← Chapters

အခန်း ၁၃၈၉

Vol. 93 Ch. 1389

အခန်း ၁၃၈၉

Vol. 93 Ch. 1389

အခန်း (၁၃၈၉) ပန်ဂုပုဆိန်၏စွမ်းအား။

ချင်ယွင်သည် သူ့လက်ထဲတွင် နတ်ဘုရားဆေဘာကို ပြောင်းပြန်လှန်ထုတ်လိုက်ရင်း အလွှာတစ်ထောင်ရှိသော ဆေဘာလှိုင်းလုံးများကို အခြား အမှောင်ညမန်တီသုံးကောင် ဆီသို့ ဖြတ်သန်းသွားစေသည်။

သူ့ဆေဘာကို တစ်ချက်လှုပ်လိုက်ရုံဖြင့် ထောင်ပေါင်းများစွာသော ဆေဘာအရိပ်များ သည် အနှိုင်းမဲ့ ထက်ရှလာခဲ့သည်။

"ချွင်..၊ ချွင်…."

အမှောင်ညမန်တီသုံးကောင်သည် ၎င်းတို့၏ ဓားများကို ဝှေ့ယမ်းပြီး ချင်ယွင်၏ ဆေဘာ အလင်းနှင့် အဆက်မပြတ် အပြင်းအထန် တိုက်ခိုက်ကြသည်။ အချင်းချင်း ထိပ်တိုက် တွေ့ဆုံမိပြီး သန့်စင်သော သံမဏိအချင်းချင်း ထိတွေ့မိသည့်အသံတွေက တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာသည်။ ပြန့်ကျဲနေသည့် ဆေဘာအလင်းများက နေရာအနှံ့ ပြန့်ကြဲစွာ ထွက်ပေါ်နေပြီး၊ အနီးနားရှိ ကြမ်းပြင်များနှင့် နံရံများတွင် အမှတ်အသားများ ကျန်ရစ်ခဲ့သည်။

ချင်ယွင်၏ဆေဘာ ထိုးနှက်မှုကြောင့် အမှောင်ညမန်တီလေးကောင်သည် တွန်းအားပေး နောက်ဆုတ်နေရသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည်လဘည်း ချင်ယွင်၏ ဆေဘာ အလင်းထိမှန်မူကြောင့် သူ့ခြေထောက်တွင် သွေးထွက်သံယို ဒဏ်ရာတစ်ခု ပေါ်လာ သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ဝူဝမ်ဓားသိုင်း ပထမဓားကွက်ဖြစ်သော ဓားလှိုင်းသည် ထူးထူးခြားခြား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေါ့ပေါ့ပါးပါး ဆေဘာကို ဝှေ့ယမ်း တိုက်ခိုက်ခြင်းဖြင့် သူသည် အလွှာထောင်ချီသော ဓားသွားလှိုင်းများကို ဖန်တီးနိုင်သည်။ ဆေဘာတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဆေဘာလှိုင်းများသည် ဧရာမနဂါးကြီးကဲ့သို့ လှိမ့်တက်သွားကာ မည်သူမျှ သူ့အနားသို့ မကပ်နိုင်ခဲ့ကြပေ။

အမှောင်ညမန်တီလေးကောင်ကို နောက်ပြန်ဆုတ်အောင် တွန်းအားပေးပြီးနောက်၊ ချင်ယွင်၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

အမှောင်ည မန်တီလေးကောင်သည် ချင်ယွင် မည်သည့်နေရာ ရောက်သွားသည်ကို နားမလည်ဘဲ သူတို့မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ရှိနေကြသည်။

ဘန်း…။

အမှောင်ည မန်တီလေးကောင်သည် ပဟေဠိဖြစ်နေကြစဉ်မှာ ချင်ယွင်၏ ရုပ်အသွင်လည်း တစ္ဆေသရဲကဲ့သို့ အမှောင်ညမန်တီတစ်ကောင်၏ နောက်မှာ ပေါ်လာသည်။ သူ့လက်ထဲက နတ်ဘုရားဆေဘာသည် ထိုအမှောင်ညမန်တီဆီကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းစဉ်မှာ အနှိုင်းမဲ့ ထက်ရှသော ဆေဘာအငွေ့အသက်ကို သယ်ဆောင်ထားခဲ့သည်။

အမှောင်ည မန်တီလည်း သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ သူ့နောက်ကျောပေါ်ရှိ ဓါးသည် ချက်ချင်းဆိုသလိုပင် ချင်ယွင်ကို ခုတ်ပိုင်းလာသော ဆေဘာအလင်းဆီသို့ ပစ်ခတ်လိုက်သည်။

ချွင်…။

အလွန်ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏ဆေဘာ သည် ပိတ်ဆို့ခံခဲ့ရပြီး၊ သူ့ခန္ဓာကိုယ်သည် ပြန်လှန်တွန်းကန်သွားခဲ့သည်။

ထိုဓားသွားသည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာနှင့် အပြင်းအထန် တွေ့ဆုံမိပြီး၊ ချင်ယွင် ဆီသို့ ဆက်၍ မခုတ်ပိုင်းနိုင်တော့ဘဲ လေထဲတွင် လှည့်ပတ်သွားသည်။

ထိုလည်ပတ်နေသော ဓားသည် အမှောင်ညမန်တီ၏ အသက်ကယ်စွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်း၏ နောက်ကျောရှိ ဓားမောက်ကို လခြမ်းဓားဟုခေါ်ပြီး အရေးကြီးသော အခိုက်အတန့်များတွင် အဆက်မပြတ် ပစ်လွှတ်နိုင်သည်။ ၎င်းဓားသည် သူတို့စိတ်နှင့် ဆက်စပ်နေသည်။ လခြမ်းဓားသည် ၎င်းတို့၏ ပြိုင်ဘက်များကို တိုက်ခိုက်ရန်အတွက် ၎င်း၏စိတ်ကို အသုံးပြုရပြီး၊ အနှိုင်းမဲ့ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ဖော် ပြသနိုင်သည်။

"ချွင်..၊ ချွင်..”။

ချင်ယွင်သည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ဝှေ့ယမ်းလိုက်ပြီး အမှောင်ညမန်တီ၏ လှည့်ပတ်နေသော လခြမ်းဓားနှင့် အဆက်မပြတ် တိုက်ခိုက်ကာ အနှိုင်းမဲ့ လှပသော မီးပန်းမီးပွားများ ဖြစ်ပေါ်လာသည်။ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ သည် နေရာတိုင်းတွင် ပို၍ပို၍ပင် အရူးအမူး ပြန့်ကျဲနေခဲ့သည်။

"သေချာပါတယ်၊ ဒါက အစွမ်းထက်တဲ့ တိုက်ခိုက်ရေးမျိုးနွယ်စုတစ်ခုပဲ။ ချွန်ထက်တဲ့ လက်နက်တွေအပြင် သူ့ရဲ့နောက်ကျောပေါ်မှာရှိတဲ့ ဓားကလည်း တကယ်ကို အစွမ်းထက် လွန်းတယ်။" ချင်ယွင်သည် သူ့စိတ်ထဲတွင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

ဒီအမှောင်ညမန်တီများကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ့နောက်ကျောက ဓားသည် ဤမျှလောက် အသုံးဝင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ထို့အပြင်၊ ၎င်းဓားသည် ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာတောင်မှ ဖျက်စီးနိုင်ရန် ခက်ခဲလွန်းလှ သည်။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများကြားမှာပင် ၎င်းကို ထိပ်တန်းတည်ရှိမှုဟု ယူဆနိုင်သည်။ ထို့ကြောင့် ချင်ယွင်က ၎င်းကို တွန်းထုတ်ရုံသာ တတ်နိုင်သော်လည်း မဖျက်ဆီးနိုင်ခဲ့ပေ။

"ဝှီး….၊ ဝှီး… ဝှီး…"

ဤအခိုက်အတန့်တွင် အဝေးမှ လေတိုးသံသုံးချက် ထပ်မံ ထွက်ပေါ်လာသည်။ ချင်ယွင်သည် အပေါ်ကို မော့ကြည့်လိုက်စဉ် လခြမ်းဓား ၃ ချောင်းက လေထဲမှာ ထိုးဖောက် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ ဓားများမှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းများ ထွက်ပေါ်နေသည်။

"လခွမ်း၊ နောက်ထပ် သုံးချောင်းလား" ချင်ယွင်၏ မျက်လုံးများတွင် အမျက်ဒေါသက အထိန်းချုပ်မဲ့ ပျံ့နှံ့လာခဲ့သည်။

ဤအမှောင်ညမန်တီများ၏ လခြမ်းဓား တိုက်ခိုက်မှုများသည် ကိုင်တွယ်ရန် အလွန်မင်း ခက်ခဲပါသည်။ လခြမ်းဓားတစ်ချောင်းကပင် သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့ပြီ။ အခု နောက်ထပ် သုံးချောင်း ရှိနေသေးသည်။ အကယ်၍, ဤအတိုင်းသာ ရှေ့ဆက်သွားနေပါ က, ချင်ယွင်တောင်မှ ဆိုးရွားသည့် ဘေးဒုက္ခတစ်ခုအတွင်းသို့ ကျရောက်သွားနိုင်ပါသည်။ အနှေးနှင့်အမြန်ဆိုသလို၊ သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားများ ကုန်ဆုံးသွားလိမ့်မည်။

ချွင်..၊

ချင်ယွင်၏ ရုပ်အသွင်သည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး လခြမ်းဓား ၃ ချောင်း၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားလိုက်သည်။ သူက သူ့ဆေဘာကို ဝှေ့ယမ်းကာ လခြမ်းဓားတစ်ချောင်းကို ဖြတ်ခုတ်လိုက်သည်။

လခြမ်းဓားကို လွင့်ထွက်သွားပြီး အဝေးက နံရံကို ပစ်မှန်သွားခဲ့သည်။ ထို့နောက် ၎င်းသည် နောက်ပြန်ကန်ပြီး ချင်ယွင်ဘက်သို့ ထပ်မံ ခုတ်ပိုင်းလာပြန်သည်။

ထိုမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသည့်အခါ သူ့မျက်လုံးထဲမှာ အေးစက်မှုက ပိုလို့တောင် အေးစက် လာခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် ပျောက်သွားခဲ့ပြီး၊ နတ်ဘုရား ပုဆိန်နှင့် အစားထိုးလိုက်သည်။

ဘန်း..။

ပန်ဂုပုဆိန်သည် ချင်ယွင်၏လက်ထဲတွင် ပေါ်လာသည်။ ချင်ယွင်၏ နတ်ဘုရားတန်ခိုး စွမ်းအားများ ပျံ့နှံ့ဝင်ရောက်ခြင်းနှင့်အတူ ပန်ဂုပုဆိန်ပေါ်ရှိ အနီရောင်ပုံစံများသည် မီးတောက်ကဲ့သို့ တောက်ပလာပြီး ချော်ရည်ကဲ့သို့ စီးဆင်းသွားကာ အလွန်တရာမှ လှပလွန်းသည်။

"ပန်ဂုပုဆိန်ရဲ့ အရသာကို မင်းတို့ကို မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်က သရော်သံဖြင့် ပြောလိုက်ပြီး၊ သူ့လက်ထဲက နတ်ဘုရားပုဆိန်သည် လခြမ်းဓားတစ်ချောင်းဆီသို့ ချက်ချင်း ခုတ်ပိုင်းသွားခဲ့သည်။

ချွင်…။

စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏လက်ထဲမှ နတ်ဘုရားပုဆိန်သည် အလွန်လှပသော မီးတောက်တစ်ခု သယ်ဆောင်သွားရင်း လခြမ်းဓားတစ်ချောင်းထံသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။

အသံထွက်လာသည်နှင့်အမျှ လခြမ်းဓားသည် ချက်ချင်း ကွဲအက်သွားပြီး မီးပွားများ အဖြစ်သို့ ပြောင်းလဲသွားပါသည်။

မူလက နတ်ဘုရားဆေဘာကြောင့် ကွဲကြေသွားခြင်းမရှိသည့် လခြမ်းဓားသည် ပန်ဂု ပုဆိန်၏ရှေ့တွင် ထိုးနှက်ချက်တစ်ချက်ကိုပင် လုံးဝ မခံနိုင်ပေ။

ချွင်…။

ချင်ယွင်သည် သူ၏ပုဆိန်ကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ရင်း အခြားလခြမ်းဓားသည်လည်း ကွဲအက်သွားကာ ဘာမှမရှိသည်၏အဖြစ်သို့ ရောက်ရှိသွားကြသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း အလွန်တောက်ပသော အပြုံးတစ်ခုကို ထင်ရှားစေ သည်။ သူ၏လက်ထဲတွင်ရှိသော နတ်ဘုရားပုဆိန်သည် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွား ပြီး အခြားလခြမ်းဓားနှစ်ချောင်းကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။

ချင်ယွင်သည် ပန်ဂုပုဆိန်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ ပန်ဂုပုဆိန်၏ စွမ်းအားသည် ဤမျှကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့ရှေ့တွင် အဆင့်မြင့် နတ်ဘုရားပစ္စည်းများသည် စက္ကူနှင့်တူ၏။ ၎င်းသည် အဆင့်မြင့် နတ်ဘုရား ပစ္စည်းတစ်ခု ဖြစ်ရန် အမှန်တကယ် ထိုက်တန်လွန်းပါသည်။ ၎င်းသည် ထိပ်တန်း နတ်ဘုရား ပစ္စည်း အဆင့်သို့ ရောက်ရှိသွားသောအခါ ဤပန်ဂုပုဆိန်သည် မည်သို့သော စွမ်းအားမျိုး ပိုင်ဆိုင် နိုင်မည်ကို သူ အမှန်တကယ် မသိတော့ပေ။

"အော့..."

အဝေးရှိ အမှောင်ည မန်တီလေးကောင်လည်း ထူးထူးခြားခြား ဆူညံသံများ ထွက်ပေါ်နေ သည်။ ချင်ယွင်၏လက်ထဲမှ ပန်ဂုပုဆိန်ကြောင့် သူတို့လည်း ထိတ်လန့်သွားကြပြီး၊ သူတို့၏ မျက်လုံးများက အလိုလို ထိတ်လန့်သွားသည်မှာ ထင်ရှားလှသည်။

"ဟမ့်၊ အခု မင်းတို့အလှည့် ရောက်ပြီ" ချင်ယွင်သည် အဝေးမှ အမှောင်ညမန်တီများကို ရုတ်တရက် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူသည် ပျံထွက်သွားပြီး သူ့ပုံရိပ်က အမှောင်ည မန်တီ တစ်ကောင် ဆီသို့ ဦးတည်ပျံသန်းနေချိန်မှာ သူ့ရုပ်အသွင်က ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။

ထိုအမှောင်ညမန်တီသည် ချင်ယွင်က သူ့ဆီသို့ အပြေးအလွှား ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ သူ့လက်ထဲမှ ဓားဖြင့် ချင်ယွင်ဆီသို့ ချက်ချင်း ခုတ်ပိုင်းသည်။

"ဖြန်း..”

သို့သော် ချင်ယွင်က ၎င်းကို လျစ်လျူရှုပြီး သူ့လက်ထဲမှ ပန်ဂုပုဆိန်ဖြင့် ခုတ်ပိုင်းလိုက် သည်။ နီမြန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအမှောင်ညမန်တီကို တစ်ခြမ်း ခွဲလိုက်သည်။ ထိုအမှောင်ညမန်တီဓားကိုတောင် နှစ်ပိုင်းခွဲသွားပြီး မျှော်စင်ထဲမှာ ပြာအဖြစ် ပြောင်းပြီး လွင့်ပျယ်သွားခဲ့သည်။

ထိုအခင်းအကျင်းကို မြင်လိုက်ရတော့ အဝေးက အမှောင်ည မန်တီသုံးကောင်သည် ဟိန်းဟောက်ပြီး ချင်ယွင်ဆီ ပြေးသွားခဲ့သည်။

ချင်ယွင်သည် သူ့ဆီသို့ ပျံသန်းနေသော အမှောင်ည မန်တီများကို လှမ်းကြည့်လိုက်သော် လည်း သူ့မျက်လုံးများတွင် ပေါ့ပါးသော အပြုံးကို ပေါ်လွင်စေသည်။

ယခင်က သူသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာဖြင့် ၎င်းတို့အား မည်သို့မျှ မစွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုအခါတွင် သူ့တွင် ပန်ဂူပုဆိန်ကို ကိုင်ဆောင် ထားသော ကြောင့် ချင်ယွင်မှာ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား အမှောင်ညမန်တီကိုပင် မကြောက်သေးပေ။

.

"ငါ့အတွက် သေလိုက်ကြစမ်း..။"

ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့လက်ထဲမှ နတ်ဘုရားပုဆိန်ကို ချက်ချင်း အလျားလိုက် ခုတ်ပိုင်းလိုက်သည်။ ပုဆိန်အလင်းတန်းတစ်ခုသည် လေဟာနယ် ထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားကာ အမှောင်ညမန်တီသုံးကောင်ကို နှစ်ခြမ်း ခွဲပစ်လိုက် သည်။

အမှောင်ည မန်တီသုံးကောင်၏ ခန္ဓာကိုယ်များသည် မီးတောက်များအဖြစ်သို့ ပြောင်းလဲ သွားပြီး လေထဲတွင် ပျံ့လွင့်သွားကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် ညစ်ညမ်းသော လေထုကို ပါးစပ်ဖြင့် ရှူထုတ်လိုက်သည်။

အမှောင်ည မန်တီလေးကောင်ကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန်လွယ်ကူမည်ဟု မူလက သူထင်ခဲ့သော်လည်း ဤမျှခက်ခဲလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကျိုးဟုန်ရွှဲ့ သည် တတိယထပ်အထိ ဖြတ်ကျော်လာရန်မှာ လွယ်ကူခဲ့ပုံမပေါ်ပေ။

"ဦးလေး၊ မြန်မြန် အနားယူပါ။ စမ်းသပ်မူမျှော်စင်က ပထမထပ်ပြီးတာနဲ့ အနားယူဖို့ တစ်နာရီပဲ အချိန်ရတယ်။ အချိန်ပြည့်ရင် နောက်တစ်ထပ်ကို တည်နေရာ လွှဲပြောင်း ပေးလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် နောက်ထပ် တိုက်ပွဲအကြီးကြီးတစ်ခု ရှိနေမှာ သေချာတယ်။" ကျိုးဟုန်ရွှဲ့၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် အနည်းငယ် ခေါင်းညိတ်ပြသည်။ ပန်ဂုပုဆိန်ကို သူ့လက်ထဲမှာ ရုတ်သိမ်းလိုက်ပြီး သူ၏ကုန်ခမ်းသွားသော နတ်ဘုရားတန်ခိုးစွမ်းအားကို ပြန်လည်ရယူရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

All Chapters