သေချာပါတယ်၊ ဒီစမ်းသပ်မူခန်းထဲမှာ ခိုင်မာတဲ့ ချည်နှောင်မှုစွမ်းအားတစ်ခု ရှိနေခဲ့တယ်။ တကယ်လို့, စမ်းသပ်မှုကိုသာ မအောင်မြင်ခဲ့ဘူးဆိုရင် ထွက်သွားဖို့ လမ်းမရှိဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

"ဟုန်ရွှဲ့၊ မင်း မျှော်စင်ထိပ်ဆုံးထပ်ကို ဖြတ်ကျော်နိုင်တာနဲ့ မင်းရဲ့စမ်းသပ်မှုက ပြီးသွားမှာ လား" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို မေးလိုက်ပါသည်။

"မှန်တယ်။ ဒီနတ်ဘုရားသားရဲတွေကို သတ်ပြီး မျှော်စင်ထိပ်ဆုံးထိပ်ကို ထိုးဖောက် ဝင်ရောက်နိုင်မှသာ စမ်းသပ်မှုကို အောင်မြင်စွာ ပြီးမြောက်တယ်လို့ ယူဆနိုင်သည်။ ဒါပေမယ့် ဒီနတ်ဘုရားသားရဲများသည် အလွှာတစ်ခုပြီးတစ်ခု အရေတွက် တိုးလာနေ တယ်။ သူတို့တစ်ကောင်ချင်းစီကလည်း ကျွန်မနဲ့ အဆင့်တူတွေပဲ။ သူတို့ကို တိုက်ခိုက်ဖို့ က တကယ်ကို ခဲယဉ်းလွန်းတယ်။" ကျိုးဟုန်ရွှဲ့က ကူကယ်ရာမဲ့ ပြောလိုက်ပါသည်။

နောက်ဆုံးအကြိမ်ကထက် နောက်တစ်ကြိမ်မှာဆို နတ်ဘုရားသားရဲ အရေအတွက်က နှစ်ဆဖြစ်လာပါလိမ့်မည်။ အကယ်၍, ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက, ကိုးလွှာမြောက်မှာ နတ်ဘုရားသားရဲ အရေအတွက်က ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်ရှိသွားပါလိမ့်မည်။ ထို့အပြင်, ၎င်းတို့အားလုံးသည် အဆင့်တူများ ဖြစ်ကြ သည်။ ထိုလူထူးလူဆန်းပါရမီရှင်တွေ တစ်ယောက်မှ အသက်မရှင်ကြသည်မှာ အံ့သြစရာ မရှိတော့ပါဘူး။

“ကိစ္စမရှိဘူး။ နောက်ပိုင်း, မင်းဖြတ်ကျော်နိုင်အောင် ငါ ကူညီပေးမယ်။ ဒါက အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်လေးပဲ မဟုတ်လား။ ငါ မင်းလိုသလောက် သတ်ပစ်လိုက်မယ်" ချင်ယွင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

သို့သော် သူပြောပြီးသည်နှင့် သူ့မျက်နှာက ပူစပ်ပူလောင် ဝေဒနာကို ခံစားလိုက်ရသည်။

ဒီအချိန်မှာပင် နတ်ဘုရားမျှော်စင်ပေါ်အတွင်း တတိယမြောက်ထပ်မှာ နောက်ထပ် နတ်ဘုရားသားရဲများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။ တတိယမြောက်ထပ်မှာ လေးကောင် မဟုတ်တော့ဘဲ ရှစ်ကောင် ဖြစ်လာခဲ့သည်။

လေးကာင်က အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ဖြစ်သင့်ပြီး၊ ကျန်လေးကောင်က နှောင်းပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ်များ ဖြစ်ကြပါသည်။

All Chapters