← Chapters

အခန်း ၁၃၈၈

Vol. 93 Ch. 1388

အခန်း ၁၃၈၈

Vol. 93 Ch. 1388

အခန်း (၁၃၈၈) အမှောင်ညမန်တီများ။ (မြန်ဆိုမူပြုလျှင် ဓားခုတ်ကောင်ဟု ပြန်ဆိုရ မည်ထင်သည်။

ချင်ယွင်သည် ရုတ်ချည်းပေါ်လာသော နတ်ဘုရားသားရဲ ရှစ်ကောင်ကို ကြည့်ရင်း အံသြသွားသည်။

တတိယထပ်တွင် နတ်ဘုရားသားရဲလေးကောင်သာ ရှိသင့်သည် မဟုတ်လော။

နောက်ထပ် လေးကောင်က မည်သို့ ရှိလာရနသည်း?။ ထို့အပြင် သူသည် တတိယထပ်ကို ဖြတ်ကျော်ပြီးသွားပြီ။ ယုတ္တိဗေဒအရပြောရရင်၊ နတ်ဘုရားသားရဲတွေ နောက်ထပ် မရှိသင့် တော့ပါဘူး။ အခု အဘယ့်ကြောင့် ပေါ်လာရသနည်း။ ထို့အပြင်၊ ရှစ်ကောင် ရှိနေခဲ့သည်။ ၎င်းတို့အနက်မှ လေးကောင်သည် နှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့်မှာ ရှိနေခဲ့သည်။

"ငါ ပေါ်လာလို့များ ဖြစ်နိုင်လား" ချင်ယွင်သည် သူ့ကိုယ်သူ ရိပ်စားမိသွားသည်။

'"ဦးလေး၊ အဲဒါ ရှင့်ကြောင့် ဖြစ်နိုင်တယ်။ ဒီစမ်းသပ်မူမျှော်စင်က စမ်းသပ်သူရဲ့ ခွန်အားနဲ့ အညီ နတ်ဘုရားသားရဲတွေရဲ့ ကျင့်ကြံမှုကိုလည်း ထိန်းညှိပေးနိုင်တယ်။ ကျွန်မက အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်ကနေ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ကို ဖြတ်ကျော်သွားခဲ့တယ်။ အခု ဦးလေးက ထွက်ပေါ်လာတာဆိုတော့, ဒီစမ်းသပ်မှုအဆင့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထပ်ပြီး ပြောင်းလဲသွားမှာ သေချာတယ်။" ကျိုးဟုန်ရွှဲ့က ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်က ခေါင်းညိတ်လိုက်သည်။

ဤနည်းဖြင့်သာ ရှင်းပြနိုင်ပါတော့သည်။ သူ၏ထွက်ပေါ်လာမူကြောင့် ဤမျှော်စင်၏ စည်းမျဉ်းများကပါ ပြောင်းလဲသွားခဲ့ပြီး ဤမျှော်စင်၏ အခက်အခဲကို တိုးမြင့် သွားစေခဲ့ သည်။

"စိတ်မပူပါနဲ့၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲ လေးကောင်နဲ့ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲ လေးကောင်ကို ငါ ကိုင်တွယ်နိုင် ပါတယ်" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို ပြုံးပြပြီး သူ့ရှေ့က နတ်ဘုရားသားရဲ ရှစ်ကောင်ကို လှည့်ကြည့်လိုက်ပါသည်။

ဤမျှော်စင်ရှိနေရာသည် အလွန်ကျယ်ဝန်းသည်။ အလွှာတစ်ခုစီ၏ ဧရိယာသည် ယခင်က ချင်ယွင်နှင့် အခြားလူများ ရှိနေခဲ့သည့်နေရာနှင့် စတုရန်းအရွယ်အစားချင်း အတိအကျ တူညီသောကြောင့် တိုက်ပွဲနေရာ မရှိခြင်းအတွက် စိတ်ပူစရာမလိုပေ။

ဤနတ်ဘုရားသားရဲများသည် သာမန်နတ်ဘုရားသားရဲများနှင့် ကွဲပြားပုံရသည်။ ၎င်းတို့ အားလုံးသည် ထူးထူးခြားခြား အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ အစောပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့် သို့မဟုတ် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ဖြစ်စေ, ၎င်းတို့၏ ဦးခေါင်းများသည် လူသားများနှင့် အတူတူပင်။ ၎င်းတို့သည် သေမျိုးကမ္ဘာ၏ မန်တီများနှင့် အလွန်ဆင်တူသည်။ သူတို့၏ ခြေသည်းများသည် အနှိုင်းမဲ့ ချွန်ထက်သော ဓါးများကဲ့သို့ ဖြစ်ကြပြီး၊ ၎င်းတို့၏ ကျောပြင်ပေါ်တွင် အနှိုင်းမဲ့ ချွန်ထက်သော ဓါးများလည်း ရှိနေသေး သည်။ (အမှောင်ညမန်တီးများ၏ ဓားဟူသည် ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ ထက်ရှသော လက်ခြေအစိတ်ပိုင်းများကို ဆိုလိုဟန်တူပါသည်)။

တစ်ခုတည်းသော ခြားနားချက်မှာ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရား သားရဲများ အားလုံးသည် အစိမ်းရောင်ဖြစ်ပြီး၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲများသည် ခရမ်းရောင် ဖြစ်နေကြခြင်းပင်။

၎င်းတို့မှာ ဘာအသိဥာဏ်မှ မရှိပါဘူး။ ၎င်းတို့မှာ ပြင်းထန်သည့် တိုက်ခိုက်ရေး ဗီဇများသာ ရှိကြပါသည်။ ၎င်းတို့မျက်လုံးများသည် ကြက်သွေးရောင်တောက်နေပြီး သွေးဆာဟန်များ ဖြင့် ပြည့်နှက်နေသည်။

"သတိထားပါ။ ဒီနတ်ဘုရားသားရဲတွေကို အမှောင်ည မန်တီတွေလို့ ခေါ်တယ်။ ဒီကောင်တွေက တိုက်ခိုက်ရေးအမျိုးစား အထူးနတ်ဘုရားသားရဲတွေပဲ။ သူတို့ရဲ့ ဓားတွေ က နတ်ဘုရားပစ္စည်းတွေနဲ့ ယှဉ်နိုင်တယ်၊ အလွန်ထက်မြက်တယ်။" ကျိုးဟုန်ရွှဲ့က သတိပေးသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်တွေက ချက်ချင်း ပြင်းထန်လာသည်။ သူသည် ခြေချောင်းများကို ကြမ်းပြင်ပေါ် ထိပြီး နတ်ဘုရားသားရဲ ရှစ်ကောင် ဦးတည်ရာဆီသို့ ပျံသန်းသွားစဉ် ချက်ခြင်းဆိုသလို ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်ကို စိုးရိမ်သည့် အမူအရာဖြင့် ကြည့်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ချင်ယွင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ထောင့်တစ်နေရာသို့ ဆုတ်ခွာသွား ပြီး သူမ၏နတ်ဘုရားတန်ခိုးစွမ်းအားကို လျှို့ဝှက်စွာ ပြန်လည်ရယူနေခဲ့သည်။

နတ်ဘုရားသားရဲ ရှစ်ကောင်သည် ချင်ယွင် ၎င်းတို့ဆီသို့ ပြေးလာသည်ကို မြင်သောအခါ တွင် ထူးဆန်းသော ဟိန်းဟောက်သံကို ချက်ချင်း ထုတ်ဖော်ပြီး ချင်ယွင်ဆီသို့ ဝိုင်းအုံလာသည်။

အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲများထဲမှ တစ်ကောင်သည် ၎င်း၏နှင်းဖြူရောင်ဓားသွားကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ခုတ်ပိုင်းလိုက်လေသည်။ ဓါးသည် အနှိုင်းမဲ့ ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်လိုက်သဖြင့် လူတစ်ယောက်၏ နှလုံးကိုပင် အေးခဲသွားစေနိုင်သည်။

ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားကာ သူ့ဆီသို့ ဖြတ်သန်းလာနေ သည့် နှင်းဖြူရောင်ဓားသွားကို ကြည့်လိုက်သည်။ သူ့လက်ချောင်းကို ချက်ချင်း ဆန့်ထုတ် လိုက်ပြီး၊ သူ့လက်ညှိုးကို ဓားသွားပေါ် ဆက်ခနဲတောက်ထုတ်ရင်း, သူ့တကိုယ်လုံးက ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ချွင်..၊

တုန်ခါသံတစ်ချက် ထွက်ပေါ်လာပြီးနောက် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ည မန်တီသည် ချက်ချင်း နောက်သို့ လွင့်ပျံသွားခဲ့သည်။ ၎င်းသည် ပေတစ်သောင်း အကွာအဝေးထိ လွင့်ပျံသွားကာ နောက်ဆုံးတွင် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။

၎င်းသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲတစ်ကောင်မျှသာ ဖြစ်သည်။ ၎င်းသည် အစွမ်းထက်သော တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထား သူ ချင်ယွင်အတွက်မူ အားနည်းနေဆဲ ဖြစ်သည်။

သို့သော်၊ ချင်ယွင်ကို အံ့အားသင့်စေသည်မှာ သူ့လက်ချောင်းသည် အဆင့်နိမ့် နတ်ဘုရား ပစ္စည်းကိုပင် ဖြိုခွဲပစ်နိုင်လောက်သည်။ သို့သော် နတ်ဘုရားသားရဲ၏ ဓားကို ထိလိုက်သော အခါ, ၎င်းဓားသည် ကွဲကြေသွားခြင်း မရှိပေ။ ဤသည်မှာ နတ်ဘုရားသားရဲ၏ဓားသည် အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းများကဲ့သို့ မာကျောကြောင်း ပြသရန် လုံလောက်ပါသည်။

အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းနှင့် နှိုင်းယှဉ်နိုင်သော ဓားကို ကြီးထွားစေနိုင်သည်။ ထို့အပြင်၊ ၎င်းထံမှာ ဓားတစ်ချောင်းထက်ပို၍ ရှိနေခဲ့သည်။ ထိုကဲ့သို့သော နတ်ဘုရားသားရဲများသည် အသိဉာဏ်ရှိနေလျှင် အလွန်ကြောက်စရာကောင်းသော မျိုးစိတ်တစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။

ဘန်း…။

ချင်ယွင်သည် အမှောင်ညမန်တီ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် တုန်လှုပ်နေစဉ်မှာ အခြားသော အမှောင်ညမန်တီ ခုနစ်ကောင်သည် ချင်ယွင်ကို တိုက်ခိုက်နေပြီ ဖြစ်ပြီး၊ အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသော ဓါးသည် သူ့နှလုံးသားကို တုန်လှုပ်စေပြီး အေးစက်မှုနှင့်အတူ တဖျပ်ဖျပ် တောက်နေသည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် လျစ်လျူမရှုခဲ့ပေ။ ယင်းအစား၊ သူသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို တိုက်ရိုက်ထုတ်ကာ နတ်ဘုရားသားရဲများကို ဖြတ်ကျော် သွားစဉ် နောက်ဆက်တွဲ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဖျန်း…"

နတ်ဘုရားသားရဲ ကောင်သုံးကောင်သည် နှစ်ခြမ်းကွဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ သွေးအိုင်သုံးခု ဖြစ်သွားခဲ့သည်။

အဆုံးတွင် ထိုနတ်ဘုရားသားရဲ သုံးကောင်သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲ သုံးကောင်သာ ဖြစ်ပါသည်။ ချင်ယွင်၏ ရည်ရွယ်ချက်မှာ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲ လေးကောင်လုံးကို သတ်ပစ်ရန်ဖြစ်ပြီး၊ ထို့နောက်တွင် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ည မန်တီလေးကောင်ကို ကိုင်တွယ်ဖို့ အာရုံစိုက်ရန် ဖြစ်သည်။

အဆုံးတွင်, ချင်ယွင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေး စွမ်းရည် များ ပိုင်ဆိုင်ထားသော နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ လေးကောင်ကို လျစ်လျူရှုရန် မဖြစ်နိုင်သေးပေ။ တိုက်ခိုက်ရန် အတော်လေး ပြဿနာများ တုန်းပင်။

ဘန်း…။

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် ကြောက်မက်ဖွယ် ဓားရှည်ပေါင်းများစွာက ချင်ယွင်ဆီ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလာကြသည်။ ထိုဓားများတွင် ပြင်းထန်သော ခရမ်းရောင်ဆန္ဒ များလည်း ပါဝင်နေကြသည်။

ဓါးများပေါ်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ဖြစ်ပေါ်နေပြီး၊ ၎င်း၏စွမ်းအားသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားအပြည့် တိုက်ခိုက်မူနှင့် နှိုင်းယှဉ်နိုင်သည်။

ချင်ယွင်သည် လုံးဝ ပေါ့ဆမနေဝံ့ဘဲ ခိုင်မာသော အကာကွယ်ကို တည်ဆောက်ရန် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရား တန်ခိုးအားလုံးကို အလျင်အမြန် စုစည်းလိုက်သည်။

"ဘုန်း”။

အမှောင်ညမန်တီများ၏ ဓားချက်များသည် ချင်ယွင်၏ နတ်ဘုရားတန်ခိုး အကာကွယ် ပေါ်သို့ ကျရောက်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ချက်ချင်း ပေါက်ကွဲသွားသည်။

ချင်ယွင်၏ နတ်ဘုရားတန်ခိုး စွမ်းအင် အကာကွယ်သည် ချက်ခြင်း ကွဲအက်သွားပြီး သူ၏ တစ်ကိုယ်လုံးသည် ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် ပြန်တွန်းကန်သွားခဲ့သည်။

ချင်ယွင်၏ ရုပ်အသွင်သည် အဝေးသို့ လွင့်ပျံသွားစဉ် သူ့မျက်လုံးများက အံ့အားသင့်သည့် အရိပ်မြွက်ကို ဖော်ထုတ်နေသည်။

အမှောင်ညမန်တီများ၏ ခွန်အားသည် သူထင်ထားသည်ထက်ပင် ပိုမိုအားကောင်းလာခဲ့ သည်။ အမှောင်ညမန်တီ လေးကောင်သည် တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ ခွန်အားများသည် အတူတကွ စုစည်းလာခဲ့သည်။ ချင်ယွင်ပင်လျှင် ၎င်းတို့ကို ဆန့်ကျင်ရန် ခက်ခဲသည်။

"ကြည့်ရတာ ငါ သူတို့အားလုံးကို ဖြိုခွဲနိုင်မှရမယ့်ပုံပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို အနည်းငယ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဘန်း..။

ဤအခိုက်အတန့်တွင် တန်ခိုးကြီးမားသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း တစ်ခု ရောက်ရှိလာခဲ့သည်။ ချင်ယွင်သည် သူ့နောက်ကျောမှ အေးစက်မူကို ခံစားလိုက်ရ သည်။

ခရမ်းရောင်ဆန္ဒမျှင်တန်းတစ်ခုက သူ့ဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလာသည်ကို သူ မြင်လိုက်ရသည်။

"ဘယ်လောက်တောင် မြန်ဆန်လိုက်လဲ။ သူက ငါ့နောက်မှာ တကယ် ရှိနေတာပဲ။" ချင်ယွင်သည် ထိတ်လန့်သွားပြီး သူ့မျက်လုံးထဲမှာ လေးနက်မှု အရိပ်အယောင် ပေါ်လာသည်။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူ့လက်ထဲက နတ်ဘုရားဆေဘာသည် သူ့နောက်မှ ခရမ်းရောင်ဆန္ဒမျှင်တန်းကို ဖြတ်တောက်လိုက်သည်။

ချွင်..၊

အနှိုင်းမဲ့ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏ နတ်ဘုရားဆေဘာ သည် သူ့နောက်မှ အမှောင်ညမန်တီနှင့် တိုက်ရိုက်ပင် အပြင်းအထန် ထိတွေ့သွားခဲ့သည်။

ထိုပြင်းထန်သော တိုက်တိုက်တွေ့ဆုံမှုသည် အားကောင်းသော အငွေ့အသက်ကို ဖြစ်ပေါ် စေပြီး နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် နေရာတိုင်းတွင် ပြန့်ကျဲနေ သည်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ။" ချင်ယွင် အနည်းငယ် အံ့သြသွားသည်။

သူ့ခွန်အားသည် သာမန် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူထက် များစွာ သာလွန်နေပြီဖြစ်သော်လည်း ယခုအခါတွင် သူသည် ဤအမှောင်ည မန်တီများနှင့် တန်းတူဖြစ်နေခဲ့သည်။ သူ မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း?။

ဘန်း…။

ချင်ယွင် ထိတ်လန့်အံ့ဩနေစဉ်မှာ ကြောက်စရာကောင်းသည့် အအေးဓာတ်သုံးခုက သူ့နောက်ကနေ ထွက်ပေါ်လာပြန်သည်။

အခြားအမှောင်ညမန်တီသုံးကောင်သည် ၎င်းတို့၏ ဓားများကို ဝှေ့ယမ်းကာ ချင်ယွင် ဘက်သို့ ခုတ်ပိုင်းလာသည်။

ချင်ယွင်သည် အရပ်မျက်နှာအသီးသီးမှ ဓါးအလင်းတန်းများကို ခံစားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ သူ့မျက်လုံးများတွက် စူးရှမှုက ရုတ်တရက် ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ဤအမှောင်ညမန်တီများသည် သူထင်ထားသည်ထက် ပို၍ပင် အစွမ်းထက်သောကြောင့် ၎င်းတို့လေးကောင်နှင့် အသက်တစ်ရှိုက်အတွင်း ရင်ဆိုင်ရခြင်းကပင် လွယ်ကူသော အလုပ်မဟုတ်ပေ။

"ဟမ့်၊ ဒါဆိုလည်း မင်းတို့ ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ရအောင်" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းက ရုတ်ခြည်း အဝေးသို့ ပျံ့နှံ့တုန်ခါသွားသည်။ သူ့လက်ထဲက နတ်ဘုရားဆေဘာသည် ထောင်နှင့်ချီသော ပုံရိပ်များအဖြစ်သို့ ချက်ချင်း ပြောင်းသွားပြီး အနီးနားက အမှောင်ည မန်တီများ၏ ဓားသွားများကို အဝေးသို့ တွန်းထုတ်လိုက်သည်။

All Chapters