အခန်း ၁၃၉၆
Vol. 94 Ch. 1396
အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၄)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၃၉၆) နဝမမြောက် အနက်ရောင်ကျောက်တုံး။
"ဘန်း…၊ ဘန်း….၊ ဘန်း….၊ ဘန်း…"
ပေါက်ကွဲမှုလေးကြိမ်နှင့်အတူ၊ အမှောင်ညမန်တီသည် ၎င်း၏မျက်နှာပေါ်တွင် မယုံကြည် နိုင်လောက်သည့် အမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပါသည်။
ချင်ယွင်က ကောင်းကင်ဘုံအုပ်စိုးခြင်း နတ်ဘုရားကြေးဝါမှန်ကို အမှန်တကယ် အသုံးပြု ပြီး၊ အနက်ရောင်အရိပ်ဓား လေးချောင်းကို ပြန်တွန်းထုတ်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
သူ့တွင် လင်းထန်ဘ၏ မှတ်ဉာဏ်များ ရှိသော်လည်း သူ့မာနကြောင့် ၎င်းကို မေ့သွားခဲ့ သည်။
ယခုတော့ အမှောင်ရိပ် ဓားလေးစင်းသည် သူ့ခန္ဓာကိုယ်အနှံ့ ထိုးဖောက်ဝင်ရောက်လာ သောကြောင့်၊ သူရရှိထားသော စိတ်ဝိညာဉ်သည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး၊ နောက်အခိုက်အတန့်တွင် လုံးဝ ပြိုကွဲတော့မည် ဖြစ်သည်။
"မဟုတ်ဘူး" အမှောင်ည မန်တီသည် အလွန်အမင်း မကျေနပ်သည့်အသံဖြင့် ဟစ်အော် လိုက်ပြီး၊ ဟစ်အော်ခြင်း၏ တစ်ဝက်တစ်ပျက်မှာပင် ၎င်း၏ အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
၎င်း၏ ခန္ဓာကိုယ်သည်လည်း တက်ကြွမှုမရှိတော့ဘဲ တည့်တည့်ကြီး လဲကျသွားသည်။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် သနားစရာ အပြုံးတစ်ခုကို ထုတ်ဖော်လိုက်မိ ပါသည်။ နောက်ဆုံးတွင် သူ့ကို ထောက်ထားသည့် ခန္ဓာကိုယ်က ပြိုလဲကျသွားခဲ့သည်။
အရိပ်ဓား ၁၂ စင်းထဲမှ လေးစင်းကို ပိတ်ဆို့တားဆီးထားနိုင်သော်လည်း ကျန်ရှစ်စင်းသည် သူ့ခန္ဓာကိုယ်တွင် သွေးစွန်းနေသော အပေါက်ရှစ်ခု ဖြစ်ပေါ်နေခဲ့သည်။
သူ၏နတ်ဘုရား ခန္ဓာကိုယ်သည် နှိုင်းစာ၍ မရလောက်အောင် ပျက်စီးနေပြီ ဖြစ်သည်။ အသက်သစ်ပင်၏ ရင်းမြစ်နှင့် ချီလင်မျိုးစေ့၏ ကောင်းချီးပေးမူကြောင့်သာ မဟုတ်ပါက၊ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် လုံးဝ ပြိုကျသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင်, ပြန်လည် ပြုပြင်ရန် အချိန်အတော်ကြာပါဦးမည်။
"ဦးလေး အဆင်ပြေရဲ့လား" တိုက်ပွဲပြီးသွားသည်ကို မြင်တော့ ကျိုးဟုန်ရွှဲ့သည် ချင်ယွင်ဆီကို အမြန်ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
အရိပ်ဓား ၁၂ စင်း ပျံသန်းသွားသောအခါ သူမသည် အမှန်တကယ် ထိတ်လန့်သွားသည်။ ချင်ယွင် လုံးဝ အသတ်ခံရပြီဟု သူမ ထင်ခဲ့သည်။ သူ့ဦးလေးက အသက်ရှင် ကျန်ရစ်နေချိန် မှာ နောက်ဆုံးအတွင် သေရမည့်သူက အမှောင်ညမန်တီ ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါဘူး။
"ငါ... ငါ အဆင်ပြေပါတယ်၊ ခဏလောက် အနားယူလိုက်ရုံပါ" ချင်ယွင်က ပြုံးကာ ဖျစ်ညှစ်ပြီး ပြောလိုက်သော်လည်း သူစကားပြောရန် ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ့ တစ်ကိုယ်လုံးကို နာကျင်သွားပြီး၊ သူ့နှလုံးသားမှ နာကျင်ကိုက်ခဲမှုက ဦးနှောက်အထိပါ တိုးဝင်လာသည်။
ချင်ယွင်၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် သူ့ကို မနှောင့်ယှက်ဝံ့တော့ဘူး။ ယင်းအစား သူမသည် ချင်ယွင်၏ နံဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ချင်ယွင် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည်ကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ သို့သော် သူမ၏ မျက်လုံးနက်နက်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။
ဤမျှပြင်းထန်သော ဒဏ်ရာများ ခံစားရပြီးနောက် ချင်ယွင်သည် အဘယ်ကြောင့် အသက်ရှင်နေသေးသည်ကို သူမ နားမလည်နိုင်သော်လည်း အမှောင်ညမန်တီကတော့ ဓားလေးချက်မျှသာ ထိမှန်ပြီး သေဆုံးသွားခဲ့သည်။ သို့သော် ချင်ယွင်သည် ဓား ၁၁ ချောင်း ဖြင့် တစ်ချက်ချင်း ထိမှန်ပြီးနောက် အသက်ရှင်နေသေး၏။ ဤမျှပြင်းထန်သော တက်ကြွမှုမျိုးသည် သူမနှလုံးသားကို တုန်လှုပ်စေခဲ့သည်။
သူ၏ ပါရမီအရည်ချင်းသည် ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏ နားလည်နိုင်စွမ်းသည် ကောင်းကင်ဘုံကိုအံတုပြီး သူ့တွင် နည်းလမ်းများစွာ ရှိသည်။ သို့တိုင်, သူသည် သေသည် အထိ မတိုက်ခိုက်ရသေးပေ။
ဤအရာများထဲမှ တစ်ခုချင်းစီကပင် နတ်ဘုရားကမ္ဘာ၏ မျိုးဆက်သစ် လူငယ်များကြား တွင် နာမည်ကောင်းရရန် လုံလောက်ပါသည်။ သို့သော်၊ လူတစ်ဦးအပေါ် အာရုံစိုက်ခြင်း သည် ကြောက်မက်ဖွယ်ကောင်းသော အကျိုးကျေးဇူးများစွာအတွက်ဆိုပါက, ၎င်းသည် မည်မျှပုံမှန်မဟုတ်လိုက်မည်နည်း?။
ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ တည်ငြိမ်သော မျက်နှာကို ကြည့်ပြီး သူမနှလုံးသားထဲတွင် လေးစားသည့် ခံစားချက်ကို မခံစားမိဘဲ မနေနိုင်ခဲ့ပေ။ သူမဦးလေးနှင့်နှိုင်းယှဉ်ပါက နတ်ဘုရားကမ္ဘာ၏ ပါရမီရှင်များသည် လီပေါင်း ၁၀၈၀၀၀ ထက်ပင် အားနည်းနေပါသေး သည်။
ချင်ယွင်သည် ကျိုးဟုန်ရွှဲ့ကို လျစ်လျူရှုလိုက်သည်။ ယခုအချိန်မှာတော့ သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ရန်အတွက် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့ပါသည်။ သူသည် ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးနှင့် နတ်ဆိုးနတ်ဘုရား တန်ခိုးကို စတင် စုစည်းလိုက်သည်။
စွမ်းအား အမျိုးမျိုး ပျံ့နှံ့သွားသည်နှင့် တပြိုင်နက်တည်းတွင်၊ မူလက အချိန်အတော်ကြာ ပြုပြင်ရန် လိုအပ်သော ချင်ယွင်၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြုပြင်နေသည်။
သို့သော်, ဤသည်မှာ ချင်ယွင် ပျော်ရွှင်ရသည့် အကြောင်းအရင်း မဟုတ်ပေ။ ချင်ယွင်ကို အမှန်တကယ် ပျော်ရွှင်စေခဲ့သည့်အရာမှာ ချီလင်မျိုးစေ့ကို သူ့ခန္ဓာကိုယ်ထဲကို စုပ်ယူ လိုက်မိခြင်း ဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်၊ ချီလင်မျိုးစေ့သည် သူ့အသား ခန္ဓာကိုယ် ပြန်လည်ပြုပြင်ရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်လာစဉ်မှာ, ချီလင်မျိုးစေ့မှ ထူးဆန်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအားသည် ချင်ယွင်၏ အရေပြားနှင့် ခန္ဓာကိုယ်ကို တစ်ဖန်ပြန်လည် သန်စွမ်းစေသည်။
ယခုအချိန်တွင်၊ သူ၏မွေးရာပါ အသားအရည်၏ မာကျောမှုသည် အဆင့်နိမ့် နတ်ဘုရား ပစ္စည်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ တစ်နည်းဆိုရသော်, ချင်ယွင်၏ အရေပြားကို ခုတ်ဖြတ်လိုပါက၊ အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းဖြစ်မှ ရပေမည်။ သူ့အရိုးများ သည် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းများနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ မြေကမ္ဘာ နတ်ဘုရားအဆင့်ရှိ တစ်စုံတစ်ဦးသည် သူ့အရိုးများကို ချိုးဖျက်လိုသည်ဆိုလျှင်ပင်, ထိုသို့ပြုလုပ်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲပေမည်။
ယခုတစ်ကြိမ်မှာတော့ သူ့ဒဏ်ရာတွေက ပြင်းထန်လွန်းသည်။ အဆုံးတွင် ဤအရာသည် ချင်ယွင်အတွက်၊ ရုပ်ဖျက်၍ဝင်ရောက်လာသည့် ကောင်းချီးတစ်ခု ဖြစ်နေသည်။
ဘန်း…။
ချင်ယွင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး မြေပြင်မှ တိုက်ရိုက် ထရပ်လိုက်သည်။
မေ့ထောက်ကာထိုင်ပြီး ချင်ယွင်ကို ကြည့်နေသော ကျိုးဟုန်ရွှဲ့သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ထိုမှပင် သူမသည် အသိပြန်ဝင်လာပြီး သူမ၏ မျက်လုံးများက အံ့အားသင့်နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်နေသေးသည်။
"ဦးလေး, ဦးလေးဒဏ်ရာတွေက" ကျိုးဟုန်ရွှဲ့က မယုံကြည်နိုင်စွာ မေးလိုက်သည်။
"အားလုံး အဆင်ပြေသွားပြီ။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
"မြန်လိုက်တာ နာရီဝက်ပဲ ရှိသေးတယ်" ကျိုးဟုန်ရွှဲ့က ထိတ်လန့်တကြား ပြောလိုက်ပါ သည်။
အခြားသူများ၏အမြင်တွင်, သူတို့၏ နတ်ဘုရားခန္ဓာကိုယ် ပျက်ဆီးသွားပါက, နေ့တစ်ဝက် မရှိဘဲ ပြန်ထနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ယခုဆိုလျှင် ချင်ယွင်သည် သူ၏ဒဏ်ရာများမှ လုံးဝ ပြန်ကောင်းလာရန် နာရီဝက်သာ ကြာခဲ့သည်။ ဤကဲ့သို့ ကြောက်စရာကောင်းသည့် ပြန်လည် ကုစားရေး အမြန်နှုန်းကြောင့် သူမသည် ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေနိုင်မည် နည်း?။
ချင်ယွင်က အနည်းငယ် ပြုံးပြီး ကျိုးဟုန်ရွှဲ့၏ အံ့သြနေသော အမူအရာကို လျစ်လျူရှု လိုက်သည်။ ယင်းအစား, သူသည် လှည့်ထွက်ပြီး အမှောင်ညမန်တီရှိရာ ဦးတည်ရာဆီကို လျှောက်သွားသည်။
ချင်ယွင်သည် ရှောင်တိမ်းကာ အမှောင်ညမန်တီ ဘေးအနားတွင် ပေါ်လာသည်။
ငွေဖြူရောင် အမှောင်ညမန်တီသည် သေသွားသော်လည်း သူ့ရုပ်အလောင်းကို ထိန်းသိမ်း ထားသည်။
ချင်ယွင်က သူ့လက်ကို ဆန့်တန်းပြီး အမှောင်ညမန်တီကို ရိုက်ချလိုက်သည်။ အမှောင်ည မန်တီတစ်ကိုယ်လုံး ပြာဖြစ်သွားပြီး ချင်ယွင်၏ရှေ့တွင် သိုလှောင်လက်စွပ် တစ်ကွင်း ပေါ်လာသည်။
ချင်ယွင်သည် သူ့လက်ထဲသို့ သိုလှောင်လက်စွပ်ကို စုပ်ယူလိုက်သည်။
အမှောင်ညမန်တီသည် ထိုသိုလှောင်လက်စွပ်ကို လင်းထန်ဘထံမှ ရယူထားခြင်း ဖြစ်သည်။ ချင်ယွင် လိုချင်သည့်အရာမှာ လင်းထန်ဘ၏ လက်ထဲမှ သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါဖြစ်သည်။
ဤသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါသည် အလွန်အားကောင်းသည်။ ဤကဲ့သို့ ပစ်ထားခဲ့ပါ က နှမြောစရာပင်။ နောင်တွင်၊ ၎င်းကို ပြန်လည် ပြုပြင်နိုင်မည်ဆိုလျှင်၊ ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို တိုက်ခိုက်ရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။
ဘန်း..။
ချင်ယွင်သည် နတ်ဘုရားသိုလှောင်လက်စွပ်ထဲမှ နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင် ဝင်္ကပါ၏ ပုံကြမ်းကို ထုတ်ယူပြီး၊ သူ့ နတ်ဘုရားသိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူသည် သိုလှောင်လက်စွပ်ကို အကြမ်းဖျင်း ကြည့်ရူပြီး သူ ဂရုပြုထိုက်သည့် အရာ တစ်ခုမျှမရှိကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် သူသည် သိုလှောင် လက်စွပ်ကို လွှင့်ပစ်ရန် ပြင်ဆင်သည်။
ရုတ်တရက်, သူသည် စွန့်ပစ်တော့မည့် သိုလှောင်လက်စွပ်ကို ကောက်ကိုင်လိုက်စဉ် ချင်ယွင်၏ မျက်နှာပေါ်တွင် အံ့အားသင့်စရာ အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူ့လက်ဖဝါးကို လှန်လိုက်သည်နှင့် သူ့လက်ထဲတွင် အနက်ရောင် ကျောက်တုံးတစ်ခု ပေါ်လာသည်။
ဤကျောက်တုံးသည် အင်မော်တယ်ကမ္ဘာတွင် ချင်ယွင်ရရှိသော ကျောက်တုံး ခြောက်တုံး နှင့် အတိအကျ တူနေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ကျောက်တုံးပေါ်ရှိ ပုံစံများ ဖြစ်သည်။
"ဘာလို့ ဒီကျောက်တုံးက ဒီမှာ ရှိနေရတာလဲ?။ ဒါက လင်းထန်ဘရဲ့ လက်ထဲ တကယ် ရောက်နေတာပဲ။" ချင်ယွင်က သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သူ့စိတ်နှလုံးထဲ တွင် ခံစားချက်များ ပြည့်နှက်နေသည်။
အစောပိုင်းက သူသည် သိုလှောင်လက်စွပ်ကို ကြည့်ရူစစ်ဆေးသောအခါတွင် ၎င်းကို အစပိုင်းတွင် သတိမထားမိသလို နောက်ပိုင်းမှာလည်း သတိမမူမိပေ။ သူသည် အနက်ရောင် ကျောက်တုံးကို စွန့်ပစ်လုနီးပါး ဖြစ်ခဲ့သည်။
သူသည် အင်မော်တယ်ကမ္ဘာမှ ထွက်လာသွားသောအခါ၊ အင်မော်တယ်ကမ္ဘာရှိ အနက်ရောင် ကျောက်တုံးများကို စုစည်းထားရန် အမျိုးသမီးလေးဦးနှင့် အဒေါ်တို့ကို တောင်းဆိုထားပြီး ဖြစ်သည်။ နောက်ဆုံးအကြိမ်တွင်, ချင်ယွင်သည် အနက်ရောင် ကျောက်တုံးနှစ်လုံးကို တွေ့ရှိခဲ့ကြောင်း အမျိုးသမီးလေးဦးထံမှ သတင်းရရှိခဲ့သည်။
ချင်ယွင်မှာ မူလကတည်းက သူ့လက်ထဲတွင် အနက်ရောင်ကျောက်တုံး ခြောက်ခု ရရှိခဲ့ပြီး၊ အခုတစ်တုံးပါ ထည့်တွက်ပါက, ချင်ယွင်မှာ အနက်ရောင်ကျောက်တုံး ကိုးခု ရှိနေပြီဟု ယူဆနိုင်သည်။ သူသည် နောက်ဆုံးလက်ကျန် သုံးခုသာ ကျန်တော့ပြီး၊ ၎င်းတို့အားလုံးကို စုဆောင်းနိုင်ပါက အနက်ရောင် ကျောက်တုံး ၁၂ တုံးကို စုဆောင်းနိုင်မည် ဖြစ်သည်။
ယခင်က၊ ဤအနက်ရောင် ကျောက်တုံးများသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ လျှို့ဝှက်အချက်လက်များနှင့် ဆက်နွှယ်နေသည်ဟု ဝိညာဉ်နတ်ဘုရားမက ပြောခဲ့ဖူး သည်။ ထို့အပြင်၊ ၎င်းသည် ပြီးပြည့်စုံခြင်း ဘိုးဘေးနတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။ အခြားဘိုးဘေးနတ်ဘုရားများပင်လျှင် ထိုဘိုးဘေးနတ်ဘုရား၏ ထိုလျှို့ဝှက်အချက်လက် များကို ရှာဖွေချင်ခဲ့ကြသည်။ ဤအနက်ရောင် ကျောက်တုံးများသည် ထိုလျှို့ဝှက် အချက် လက်များကို ရှာဖွေရန် အဓိကသော့ချက် ဖြစ်သည်။
လူတော်တော်များများသည် ဤမျှအရေးကြီးသည့် အနက်ရောင် ကျောက်တုံးများကို အချိန်အတော်ကြာအောင် ရှာဖွေခဲ့ကြသော်လည်း တစ်ခုကိုပင် ရှာဖွေတွေ့ရှိရန် ခက်ခဲ လွန်းသည်။ ချင်ယွင်သည် တစ်ပြိုင်နက်တည်း ကိုးခုကို ရရှိခဲ့သည်။ ဤအရာက တကယ့်ကို ကံကောင်းလွန်းသည့် တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။
"မေ့လိုက်ပါ၊ ဒီကိစ္စကို အရင် ဖယ်ထားလိုက်မယ်။" ချင်ယွင်သည် အနက်ရောင် ကျောက်တုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီး ကျိုးဟုန်ရွှဲ့ဆီသို့ တစ်ဖန် ပြန်သွားခဲ့သည်။