အခန်း ၁၃၉၂
Vol. 93 Ch. 1392
အခန်း (၁၃၉၂) မွေးရာပါ တိုက်ခိုက်ရေး မျိုးနွယ်။
ချင်ယွင်သည် ထိုအမှောင်ညမန်တီ သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသော အခါတွင် သတိထားသည့် အကြည့်များ ချက်ချင်း ပေါ်လာသည်။ သူသည် မနေသာဘဲ ပန်ဂုပုဆိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"လူသား!"
ထိုအချိန်မှာ ငွေဖြူရောင် အမှောင်ညမန်တီက ရုတ်တရက် စကားပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင် ချက်ချင်း အံ့သြသွားသည်။
သူ့နောက်မှ ကျိုးဟုန်ရွှဲ့လည်း အလွန်အံ့သြနေသည့် အမူအရာတစ်ခုကို ဖော်ပြလာသည်။ အမှောင်ညမန်တီက အမှန်တကယ် စကားပြောမည်ဟု မည်သူမျှ မမျှော်လင့်ထားကြောင့် ထင်ရှားပါသည်။
"မင်း စကားပြောနိုင်တာလား?" ချင်ယွင်က တုံ့ပြန်ပြီး မမေးခင် ခဏလောက် အံ့အားသင့်သွားခဲ့သည်။
"ဟုတ်တယ်၊ ငါ တစ်ခါတုန်းက လူသားတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို စားခဲ့ဖူးတယ်။ ဒါကြောင့် မင်းရဲ့ဘာသာ စကားကို ငါ နားလည်တယ်။" ငွေဖြူရောင် အမှောင်ညမန်တီက သူ့မျက်လုံးထဲတွင် အေးစက်ပြီး မာနကြီးသော အကြည့်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အရိပ်အယောင် မျိုး ပေါ်လွင်နေသော်လည်း သူ့စိတ်ထဲမှာတော့ အနည်းငယ် ဝေခွဲမရ ဖြစ်နေတုန်းပင်။
အမှောင်ညမန်တီသည် ချင်ယွင်၏ သံသယများကို မြင်တွေ့ခဲ့ရပုံရသည်။ "ငါတို့ အမှောင်ည မန်တီမျိုးနွယ်တွေက သဘာဝအတိုင်း မွေးဖွားလာတဲ့ တိုက်ခိုက်ရေး မျိုးနွယ် တွေ ဖြစ်တယ်။ ငါတို့ဟာ ပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမယ့်, ကောင်းကင်ဘုံကြီးက ငါတို့ကို ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအားကို ပေးအပ်ထားပေမယ့် ငါတို့ကို နတ်ဘုရားစိတ်ဝိညာဉ်တွေ အပ်နှင်းထားခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ငါတို့ အမှောင်ည မန်တီမျိုးနွယ်ဟာ ပင်ကိုယ်ဗီဇသက်သက်နဲ့ အမြဲ နေထိုင်ခဲ့ ရတယ်။ ကောင်းကင်နတ်ဘုရားအဆင့် အမှောင်ညမန်တီတွေတောင် သူတို့ရဲ့ ကိုယ်ပိုင် ဉာဏ်ရည်ကို မပိုင်ဆိုင်နိုင်ခဲ့ကြဘူး။”
ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် အကြည့်ချင်း ဖလှယ်ကြသည်။ ကျိုးဟုန်ရွှဲ့ သူ ပြောသည့် စကား အမှန်ဟု ပြောလိုသည့်အလား ချင်ယွင်ကို ခေါင်းညိတ်ပြလိုက်သည်။
အမှောင်ညမန်တီက ဆက်ပြောသည် "ဘိုးဘေးနတ်ဘုရားတွေ ဖြစ်လာဖို့အတွက် ငါတို့မှာ ဉာဏ်ပညာကို မပိုင်ဆိုင်ခဲ့ဘူး။ ဒါကြောင့် ငါတို့ဟာ ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ နတ်ဘုရားတွေရဲ့ အုပ်စိုးရှင်တွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို လည်း ငါတို့ မထိန်းနိုင်ချုပ်ခဲ့ကြဘူး။ ဘိုးဘေးနတ်ဘုရားက ငါတို့ရဲ့ မျိုးနွယ်စုတွေကို ဖမ်းပြီး ဒီကမ္ဘာငယ်လေးမှာ အကျဉ်းချထားတယ်။ ပြီးတော့ သူ့တပည့်တွေအတွက် တိုက်ခိုက်ရေးပစ္စည်းတစ်ခုအဖြစ်, ဒါမှမဟုတ် သူတို့တပည့်တွေရဲ့ အရည်သွေးကို မြင့်တင်ပေးနိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတယ်။”
ထိုစကားကို ကြားတော့ ချင်ယွင်သည် အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။
အမှောင်ညမန်တီများသည် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင် ထားသော်လည်း ဉာဏ်ရည်ထက်မြက်သည် သက်ရှိပုံစံမျိုးကို မပိုင်ဆိုင်ထားကြပေ။ ၎င်းတို့သည် တိုက်ခိုက်ရန်အတွက် အကောင်းဆုံး စက်ရုပ်များဖြစ်ကြပြီး တပည့်များ အတွက် အရည်သွေးမြင့်တင်ပေးရန် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်။ ထို့ကြောင့်၊ ဘိုးဘေးနတ်ဘုရားက သူတို့ကို ဖမ်းထားသည်ဟု အမှောင်ညမန်တီ ပြောလာသောအခါ သူသည် လုံးဝ သံသယ မရှိပေ။
"ဒါဆို မင်း ဘာလို့ ဒီလောက်တောင် ဉာဏ်ကောင်းနေရတာလဲ" ချင်ယွင်က ဆက်မေး သည်။
အမှောင်ညမန်တီသည် ချင်ယွင်၏အမေးကို ကြားသောအခါ ချွန်ထက်သော အစွယ် နှစ်ချောင်းကို ထုတ်ပြကာ ပါးစပ်ကိုဖွင့်ပြီး ပြောသည် "အမှောင်ညမန်တီတွေမှာ နတ်ဘုရား စိတ်ဝိညာဉ် မရှိပေမယ့် ငါတို့မှား မွေးရာပါ အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည် ကို ပိုင်ဆိုင်ထားကြတယ်။ ငါတို့ဟာ လူသားတွေ ဒါမဟုတ် နတ်ဘုရားသားရဲတွေ ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစိတ်ဝိညာဉ်တွေကို ဝါးမျိုးနေသမျှ, ငါတို့လည်း နတ်ဘုရား စိတ်ဝိညာဉ်တွေကို ပိုင်ဆိုင်လာလိမ့်မယ်။ ငါတို့ဟာ သူတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်တွေ ကို ငါတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်တွေအဖြစ် ပြောင်းလဲပစ်နိုင်ရုံတင်မကဘူး, ငါတို့ရဲ့ အလိုဆန္ဒအတိုင်း မွေးဖွားနိုင်ကြတယ်။ ဒါ့အပြင်, သူတို့ရဲ့မှတ်ဉာဏ်တွေကိုလည်း ပိုင်ဆိုင်နိုင်ကြတယ်”။
"ကောင်းကင်ဘုံကို အံတုနိုင်တဲ့ စွမ်းရည်ပဲ" ထိုစကားကိုကြားတော့ ချင်ယွင်က ချက်ချင်း ဆိုသလို တုန်လှုပ်ခြောက်ခြားသည့် အမူအရာကို ဖော်ပြလိုက်မိပါသည်။
ချင်ယွင်၏ နောက်တွင် ရပ်နေသော ကျိုးဟုန်ရွှဲ့သည် အလွန်အံ့အားသင့်သော အမူအရာ ကို ဖော်ပြလာသည်။ ရှင်းရှင်းပြောရလျှင်, အမှောင်ညမန်တီများမှာ ယခုလိုစွမ်းရည်မျိုး အမှန်တကယ် ရှိနေခဲ့သည်ကို သူမ မသိခဲ့ပါဘူး။
"အရင်တုန်းက ငါလုပ်ခဲ့သမျှက ဒီလူသားတွေရဲ့ စိတ်ဝိညာဉ်တွေကို ဝါးမြိုခဲ့တာပဲ။ ဘိုးဘေးနတ်ဘုရားကလည်း ငါကို ချက်ချင်း သတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ အသတ်မခံခဲ့ရဘူး။ နောက်ပြီး၊ ငါ ရခဲ့တဲ့ ဒီလူသားမှတ်ဉာဏ်တွေအရဆို၊ ဘိုးဘေး နတ်ဘုရားနေထိုင်တဲ့ဂိုဏ်းက ပျောက်ကွယ်သွားခဲ့တာ ကြာလှပြီ။ ဘိုးဘေးနတ်ဘုရား လည်း ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်ပေါ်မလာတော့ဘူး။ ဟိုအရင်တုန်းက ငါတို့ကို ဖမ်းဆီးခဲ့တဲ့ ဘိုးဘေးနတ်ဘုရားလည်း သေရင်သေ, မသေရင် ပျောက်ကွယ်သွားပြီ မဟုတ်လား?။ မင်းက ချင်ယွင် မဟုတ်လား”။ အမှောင်ညမန်တီက အထင်သေးဟန်ဖြင့် ပြောသည်။
ချင်ယွင်သည် မယုံကြည်နိုင်သည့် အမူအရာဖြင့် အမှောင်ညမန်တီကို ကြည့်လိုက်ရင်း, အလွန်မင်း အံ့ဩသွားသည့် အမူအရာကို ထုတ်ဖော်ကာ, သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
ကျိုးဟုန်ရွှဲ့လည်း အံ့သြစိတ်ဖြင့် မစိုက်ကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ဤအမှောင်ညမန်တီသည် သူ့ကိုယ်ပိုင်နာမည်ကို သိရှိထားသောကြောင့် သူ ဝါးမျိုးခဲ့သည့် လူသည် ချင်ယွင်ကို မှတ်မိနေသူဖြစ်သည်ဟု ဆိုလိုပါသည်။
"မင်း မျိုချလိုက်တဲ့ စိတ်ဝိညာဉ်က လင်းထန်ဘရဲ့ စိတ်ဝိညာဉ်များလား" ချင်ယွင်က ထိတ်လန့်စွာ မေးလိုက်သည်။
"မင်းတို့လူသားတွေက ဉာဏ်ကောင်းကြပါတယ်။ စိတ်ဝိညာဉ်ရှိရတာ ကောင်းလိုက်တာ။ မိုက်မဲတဲ့ဘဝနဲ့ နေထိုင်ရတာထက် ပိုကောင်းတာပေါ့။" အမှောင်ညမန်တီက လှောင်ပြောင်ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ စိတ်နှလုံးထဲမှာ ခံစားချက်တွေ ရောထွေးနေခဲ့သည်။
လင်းထန်ဘ ရောက်ရှိခဲ့သည့် စမ်းသပ်မှုမျှော်သည် ဤစမ်းသပ်မူ မျှော်စင် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပေ။ နောက်ဆုံးတွင်၊ သူ့ကံကြမ္မာသည် အလွန်သနားစရာကောင်းပြီး၊ သူ့ကို အမှောင်ညမန်တီက ဝါးမျိုးသွားခဲ့ပြီး၊ သူ့မှတ်ဉာဏ်များကို သိမ်းပိုက်သွားခဲ့သည်။ ချင်ယွင်နှင့် အခြားသူများသည် ဤနေရာ၌ သူ့ကို အမှန်တကယ် တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မင်းက စကားတွေအများကြီး ပြောပြခဲ့တယ်။ မင်း ဘာလိုချင်တာလဲ" ချင်ယွင်က အမှောင်ညမန်တီကို ကြည့်ပြီး မေးသည်။
“ငါက လင်းထန်ဘ မဟုတ်ဘူး။ အရင်ကလည်း မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးလည်း များများ စားစား မရှိခဲ့ဘူး။ ငါလိုချင်တာက ဒီကနေ ထွက်သွားဖို့ပဲ။ ငါ ဒီမှာ နေနေတာ ကြာလှပြီ။ အခု ဘိုးဘေးနတ်ဘုရားက ဒီမှာ မရှိတော့ဘူးဆိုမှတော့ ငါ ဘာကို ကြောက်နေရဦးမှာလဲ။” အမှောင်ညမန်တီက လှောင်ပြောင်ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အမှောင်ညမန်တီသည် ထိုသို့သော အကြံအစည်တစ်ခု ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့် ထားပေ။
"ဒါဆို မင်းကို ငါ ဘယ်လိုကူညီရမလဲ" ချင်ယွင်က စိတ်ရှည်ရှည်ဖြင့် မေးလိုက်သည်။
ဤနေရာသည် ပြင်းထန်သော ကန့်သတ်ချက်များဖြင့် ဖုံးလွှမ်းထားသည်။ စမ်းသပ်မူ မျှော်စင်၏ စမ်းသပ်မှုများကို မကျော်ဖြတ်နိုင်ဘဲ၊ သူ့ကနဦးစကြာဝဠာတောင်မှ ဤနေရာကနေ ထွက်လမ်းမရှိပေ။
"တကယ်လို့, မင်းသာ ဒီကနေ ထွက်သွားချင်ရင် အရမ်းကို ရိုးရှင်းပါတယ်။ ငါ မင်းနောက် က ကောင်မလေးကို သိမ်းပိုက်နိုင်တာနဲ့ မင်း ဒီနေရာကနေ ထွက်သွားနိုင်ပြီ"။ ဒါပေမယ့် ငါ့ရဲ့ခွန်အားဖြင့်နဲ့ဆို နောက်တစ်ကြိမ် စမ်းသပ်မှုကို ကျော်ဖြတ်ရန် ခက်ခဲလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ ခွန်အားနဲ့က လုံလောက်သင့်တယ် ထင်တယ်။ ဒါ့အပြင် အမှောင်ည မန်တီတွေရဲ့ အားနည်းချက်တွေကို ငါ သိထားတယ်။ ငါ ဒီစမ်းသပ်မူ မျှော်စင်ထဲကနေ ဖြတ်ကျော်နိုင်သရွေ့၊ ဘိုးဘေးနတ်ဘုရားရဲ့ စစ်မှန်သော အဓိပ္ပာယ်ကို မင်း ပိုင်ဆိုင်နိုင်ပြီ။ ငါကတော့ ကိုယ့်လွတ်လပ်ခွင့် ကိုယ့်ပြန်ရဖို့ပဲ လိုတယ်။ မင်း ဘယ်လိုသဘောရလဲ" အမှောင်ညမန်တီက ချင်ယွင်ကို အထင်သေးဟန်ဖြင့် ပြောသည်။
အမှောင်ည မန်တီမှာ ထိုသို့သော နည်းလမ်းမျိုးကို အမှန်တကယ် ရှိလာလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။
ကျိုးဟုန်ရွှဲ့ကို လုယူပြီး၊ စမ်းသပ်မူကို ချိုးဖောက်ရန်အတွက် သူနှင့်အတူ လက်တွဲခြင်း လား?။
ဤအရာက တကယ့်ကို လေးနက်သည့် အစီအစဥ်တစ်ရပ် ဖြစ်ပင်။ အမှောင်ညမန်တီသည် လင်းထန်ဘ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ပိုင်ဆိုင်လိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့် ထားသည့်အပြင်, အခု ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးက လင်းထန်ဘထက်ပင် သာလွန်နေခဲ့ သည်။ ထို့အပြင်၊ ၎င်း၏ ရက်စက်မှုသည် လင်းထန်ဘ၏ ရက်စက်မှုထက် သာလွန်သည်။
ထိုကဲ့သို့သက်ရှိမျိုးကို လွှတ်ပေးလိုက်ခြင်းက နတ်ဘုရားကမ္ဘာအတွက် ကြီးစွာသော ဘေးဒုက္ခဆိုးကြီး ဖြစ်လာမည်မှာ သေချာပါသည်။ ဟုတ်ပါသည်, အရေးကြီးဆုံးကတော့ ချင်ယွင်သည် ကျိုးဟုန်ရွှဲ့ကို လုံးဝ လက်လွှတ်ဆုံးရှုံးမခံလိုခြင်း ဖြစ်သည်။
ကျိုးဟုန်ရွှဲ့သည် အမှောင်ညမန်တီ၏ စကားကိုကြားသောအခါ သူမ နှလုံးသားထဲတွင် ပြင်းထန်သော အေးစက်မှုကို မခံစားဘဲ မနေနိုင်တော့ပေ။
ကံကောင်းထောက်မစွာ၊ သူမတွေ့ခဲ့သော ထိုအမှောင်ညမန်တီများသည် ဉာဏ်ရည် ဉာဏ်သွေးကို မပိုင်ဆိုင်ခဲ့ကြပေ။ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်သွားပြီးနောက်, ၎င်းတို့သည် တကယ်ကို ကြောက်စရာကောင်းလာခဲ့သည်။
“ဘယ်လိုလဲ?။ မင်း သဘောတူလား၊ သဘောမတူဘူးလား” “တကယ်တော့ ဒီသဘော တူညီချက်တွေထဲမှာ အားသာချက်တွေ အားနည်းချက်တွေ ရှိနေပါတယ်။ မင်း သေချော စဉ်းစားကြည့်ပါ။ အမှောင်ညမန်တီရဲ့ အားနည်းချက်တွေကို ငါ မထောက်ပြဘူးဆိုရင်, မင်းအတွက် နောက်ပဉ္စမထပ်ကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။ ငါအောင်မြင်တာနဲ့, ငါကိုယ်တိုင် စမ်းသပ်မှုကို အောင်မြင်စွာ ပြီးမြောက်အောင် မင်းကို ကူညီပေးမယ်။ ဒါက မင်းအတွက် အန္တရာယ် မရှိပါဘူး။" အမှောင်ညမန်တီက ထပ်ပြီး ပြောသည်။
သူတင်ပြခဲ့သည့် အခြေအနေများသည် လက်ရှိ ချင်ယွင်အတွက် အကောင်းဆုံး ရွေးချယ်မှု ဟု သူ မြင်ထားပြီး၊ ချင်ယွင်သည် သူ့တင်ပြချက်ကို သဘောတူရန်အတွက် သေချာပေါက် ရွေးချယ်သွားလိမ့်မည်။
ထိုအချိန်မှာပင် ချင်ယွင်က အမှောင်ညမန်တီကို ကြည့်ပြီး မေးလိုက်သည် "လူသားတွေက ဘာလို့ နတ်ဘုရားကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်တာလဲ သိလား"
"ဒါက သေချာပေါက် မင်းလူသားတွေက ဉာဏ်ရည်ဉာဏ်သွေးနဲ့ မွေးဖွားလာလို့ပဲပေါ့။ အမှောင်ညမန်တီက တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။
ချင်ယွင်သည် ထိုအဖြေကို ကြားလိုက်ရသောအခါ သူ့မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ပီပြင် လာခဲ့သည်။ သူက သရော်သံဖြင့် တုန့်ပြန်လိုက်သည် “မဟုတ်ဘူး၊ ငါတို့လူသားတွေဟာ ဉာဏ်ရည်ဉာဏ်သွေးကြောင့် သန်မာလာကြတာ မဟုတ်ဘူး။ စိတ်ခံစားမှုကြောင့် သန်မာလာကြတာပဲ။ မင်းတို့ အမှောင်ညမန်တီတွေဟာ နတ်ဘုရား စိတ်ဝိညာဉ်တွေကို ဝါးမျိုနိုင်ပြီး လူသားဉာဏ်ရည်ကို ပိုင်ဆိုင်နိုင်ပေမယ့်၊ မင်းတို့မှာ လူ့စိတ်ခံစားချက်တွေကို မပိုင်ဆိုင်နိုင်ကြဘူး။ ဒါက မင်းတို့ အမှောင်ည မန်တီတွေရဲ့ အကြီးမားဆုံး အားနည်းချက် ပဲ"။
ချင်ယွင်၏ စကားသံက ကျယ်လောင်ပြီး ပြတ်သားသည်။