အခန်း ၁၃၉၃
Vol. 93 Ch. 1393
အခန်း (၁၃၉၃) ပြင်းထန်သော တိုက်ပွဲ။
အမှောင်ညမန်တီသည် ချင်ယွင်၏ စကားကို ကြားသောအခါ ၎င်း၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ့မျက်နှာက တွေးတောနေသည့် အမူအရာတစ်ခု ပေါ်လာသည်။ သို့သော် လျင်မြန်စွာဖြင့် ၎င်းက လှောင်ပြောင် ပြောလိုက်သည်။
"မင်း ငါ့ကို လိမ်နေတာပဲ။ စိတ်ခံစားချက်က မင်းတို့ လူသားတွေ သန်မာလာရတဲ့ အကြောင်းရင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါက မင်းတို့လူသားတွေရဲ့ အားနည်းချက် ပဲလေ။ အဲဒါက မင်းတို့ချစ်ခင်ရသူတွေကို သေစေရတဲ့ အကြောင်းရင်းပဲ မဟုတ်လား။ အဲဒါက လုံးဝကို မိုက်မဲတဲ့ အပြုအမူပဲ။ မင်းတို့မှာ စိတ်ခံစားချက် မရှိတော့မှသာ, မင်းတို့ လူသားတွေ ပိုသန်မာလာလိမ့်မယ်။ ဒါကြောင့် မင်းက တကယ်ကို လိမ်ပြောနေတာပဲ။" အမှောင်ညမန်တီက လှောင်ပြောင်ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။
အမှောင်ညမန်တီသည် သွေးအေးသတ္တဝါ ဖြစ်သည်။ ၎င်းသည် နတ်ဘုရားစိတ်ဝိညာဉ် တစ်ခု ရရှိပြီး ၎င်း၏ ကိုယ်ပိုင်ဉာဏ်ရည်ကို ပိုင်ဆိုင်ထားလျှင်ပင်၊ ခံစားချက်ဟူသည်ကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပေ။
လူသားများသည် မိမိတို့ချစ်ရသူများအတွက် အသေခံကြလိမ့်မည်။ သို့သော် အတိအကျ အားဖြင့် လူသားများသည် ချစ်ခြင်းမေတ္တာအတွက် အသက်ရှင်သန် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုကြောင့် လူသားများသည် ဖြည်းဖြည်းချင်း သန်မာလာခဲ့ကြသည်။ ချင်ယွင်က ထိုကဲ့သို့ ပြောလျှင်ပင်, အမှောင်ည မန်တီက နားလည်နိုင်မှာ မဟုတ်ပါဘူး။
"လူသား ချင်ယွင်, မင်း ငါ့ကို စကားတစ်ခွန်းလောက် ပြောပါ။ မင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိမရှိပေါ့" အမှောင်ညမန်တီသည် သည်းမခံနိုင်တော့ဘဲ ချင်ယွင်ကို အေးစက်စွာ မေးလိုက်သည်။
"ဟုန်ရွှဲ့ကို ဖမ်းချင်ရင်တော့ ရပါတယ်။ ဒါပေမယ့် မင်း ငါ့အလောင်းကိုတော့ ဖြတ်ကျော် ရလိမ့်မယ်။ ဒီကတိကို ကျေနပ်ရဲ့လား" ချင်ယွင်သည် ထိုစကားကို တစ်ခွန်းပြီး တစ်ခွန်း ပြောနေစဉ်၊ သူ့မျက်လုံးတွေက ဆုံးဖြတ်ချက် ပြတ်သားမူများဖြင့် လင်းလက်နေခဲ့သည်။
"မင်းက အရမ်းကို မိုက်မဲတာပဲ၊ ဒီလိုဆိုမှတော့ မင်းကိုသတ်ပြီး မင်းရဲ့အလောင်းကို ယူဖို့ပဲ ရှိတော့တယ်" အမှောင်ညမန်တီသည်လည်း ၎င်း၏မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်သော အမူအရာ ရှိလာနေသည်။ အေးစက်သော အလင်းတန်းတစ်ခုက နှင်းဖြူရောင် ဓားသွားတစ်လျှောက် လင်းလက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်၏ မျက်လုံးတွေက နိုးကြားလာခဲ့သည်။ သူ့လက်ထဲမှ ပန်ဂုပုဆိန်က ပျောက်ကွယ်သွားပြီး ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာက သူ့လက်ထဲ မှာ ပြန်ပေါ်လာသည်။
ပန်ဂုပုဆိန်သည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာထက် သန်မာသော်လည်း ချင်ယွင် သည် ပုဆိန်နှင့်ပတ်သက်သည့် မည်သည့် နတ်ဘုရားစွမ်းရည် အမျိုးအစားကိုမှ မပိုင်ဆိုင် ထားပါ။ ပန်ဂုပုဆိန်ကို အားကိုးပြီး သူသည် ထိုနှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်၊ ဤအထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီနှင့် ရင်ဆိုင်ရာတွင် တော်တော်လေး ခက်ခဲလိမ့််မည်။ ထို့ကြောင့်၊ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို အသုံးပြုခြင်းက ပိုကောင်းသည်။
ဝှီး....။
ငွေဖြူရောင် အမှောင်ညမန်တီသည် ငွေဖြူရောင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ချွန်ထက်သော ဓားလက်ချောင်းသည် ချင်ယွင်ဆီသို့ အလျားလိုက် တိုက်ရိုက် ဖြတ်သွားခဲ့သည်။
ချွင်….။
ချင်ယွင်သည် ပိတ်ဆို့တားဆီးရန် သူ့ဆေဘာကို အမြန်ထုတ်လိုက်သည်။ ငွေဖြူရောင် ဓားလက်ချောင်းသည် အလွန်အမင်း စူးရှသော အသံကို ထွက်ပေါ်စေပြီး အလွန်လှပသော မီးပွားများကို ဖန်တီးပေးသည်။
ဘန်း…။
အမှောင်ညမန်တီသည် တုံ့ဆိုင်းမနေဘဲ အခြားလက်တစ်ဖက်ဖြင့် ချင်ယွင်ဆီသို့ ထပ်မံ ခုတ်ပိုင်းသည်။
ဓားအလင်းရောင်သည် လေထဲတွင် အလွန်လှပသော အကွေ့အကောက်တစ်ခုအဖြစ် ဖြတ်ကျော်သွားသည်။ လေပြင်းက လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေ ခဲ့ပြီး စူးရှသော ဓားစွမ်းအင်က အရေပြားကိုပင် ထိုးဖောက်သွားသည်။
ချင်ယွင်သည် ထိုတိုက်ခိုက်မူကို လျစ်လျူ မရှုဝံ့ပါဘူး။ သူ့လက်ထဲက နတ်ဘုရားဆေဘာ သည် ချက်ချင်း လှည့်ပတ်သွားပြီး ကြောက်စရာကောင်းသည့် ဆေဘာလှိုင်းများကို ဖန်တီးလိုက်သည်။ ထိုမှသာ သူသည် ငွေဖြူရောင် အမှောင်ညမန်တီကို နောက်ဆုတ်ခွာ ရန် တွန်းအားပေးနိုင်ခဲ့သည်။
"မင်းရဲ့ခွန်အားက တကယ်ကို မဆိုးပါဘူး။ သာမန် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရား အဆင့် အမှောင်ညမန်တီတွေက မင်းနဲ့ မယှဉ်နိုင်ပေမယ့် ငါ့မှာ လင်းထန်ဘရဲ့ မှတ်ဉာဏ် တွေ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။" ငွေဖြူရောင် အမှောင်ညမန်တီသည် သူ့ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများစွာ ထွက်ပေါ်လာစဉ် လှောင်ပြောင် ပြောလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင်လျှပ်စီးကြောင်းသည် အမှောင်ညမန်တီ၏ ဓားကို ဖုံးလွှမ်းသွားကာ ချွန်ထက်သော ဓားသည် ပို၍ပင် ထက်ရှလာပြီး ပို၍ပင် လွှမ်းမိုး ကြီးစိုးလာစေသည်။
"ဘယ်လိုလဲ? ငါက လင်းထန်ဘ ပိုင်ဆိုင်တဲ့ နတ်ဘုရား စွမ်းရည်အားလုံးကို ကျွမ်းကျင် ပိုင်နိုင်နေမယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား။ ဒီလျှပ်စီးဘုရင် နတ်ဘုရား ပညာရပ်က သူ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုပဲ။ အခု ဒီလျှပ်စီးဘုရင် နတ်ဘုရားပညာရပ်ရဲ့ အရသာကို မင်းကို မြည်းစမ်းခွင့် ပြုမယ်" အမှောင်ညမန်တီက ကျယ်လောင်စွာ ရယ်မော လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားလျှပ်စီးကြောင်းများသည် အလွန်အေးစက် ပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေသည်။
"ချွင်….။
ကျယ်လောင်သည့် သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်မိအသံနှင့်အတူ၊ အမှောင်ည မန်တီ၏ နောက်ကျောပေါ်မှ လခြမ်းဓားတစ်ချောင်းသည် ရုတ်တရက် ထွက်ပေါ်လာကာ ချင်ယွင်ဆီသို့ ခုတ်ပိုင်းသွားလေသည်။
ချင်ယွင်သည် တားဆီးပိတ်ဆို့ရန် သူ့ဆေဘာကို အမြန်ဝှေ့ယမ်းလိုက်ရသည်။ သူ့လက်ထဲ က နတ်ဘုရားဆေဘာသည် လခြမ်းဓားနှင့် ပြင်းထန်စွာ တိုက်မိပြီး ကြည်လင်ပြတ်သား သည့်အသံ ထွက်လာခဲ့သည်။
လခြမ်းဓားမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားသည် ချင်ယွင်ကို ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွားစေသည်။
ဝှီး....။
ထိုအရာက အဆုံးသတ် မဟုတ်သေးပါဘူး။ ထိုလခြမ်းဓား တိုက်ခိုက်မှုက အကာကွယ် တစ်ခုမျှသာ ဖြစ်ပါသည်။ တကယ့် အစစ်မှန် တိုက်ခိုက်မှုက နောက်ကနေ အနီးကပ် လိုက်ပါနေသည့် အမှောင်ညမန်တီ ဖြစ်ပါသည်။
သူ့ခန္ဓာကိုယ်က ခရမ်းရောင် လျှပ်စီးအမျှင်တန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ ခရမ်းရောင် လျှပ်စီးကြောင်းများအောက်တွင် အရာအားလုံးကို ခွဲထုတ်နိုင်စွမ်းရှိသော အလွန်ထက်ရှသော ဓားတစ်ချောင်း ရှိနေခဲ့သည်။
အမှောင်ညမန်တီသည် လျင်မြန်စွာ ရောက်ရှိလာပြီး ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ချင်ယွင်သည် အလွန်ထက်ရှပြီး ကြီးစိုးသော အငွေ့အသက်တစ်ခု သူ့ထံသို့ ချဉ်းကပ် လာ သည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ့မျက်လုံးများကလည်း အေးစက်သော အလင်းရောင်ကို ထုတ်လွှတ်သည်။ သူသည် တုန့်ဆိုင်းမနေဘဲ သူ့လက်ထဲက နတ်ဘုရားဆေဘာကို ခုတ်ပိုင်းလိုက်သည်။
ချွင်….။
ဓားနှစ်ချောင်းသည် အပြင်းအထန် တိုက်မိပြီး မျှော်စင်၏ စတုတ္ထထပ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည့် ကြီးမားသော စွမ်းအားလှိုင်းများ ဖြစ်ပေါ်လာပါသည်။
ချင်ယွင်၏ ရုပ်အသွင်သည် အမှောင်ညမန်တီထံမှ တိုက်ရိုက် တွန်းထုတ်ခံခဲ့ရပြီး နောက်ထပ် ပေ ၈၀၀၀ အထိ နောက်သို့ ဆုတ်သွားခဲ့ရသည်။
ထောင့်တစ်နေရာမှာ ပုန်းအောင်းနေသည့် ကျိုးဟုန်ရွှဲ့လည်း အလွန်အံ့သြသည့် အမူအရာ ကို ဖော်ပြလာသည်။ ဉာဏ်ရည်ဉာဏ်သွေးနှင့် နတ်ဘုရား စွမ်းရည်များကို ပိုင်ဆိုင်သွား ပြီးနောက် အမှောင်ညမန်တီသည် အလွန်ကြောက်စရာ ကောင်းလာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ အကယ်၍ လင်းထန်ဘကိုယ်တိုင် သူ့အထွတ်အထိပ် အခြေအနေမှာ အသုံးပြုခဲ့မည် ဆိုလျှင်ပင်, အခုတိုက်ခိုက်မှုလောက် ပြင်းထန်မှာ မဟုတ်ပါဘူး။
ထိုအချိန်တွင် ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် အဝေးမှ အမှောင်ညမန်တီကို ကြည့်ရန် ခေါင်းကို မြှောက်လိုက်ပြီး သူ့မျက်လုံးများက လေးနက်မှု အပြည့်ရှိနေခဲ့သည်။ ယခုအချိန်မှာ သူ့လက်တွေက ပြင်းထန်စွာ ထုံကျင်နေ သလို ခံစားရသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေါင်းစပ်နတ်တန်ခိုး၏ ကောင်းချီးပေးမူ အပြင်၊ ချီသန့်စင်ခြင်းကို ကျင့်ကြံသူ သာမန် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ များပင် သူ့ရုပ်ခန္ဓာကိုယ်ကို လှုပ်ခါနိုင်စေရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော်၊ ယခုလေးတင် အမှောင်ညမန်တီထံမှ သက်ရောက်မှုက ချင်ယွင်ကို နတ်တောင်ကြီးတစ်ခုနှင့် တိုက်မိသွားသလို ခံစားလိုက်ရပြီး၊ ၎င်းသက်ရောက်မူကို လှုပ်ခါရန် ခက်ခဲလှသည်။
အမှောင်ညမန်တီ၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သူ့ထက် သာလွန်ကြောင်း ချင်ယွင် သေချာပြောနိုင်သည်။ ယခုအခါ, ၎င်းသည် နတ်ဘုရားလျှပ်စီး၏ အထောက်အပံ့ကို ရရှိထားသောကြောင့် ၎င်း၏ စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသထက် ကောင်းလာခဲ့သည်။
ဝှီး....။
ချင်ယွင်သည် အမှောင်ညမန်တီ၏ တန်ခိုးအစွမ်းကြောင့် ထိတ်လန့်သွားစဉ်မှာ အဝေးမှ အေးစက်သော အလင်းရောင်တစ်ခုက သူ့ဆီသို့ တစ်ဖန် ပြေးဝင်လာပြန်သည်။
ထိုမျှသာမကဘဲ အဝေးက အမှောင်ညမန်တီသည်လည်း ကြောက်စရာကောင်းသော လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။ ၎င်း၏ ဓားသွားနှစ်ချောင်းသည် ၎င်း၏ရှေ့တွင် ထောင်မတ်နေကာ အလွန်ထက်ရှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ သည်။
လခြမ်းဓားဖြင့် ဟန်ဆောင်တိုက်ခိုက်မူနှင့်အတူ အမှောင်ညမန်တီသည် ယခင်ကဲ့သို့ပင် အတိအကျ တူညီသည့် သေစေလောက်သည့် တိုက်ခိုက်မှုကို စတင်ခဲ့သည်။
"ဟမ့်၊ တူညီတဲ့ လှုပ်ရှားမူတစ်ကို နှစ်ခါ အသုံးပြုတယ်။ မင်း ငါက လူမိုက်လို့ ထင်နေတာ လား။" ချင်ယွင်၏ မျက်လုံးများတွင် ရန်လိုမှုအရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ့အသံ က မှောင်မိုက်သော မိုးခြိမ်းသံကဲ့သို့ ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေခဲ့သည်။
"မင်းက လျှပ်စီးနဲ့ ကစားရတာ ကြိုက်နေမှတော့, ငါ့ရဲ့ရှေးဟောင်း အဖြူရောင် ကျောက်စိမ်း နတ်ဘုရားလျှပ်စီးရဲ့ အရသာကို မင်းကို မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်က အေးစက်စက်အသံဖြင့် ဟစ်ကြွေးလိုက်ပြီး ပြင်းထန်သော အဖြူရောင်လျှပ်စီးကြောင်းက သူ့ခန္ဓာကိုယ် တစ်ဝိုက်မှာ ဝဲပျံလာခဲ့သည်။
"အောင်း..."
ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီး ထွက်ပေါ်လာသည့်အခိုက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင် ဟိန်းဟောက်သံအလား ထင်မှတ်ရသည်။ ထို့နောက်တွင်၊ စွမ်းအားကြီးမားသော ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးသည် နတ်ဘုရားဆေဘာ တစ်လျှောက်လုံး လျှပ်စီးမြွေများအလား တွန့်လိမ်စွာ ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် တောင်ကြီးတစ်ခုသဖွယ် စွမ်းအားကို အတင်းဆွဲထုတ်ပြီး ကောင်းကင်ယံမှ တိုက်ခိုက် ခုတ်ပိုင်းလိုက်ပြီး၊ လခြမ်းဓားကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ချွင်…။
ချင်ယွင်၏ နတ်ဘုရားဆေဘာသည် လခြမ်းဓားနှင့် အပြင်းအထန် တိုက်မိပြီး အလွန်အမင်း နားထဲထိုးဖောက်ဝင်ရောက်လာသည့် ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့ သည်။ ထို့နောက် ထိပ်တန်း နတ်ဘုရားပစ္စည်းများနှင့် ယှဉ်နိုင်သော လခြမ်းဓားသည် ချင်ယွင်ကြောင့် လွင့်ပျံသွားကာ၊ ၎င်းဓားတစ်ဝက်သည် ပတ်ပတ်လည်မှ နံရံတစ်ခုတွင် တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမှောင်ညမန်တီ၏ တိုက်ခိုက်မှုသည်လည်း ရောက်ရှိလာခဲ့သည်။
ချွန်ထက်သော ဓားသည် လေထဲတွင် ကြောက်စရာကောင်းသော လေပွေတစ်ခု ဖြစ်ပေါ် စေပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်၏ ပါးစပ်ထောင့်သည် အနည်းငယ် လှုပ်ယမ်းသွားပြီး သူ့လက်ထဲမှ နတ်ဘုရား ဆေဘာသည် ထောင်နှင့်ချီသော ပုံရိပ်များအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ၊ အမှောင်ည မန်တီ၏ လေပွေဓားကို တိုက်ရိုက် ရင်ဆိုင်လိုက်လေသည်။