← Chapters

အခန်း ၁၃၉၀

Vol. 93 Ch. 1390

အခန်း ၁၃၉၀

Vol. 93 Ch. 1390

အခန်း (၁၃၉၀) ချီလင်မျိုးစေ့။

တကယ်တော့ ချင်ယွင်၏ နတ်ဘုရားတန်ခိုးစွမ်းအား ကုန်ခမ်းမူက ဒီလောက်ကြီး မဟုတ်ပါဘူး။ သူသည် သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားကို ပြန်လည် ဖြည့်တင်းရန် အမွေးတိုင်တစ်တိုင် ထွန်းညှိန်ချိန်လောက်သာ အသုံးပြုခဲ့ရသည်။

သူသည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားတန်ခိုးစွမ်းအားကို စုစည်းနိုင်သည့် အမြန်နှုန်းက သာမန် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူများထက် ဆယ်ဆ ပိုမြန်သည်။ ထို့ကြောင့် ဤအခိုက်တန့်တွင်း ကုန်ဆုံးသွားမူသည် သူ့အတွက် ဘာမှ မဟုတ်ပေ။

သို့သော် ယခုတိုက်ပွဲသည် ချင်ယွင်၏စိတ်နှလုံးကို အလွန်နိုးကြားစေခဲ့သည်။ ဤစမ်းသပ် မူမျှော်စင်သည် သူထင်သလောက် မရိုးရှင်းလှပေ။

ဤသည်မှာ တတိယထပ်သာ ဖြစ်သေးပြီး အနိုင်ရရန်အတွက် များစွာ ကြိုးစားခဲ့ရပါသည်။ နောက်ထပ် ခြောက်ထပ်က ပိုခက်မှာ သေချာပါသည်။

ယခုပင် သူ လျင်မြန်စွာ အနိုင်ယူနိုင်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ပန်ဂုပုဆိန်၏ စွမ်းအား ကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းသည် ပန်ဂုပုဆိန်ကြောင့်သာ မဟုတ်ပါက၊ အမှောင်ည မန်တီလေးကောင်ကို သတ်ဖြတ်ရန် တော်တော်လေး အားထုတ်ရပေလိမ့်မည်။

"ပန်ဂုပုဆိန်ကို အသုံးပြုခြင်းက ငါ့ရဲ့ခွန်အားနဲ့ ခန့်မှန်းမူနဲ့ပတ်သက်ပြီး စမ်းသပ်မူ မျှော်စင်ရဲ့စမ်းသပ်မူကိုလည်း သက်ရောက်မှု ရှိနိုင်မလား ငါ သိချင်မိတယ်။ စတုတ္ထထပ်က နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားသားရဲများ မဟုတ်တော့ဘဲ မြေကမ္ဘာ နတ်ဘုရား အထွတ်အထိပ်အဆင့် နတ်ဘုရားသားရဲများ ဖြစ်နေရင် ပိုပြီး ကြောက်စရာ ကောင်းနေလိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

စမ်းသပ်မူမျှော်စင်သည် စမ်းသပ်မူ၏ အခက်အခဲများကို စမ်းသပ်သူတို့၏ခွန်အားအရ ချိန်ညှိပေးသည်။ ထို့ကြောင့် ချင်ယွင်သည် ယခုပင် ပန်ဂုပုဆိန်ကို အသုံးပြုပါက၊ သူ၏ ခွန်အားသည် မြေကမ္ဘာနတ်ဘုရားအဆင့်တွင် မဟုတ်တော့ဘဲ၊ မြေကမ္ဘာနတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဟု စမ်းသပ်မျှော်စင်က လွဲမှားစွာ ယုံကြည်သွားနိုင်သည်။ စတုတ္ထထပ်တွင် စမ်းသပ်မှုမှာ အလွန်မင်း ကြောက်စရာ ကောင်းနိုင်သည်။

ကျိုးဟုန်ရွှဲ့၏ ယခင်တွက်ချက်မှုများအရ ပထမထပ်သည် အမှောင်ညမန်တီတစ်ကောင် ဖြစ်ပြီး၊ ဒုတိယထပ်မှာ အမှောင်ညမန်တီ နှစ်ကောင်ဖြစ်သည်။ တတိယထပ်မှာ လေးကောင် ဖြစ်ပြီး၊ စတုတ္ထထပ်မှာဆို ရှစ်ကောင် ဖြစ်သင့်သည်။

ချင်ယွင်သည် ကျိုးဟုန်ရွှဲ့၏ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီများ ကို လျစ်လျူရှုနိုင်သော်လည်း၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ည မန်တီရှစ်ကောင် ရှိနေခဲ့ပါက၊ ချင်ယွင်သည် သူ့နည်းလမ်းအားလုံးကို အသုံးပြုလျှင်ပင်, သူသည် ၎င်းတို့၏ပြိုင်ဘက် မဖြစ်နိုင်သေးပါ။ ထို့ကြောင့်, အကယ်၍ ဤသို့သာ ဖြစ်လာခဲ့ပါက ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို စောင့်မျှော်နေသည့် တစ်ခုတည်းသော လမ်းမှာ သေခြင်းပင် ဖြစ်လိမ်မည်။

"မေ့လိုက်ပါ၊ အဆင့်ဆင့် သွားကြည့်ရအောင်။ ဒီချီလင်မျိုးစေ့က ဘာလဲဆိုတာ အရင်ဆုံး ကြည့်ရအောင်။" ချင်ယွင်သည် သက်ပြင်းချလိုက်သည်။ သူပြောပြီးသည်နှင့် လက်ဖဝါးကို လှန်လိုက်လျှင် လက်ထဲတွင် အစေ့တစ်ခု ပေါ်လာသည်။

ထိုမျိုးစေ့သည် ကောင်းကင်ဘုံအုပ်စိုးခြင်း နန်းတော်၌ သူရရှိခဲ့သော ရတနာလေးခု အနက်မှ တစ်ခု ဖြစ်သည်။ ဤချီလင်မျိုးစေ့ကို သူရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်း အသက်သစ်ပင်၏ အနှစ်သာရသည် ဤ ချီလင်မျိုးစေ့အပေါ် တုံ့ပြန်မှုကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဤ ချီလင်မျိုးစေ့၏ ထူးခြားမှုကို မြင်ချင်မိသည်။

ဘန်း..။

ချင်ယွင်သည် သူ့ခန္ဓာကိုယ်ရှိ ရှေးဟောင်းအသက်သစ်ပင်၏ အရင်းမြစ်ကို စုစည်းရန် ကြိုးစားလိုက်သည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အသက်အငွေ့ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ လက်ဖဝါးမှ အစိမ်းရောင် နွယ်ပင်အချို့ ထွက်ပေါ်လာသည်။ ၎င်းနွယ်ပင်များသည် ချီလင်မျိုးစေ့ကို ရစ်ပတ်လိုက်ကြသည်။

ချီလင်မျိုးစေ့ကို ပတ်ပတ်လည်တွင် နွယ်ပင်များစွာ ရစ်ပတ်ထားသောကြောင့် မူလက သက်မဲ့နေသော ချီလင်မျိုးစေ့သည် အသက်ရှင်နေပုံရပြီး အနှိုင်းမဲ့ တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်သည်။ ချီလင်မျိုးစေ့မှ နတ်ဘုရားအလင်းရောင်တစ်ခု ထိုးထွက်လာခဲ့ပြီး ချီလင်မျိုးစေ့တစ်ဝိုက်တွင် အဆက်မပြတ် ပျံသန်းနေသော လက်ဖဝါးအရွယ် ချီလင်သဏ္ဍာန်ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

“ဘယ်လိုတောင် မှော်ဆန်လိုက်တဲ့ မျိုးစေ့လဲ” ချင်ယွင်က မထိန်းနိုင်ဘဲ အော်ပြောမိသည်။

ချီလင်ပုံသဏ္ဍာန်ကို ထင်ရှားဖော်ပြနိုင်သော ချီလင်မျိုးစေ့အား ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် တုနှိုင်းမရတဲ့ အံ့သြဟန် အမူအရာတစ်ခု ပေါ်လာသည်။ ဤအခိုက်အတန့်တွင် သူသည် ချီလင်မျိုးစေ့ပေါ်ရှိ လှိုင်းလုံးများ အားလုံးကို ရှင်းရှင်း လင်းလင်း ခံစားနိုင်သည်။ ထိုလှိုင်းလုံးကြီးက သိပ်ကို ဆန်းကြယ်လွန်းသည်။ ထိုလှိုင်းလုံး ထဲတွင် တုနှိုင်းမရအောင် ထူးခြားသော စွမ်းအားတစ်ခု ပါရှိနေသည်။

ဘန်း….။

ဤချီလင်မျိုးစေ့သည် အံ့ဖွယ်ကောင်းလွန်းသည်ဟု ချင်ယွင်သည် သူ့စိတ်ထဲတွင် သက်ပြင်းချနေစဉ်မှာ ချီလင်မျိုးစေ့သည် အလွန်မင်း အစွမ်းထက်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခုကို ထပ်မံ ထုတ်လွှတ် လိုက်ပြန်သည်။ ထို့နောက် မျိုးစေ့သည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ပျံသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် နစ်မြုပ် သွားခဲ့သည်။

ချီလင်မျိုးစေ့သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသောအခါ, ချင်ယွင်သည် ချီလင်မျိုးစေ့က သူ့ခန္ဓာကိုယ်ထဲတွင် အမှန်တကယ် လျင်မြန်စွာ ကြီးထွား လာသည်ကို တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားရသည်။ အလွန်သွယ်လျသော အကိုင်းအခက်များသည် ချီလင်မျိုးစေ့မှ ပေါက်ထွက်ပြီး ချင်ယွင်၏ ပင်မသွေးကြောများကို ဖုံးအုပ်ထားသည်။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်၏ မျက်လုံးများသည် အံ့သြစွာ ပြူးကျယ်သွားခဲ့သည်။ သူသည် ချီလင်မျိုးစေ့၏ ကြီးထွားမှုကို ရပ်တန့်ချင်သော်လည်း နည်းလမ်းရှာမတွေ့ခဲ့ပေ။ ဤချီလင်မျိုးစေ့သည် သူ့ထိန်းချုပ်မှု လုံးဝ မရှိတော့ဘဲ အရူးအမူး ကြီးထွားနေဆဲ ဖြစ်သည်။

ချင်ယွင်သည် ချီလင်မျိုးစေ့ကို သူ့ခန္ဓာကိုယ်မှ ဖယ်ရှားလိုဟန်ဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ သို့သော်၊ သူသည် ချီလင်မျိုးစေ့ကို လုံးဝ မလှုပ်ခါနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် ပစ္စည်းဝိညာဉ်မျိုးစေ့ကို ကြီးထွားအောင်သာ ခိုကိုးရာမဲ့ ခွင့်ပြုထားလိုက်ရသည်။

သို့သော် ချီလင်မျိုးစေ့က သူ့ကို မည်သည့်ဒုက္ခမှ မပေးခဲ့ပါပါ။ ဆန့်ကျင်ဘက်အနေနှင့်၊ ချီလင်မျိုးစေ့၏ အကိုင်းအခက်များသည် ချင်ယွင်၏ ပင်မသွေးကြောများကို ဖုံးအုပ်ထား ပြီး၊ ထိုအကိုင်းအခက်များမှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်ကာ၊ နောက်ဆုံးတွင် ချင်ယွင်၏ ပင်မသွေးကြောင်များမှတဆင့် ချင်ယွင်၏ခန္ဓာကိုယ်ကို အဆက်မပြတ် အားကောင်းလာစေခဲ့သည်။

မူလကတည်းက ချင်ယွင်သည် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သော်လည်း ယခု ချီလင်မျိုးစေ့၏ စွမ်းအား များ ဖြည့်တင်းပေးမူအောက်တွင် ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား နယ်ပယ်သည် ကြယ်နတ်ဆိုး နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ချိုးဖျက်သွားခဲ့သည်။

ချင်ယွင်သည် သူ့ဖင်းဂေါ့ခန္ဓာကိုယ် သန့်စင်ခြင်းတွင် အောင်မြင်မှုကို ခံစားလိုက်ရပြီး ပြင်းထန်သော ပျော်ရွှင်မှုတစ်ခုက သူ့မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။

"ဘုန်း”။

ချင်ယွင်သည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ပြီး လေဟာနယ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လက်သီးတစ်ချက်ဖြင့် လေဟာနယ်က လှုပ်ခါသွားသည်။ ယခုအချိန်တွင်၊ ချင်ယွင်သည် သူ့ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှုခွန်အားကို အားကိုးရုံဖြင့် အလယ်လတ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ရရှိနေပြီ ဖြစ်သည်။ သူ၏ ပေါင်းစပ် နတ်ဘုရားတန်ခိုးစွမ်းအားနှင့် နတ်ဘုရားစွမ်းရည်အချို့ကို ပေါင်းထည့်လိုက်ခြင်းဖြင့်၊ သူသည် အထွတ်အထိပ်ဖြစ်သော မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ဦးထက် မနိမ့်ကျသည်မှာ သေချာပါသည်။

ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ အောင်မြင်မှုသည် ချင်ယွင်အတွက် ပျော်ရွှင်စရာ ကောင်းသော ပွဲတစ်ခုဖြစ်သည်မှာ သေချာပါသည်။ ဤနည်းဖြင့် သူသည် ဤစမ်းသပ်မူ မျှော်စင်ကို ဖြတ်ကျော်ရန် ပို၍ပင် ယုံကြည်မှုရှိလာခဲ့သည်။

အဝေးမှာ ရှိနေသော ကျိုးဟုန်ရွှဲ့သည် သူမ၏ကျင့်ကြံမှုမှ ဆုတ်ခွာနေပြီ ဖြစ်သည်။ ချင်ယွင်၏ လက်သီးထိုးချက်ကို သူမမြင်လိုက်ရတော့ သူမ၏မျက်လုံးများတွင် အနှိုင်းမဲ့ အံ့အားသင့်နေသည့် အမူအရာတစ်ခုကို ဖော်ထုတ်လိုက်ပါသည်။

"သူက တကယ်ပဲ အဆင့်ဖြတ်ကျော်သွားခဲ့ပြန်ပြီ။ အဆင့်ချိုးဖြတ်ဖို့ ဘယ်တုန်းက အရမ်း ကို လွယ်ကူသွားတာလဲ။" ကျိုးဟုန်ရွှဲ့က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြောလိုက်သည်။ ချင်ယွင်၏ အဆင့်ချိုးဖြတ်မှုကြောင့် သူမသည် သိသိသာသာ ထိတ်လန့်သွားသည်။

ချင်ယွင်သည် ချီသန့်စင်ခြင်းနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း နှစ်မျိုးလုံးကို ကျင့်ကြံခဲ့ကြောင်း သူမ သိသည်။ ချင်ယွင်ကို နောက်ဆုံးအကြိမ် သူမ တွေ့ခဲ့စဉ်တုန်းက, ချင်ယွင်၏ ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုသည် အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ် တွင်သာ ရှိသေးသော်လည်း၊ ယခုတွင် သူသည် ကြယ်နတ်ဆိုးနတ်ဘုရား၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုစဉ်ကတည်းက ပြန်တွက်ကြည့်လျှင်, မည်မျှ ကြာဦးမည်နည်း?။ လူထူးလူဆန်းများပင်လျှင် ထိုကဲ့သို့ တိုးတက်မှုနှုန်းကို မဖော်ပြနိုင်ပေ။

နတ်ဘုရားကမ္ဘာတွင် ခန္ဓာကိုယ် သန့်စင်ခြင်းသည် ဖြတ်ကျော်ရန် ခက်ခဲသည်ဟု အသိအမှတ် ပြုထားသည့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်ပြီး၊ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှုသည် သာမန် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းများထက် အဆပေါင်းများစွာ ပိုခက်ခဲပါသည်။ သို့သော် ချင်ယွင်၏ အောင်မြင်မှုများက ထိုစကားများကို ဟာသလုပ်နေ သလိုပင်။ ကောင်းကင်ဘုံတုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ကြသည့် ထိုကျွမ်းကျင်သူများသာ, ဤအကြောင်းကို သိရှိသွားမည်ဆိုလျှင်, ဒေါသကြောင့် သွေးအန်ကောင်း သွေးအန်သွားနိုင်သည်။

ချင်ယွင်သည် ကျိုးဟုန်ရွှဲ့၏ အံ့အားသင့်သော အမူအရာကို သတိမထားမိပေ။ ထိုအချိန်မှာ သူ့စိတ်က သူ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။ ချီလင်မျိုးစေ့သည် ကြီးထွားမှု ရပ်တန့်သွားခဲ့ပြီး၊ သူ့ခန္ဓာကိုယ်အတွင်း တည်ငြိမ်သွားကြောင်း သူ တွေ့ရှိခဲ့ရ သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်နှင့် လုံး၀ ပေါင်းစပ်သွားပုံရသည်။ အကိုင်းအခက်များသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် အားကောင်းစေသည့် ပင်မသွေးကြော အသစ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချင်ယွင်သည် ဤချီလင်မျိုးစေ့တွင် အဘယ်ကြောင့် ထိုသို့သော အခြေအနေမျိုးတွင် ရှိနေသည်ကို မသိသော်လည်း၊ လက်ရှိအခြေအနေအရ ဤချီလင်မျိုးစေ့သည် သူ့အတွက်သာ အကျိုးရှိပြီး အန္တရာယ်မရှိသောကြောင့် ချင်ယွင်သည် ၎င်းကို ဂရုမစိုက်တော့ပေ။

ဘန်း…။

ချင်ယွင်သည် သူ့လက်ဖဝါးကို လှန်လိုက်ပြန်ပြီး သူ့လက်ထဲမှာ တစ်စုံတစ်ခု ပေါ်လာပြန်သည်။

ဤအရာသည် စောစောက သူရရှိခဲ့သော ရတနာလေးခုထဲမှ တစ်ခုအပြင် အခြားမဟုတ် ပေ။ ထိုနတ်ဘုရားကျမ်းစာအုပ်သည် လင်းထန်ဘ စဉ်းစားခဲ့သည့် လျှို့ဝှက်နတ်ဘုရား ဂိုဏ်း၏ ကျမ်းစာအုပ် ဖြစ်သည်။

All Chapters