အခန်း ၁၃၉၈
Vol. 94 Ch. 1398
အခန်း (၁၃၉၈) နယ်ပယ် ချို့ယွင်းချက်
ငွေရောင်မျက်နှာဖုံးစွပ်လူသည် ပြာအဖြစ်ပြောင်းသွားသော အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားကို ကြည့်ရင်း သူ့မျက်လုံးများတွင် အနည်းငယ်မျှ ပြောင်းလဲမှု မရှိပေ။
သူ့အတွက်၊ သတ်ဖြတ်ခြင်းသည် သာမန် အစာစားခြင်းကဲ့သို့ ရိုးရှင်းလှပါသည်။
သူသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ, တစ်စုံတစ်ယောက်ကို သတ်ဖြတ် နိုင်သရွေ့ အသက်ရှင်လျှက် ကျန်ရစ်သူသည် ကျွမ်းကျင်သူ ဖြစ်ပါလိမ့်မည်။
သို့သော်လည်း ငွေရောင်မျက်နှာဖုံးစွပ်လူသည် သူ့မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်ဖြင့် ကျွန်းကို လှမ်းကြည့်လိုက်သည်။
'"ကြည့်ရတာ, ဒီမစ်ရှင်က ပြီးမြောက်ဖို့ မလွယ်ကူဘူးထင်တယ်။ ပစ်မှတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေက မှားယွင်းနေတာ သေချာတယ်။ ခေါင်းလောင်းလေ နတ်ဘုရား နန်းတော်ရဲ့ လက်ရွေးစင် အတော်များများ သတ်ဖြတ်ခံရပြီး၊ အရှေ့ပိုင်းမြစ်ဘိုးဘေး တောင် ရှုံးနိမ့်ခဲ့ရတယ်။ ဒီလို ခွန်အားမျိုးက သေချာပေါက် ငါ ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ ဒီပျောက်ကွယ်နေသော နတ်ဘုရားကျွန်းက သေချာပေါက် ငါ လျှောက်လှမ်း နိုင်တဲ့နေရာ မဟုတ်ဘူး။ အခုတော့ ငါ အဖွဲ့အစည်းထဲက ကျွမ်းကျင်သူတွေ လာပြီးမှ ဒီအကြောင်းကို ပြောပြဖို့ပဲ စောင့်နေနိုင်တော့တယ်။” ငွေရောင် မျက်နှာဖုံးစွပ်လူက တိုးညှင်းသော အသံဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူပြောပြီးသည်နှင့် ချက်ချင်းပင် လေဟာနယ်ထဲသို့ ပျံသန်းသွားလေသည်။
လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအနေဖြင့်, သူသည် သဘာဝအတိုင်း ထက်မြက်သော သတင်း အချက်လက် စုဆောင်းနိုင်စွမ်းနှင့် လျင်မြန်သော ဆုံးဖြတ်နိုင်စွမ်းရှိသည်။ သူသည် ကြယ်အလင်းနတ်ဘုရားမြို့တော်ကနေ ဤနေရာအထိ ချင်ယွင်ကို ခြေရာခံခဲ့ပြီး လမ်းတစ်လျှောက် ချင်ယွင်နှင့်ပတ်သက်သော အချက်အလက်များစွာကိုလည်း ရခဲ့သည်။
ထုံးစံအတိုင်း၊ သူသည် ကြယ်အလင်းနတ်ဘုရားမြို့တော်အတွင်းမှာ ချင်ယွင်နှင့်ပတ်သက် သည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ပျက်များကို သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ ဤနေရာ သို့ မလာရောက်ခင်ကတည်းက ဤအချက်အလက်ကို အဖွဲ့အစည်းထံ ပြန်လည်ပေးပို့ခဲ့ပြီး ဖြစ်သည်။ လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အမွေဆက်ခံမှုပါ ထည့်သွင်ခြင်းဖြင့်, နတ်ဘုရား နန်းတော်သည် ဤနေရာသို့ ကျွမ်းကျင်သူများကို သေချာပေါက် စေလွှတ်မည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် ယခု သူလုပ်ရမည့်အရာမှာ ဤကမ္ဘာငယ်လေး၏ တံခါးပေါက် မှာ အမိန့်ကို လက်ခံခြင်းပင် ဖြစ်သည်။
သို့သော် ချင်ယွင်သည် ပြင်ပကမ္ဘာအကြောင်း ဘာမှ မသိခဲ့ပါ။ ယခုအချိန်တွင်၊ သူသည် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၁၂ ကောင်နှင့် အလုပ်ရှုပ်နေ ခဲ့သည်။
အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၃၂ ကောင်နှင့် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၂၀ ကို သူသတ်ခဲ့ပြီး ဖြစ်သည်။ မြေပြင်တစ်ခုလုံး ကျိုးပဲ့နေသော ခြေလက်အင်္ဂါအစိတ်ပိုင်းများနှင့် အရိုးများ ဖုံးလွှမ်းကာ သွေးများက မြေပြင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။
ဟုတ်ပါသည်။ ချင်ယွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတွေ အများကြီး ရှိနေခဲ့ပြီး တစ်ခုချင်းစီက သူ့အရိုးတွေကို မြင်နိုင်လောက် အောင် နက်ရှိုင်းသည်။
ထိုဓားဒဏ်ရာများသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီများကို သတ်ဖြတ်ရန်အတွက် ရင်ဆိုင်တိုက်ခိုက်ချိန်မှာ အထွတ်အထိပ် မြေကမ္ဘာ နတ်ဘုရား အဆင့် အမှောင်ညမန်တီများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ချင်ယွင်သည် အစွမ်းထက်သော ပြန်လည်ကုစားနိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း ထိုအမှောင်ည မန်တီများ၏ ဓားအလင်းများတွင် ပြင်းထန်သော အဖျက်စွမ်းအား ပါရှိနေသည်။ ပြန်လည် ကောင်းမွန်လာရန် မလွယ်ကူပေ။
ချင်ယွင်သည် ပေါ့ပေါ့ပါးပါး လှုပ်ရှားချိန်မှာ ပြင်းထန်သော နာကျင်မှုကို ခံစားရပါသည်။
"ဝှီး…၊ ဝှီး…၊ ဝှီး…”
လေတိုးအသံများစွာသည် လေထဲတွင် ပဲ့တင်ထပ်လာချိန်တွင်၊ အဝေးရှိ အမှောင်ည မန်တီများသည် အစွမ်းထက်သော လခြမ်းဓားများကို ထိန်းချုပ်ကာ ချင်ယွင်ကို တိုက်ခိုက် သည့် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ လခြမ်းဓားတစ်ခုစီတွင် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားများ ပါရှိနေသည်။
"လခွမ်းကွာ.."
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော လခြမ်းဓား ၁၂ စင်းကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ သူ့လက်ထဲက နတ်ဘုရား ဆေဘာက ကြောက်မက်ဖွယ်ကောင်းသည့် ဓားစွမ်းအားလှိုင်းကို ဆွဲထုတ်လိုက်သည်။
ဓားချီလှိုင်းလုံးကြီးသည် ကြီးမားသော လေဆင်နှာမောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားပြီး ချင်ယွင်ကို ရစ်ပတ်သည်။
လခြမ်းဓား ဆယ့်နှစ်စင်းသည် ချင်ယွင်ကို ဆက်လက် တိုက်ခိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်သည် ချင်ယွင်၏ ဆေဘာလှိုင်း မုန်တိုင်းများနှင့် တိုက်မိကာ သန့်စင်သော သံမဏိအချင်းချင်း ထိပ်တိုက်တွေ့သည့်အသံကို ဖြစ်ပေါ်စေသည်။
သို့သော် လခြမ်းဓား ၁၂ စင်း တိုက်ခိုက်လာသောအခါ ချင်ယွင်၏ ဓားလှိုင်းမုန်တိုင်းသည် အဆက်မပြတ် ကျုံ့သွားခဲ့သည်။ သိပ်မကြာခင်မှာ ချင်ယွင်၏ ဓားလှိုင်းလုံးသည် ကုန်ဆုံးသွားလိမ့်မည်။
လခြမ်းဓား ၁၂ စင်းသည် အလွန်အစွမ်းထက်သည်။ ချင်ယွင်၏ဓားလှိုင်းများသည် ပြင်းထန် သော်လည်း ကြာရှည်စွာ မတည်ရှိနိုင်ပေ။ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား အမှောင်ည မန်တီ ၁၂ ကောင်သည် လခြမ်းဓားတစ်ခုစီကို ၎င်းတို့ဘာသာ ထိန်းချုပ်ထားသည်။ သဘာဝအားဖြင့်၊ စွမ်းအားကုန်ဆုံးမူသည် ချင်ယွင်ထက် များစွာ နည်းပါးသည်။
"မဟုတ်ဘူး၊ ငါ ဒီအမှောင်ညမန်တီ အားလုံးကို သတ်ဖြတ်ပစ်ရဦးမယ်" ချင်ယွင်သည် သူ့လက်ထဲတွင် နတ်ဘုရားဆေဘာကို မြှောက်လိုက်စဉ်, သူသည် ဤကြောက်စရာ ကောင်းသော လခြမ်းဓားများကို အဆက်မပြတ် ပိတ်ဆို့လိုက်သည်။ လခြမ်းဓားများကို ပိတ်ဆို့ရင်း၊ ၎င်းတို့ကို မည်သို့ ဖြတ်ကျော်ပြီး အမှောင်ညမန်တီ ၁၂ ကောင်ကို မည်သို့ သတ်ဖြတ်နိုင်မလဲဆိုသည်ကို သူ့စိတ်ထဲမှာ တွေးနေခဲ့သည်။
ချွင်…။
ထိုအချိန်တွင် လခြမ်းဓားတစ်စင်းသည် ဓားလှိုင်းတံပိုးကို ဖြတ်ကျော်ဝင်ရောက်ကာ ချင်ယွင်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ပျံသန်းသွားသည်။
ချင်ယွင်က ဆေဘာဖြင့် အမြန် ပိတ်ဆို့လိုက်သည်။ လခြမ်းဓားသည် ဆေဘာမျက်နှာပြင် နှင့် အပြင်းအထန် တိုက်မိကာ ကြောက်မက်ဖွယ် တုန်လှုပ်အသံတစ်ခု ထွက်ပေါ်လာ သည်။ ချင်ယွင်၏ခန္ဓာကိုယ်သည် လခြမ်းဓား၏ တိုက်ခိုက်မှုကြောင့် ချက်ချင်း လွင့်ပျံသွား ကာ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော ဓားလှိုင်းမုန်တိုင်းသည်လည်း ထိုအခိုက်အတန့် တွင် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပေတစ်ရာအကွာအထိ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး သူ့မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
သူသည် ဤအထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၁၂ ကောင်နှင့် ရောထွေး တိုက်ခိုက်နေရသည်မှာ သုံးနာရီနီးပါး ရှိခဲ့ပြီ။ ထိုအမှောင်ည မန်တီများသည် ဉာဏ်ရည်ဉာဏ်သွေးကို မပိုင်ကြသော်လည်း, သူတို့သည် အလွန်လိမ္မာပါးနပ်ကြပါသည်။ ၎င်းတို့သည် တညီတညွတ်တည်း လှုပ်ရှားကြပြီး အတူတကွ တိုက်ခိုက်ကြသည်။ ချင်ယွင်ပင်လျှင် ၎င်းတို့ကို တစ်ကောင်ပြီးတစ်ကောင် ဖြတ်ကျော်ရန် ခက်ခဲနေပေလိမ့် မည်။
အကယ်၍ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီများသည် နှစ်ကောင် သုံးကောင်လောက်သာ တိုက်ခိုက်ပါက, ချင်ယွင်သည် ၎င်းတို့ကို ပေးဆပ်မူ အနည်းဖြင့် သတ်ပစ်နိုင်မည် ဖြစ်သည်။ သို့သော်၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား အဆင့် အမှောင်ည မန်တီ ၁၂ ကောင်သည် အတူတကွ စုစည်းကာ တိုက်ခိုက်နေကြပြီး၊ ၎င်းတို့၏စွမ်းအား သည် သဘာဝအတိုင်း ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
"အော့…"
အမှောင်ညမန်တီ ၁၂ ကောင်သည် ထူးဆန်းစွာ အော်ဟစ်လိုက်ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များသည် ချင်ယွင်ဆီသို့ ပြေးဝင်သွားရင်း ကြောက်မက်ဖွယ်ရာ ငွေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ အမှောင်ညမန်တီ လက်ထဲက ငွေရောင်ဓားများ သည် ကြောက်စရာကောင်းသည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် အမှောင်ညမန်တီ တစ်ကောင် သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်သော အခါ အေးစက်သော သတ်ပစ်ချင်စိတ်များ ပေါ်လာခဲ့သည်။
"ကြည့်ရတာ, ငါ နတ်ဘုရားသတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါကိုသာ အသုံးပြုနိုင်မယ့်ပုံပဲ။" ချင်ယွင်က အေးစက်စွာ ပြောသည်။
သူပြောပြီးသည်နှင့် တပြိုင်နက် ပြင်းထန်သော အစီအရင်ဝင်္ကပါ ပုံစံသည် သူ့ခြေထောက် အောက်မှ လျင်မြန်စွာ ပြန့်နှံ့သွားပြီး တန်ခိုးကြီးသော နတ်ဘုရားသတ် အစီအရင်ဝင်္ကပါ သည် လေဟာနယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
ဘန်း….။
ချင်ယွင်သည် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး စွမ်းအားကြီးမားသော နတ်ဘုရား စွမ်းအားတစ်ခုသည် နတ်ဘုရားမှော်သင်္ကေတထဲသို့ ချက်ချင်း သွန်းလောင်းလိုက်သည်။
အနက်ရောင် အရိပ်ဓား ၁၂ ချောင်းသည် ချင်ယွင်၏ရှေ့မှာ ချက်ချင်း ပေါ်လာသည်။ အနက်ရောင် အရိပ်ဓားတိုင်းတွင် အနှိုင်းမဲ့ အစွမ်းထက်သော ဓားစွမ်းအားများ ပါရှိသည်။
"သွား.."
ချင်ယွင်၏ အမိန့်ဖြင့်၊ အနက်ရောင် အရိပ်ဓား ၁၂ စင်းသည် ပျံထွက်သွားပြီး အမှောင်ည မန်တီ ၁၂ ကောင်ဆီသို့ ပြင်းထန်စွာ ပျံသန်းသွားလေသည်။
"ဖျန်း…"
အမှောင်ည မန်တီ ၁၂ စလုံးကို အနက်ရောင်အရိပ်ဓား ၁၂ စင်းက ထိုးဖောက် ဝင်ရောက်ခဲ့ ပြီး ၎င်းတို့အားလုံးကို နောက်ပြန် လွင့်ပျံသွားစေခဲ့သည်။
"အခွင့်အရေးကောင်းပဲ"
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ့ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာက သူ့လက်ထဲတွင် တဖန်ပြန်ပေါ်လာသည်။ ရှေးဟောင်း အဖြူရောင် ကျောက်စိမ်း နတ်ဘုရားလျှပ်စီးသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး သူ၏ရုပ်အသွင်သည် ချက်ချင်းပင် လျင်မြန်သော နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဝှီး.. ဝှီး…."
ချင်ယွင်၏ ရုပ်အသွင်သည် အမှောင်ညမန်တီ ၁၂ ကောင်ကို ချက်ခြင်း ဖြတ်သန်းသွားစဉ် လျှပ်စီးအလား လင်းလက်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းသည် ပြင်းထန်သော ရှေးဟောင်း အဖြူရောင် ကျောက်စိမ်းနတ်ဘုရား လျှပ်စီးနှင့် ရောနှောကာ အမှောင်ညမန်တီများကို တင်းမာသော လေပွေကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။
"ဘန်း ၊ ဘန်း.. ဘန်း... "
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ ချင်ယွင်၏ လျှပ်စီးဆေဘာအောက်မှာ အမှောင်ညမန်တီ ၁၂ ကောင်သည် သွေးမိုးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်၏ ရုပ်အသွင်သည် နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာတွင် ပြန်လည်ပေါ်လာသည်။
ထိုနေရာမှာ ပေါ်လာသည်နှင့် သူသည် မြေပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်သည်။
'"လခွမ်း.. ဒီအစီအရင်ဝင်္ကပါက စွမ်းအင်တွေ အများကြီး ကုန်ခမ်းစေတယ်။ ဒါ အနက်ရောင် အရိပ်ဓား ၁၂ ချောင်းကိုပဲ အသုံးပြုရသေးတယ်။ အဲဒါက ငါ့ခန္ဓာကိုယ်ထဲက နတ်ဘုရားတန်ခိုး စွမ်းအား အားလုံးနီးပါး စုပ်ယူသွားခဲ့ပြီ။ ကံကောင်းထောက်မစွာနဲ့ နောက်ဆုံးမှာ နည်းနည်းကျန်နေသေးလို့။ မဟုတ်ရင် ငါ သူတို့ကိုသတ်ဖို့ အင်အားတောင် ရှိမှာ မဟုတ်ဘူး” ချင်ယွင်က ပြင်းပြင်းထန်ထန် မောဟိုက်ကာ ပြောလိုက်သည်။
အဆုံးတွင်, သူသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်မှာသာ ရှိပါသေးသည်။ သူ၏ ကျင့်ကြံမူပညာရပ်သည် ကောင်းကင်ဘုံကို အံတုနေသော်လည်း၊ သူ၏ ဒန်တန်သည် မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ သဘာဝအတိုင်း မကြီးမားနိုင်ပေ။ ထို့ကြောင့်၊ ယခင်က အမှောင်ညမန်တီသည် နတ်ဘုရားသတ် အစီအရင် ဝင်္ကပါကို အကြိမ်များစွာ ပြုလုပ်နိုင်ခဲ့သော်လည်း, သူသည် တစ်ကြိမ်သာ အသုံးပြုနိုင်ခဲ့ သည်။
"ကြည့်ရတာ, အရေးကြီးတဲ့ အခိုက်အတန့် မရောက်မချင်း, အနာဂတ်မှာ နတ်ဘုရားသတ် အစီအရင်ဝင်္ကပါကို နည်းနည်းပဲ အသုံးပြုတာက ပိုကောင်းမယ်ထင်တယ်။" ချင်ယွင်က သူ့စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သို့သော်လည်း အဝေးမှ ၎င်းတို့၏ အသက်ဓာတ်များ ပျောက်ဆုံးနေသော အမှောင်ည မန်တီများကို ကြည့်လိုက်စဉ်, သူ့မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။
လူတစ်ယောက်၏ ခွန်အားဖြင့် အမှောင်ညမန်တီ ၁၂ ကောင်ကို သတ်ခြင်းသည် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ လူအနည်းငယ်လောက်သာ ပြီးမြောက်စေနိုင်သည့် အရာ ဖြစ်ပါသည်။