← Chapters

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း (၁၃၉၁) စမ်းသပ်မူမျှော်စင်၏ စတုတ္ထထပ်။

ချင်ယွင်သည် ထို"လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်"နှင့်ပတ်သက်၍ ယခင်က လိပ်နက် ပြောပြသည်ကို ကြားခဲ့ဖူးသည်။ ဤ"လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်"သည် လျှို့ဝှက် နတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်ရတနာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားကိုယ်တိုင် ဖန်တီးထားပြီး၊ ဤကျမ်းစာအုပ်သည် အလွန်အစွမ်း ထက်သည့် လုပ်ကြံသတ်ဖြတ်ခြင်း လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်ပါသည်။

ထိုလျှို့ဝှက်ပညာရပ်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးသည်နှင့်, သင်သည် သင့်ကို မြင်တွေ့ နိုင်ခြင်းမရှိဘဲ လူများကို သတ်ဖြတ်နိုင်ပါသည်။ ထိုအချိန်တုန်းက၊ လျှို့ဝှက် ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားသည် ဘိုးဘေးနတ်ဘုရားတစ်ပါး မဖြစ်လာခင်၊ ကောင်းကင် နတ်ဘုရားများကြားမှာ လုပ်ကြံသတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးဆိုသည့် ဂုဏ်သတင်းကို ထူထောင်နိုင်ရန် ဤလျှို့ဝှက်ပညာရပ်ကို အသုံးပြုခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်လျင်မြန်စွာ တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။ တစ်ဖက်လူက မတုံ့ပြန်နိုင်ခင်မှာ ထိုလူသည် အသတ်ခံခဲ့ရပြီးသား ဖြစ်နေပါပြီ။ ထိုအချိန်တုန်းက, ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်သူများသည်ပင် လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားကို အလွယ်တကူ မနှိုးဆော်ဝံ့ကြပေ။

ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားသည် ဤလျှို့ဝှက်ပညာရပ်ကို ဂိုဏ်းရှိတပည့်များထံ လက်ဆင့်ကမ်းပေးခဲ့ သည်။ သို့သော် လူအနည်းငယ်လောက်သာ ဤလျှို့ဝှက်ပညာကို နားလည် သဘော ပေါက်နိုင်ခဲ့ပြီး၊ ၎င်းတို့အနက်မှ မည်သူမျှ ပြီးပြည့်စုံအောင် မလေ့ကျင့်နိုင်ခဲ့ကြပေ။ ထို့ကြောင့်၊ ဤလျှို့ဝှက်ပညာရပ်သည် လျှို့ဝှက်နတ်ဘုရားဂိုဏ်းတွင် အမြင့်မြတ်ဆုံးသော နတ်ဘုရားကျမ်းစာအုပ် တစ်အုပ် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် ဒဏ္ဍာရီဆန်ဆန် အစွမ်းထက်ဆုံး လုပ်ကြံသတ်ဖြတ်ခြင်း ပညာက မည်သို့မည်ပုံဖြစ်မည်ကို မြင်တွေ့ချင်နေမိသည်။

ထို့ကြောင့် ချင်ယွင်သည် နတ်ဘုရားကျမ်းစာအုပ်ကို ဖွင့်ကာ စတင်ကြည့်ရူသည်။ သို့သော် ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

ဤလျှို့ဝှက်နတ်ဘုရား ကျမ်းစာအုပ်ကို လေ့ကျင့်နိုင်အတွက် လေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးကို ဖမ်းဆုပ်ထားနိုင်ရမည် ဖြစ်ပေသည်။ ထို့အပြင်၊ လေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးကို ဖမ်းဆုပ်ထားနိုင်သူများသည် နတ်ဘုရားကမ္ဘာမှာပင် အလွန်ရှားပါး သော တည်ရှိမှုများ ဖြစ်ကြသည်။ လျှို့ဝှက်နတ်ဘုရားဂိုဏ်းတွင် ဤကျမ်းစာအုပ်ကို လူအနည်းငယ်သာ လေ့ကျင်နိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤတံခါးပေါက် တစ်ခုတည်းကပင် လူများစွာကို မဝင်ရောက်နိုင်အောင် ပိတ်ဆို့ထားခဲ့သည်။

"ဒီလျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို အခု လေ့ကျင့်ဖို့က မဖြစ်နိုင်တော့ပုံပဲ။" ချင်ယွင် သည် ကူကယ်ရာမဲ့ သက်ပြင်းချပြီး လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို ဖယ်ထုတ်ရန် ပြင်ဆင်လိုက်သည်။

သူသည် လေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးကို ဖမ်းဆုပ်ထားနိုင်စွမ်း မရှိသောကြောင့် ဤလျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို သဘာဝအတိုင်း မလေ့ကျင့်နိုင်ခဲ့ပါ။

လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို လေ့ကျင့်ရန် နည်းလမ်းမရှိသောကြောင့် ချင်ယွင်သည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်နှင့် ဝူဝမ်ဓားသိုင်း၏ တတိယမြောက် ဓားကွက်ကိုသာ ဆက်လက် ဆင်ခြင်နိုင်ခဲ့ပါသည်။

ချင်ယွင်သည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်၏ ကိုးဆယ်ရာခိုင်နှုန်း အခြေအနေမှာ အမြဲပိတ်ဆို့နေခဲ့သည်။ သူ မည်သည့်အခါမှ မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ တစ်ခုခု လွဲမှားနေသည်ဟု သူ အမြဲတမ်း ခံစားရသည်။ အကယ်၍ သူသာ ဖြတ်ကျော်နိုင်ခဲ့ ပါက၊ သူ့အမြန်နှုန်းသည် အဆင့်အသစ်တစ်ခုအထိ ကျိန်းသေပေါက် မြင့်တက်လာမည် ဖြစ်ပြီး၊ တိုက်ခိုက်ရာမှာ ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

ဝူဝမ်ဓားသိုင်းပညာ၏ တတိယမြောက် ဓားသိုင်းကွက်အတွက်မူ၊ ချင်ယွင်သည် အဆင့်နှစ်ဆင့်သာ ကျွမ်းကျင်ပါသေးသည်။ တတိယမြောက် ဓားကွက်ကို အပြည့်အ၀ နားလည်ရန် သူ့အတွက် အချိန်အနည်းငယ် ယူရဦးမည်။

ဘန်း…။

ချင်ယွင်သည် ၎င်းတို့ကို နားလည်ဆင်ခြင်းနေပြီး သိပ်မကြာခင်မှာ နတ်ဘုရား အလင်းရောင်တစ်ခုက ရုတ်တရက် လင်းလက်လာခဲ့သည်။ ထို့နောက် ချင်ယွင်သည် သူ့မျက်လုံးများ မှောင်မည်းသွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အခြားနေရာ တစ်ခုတွင် ပြန်ပေါ်လာသည်။

"ဒါက စမ်းသပ်မူမျှော်စင်ရဲ့ စတုတ္ထထပ်လား။" ချင်ယွင်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ သူနှင့်အတူ ရှိနေသည့် ကျိုးဟုန်ရွှဲ့ကို မေးလိုက်သည်။

"မှန်တယ်၊ ဒါက စမ်းသပ်မူမျှော်စင်ရဲ့ စတုတ္ထထပ်ပဲ။ အထပ်ရဲ့ပုံစံက တတိယထပ်နဲ့ အတိကျ အတူတူပဲ။ ဒါပေမယ့် ကောင်းကင်ယံရှိ မြင်ကွင်းက ပြောင်းလဲသွားပြီး၊ ပတ်ဝန်းကျင်ရှိ နတ်ဘုရားတန်ခိုးစွမ်းအင် အတက်အကျလှိုင်းတွေက ပိုပြီး အားကောင်း လာတယ်” ကျိုးဟုန်ရွှဲ့က ပြောသည်။

ချင်ယွင်လည်း ခေါင်းညိတ်ပြလိုက်သည်။ ဤအရာအားလုံးကို သူ ခံစားပြီးသွားပါပြီ။ စမ်းသပ်မူမျှော်စင်၏ စတုတ္ထထပ်ရှိ ရှေးဟောင်းစွမ်းအင်သည် တတိယထပ်ထက် ပိုမို သိပ်သည်းပြီး ပတ်ဝန်းကျင်မှ ထုတ်လွှတ်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းများသည် ပို၍ပင် အားကောင်းပါသည်။

ဘန်း…။

ဤအခိုက်အတန့်တွင် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း စွမ်းအားကို ထုတ်လွှင့်သွားပြီးနောက် ချင်ယွင်၏ ရှေ့တွင် ရုပ်အသွင် ၁၆ ခု ပေါ်လာသည်။

ချင်ယွင် မျှော်မှန်းထားသည့်အတိုင်းပင်, စတုတ္ထထပ်တွင် အမှောင်ညမန်တီ စုစုပေါင်း ၁၆ ကောင် ရှိနေပြီး ထိုအထဲမှ ရှစ်ကောင်သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ဖြစ်သည်။

သို့သော်လည်း၊ ကျန်ရှစ်ကောင်နှင့် ပတ်သက်၍မူ, ချင်ယွင်ကို အနည်းငယ် အံ့အား သင့်စေခဲ့သည်။ ထိုရှစ်ကောင်အနက် အမှောင်ညမန်တီ ခုနစ်ကောင်မှာ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား အဆင့်တွင် ရှိနေဆဲ ဖြစ်သည်ကို ချင်ယွင်မှ တွေ့ရှိခဲ့သော်လည်း နောက်ဆုံးတစ်ကောင်မှာ မြေကမ္ဘာနတ်ဘုရား၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။

မြေကမ္ဘာနတ်ဘုရား အထွတ်အထိပ် အမှောင်ညမန်တီသည် ငွေရောင်အလွှာဖြင့် ဖုံးအုပ် ထားသကဲ့သို့ ငွေဖြူရောင် ဖြစ်နေသည်။ နှင်းဖြူရောင်ဓားသည် အေးစက်ပြီး ချွန်ထက်မှုကို ပေးစွမ်းသည်။ ချင်ယွင်ကို ပို၍အံ့သြစေသည့်အရာမှာ ငွေဖြူရောင် အမှောင်ည မန်တီသည် အသိစိတ်ရှိသကဲ့သို့ ချင်ယွင်အား လူသားဆန်ဆန် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်နေခြင်းပင် ဖြစ်သည်။

"ဒီအထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ည မန်တီက ဉာဏ်ရည်ဉာဏ်သွေး ကို ပိုင်ဆိုင်ထားတာများ ဖြစ်နေမလား" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အသိဉာဏ်ရှိသော နတ်ဘုရားသားရဲများနှင့် အသိဉာဏ်မရှိသော နတ်ဘုရားသားရဲတို့၏ တည်ရှိမူသည် အဆင့်နှစ်ဆင့်ဖြစ်ပြီး ၎င်းတို့ကြားတွင် ကြီးမားသော ကွာဟချက်ရှိနေ သည်။

ဉာဏ်ရည်ဥာဏ်သွေးရှိသော နတ်ဘုရားသားရဲ တစ်ကောင်သည် နတ်ဘုရားစွမ်းရည်များ ကို အသုံးချနိုင်ရုံသာမက တိုက်ခိုက်ရန် ၎င်း၏အလိုလိုဗီဇကိုလည်း အသုံးပြုနိုင်သည်။ အချို့ဆို ၎င်း၏ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားကို ပြသရန် နည်းဗျူဟာများကိုပင် အသုံးပြုနိုင်ကြသည်။ ထို့ကြောင့်, အကယ်၍, ဤအထွက်အထိပ် မြေကမ္ဘာနတ်ဘုရား အမှောင်ညမန်တီသည် အမှန်တကယ် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်နေပါက၊ ၎င်းသည် ချင်ယွင်နှင့် အခြားလူများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။

"အော့..."

ချင်ယွင် အံ့ဩနေစဉ်မှာ ငွေဖြူရောင် အမှောင်ညမန်တီသည် ထူးဆန်းစွာ အော်ဟစ်လိုက် သည်။ ထို့နောက် အခြားသော အမှောင်ညမန်တီများသည် သူတို့သည် အမိန့်တစ်ခုကို လက်ခံရရှိသွားသည့်အတိုင်း ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့ဆီသို့ တဟုန်ထိုး ပြေးသွားကြသည်။

"နောက်မှာ နေဦး၊ ငါ လုပ်ရှားလိုက်မယ်။" ချင်ယွင်က ကျိုးဟုန်ရွှဲ့ကို ပြောသည်။

ကျိုးဟုန်ရွှဲ့က ခေါင်းညိတ်လိုက်သည်။ သူမသည် သတ္တိရှိကြောင်း ပြသန်ရန် ကြိုးစားမနေ ပါဘူး။ သူမကိုယ်သူမ ကာကွယ်နိုင်ခြင်းကပင် ချင်ယွင်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ၊ ချင်ယွင်အတွက် အကြီးမားဆုံး အကူအညီ ဖြစ်မည်ကို သူမ သိပါသည်။

ထို့ကြောင့် သူမလက်ထဲတွင် ချင်ယွင် ပေးခဲ့သော ထိပ်တန်းအဆင့် နတ်ဘုရားဓားကို ကိုင်ကာ နောက်ပြန်ဆုတ်ပြီး၊ သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်နေသည်။

ယခုအချိန်တွင် ချင်ယွင်သည် ပျံထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ချင်ယွင်၏လက်ထဲတွင် ပုဆိန်တစ်လက် ပေါ်လာပြီး ခြေတစ်လှမ်းက ရုတ်တရက် လေထဲသို့ တက်လှမ်းလိုက် သည်။ သူသည် ပုဆိန်က လေထဲသို့ ထိုးဖောက်သွားသည်ကို မြင်လိုက်ရသည်။

“ဘုန်း..၊ ဘုန်း...…”

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ့ရှေ့မှာ လျှောက်လှမ်း ထွက်ပေါ်လာ သည့် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ရှစ်ကောင်ကို ချင်ယွင်က အတားအဆီးမရှိဘဲ သတ်ပစ်လိုက်ပါသည်။ ၎င်းတို့သည် အသက်ရှုရန် အခွင့်အလမ်းပင် နည်းနည်းလေးတောင်မှ မရရှိခဲ့ပါဘူး။

ဘန်း….

ချင်ယွင်သည် အမှောင်ညမန်တီ ရှစ်ကောင်ကို သတ်ဖြတ်ပြီးနောက်တွင်၊ သူ့နောက်မှ လိုက်ပါပျံသန်းလာခဲ့သော နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ခုနစ်ကောင်သည် ချင်ယွင်၏အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အလွန်ထက်မြက်သော ဓားသွားများသည် ချင်ယွင် ဆီသို့ ဖြတ်သန်းလာခဲ့သည်။ ဓားသွားပေါ်မှ အလင်းရောင်က အေးစက်ပြီး အေးစိမ့်နေသည်။

လက်ထဲမှ ပန်ဂုပုဆိန်ကို ချက်ချင်း ပစ်လွတ်လိုက်ရင်း ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ပန်ဂုပုဆိန်သည် လေထဲတွင် လှည့်ပတ်သွားပြီး အမှောင်ညမန်တီ ခုနစ်ကောင်၏ ဓားသွားများကို ချက်ချင်း ပိတ်ဆို့တားဆီးလိုက်ကာ ၎င်းတို့ကို အဆက်မပြတ် နောက်ပြန် ဆုတ်သွားစေသည်။

ချင်ယွင်သည် ပျံသန်းသွားပြီး၊ ပန်ဂုပုဆိန်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ အမှောင်ည မန်တီတစ်ကောင်ကို တိုက်ရိုက် ခုတ်ပစ်လိုက်သည်။ ထိုအမှောင်ညမန်တီ သည် တစ်ဝက်လောက်က လှီးဖြတ်သွားပြီး လတ်ဆတ်သော သွေးများ ပက်ဖြန်းသွားခဲ့ သည်။

ချင်ယွင်သည် ထိုအမှောင်ည မန်တီကို သတ်ပြီးနောက် မရပ်တန့်ခဲ့ပေ။ သူသည် သူ၏ နတ်ဘုရားပုဆိန်ကို ထပ်မံ ဝှေ့ယမ်းကာ ထောင်နှင့်ချီသော ပုံရိပ်များကို ဖန်တီးပြီး၊ သူ့ကို ထပ်မံ တိုက်ခိုက်နေသော အမှောင်ညမန်တီဆီသို့ ခုတ်ချလိုက်သည်။

ချွင်….။

ထိုအမှောင်ညမန်တီသည် ၎င်း၏ဓားဖြင့် ခုခံလိုခဲ့သော်လည်း ချင်ယွင်၏ ပုဆိန်ကြောင့် အပိုင်းပိုင်းကွဲသွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ကျန်အမှောင်ညမန်တီ ငါးကောင်သည် ထိတ်လန့်နေပုံရပြီး အဝေးမှာရပ်နေကာ ရှေ့သို့ မလှမ်းဝံ့တော့ပေ။

တစ်ဖက်တွင်မူ ချင်ယွင်သည် ပုဆိန်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး၊ သူ့မျက်လုံးများက လျှပ်စီးကဲ့သို့ လင်းလက်နေခဲ့သည်။

ပန်ဂုပုဆိန်ကို လက်ထဲတွင် ကိုင်ဆောင်ထားမူနှင့်အတူ ဤနှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့် အမှောင်ညမန်တီများသည် ချင်ယွင်ကို ခြိမ်းခြောက်မှုများစွာ မပြုလုပ်နိုင်ခဲ့ပေ။ ချင်ယွင် စိုးရိမ်သည့်အရာမှာ အဝေးကကြည့်နေသည့် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ည မန်တီ ဖြစ်သည်။

ထိုအမှောင်ည မန်တီသည် အမိန့်ပေးနိုင်တည်းက ချင်ယွင်က ဤအမှောင်ညမန်တီသည် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားသည်ဟု အခြေခံအားဖြင့် ကောက်ချက်ချခဲ့ပြီး၊ သူ့ဉာဏ်ရည်က မနိမ့်ကျဘူးဟု ထင်ရပါသည်။

သူသည် သူ့လက်အောက်ငယ်သားတွေကို ချင်ယွင်၏ ခွန်အားကို အရင် စမ်းသပ်ခိုင်းပြီး၊ ဘေးကနေ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဤအရာက ဉာဏ်ရည်ထက်မြက်သည့် စွမ်းဆောင်ရည် မဟုတ်လျှင်, ဘာများဖြစ်နိုင်မည်နည်း?။

"အော့...!"

ဟုတ်ပါသည်၊ ထိုအချိန်မှာပင် ငွေဖြူရောင် အမှောင်ညမန်တီက ထူးထူးခြားခြား အော်ဟစ် လိုက်ပါသည်။ ကျန်နေသည့် ဉာဏ်ရည်ကင်းမဲ့သည့် အမှောင်ညမန်တီများသည် ဤအသံ ကို ကြားသောအခါ၊ ငွေဖြူရောင် အမှောင်ညမန်တီနောက်သို့ ချက်ချင်း ပြန်ဆုတ်သွားကြ သည်။ ငွေဖြူရောင် အမှောင်ညမန်တီသည် အုပ်စိုးရှင်တစ်ဦးကဲ့သို့ ချင်ယွင်ဆီသို့ လျှောက်လှမ်းလာသည်။

All Chapters