← Chapters

အခန်း ၁၃၉၅

Vol. 93 Ch. 1395

အခန်း ၁၃၉၅

Vol. 93 Ch. 1395

အခန်း (၁၃၉၅) ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အစီအရင်။

ချင်ယွင်သည် အလွန်မင်း လျင်မြန်သော ပုံရိပ်သုံးခုကို ကြည့်ရှုပြီး သူ့အမူအရာက ထူးထူး ခြားခြား လေးနက်နေသည်။

သူသည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ချက်ချင်း ဖြတ်ပိုင်းကာ ဓားလှိုင်း နတ်ဘုရားတန်ခိုး စွမ်းရည်ကို အသုံးပြုခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရား လျှပ်စီးကို ဓားလှိုင်းထဲသို့ ထည့်သွင်းထားသည်။ အကြောင်းမှာ ချင်ယွင်သည် အနက်ရောင် အရိပ်ဓားသုံးစင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားနိုင်ခြင်းကြောင့် ဖြစ်သည်။

"ဘုန်း”။

ချင်ယွင်၏ ဓားလှိုင်းများသည် အနက်ရောင်အရိပ်ဓား သုံးချောင်းနှင့် အပြင်းအထန် တိုက်မိပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

စွမ်းအားစုနှစ်ရပ်သည် အချင်းချင်း တိုက်မိပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမီးလျှံ အလင်းရောင်ကို ဖြစ်ပေါ်စေသည်။

"ငါ ပိတ်ဆို့တားဆီးလိုက်တာလား။" ချင်ယွင်သည် သူ့စိတ်ထဲတွင် စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက် ချလိုက်သည်။ သို့သော်, ဤအခိုက်အတန့်တွင် တဟုန်ထိုး ပစ်လွှတ်လာသော မီးလျှံအလင်းများထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ ပြီး ချင်ယွင်၏ ရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားပြီး ပိတ်ဆို့ရန် သူ့ဆေဘာကို အမြန်အသုံးပြုခဲ့ သည်။

ချွင်….။

ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်သည် သူ့လက်ထဲရှိ နတ်ဘုရားဆေဘာမှတဆင့် တွန်းလှန်၍မရနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည် ကို ခံစားလိုက်ရသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး အထိန်းအကွပ်မဲ့စွာ လွင့်ပျံသွားသည်။

သူသည် ဓားထံမှ ကြောက်စရာကောင်းသော စွမ်းအားကို မဖယ်ရှားမီ ပေတစ်သောင်း အကွာအဝေးကို ဆွဲထုတ်ခံလိုက်ရသည်။

အနက်ရောင်အရိပ်ဓားများသည်လည်း သိပ်သည်းသော လေထုထဲသို့ ပျောက်ကွယ်သွား သော်လည်း၊ ချင်ယွင်သည် ပါးစပ်ထဲမှ သွေးများ ထွေးထုတ်လိုက်ရကာ သူ့မျက်လုံးများ တွင် ထိတ်လန့်မူအပြည့် ရှိနေခဲ့သည်။

အနက်ရောင်အရိပ်ဓားများ၏ စွမ်းအားသည် ထူးထူးခြားခြား ကြီးမားလိမ့်မည်ဟု သူ ကြာမြင့်စွာကတည်းက မျှော်လင့်ခဲ့သော်လည်း ထိုကဲ့သို့အဆင့်မျိုး ရောက်ရှိနေရန် သူ မမျှော်လင့်ခဲ့ပေ။

ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီး ပါ၀င်သော ဓားလှိုင်း တိုက်ခိုက်မှု သည် အနက်ရောင်အရိပ်ဓား နှစ်စင်းကိုသာ တားဆီးနိုင်ခဲ့သည်။ အနက်ရောင်အရိပ်ဓား တစ်ချောင်းသည် ဓားလှိုင်းတိုက်ခိုက်မှုကို ဖြတ်ကျော်သွားပြီးနောက်မှာပင်၊ ၎င်းထံမှာ အမှန်တကယ်ပင် ဤမျှကြီးမားသော စွမ်းအား ရှိနေခဲ့သည်။ ဤအရာက ချင်ယွင်အတွက် တကယ်ကို စိတ်ကူး၍ မရပါဘူး။

"ဦးလေး.." ကျိုးဟုန်ရွှဲ့သည် ချင်ယွင် သွေးအန်နေသည်ကို မြင်ပြီး ချင်ယွင်ဆီကို ပြေးသွား ပြီး စိုးရိမ်တကြီး မေးလိုက်ပါသည်။

ချင်ယွင်က သူ အဆင်ပြေကြောင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်သော်လည်း၊ သူ့မျက်လုံးတွေက ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။

"ချင်ယွင် ဘယ်လိုလဲ၊ ဒီသတ်ဖြတ်ခြင်းရဲ့ စွမ်းအားကို ဘယ်လိုထင်လဲ၊ သိပ်ပြီး ခံစားမူ မကောင်းဘူး မဟုတ်ဘူးလား။ အဲဒါက အမြည်းပဲရှိသေးတယ်။ တကယ့်ပွဲကောင်းက လာဖို့ ရှိသေးတယ်။" အမှောင်ညမန်တီက လှောင်ပြောင်ပြီး သူ့မျက်လုံးတွေက လူသားများ၏ လှောင်ပြောင်မှုတွေနှင့် ပြည့်နေခဲ့သည်။

ချင်ယွင်က အမှောင်ညမန်တီကို အကြောင်းမပြန်လိုက်သော်လည်း, သူ့မျက်လုံးများတွင် အေးစက်စက် နှင်းခဲများနှင့် ပြည့်နေခဲ့သည်။

"မင်းက ဘာမှပြန်မပြောဘူးဆိုတော့, ငါ မင်းကို ငရဲကို တိုက်ရိုက်ပို့ပေးမယ်" အမှောင်ည မန်တီသည် ဒေါသတကြီး ပြောလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ပုံစံများ ကို တစ်ဖန် ပြန်လည်အသက်သွင်းခဲ့သည်။

ဘန်း….။

တန်ခိုးကြီးသော နတ်ဘုရားမှော်သင်္ကေတ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ အနှိုင်းမဲ့ အင်အားကြီးမားသော အနက်ရောင် အရိပ်ဓားရှည်များသည် လေဟာနယ်မှာ တစ်ဖန် ပြန်လည် စုစည်းလာပြန်သည်။ ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ကိုးစင်းအထိ ပေါင်းစည်းထားသည်။ ၎င်းတို့ တစ်ချောင်းချင်းစီ၏ စွမ်းအားသည် ယခင် ဓားရှည်သုံးလက် ထက် အားမနည်းပေ။ ၎င်းတို့၏စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။

ချင်ယွင်သည် ကောင်းကင်မှ မည်းမှောင်နေသော ဓားကိုးစင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်ခုံးတွေက တွန့်သွားခဲ့သည်။

ဘန်း…။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံတိုက်ပွဲဝင် ချပ်ဝတ်တစ်ခု ပေါ်လာသည်။ ယခုအချိန်တွင်၊ နဂါးကြေးခွံတိုက်ပွဲဝင် ချပ်ဝတ်သည် လုံးဝ အဖြူရောင် ပြောင်းသွားသည်။ ၎င်းသည် အားကောင်းသော လျှပ်စီး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်သည်။ နဂါးကြေးခွံအဖြူရောင်ချပ်ဝတ်၏ မာကျောမှုသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း များထက် အားမနည်းတော့ပါ။

"ဟမ့်၊ အဲဒါက အသုံးမဝင်ပါဘူး။ ဒီနတ်ဘုရားသတ်ဝင်္ကပါရဲ့ စွမ်းအားက ကောင်းကင် နတ်ဘုရားတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။ မင်း တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရင်တောင်, ဒီ နတ်ဘုရားသတ်ဓားရဲ့ စွမ်းအားကို တားဆီးဖို့ မဖြစ်နိုင်ဘူး။ မင်း သေဖို့ စောင့်နေလိုက်တော့။" ချင်ယွင်၏ ချပ်ဝတ်တန်ဆာ ပေါ်လာသည်ကို အမှောင်ည မန်တီ မြင်သောအခါတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့လက်မောင်းကို ညင်သာစွာ ဝှေ့ယမ်းမူနှင့်အတူ အနက်ရောင်အရိပ်ဓားကိုးစင်း ပျံထွက်သွားသည်။

ဘန်း….။

အနက်ရောင် အရိပ်ဓားကိုးစင်းသည် တစ်ခုပြီးတစ်ခု ပျံထွက်သွားပြီး လေဟာနယ်ကို ဖြတ်သန်းကာ နားထဲထိုးဖောက်နိုင်သည့် လေတိုးသံများ ထွက်ပေါ်လာသည်။ အနက်ရောင် အရိပ်ဓားတစ်ချောင်းစီတွင် နှလုံးခုန်လောက်သည့် စွမ်းအင် အတက်အကျ လှိုင်းများ ပါရှိနေသည်။

"လခွမ်းကွာ…”

ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူ့လက်ထဲက နတ်ဘုရားဆေဘာက ချက်ချင်းပဲ တောက်ပသွားသည်။ နည်းနည်းမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် လေဟာနယ်ထဲကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

"ဝူဝမ်းဓားသိုင်း တတိယမြောက်ဓားကွက် ဓားအမှတ်သား…"

ချင်ယွင်သည် ကြယ်ရောင်ဆေဘာမြစ်တစ်စင်းကဲ့သို့ ခုတ်ပိုင်းလိုက်ပြီး၊ ရောင်စုံ အလင်းတန်းများကို သယ်ဆောင်ထားသော ထိုဆေဘာအလင်းတန်းသည် အနက်ရောင် အရိပ်ဓားကိုးစင်းဆီသို့ တည့်တည့် ပစ်ဝင်သွားခဲ့သည်။

ဘန်း….။

အနှိုင်းမဲ့ တန်ခိုးကြီးမားသော နတ်ဘုရားတန်ခိုးလှိုင်းများ ပါဝင်နေသည့် ဆေဘာအလင်း သည် အနက်ရောင်အရိပ်ဓားများနှင့် အပြင်းအထန် တိုက်မိသွားကာ အနက်ရောင် အရိပ်ဓား သုံးချောင်းကို ဆက်တိုက် ဖျက်ဆီးပစ်လိုက်သည်။

သို့သော် ဆေဘာအလင်း၏ စွမ်းအားမှာ အကန့်အသတ် ရှိသေးသည်။ အနက်ရောင် အရိပ်ဓား ခြောက်စင်းကို ဖျက်ဆီးပြီးနောက်၊ ၎င်းသည် တိုက်ရိုက် ပေါက်ကွဲပြီး လေထဲသို့ လွင့်ပျယ်သွားခဲ့သည်။

ကျန်ရှိသော အနက်ရောင်အရိပ်ဓားများသည် အတားအဆီးမရှိဘဲ လေဟာနယ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

"ဘုန်း....၊ ဘုန်း....၊ ဘုန်း...”

ပေါက်ကွဲသံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ကို အနက်ရောင်အရိပ်ဓား သုံးစင်းက ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည် နဂါးကြေးခွံအဖြူရောင်ချပ်ဝတ်တောင်မှ အနက်ရောင်အရိပ်ဓားများ၏ တိုက်ခိုက်မှုကို မခံခုနိုင်သေးပါဘူး။

ချင်ယွင်သည် သွေးများကို ဆက်တိုက် အန်ထုတ်လိုက်သည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ် သည် ပြင်းထန်စွာ ပျက်စီးသွားပြီး သူ့မျက်နှာမှာ အနှိုင်းမဲ့ ဖျော့တော့လာသည်။

"လခွမ်း..၊ ဘယ်လောက်တောင် ကြောက်စရာကောင်း နတ်ဘုရား အစီအရင်ဝင်္ကပါလဲ။ တကယ်လို့, ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်သာ ကနဦးစကြာဝဠာထဲက အစိတ်ပိုင်းတစ်ခု ဖြစ်မလာဘူးဆိုရင်၊ အခုတိုက်ခိုက်မှုကြောင့် ငါ့အသက်တောင် ဆုံးရှုံးသွားမှာ စိုးရတယ်။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အနက်ရောင် အရိပ်ဓားအတွင်းပါရှိသော အဖျက်စွမ်းအားသည် အမှန်တကယ် ပြင်းထန် လွန်းလှသည်။ အနက်ရောင် အရိပ်ဓားသည် သူ့ခန္ဓာကိုယ်အနှံ့ ထိုးဖောက် ဝင်ရောက် လာသောအခါတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော အဖျက် စွမ်းအားတစ်ခုကို သိသိသာသာ ခံစားလိုက်ရသည်။ ဤအဖျက်စွမ်းအားသည် သူ့စိတ်ဝိညာဉ်ကို အထူးရည်ရွယ်ထားပြီး ၎င်းသည် အစောပိုင်း ကောင်းကင်နတ်ဘုရား တစ်ပါး၏ စိတ်ဝိညာဉ်ကိုပင် ချက်ချင်း ချေမှုန်းပစ်နိုင်စွမ်း ရှိနေပါသည်။

ထို့ကြောင့် ချင်ယွင်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေပါက၊ သူသည် ယခုတိုက်ခိုက်မှုကြောင့် လုံးဝ သေဆုံးသွားပေလိမ့်မည်။

ချင်ယွင်သည် ကြောက်ရွံ့မှုပေါက်ကွဲထွက်လာပြီးနောက်, သူ့စိတ်နှလုံးထဲတွင် ပျော်ရွှင်မူ ကိုပါ ခံစားလိုက်ရပါသည်။ သို့သော်၊ သူ့နတ်ဘုရား စိတ်ဝိညာဉ် မပျက်ဆီးခဲ့လျှင်ပင်၊ သူ့နတ်ဘုရားခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့သည်။ သူ့မျက်လုံးထဲတွင် ပြင်းထန်သော နာကျင်မှုကို သူ့သွားများကို တင်းတင်းကြိတ်ထားရသည်အထိ ခံစားရစေသည်။

"ဟင်, သူ တကယ် မသေသေးဘူးလား" အဝေးမှ အမှောင်ညမန်တီသည်လည်း အံ့ဩဟန် အမူအရာတစ်ခုကို ဖော်ပြလိုက်သည်။ ရှင်းရှင်းပြောရရင်၊ ဓားသုံးချောင်း ထိမှန်ပြီးနောက် ချင်ယွင် အသက်ရှင်နေရန် သူ မမျှော်လင့်ခဲ့သည်မှာ ထင်ရှားပါသည်။

ယခုအချိန်တွင် ကျိုးဟုန်ရွှဲ့၏ လှပသော မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူမသည် သွေးများစိုးရွှဲနေပြီဖြစ်သော ချင်ယွင်ကို ကြည့်ကာ ဘာမှမပြောမိရန် ပါးစပ်ကို အုပ်ထားသည်။

ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို ထောက်ထားရန် နတ်ဘုရားဆေဘာကို အားကိုးပြီး သူ့ခန္ဓာကိုယ် ပြိုလဲမသွားအောင် ကာကွယ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သူ့ဒဏ်ရာများကို ပြုပြင်ရန်အတွက် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးကို ဖြန့်ကျက်လိုက် သည်။

သို့သော်၊ သူ့နတ်ဘုရားခန္ဓာကိုယ် ပျက်စီးမှုသည် အလွန်ပြင်းထန်သောကြောင့်၊ ၎င်းကို အချိန်တိုအတွင်း ပြန်လည်ပြုပြင်ရန် ခက်ခဲပေလိမ့်မည်။

"ဟမ့်၊ မင်းကို မသတ်နိုင်ဘူးလို့ ငါ မယုံဘူး။ မင်း ငါ့ရဲ့တိုက်ခိုက်မှုကို ဘယ်နှစ်ကြိမ် တားဆီးနိုင်လဲဆိုတာ ငါ ကြည့်ချင်တယ်" အမှောင်ညမန်တီသည်လည်း ၎င်း၏မျက်နှာပေါ် တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်ကို ထုတ်ဖော်လာခဲ့သည်။ ၎င်းသည် နတ်ဘုရား မှော်သင်္ကေတများ၏ စွမ်းအားကို တစ်ဖန် ပြန်လည် အသက်သွင်းပြီး အားကောင်းသော အနက်ရောင်အရိပ်ဓားများကို စုစည်းလိုက်ပြန်သည်။ ယခုအကြိမ်သည် ယခင်အကြိမ်များထက်ပင် ပို၍များပြားခဲ့ပြီး ၎င်းတို့သည် ဆယ့်နှစ်စင်းအထိ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

အနက်ရောင်အရိပ်ဓား ဆယ့်နှစ်လက်သည် ချင်ယွင်၏ ရှေ့သို့ လွင့်ပျံလာခဲ့သည်။ ပြင်းထန်သော အငွေ့အသက်က လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့ သည်။

ချင်ယွင်သည် အနက်ရောင်အရိပ်ဓား ဆယ့်နှစ်စင်းကို ကြည့်ကာ သူ့မျက်လုံးများ နက်နဲပြီး အေးစက်သွားသည်။

"ငရဲကိုသွားလိုက်တော့.."

အမှောင်ညမန်တီက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး အနက်ရောင် အရိပ်ဓား ဆယ့်နှစ်စင်း ပျံထွက်သွားကာ ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။

ချင်ယွင်သည် ပျံသန်းလာသော အရိပ်ဓား ဆယ့်နှစ်စင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပါ။ ယင်းအစား လိမ္မာပါးနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

သူသည် ရှောင်တိမ်းခြင်းမရှိဘဲ အနက်ရောင်အရိပ်ဓားကို သူ့ဆီသို့ ထိုးသွင်းလာရန် ခွင့်ပြုလိုက်သည်။

အဝေးမှ အမှောင်ညမန်တီသည် ဤမြင်ကွင်းကို မြင်ပြီး ချင်ယွင်သည် ခုခံမှုကို စွန့်လွှတ် လိုက်ပြီဟု တွေးမိသည်။ လှောင်ပြောင်သရော်မှုတစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာ သည်။

ကျိုးဟုန်ရွှဲ့သည် အလွန်မင်း ထိတ်လန့်သော အမူအရာကို ထုတ်ပြပြီး၊ နောက်ပိုင်း အဖြစ်ပျက်ကို မကြည့်ဝံ့ဘဲ ခေါင်းကို လှည့်လိုက်သည်။

ဘန်း…။

သို့သော်၊ အနက်ရောင် အရိပ်ဓားသည် သူ့ခန္ဓာကိုယ်အနှံ့ ထိုးဖောက်ဝင်ရောက်တော့မည့် အခိုက်မှာ ချင်ယွင်၏ရင်ဘတ်ထဲမှ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာသည်။ အရှိန်အဟုန်ဖြင့် စုစည်းနေသော ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်သည် ချင်ယွင်၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး နတ်ဘုရား ဓားလေးချောင်းကို နောက်သို့ ပြန်လည်တွန်းထုတ်လိုက်ပါသည်။

စာစဉ် (၉၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၁.၂.၂၀၂၅)။

All Chapters