အခန်း ၁၃၉၄
Vol. 93 Ch. 1394
အခန်း (၁၃၉၄) နတ်ဘုရားသတ် အစီအရင်ဝင်္ကပါ။
ချင်ယွင်၏ နတ်ဘုရားဆေဘာသည် အမှောင်ညမန်တီ၏ ဓားနှင့် အပြင်းအထန် တိုက်မိ သွားရာ၊ ကြီးမားသော မိုးကြိုးနှစ်စင်း တိုက်မိပြီး ပြင်းထန်သော တုန်ခါအသံမျိုး ထွက်ပေါ် စေခဲ့သည်။
လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်က ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီး၏ စွမ်းအားသည် အကန့်အသတ် မရှိ ဖြစ်နေပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းဖြင့်၊ ၎င်းသည် ချက်ချင်းပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုဖြင့် ပေါက်ကွဲ ထွက်လာခဲ့သည်။
"ဘုန်း”။
အမှောင်ညမန်တီ၏ ဓားပေါ်ရှိ နတ်ဘုရားလျှပ်စီးသည် ချင်ယွင်၏ ကြီးမားလှသော အဖြူရောင်ကျောက်စိမ်းလျှပ်စီးကြောင့် ချက်ချင်း ပြိုကွဲသွားခဲ့ပြီး၊ အမှောင်ညမန်တီသည် ချင်ယွင်ကြောင့် လွင့်ပျံသွားခဲ့သည်။
"ဘန်း..."
အမှောင်ညမန်တီသည် လွင့်ထွက်သွားပြီး သူ့နောက်ဘက်မှ နံရံကို ပစ်ရိုက်ကာ နံရံ တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။
အဝေးမှ နှောင်းပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရား အမှောင်ညမန်တီ ငါးကောင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ထိတ်လန့်ကြောက်ရွံ့သော အမူအရာကို ဖော်ပြကြ သည်။
ထိုအမှောင်ညမန်တီများသည် ကိုယ်ပိုင် အတွေးများ မရှိသော်လည်း သူတို့မှာ ကိုယ်ပိုင်ဗီဇ အသိ ရှိကြသည်။ ချင်ယွင်သည် သူတို့၏ဘုရင်ကို လွင့်ထွက်အောင် တိုက်ထုတ်လိုက် သည်ကို မြင်လိုက်ရသဖြင့် သူတို့သည် အလိုလို ကြောက်လန့်သွားကြသည်။
ကျိုးဟုန်ရွှဲ့သည် ထိုအခိုက်အတန့်တွင် အနှိုင်းမဲ့ အံ့အားသင့်သွားခဲသည်။ သူမမျက်နှာတွင် အံ့သြသော အမူအရာတစ်ခု ရှိနေသည်။ ချင်ယွင်၏ လက်ရှိတိုက်ခိုက်ရေး စွမ်းအားသည် သူမ မျှော်လင့်ထားသည်ထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။
ငွေဖြူရောင် အမှောင်ညမန်တီသည် တွင်းနက်ကြီးထဲကနေ တက်လာပြီး ချင်ယွင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
"မင်းရဲ့ နတ်ဘုရားလျှပ်စီးနဲ့ ယှဉ်ရင် ငါ့ရဲ့ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရား လျှပ်စီးက ဘယ်လို အရသာရှိလဲ။" ချင်ယွင်က အဖြူရောင် အမှောင်ညမန်တီကို ကြည့်ပြီး ရယ်မောရင်း ပြောလိုက်သည်။
ထိုစကားကို အမှောင်ညမန်တီ ကြားလိုက်သည်နှင့် သူ့မျက်လုံးတွေက ချက်ချင်း အေးစက်သွားခဲ့သည်။
"အော့.. အော့!"
အမှောင်ညမန်တီသည် ထူးဆန်းသော အော်ဟစ်သံ နှစ်ခုကို ထုတ်လွှတ်သည်။
ဘေးနားရှိ အမှောင်ညမန်တီ ငါးကောင်သည် ချင်ယွင်ကို ချက်ချင်း စိုက်ကြည့်ကာ သူတို့၏ အကြည့်များက အုံ့မှိုင်းအေးစက်လာသည်။
"ဝှီး...၊ ဝှီး.. ဝှီး..."
ရုတ်တရက် လေတိုးသံငါးချက် ထွက်ပေါ်လာသည်။ အမှောင်ညမန်တီ ငါးကောင်၏ နောက်ကျောပေါ်မှ လခြမ်းဓားများသည် ပျံထွက်လာပြီး ချင်ယွင်အား လမ်းကြောင်းငါးခုမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။ အမှောင်ညမန်တီ ငါးကောင်သည် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်တိုက်ခိုက်ကြပြီး၊ တစ်ကောင်ချင်းစီသည် ပုံမှန်မဟုတ်သော ကိုယ်နေဟန်များဖြင့် အသေခံတိုက်ကွက်များဖြင့် စတင်တိုက်ခိုက်ကြသည်။
ချင်ယွင်သည် အပေါ်မှ သူ့ဆီသို့ ပျံသန်းလာနေသော လခြမ်းဓားငါးစင်းနှင့် အမှောင်ည မန်တီငါးကောင်ကို လှမ်းကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးက သူ့လက်ထဲရှိ နတ်ဘုရားဆေဘာထံမှ တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"ဝှီး..."
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူ့ရုပ်အသွင်သည် နောက်မှာ ပုံရိပ်များအဖြစ် ကျန်ရစ်ခဲ့ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လခြမ်းဓားငါးချောင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း ၎င်းတို့ သည် နောက်ဆက်တွဲ ပုံရိပ်များပေါ်သို့ ကျရောက်သွားကြပြီး အားလုံး လွတ်သွားကြသည်။
ချင်ယွင်သည် သူ၏ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို လွန်ကဲစွာ အသုံးပြုခဲ့သည်။ အလင်းတန်းတစ်ခုက နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီငါးကောင်ကို ဖြတ်သွားပြီးနောက် တဖန် ပြန်ပေါ်လာသည်။ သူ့ကို တိုက်ခိုက်သော အမှောင်ညမန်တီငါးကောင်သည် ထိုနေရာမှာပင် ဇဝေဇဝါ ဖြစ်သွားကြ သည်။
"ဘန်း…၊ ဘန်း….၊ ဘန်း….”
အမှောင်ညမန်တီ ငါးကောင်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယို ဒဏ်ရာတစ်ခုစီ ပေါ်လာကြသည်။ ထိုဒဏ်ရာအတွင်းမှာ အားကောင်းသည့် အဖြူရောင် လျှပ်စီးများ လင်းလက်နေသည်။ အဖြူရောင် လျှပ်စီးများ ပေါက်ကွဲလာသည်နှင့်အမျှ အမှောင်ည မန်တီ ငါးကောင်သည် အစိတ်စိတ် အမွှာမွှာကွဲသွားကာ လုံးဝ ပြိုကွဲသွားခဲ့သည်။
"အယ်?" ကျိုးဟုန်ရွှဲ့သည် ဤမြင်ကွင်းကို အဝေးမှ မြင်သောအခါတွင် သူမသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေပြီး အလွန်တုန်လှုပ်နေသော အမူအရာတစ်ခု ကို ဖော်ပြသလိုက်သည်။
နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီ ငါးကောင်ကို တစ်ချက်တည်း သတ်ဖြတ်ခြင်း။ ဤအရာက ချင်ယွင်၏ စစ်မှန်သော ခွန်အား ဖြစ်နေမလား။
ငွေဖြူရောင် အမှောင်ညမန်တီသည် ၎င်း၏မျက်လုံးများတွင် အံ့သြဟန် အသွင်အပြင်ကို ထင်ရှားစေသည်။ ၎င်းသည် ချင်ယွင်၏ ရုတ်တရက် ပေါက်ကွဲမူကြောင့် ထိတ်လန့်သွား ပုံရပြီး ၎င်း၏ အကြည့်များသည် တုနှိုင်းမရလောက်အောင် လေးနက်လာခဲ့သည်။
ချင်ယွင်သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး၊ သူ့မျက်နှာပေါ်တွင် ဆောင်းရာသီ နှင်းများကဲ့သို့ အေးစက်သော အပြုံးတစ်ခု ခိုတွဲနေသည်။
ဤအမှောင်ညမန်တီ ငါးကောင်သည် သာမန် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများထက် ပိုမိုအားကောင်းသော်လည်း၊ ရှေးဟောင်း အဖြူရောင်ကျောက်စိမ်း နတ်ဘုရားလျှပ်စီးနှင့် ချင်ယွင်၏ခွန်အားသည် ပြင်းထန်သော အတိုင်းအတာအထိ တကယ်ကို ကြောက်စရာကောင်းလာခဲ့သည်။ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရား စွမ်းရည်ကို ထည့်သွင်းခြင်းဖြင့် ချင်ယွင်သည် ၎င်းတို့ကို တစ်ချက်တည်း သတ်ပစ်ရန် လွယ်ကူနေပါသေးသည်။
"အခု မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါ သတ်ပြီးပြီ။ မင်းရဲ့ နတ်ဘုရားစွမ်းရည်ကို လည်း အသုံးချပြီးပြီ။ မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးလား?။ မဟုတ်ရင်တော့, ဝမ်းနည်းပါတယ်။ ငါ မင်းကိုလည်း မင်းရဲ့ လက်အောက်ငယ်သားတွေဆီ တိုက်ရိုက် ပို့ပေးရလိမ့်မယ်။" ချင်ယွင်သည် အဝေးမှ ငွေဖြူရောင် အမှောင်ညမန်တီကို လှမ်းကြည့် ကာ ရှုတ်ချသော အကြည့်ဖြင့် ပြောလိုက်သည်။
"ချင်ယွင်၊ မင်း ငါ့ရဲ့ အရင်က အဆိုပြုချက်ကို တကယ်ပဲ မစဉ်းစားတော့ဘူးလား။ မင်း ငါ့ကို သတ်နိုင်ရုံနဲ့ ဒီစမ်းသပ်မူမျှော်စင်ကို ဖြတ်ကျော်သွားနိုင်ပြီလို့ မထင်နဲ့။ ငါ မင်းကို ပြောပြဦး မယ်။ ငါ့မျိုးနွယ်ထဲမှာ ဧကရာဇ် အနည်းငယ် ရှိသေးတယ်။ အဲဒါတွေက တကယ့် သတ်ဖြတ်ခြင်း လက်နက်တွေပဲ။ ငါ့အကူအညီ မရှိရင်, မင်း ဒီစမ်းသပ်မူမျှော်စင်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။" ငွေဖြူရောင် အမှောင်ညမန်တီက ပြောသည်။
"တောင်းပန်ပါတယ်။ ငါ မလိုအပ်ပါဘူး။" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ သူ့လေသံအရ ညှိနှိုင်းရန် နေရာမရှိပေ။
ထိုစကားကိုကြားတော့ အမှောင်ညမန်တီသည် သူ့မျက်နှာပေါ်မှာ ပြင်းထန်သည့် ရန်လိုမှု ကို ထုတ်ဖော်လိုက်ပါသည်။
"ဟမ့်၊ မင်းကို ငါ တကယ်ကြောက်နေတယ်လို့ မထင်နဲ့။ ငါက လင်းထန်ဘရဲ့ မှတ်ဉာဏ်တွေကို အကုန်ရထားပြီဆိုတာ မမေ့နဲ့။ ချင်ယွင်, မင်းက သေချင်နေပြီဆိုမှ တော့, ငါ မင်းကို လိုက်ပို့ပေးမယ်။" ငွေဖြူရောင် အမှောင်ညမန်တီက ခက်ထန်စွာ ပြောလိုက်သည်။
သူပြောပြီးသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ့ခြေဖဝါးအောက်မှ အားကောင်းသည့် အစီအရင်ဝင်္ကပါ ပုံစံတစ်ခု ထွက်လာသည်။ ထို့နောက် ၎င်းအစီအရင်ဝင်္ကပါပုံစံသည် လေဟာနယ် တစ်ခုလုံးကို တစ်ခဏချင်း လွှမ်းခြုံကာ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"အစီအရင် ဝင်္ကပါလား..? ဒါက လင်းထန်ဘရဲ့ နောက်ဆုံးဝှက်ဖဲ ဖြစ်နိုင်မလား" ချင်ယွင် သည် အစီအရင်ဝင်္ကပါပုံစံများကို ကြည့်ပြီး သူ့အမူအရာက လေးနက်လာသည်။
ယခင်က လင်းထန်ဘကို သူမတိုက်ခိုက်ရခြင်း၏ အကြောင်းရင်းမှာ လင်းထန်ဘ၏ လက်ထဲမှ ဝှက်ဖဲကို ကြောက်သောကြောင့် ဖြစ်သည်။ အခု၊ ထိုစက်ဝိုင်းပုံစံ ပျံ့နှံ့သွားပြီး နောက် သူသည် လင်းထန်ဘ၏ နည်းလမ်းကို ရင်ဆိုင်ရဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဘန်း…။
နတ်ဘုရားမှော်သင်္ကေတများသည် မျှော်စင်၏ စတုတ္ထထပ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ သိမ်မွေ့နက်ရှိုင်းသော အစီအရင်ဝင်္ကပါ မှော်သင်္ကေတများသည် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်ကာ လေဟာနယ် တစ်ခုလုံးကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားစေသည်။
"ဟား...၊ ဟား၊ ဒီအစီအရင်ဝင်္ကပါကို မင်းတို့လူသားတွေက ရှေးဟောင်း နတ်ဘုရား အစီအရင်ဝင်္ကပါလို့ ခေါ်ကြတယ်။ တန်ခိုးကြီးတဲ့ ကောင်းကင်နတ်ဘုရားတစ်ပါးက ဖန်တီးထားခဲ့တာပဲ။ ဒီအစီအရင်ဝင်္ကပါက ကောင်းကင်နတ်ဘုရားတွေကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိတယ်။ ဒီအစီအရင်ဝင်္ကပါက နည်းနည်းလေး ပျက်ဆီးနေပေမယ့် ဒီအစီအရင်ဝင်္ကပါရဲ့ စွမ်းအားက ကောင်းကင်နတ်ဘုရားအောက် ကျွမ်းကျင်သူတွေကို သတ်ဖြတ်ဖို့ လုံလောက်ပါသေးတယ်။ ဒါကြောင့်, ချင်ယွင်၊ မင်း ကံဆိုးမိုးမှောင်ကျသွား ပြီ။” ငွေဖြူရောင် အမှောင်ညမန်တီက ကျယ်လောင်စွာ ရယ်မောပြီး သူ့လေသံက ရူးသွပ်သည့် အရိပ်အမြွက်ကို သယ်ဆောင်ထားသည်။
ထိုအချိန်တွင် ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများက လေးနက်သော အမူအရာကို ပေါ်လွင်စေသည်။
အမှောင်ညမန်တီသည် လင်းထန်ဘ၏ မှတ်ဉာဏ်များကို ရရှိသွားရုံသာမက လင်းထန်ဘ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစီအရင်ဝင်္ကပါကိုလည်း ဖမ်းဆုပ်ကိုင်ထားနိုင်သည်။
အစီအရင်ဝင်္ကပါမှ ထုတ်လွှတ်သော လှိုင်းလုံးကြီးသည် သေမင်း၏ အရိပ်မြွက် အငွေ့အသက်ကို ခံစားရစေသည်။ ထို့ကြောင့် အမှောင်ညမန်တီပြောသည့် စကားသည် မှန်ကန်သည်ဟု သူ ယုံကြည်သည်။ ထို့အပြင်၊ ဤအစီအရင်ဝင်္ကပါသည် ကောင်းကင် နတ်ဘုရားနယ်ပယ် အောက်ရှိ မည်သည့် ကျွမ်းကျင်ပညာရှင်ကိုမဆို သတ်ပစ်နိုင်သည့် စွမ်းအားရှိသည်။
ခပ်လှမ်းလှမ်းတွင် ကျိုးဟုန်ရွှဲ့လည်း မျက်မှောင်ကြုတ်လိုက်၏။ သူမမျက်နှာပေါ်တွင် လေးနက်သော အမူအရာရှိနေသည်။ ထင်ရှားသည်မှာ၊ အမှောင်ညမန်တီသည် အစီအရင် ဝင်္ကပါများကိုပင် အသုံးပြုနိုင်နေမည်ဟု သူမ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။
"ဦးလေး, အခု ဘာလုပ်သင့်လဲ" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို အသံထုတ်လွှင့်မှုမှ တစ်ဆင့် မေးမြန်းခဲ့သည်။
"ငါ့နောက်မှာနေ။ မင်းကိုယ်မင်း ကာကွယ်ထား။ ကျန်တာ ငါ့အတွက် ထားလိုက်ပါ" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာဖြင့် ပေးပို့လိုက်သည်။
"အင်း ဦးလေး… သတိထား။" ကျိုးဟုန်ရွှဲ့က အသံထုတ်လွှင့်မှုမှ တစ်ဆင့် ပြန်ကြားခဲ့ သည်။
ချင်ယွင်သည် ကျိုးဟုန်ရွှဲ့၏စကားကို ကြားပြီးနောက်၊ သူ့အကြည့်များကို ရှေ့သို့ လှည့်ပြန်သည်။
အမှောင်ညမန်တီသည် အစီအရင်ဝင်္ကပါကို အသက်သွင်းပြီး တိုက်ခိုက်မှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
ဘန်း….။
တန်ခိုးကြီးသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုသည် နတ်ဘုရားမှော်သင်္ကေတများမှ ဆင်းသက်လာပြီး၊ ထို့နောက်တွင် ချွန်ထက်သော အနက်ရောင်ဓား သုံးချောင်းသည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။ အနက်ရောင်ဓားများပေါ်မှ အငွေ့အသက်သည် အလွန်ကြောက်စရာ ကောင်းလွန်းသည်။
"ချင်ယွင်, သေလိုက်တော့.." အမှောင်ညမန်တီက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့ရှေ့တွင် လွင့်မျောနေသော အနက်ရောင် ဓားသုံးစင်းသည် ချင်ယွင်ဆီသို့ မယုံနိုင် လောက်သည့် အရှိန်ဟုန် ပြင်းပြင်းဖြင့် ပစ်ခတ်သွားလေသည်။
ချင်ယွင်၏ မျက်လုံးအမြင်တွင်, သူ အနက်ရောင် အရိပ်အယောင်များကိုသာ မြင်လိုက်ရ သည်။