← Chapters

အခန်း ၁၃၉၇

Vol. 94 Ch. 1397

အခန်း ၁၃၉၇

Vol. 94 Ch. 1397

အခန်း (၁၃၉၇) မုန်တိုင်းတဖန် မြင့်တက်လာခြင်း။

ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် ရိုးရှင်းသော စကားအနည်းငယ် ဖလှယ်ပြီးနောက် နောက်ဆုံးတွင် နောက်ဆုံးကန့်သတ်ချက်အချိန်က ရောက်ရှိလာခဲ့သည်။ သူတို့သည် ပဉ္စမထပ်သို့ ထပ်ပြီး နောက်တကြိမ် တည်နေရာ ရွေ့ပြောင်းသွားခဲ့သည်။

မျှော်စင်၏ ပဉ္စမထပ်ရှိ နေရာသည် စတုတ္ထထပ်ရှိ နေရာနှင့် လုံးဝနီးပါး တူသော်လည်း စတုတ္ထထပ်ရှိ နေရာထက် နှစ်ဆ ပိုကျယ်သည်။

အမှောင်ညမန်တီ ၃၂ ကောင်သည် ပဉ္စမထပ်တွင် ပေါ်လာသည်။ ၎င်းတို့ထဲမှ ၁၆ ကောင် သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီများ ဖြစ်ကြပါသည်။ အခြား ၁၆ ကောင်အနက် ၁၂ ကောင်သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်များ ဖြစ်ကြပြီး၊ လေးကောင်မှာ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်များ ဖြစ်သည်။

သို့သော်၊ ယခုတစ်ကြိမ်တွင်၊ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ည မန်တီ လေးကောင်သည် သူ ယခင်အထပ်တွင် ကြုံတွေ့ခဲ့ဖူးသော အမှောင်ည မန်တီကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးမျိုး မရှိခဲ့ပေ။

ထို့ကြောင့် ချင်ယွင်သည် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် များစွာ လွယ်ကူခဲ့သည်။

အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီ ၁၆ ကောင်သည် ချင်ယွင်က ဆေဘာတစ်ချက်ဖြင့် တိုက်ရိုက် သတ်ဖြတ်ခံခဲ့ရသည်။

နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီ ၁၂ ကောင်သည် သူနှင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် ချင်ယွင်၏ ဆေဘာအောက်တွင် သေဆုံးသွားခဲ့ သည်။

အထွတ်အထိပ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီ လေးကောင် အတွက်မူ၊ ချင်ယွင်သည် ၎င်းတို့နှင့် အချိန်အတန်ကြာ တိုက်ခိုက်ပြီးနောက်၊ ၎င်းတို့သည် နောက်ဆုံးတွင် ချင်ယွင်၏ နတ်ဘုရားဆေဘာဖြင့် ခုတ်ပိုင်းခြင်း ခံခဲ့ရသည်။

တိုက်ပွဲတစ်လျှောက်တွင် ချင်ယွင်၏ ဝူဝမ်ဓားသိုင်း၏ တတိယမြောက်ဓားကွက်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီး၊ နက်ရှိုင်းသောအဆင့်သို့ ရောက်ရှိသွားကာ တတိယအဆင့်သို့ ဖြတ်ကျော် သွားခဲ့သည်။ (ဤနေရာ၌ တတိယအဆင့်ဟူသည်မှာ ၃၀ ရာခိုင်နှုန်းကို ရည်ညွန်းဟန်တူ သည်။ မူရင်းဘာသာပြန်သူသည် နတ်ဘုရားစွမ်းရည်စသည်တို့အပေါ် နားလည်မူကို ပြန်ဆိုရာ၌ အဆင့်သတ်မှတ်ချက် တိတိပပမရှိခြင်းက အားနည်းချက်ဖြစ်ပြီး၊ ရာခိုင်နှုန်း ဖြင့်သတ်ချက်ကာ ပြန်ဆိုခြင်းမျိုးကို တော်တော်များများ တွေ့ခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်အနေဖြင့် ရုတ်တရက် အဆင့်ဖြင့် ပြန်ဆိုလာသည်ကို တွေ့ရသည့်အခါ ပြန်ဆိုရန် အတော်လေး အခက်တွေ့ရပါသည်။)

ရှင်ခြင်းနှင့်သေခြင်း တိုက်ပွဲအပြီးတွင် ချင်ယွင်သည် အနည်းငယ် ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းဒဏ်ရာများမှာ ယခင်စတုတ္ထထပ်ကဲ့သို့ မပြင်းထန်ပေ။ ထို့ကြောင့် ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို ပြုပြင်ကုစားရန် အချိန်များစွာ မလိုအပ်ပေ။ သူသည် သူ၏ ယခင် နားလည်နိုင်စွမ်းကို စုစည်းရန်အတွက် ထိုအနားယူချိန်ကို အသုံးပြုခဲ့သည်။

ထို့နောက် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် စမ်းသပ်မူမျှော်စင်၏ ပဉ္စမမြောက်ထပ်သို့ တိုက်ရိုက် တည်နေရာရွေ့ပြောင်း ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင်၊ အမှောင်ညမန်တီ စုစုပေါင်း ၆၄ ကောင် ရှိသည်။

အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၃၂ ကောင်ကို လျစ်လျူရှုထား နိုင်သော်လည်း နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား အမှောင်ညမန်တီ ၂၀ နှင့် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား အမှောင်ညမန်တီ ၁၂ ကောင်သည် ချင်ယွင်ကို ခါးသီးသော တိုက်ပွဲအဖြစ် ကျရောက်စေခဲ့သည်။

…

ချင်ယွင်သည် အမှောင်ညမန်တီ နတ်ဘုရားသားရဲများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ရုန်းကန်နေရစဉ်၊ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ကမ္ဘာငယ်လေး၏ ဝင်ပေါက်တွင် နောက်ထပ် လေဟာနယ်လှိုင်းတစ်ခု ပေါ်လာသည်။

ထို့နောက် ထိုကမ္ဘာငယ်လေးအတွင်းမှာ ပုံရိပ်နှစ်ခု ပေါ်လာသည်။ သူတို့ နှစ်ယောက်သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ သူတို့၏ရုပ်ရည် အသွင်အပြင်သည် တစ်ယောက်နှင့် တစ်ယောက် တူကြသည်။

ထိုအမျိုးသားသည် လူလတ်ပိုင်းအရွယ် ဖြစ်သည်။ သူ့ပုံစံက ကြံ့ခိုင်သန်မာပြီး ချောမောပုံရ ကာ၊ သူ့တစ်ကိုယ်လုံးမှ လွှမ်းမိုးနိုင်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

တစ်ဖက်တွင်မူ, အမျိုးသမီးသည် ကောင်းကင်နတ်သမီးတစ်ပါးကဲ့သို့ လှပနေ၏။

အကယ်၍, ချင်ယွင်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင်, သူသည် ထိုအမျိုးသမီးကို သေချာပေါက် မှတ်မိပါလိမ့်မည်။ မှန်ပါသည်။ သူမကတော့ ချင်ယွင်နှင့် နောက်ဆုံးအကြိမ် လမ်းခွဲခဲ့သည့် ဝိညာဉ်နတ်ဘုရားမ ဖြစ်ပါသည်။ သူမဘေးမှာ ချောမောသည့် အမျိုးသား သည် သူမအစ်ကို ကျိုးဟုန်ရွှဲ့၏အဖေ၊ လွှင့်မျောနှင်းမြို့တော်၏ မြို့တော်သခင် ကျိုးယွမ် ဖြစ်သည်။

"ရွှဲ့အာက သူတို့ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းထဲ ဝင်ပြီးသွားပြီလို့ သတင်းပို့ ထားတယ်" ကျိုးယွမ်က ဂုဏ်သိက္ခာရှိသော အသံဖြင့် ပြောသည်။

"ဟုတ်တယ်၊ ဟုန်ရွှဲ့က ငါ့ဆီကိုလည်း နောက်ဆုံး သတင်းတစ်ခု ပို့ခဲ့တယ်။ အခု သူတို့က ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းထဲ ဝင်ပြီးနောက် ကောင်းကင်နန်းတော်ရဲ့ ဒုတိယ ထပ်ကို ရောက်နေပြီတဲ့" ကျိုးလင်းက သူမ၏ မျက်လုံးများတွင် သည်းမခံနိုင်တော့သည့် ပျော်ရွှင်မူနှင့်အတူ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းဆီသို့ လှမ်းကြည့်ရင်း ပြန်ပြော လိုက်သည်။

'"ဒီကောင်မလေးက မင်းရဲ့ ခွန်အားတွေ ပြန်ကောင်းလာရုံရှိသေး မင်းဆီ စာပို့ရမယ်ဆိုတာ သိသားပဲ။ ဘာမှ အရေးမကြီးမရှိရင် မင်းကို မနှောင့်ယှက်ဖို့ ငါ သူမကို ပြောထားပြီးသား။ ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကြီးဖြစ်မှ မင်းဆီစာပို့တယ်ဆိုတော့ ကောင်းပါတယ်၊ ဒါပေမယ့် သတင်းစကားတစ်စောင်ပဲ ပို့တာကတော့ တကယ်ကို ဒေါသထွက်စရာ ကောင်လွန်းတယ်။" ကျိုးယွမ်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်ပြီး သမီးဖြစ်သူ၏ အပြုအမူနှင့် ပတ်သက်၍ အနည်းငယ် ညည်းညူနေသည့် လေသံဖြင့် ပြောလိုက်သည်။

ကျိုးလင်သည် ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ သည်။ ကျိုးဟုန်ရွှဲ့သည် သူမဆီ သတင်းပို့ရခြင်း၏ အကြောင်းအရင်းကို သူမသာ သိပါသည်။ သူမကိုယ်တိုင်က ချင်ယွင်၏ လှုပ်ရှားမှုတိုင်းကို သူမထံ ကျိုးဟုန်ရွှဲ့အား သတင်းပို့ခိုင်းခြင်းကြောင့် ဖြစ်ပါသည်။

သူ့ကို မတွေ့ရသည်မှာ တစ်နှစ်ကျော်လောက်သာ ရှိသေးသော်လည်း ကျိုးလင်သည် ချင်ယွင်ကို အရမ်းလွမ်းဆွတ်မိသည်။ ထို့ကြောင့် ချင်ယွင်၏သတင်းကို ကြားပြီးနောက် သူမအစ်ကိုကို ဆွဲခေါ်ကာ မရပ်မနား ပြေးလာခဲ့သည်။

သို့သော် ကျိုးဟုန်ရွှဲ့သည် ဒုတိယထပ်သို့ ဝင်ပြီးနောက်တွင် သူမထံက မည်သည့်သတင်းမှ မပေးပို့တော့ပေ။ ဤအချက်က ကျိုးဟုန်ရွှဲ့နှင့် တခြားလူများ၏ လုံခြုံရေးအတွက် သူမကို စိတ်ပူစေခဲ့ပါသည်။ ကျိုးဟုန်ရွှဲ့နှင့် ချင်ယွင်၏ နတ်ဘုရား ဝိညာဉ်ကျောက်စိမ်းဆွဲသီးများ သည် နဂိုအတိုင်းရှိ နေခြင်းကြောင့်သာ မဟုတ်ပါက, ကျိုးလင်သည် ချင်ယွင်နှင့် အခြားသူ များ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေရပေလိမ့်မည်။

"သွားကြရအောင်၊ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကို အရင်သွားကြည့်ရအောင်။" ကျိုးယွမ်က ပြောသည်။ သူသည် လေဟာနယ်ထဲ ဉီးတည်ပြီး ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းဆီသို့ ပျံသန်းသွားသည့်အတွက် သူ့ညီမ၏ ထူးခြားသော အမူအရာကို သတိမထားမိပေ။

ကျိုးလင်က ကမန်းကတန်း ခေါင်းညိတ်ပြသော်လည်း သူမ၏ နှုတ်ခမ်းများက ပြုံးကာ တွန့်သွားခဲ့သည်။

ယခုအချိန်အထိ သူမသည် ချင်ယွင်နှင့် ပတ်သက်သည့် အကြောင်းကို ကျိုးယွမ်အား မပြောရသေးပေ။ ထို့ကြောင့် သူမ၏ ဤခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ချင်ယွင်နှင့် တွေ့ဆုံပေးရန် ဖြစ်သည်ကို ကျိုးယွမ်တစ်ယောက် မသိသေးပေ။ ကျိုးလင်၏အမြင်အရ၊ သူမသည် ချင်ယွင်နှင့် တွေ့ဆုံပြီးနောက်မှ အချင်းချင်း မိတ်ဆက်ပေးရန် စီစဉ်ထားခဲ့ပြီး ၎င်းတို့အား အံ့သြသွားအောင် ပြုလုပ်လိုခဲ့သည်။

"ချင်ယွင်၊ ရှန်းယုက ရှင့်ကိုရှာဖို့ လာနေပြီ။ ရှင် ဘေးကင်းပြီး ငြိမ်းချမ်းစွာ ရှိနေရမယ်နော်။" ကျိုးလင်က သူမစိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမစကား ပြီးသောအခါ တွင်, သူမသည် အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျိုးယွမ်ကို တိုက်ရိုက် ကျော်ဖြတ်ကာ ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းဆီသို့ ပျံသန်းသွားခဲ့သည်။

ကျိုးလင်နှင့် ကျိုးယွမ်တို့သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းဆီသို့ ပျံသန်းပြီး နောက် သိပ်မကြာခင်မှာ ဤကမ္ဘာငယ်လေး၏ ဝင်ပေါက်၌ နောက်ထပ် လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ဘန်း…။

ဤကမ္ဘာငယ်လေးတွင် သွယ်လျသော အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်ရူလေ့လာသည်။

ထိုလူသည် အရမ်းကို ထူးဆန်းပါသည်။ သူ့မျက်နှာမှာ ငွေရောင်မျက်နှာဖုံးကို ဝတ်ထား သည်။ သူ့ရုပ်အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ သို့သော် သူ၏ ကျင့်ကြံမှုမှာ မမြင့်မားပေ။ သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်တွင်သာ ရှိသေးသည်။

"ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းလား?။ ကြည့်ရတာ, နတ်ဘုရားနန်းတော်ကို သတင်းပို့ရတော့မယ့်ပုံပဲ။ ဒီတစ်ခါ ချင်ယွင်ကို မသတ်နိုင်ရင်တောင်မှ ဒီပျောက်ကွယ် နေတဲ့ နတ်ဘုရားကျွန်းကို ရှာဖွေတွေ့ရှိမူက ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေပြီ။" ငွေရောင်မျက်နှာဖုံးစွပ် ထိုလူက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် နတ်ဘုရား ဆက်သွယ်ရေး အဆောင်တစ်ခုကို အဆောတလျင် ထုတ်ယူပြီး သတင်းပို့လိုက်သည်။

ဘန်း…။

သို့သော်လည်း ဤအရာအားလုံး ပြီးဆုံးသွားသည်နှင့်, နောက်ထပ် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားပြီး အနက်ရောင်ဝတ်ရုံဝတ် ရုပ်အသွင်တစ်ခုသည် လေထဲတွင် ပေါ်လာခဲ့သည်။

"သွေးမိုးလေဟုန်ခန်းမလား..?"

"အကြွင်းမဲ့သတ်ဖြတ်ခြင်းခန်းမလား..?"

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားနှင့် ငွေရောင်မျက်နှာဖုံးဝတ် အမျိုးသားတို့ ဆုံတွေ့မိ သည့်အခိုက်တွင် သူတို့သည် သူတို့၏ ကိုယ်ရေးအချက်လက်များကို အသီးသီး ထုတ်ဖော် လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် သတိထားသည့် အမူအရာဖြင့် ကြည့်နေကြ သည်။

သွေးမိုးလေဟုန်ခန်းမသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းမှဖြစ်ပြီး၊ အကြွင်းမဲ့သတ်ဖြတ်ခြင်း ခန်းမသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း ဖြစ်သည်။ နှစ်ဖက်စလုံးသည် တဖက်နှင့်တဖက် တည်ရှိနေမူကို သဘာဝအတိုင်း သိထား ကြသော်လည်း တဖက်နှင့်တဖက် အနှောင့်အယှက် မပေးခဲ့ကြပါဘူး။

"မင်းရဲ့ အကြွင်းမဲ့သတ်ဖြတ်ခြင်း ခန်းမက ဒီမှာ ဘာလာလုပ်တာလဲ" ငွေရောင် မျက်နှာဖုံး စွပ် လူက တင်းမာစွာ မေးလိုက်သည်။

"ဒါဆို မင်းတို့ သွေးမိုးလေဟုန်ခန်းမကရော ဒီမှာ ဘာလုပ်နေတာလဲ" အနက်ရောင်ဝတ်ရုံ ဝတ် အမျိုးသားကလည်း တဖန် ပြန်မေးသည်။

"ဟုတ်တယ်, ငါက မစ်ရှင်တစ်ခုအတွက် ဒီကို ရောက်နေတာ။" ငွေရောင်မျက်နှာဖုံးစွပ် လူက ပြန်ဖြေသည်။

"ငါလည်း ဒီကို မစ်ရှင်တစ်ခုလုပ်ဖို့ ရောက်လာတာ" အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားက လည်း ပြန်ဖြေသည်။

"ဒါဆို စည်းကမ်းဟောင်းတွေအတိုင်း လိုက်နာပြီး တစ်ယောက်နဲ့တစ်ယောက် အနှောင့် အယှက်တွေ မပေးကြေး။ ငါတို့က ကိုယ့်တာဝန်ကို ပြီးအောင်လုပ်ရုံပဲ။" ငွေရောင် မျက်နှာဖုံးစွပ် လူက ပြောသည်။

"ကောင်းပြီလေ" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက ပြန်ဖြေသည်။

ထိုစကားကို ပြောပြီးနောက် သူတို့နှစ်ယောက်၏ အကြည့်များသည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းပေါ်သို့ ကျရောက်သွားသည်။

"ဒဏ္ဍာရီလာ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းလား?" အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကို မြင်သောအခါ အံ့သြသော အမူအရာ ပေါ်လာပြီး သတင်းစကား ပေးပို့ရန် နတ်ဘုရားအဆောင်ကို ထုတ်ယူရန် ပြင်ဆင်လိုက်သည်။

"ဘန်း.."

သို့သော် သူ သတင်းစကား မပို့နိုင်ခင် သွေးနီရောင် အလင်းရောင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား၏ ဦးခေါင်းနှင့် စိတ်ဝိညာဉ်သည် ကွဲကြေသွားခဲ့ပြီ။ သူသည် သူ့ဘေးက ငွေရောင်မျက်နှာဖုံးစွပ် လူကို အံ့သြတကြီးဖြင့် ကြည့်နေခဲ့သည်။

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသား၏ ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းသွားသော အခါတွင်, ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရင်း ငွေရောင်မျက်နှာဖုံးစွပ်လူ၏ အမူအရာ မှာ ပြောင်းလဲသွားသည်။

လုပ်ကြံသတ်ဖြတ်သူများသည် တစ်ချက်တည်းဖြင့် တိုက်ခိုက်ကြသည်။ အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သော်လည်း၊ သူသည် ကျွန်းအပေါ် အာရုံစိုက်နေသောကြောင့် ငွေရောင်မျက်နှာဖုံးစွပ်လူ၏လက်၌ သဘာဝအတိုင်း သေဆုံးသွားမည် ဖြစ်သည်။

All Chapters