← Chapters

အခန်း ၁၃၉၉

Vol. 94 Ch. 1399

အခန်း ၁၃၉၉

Vol. 94 Ch. 1399

အခန်း (၁၃၉၉) အသက်သစ်ပင်၏အစွမ်း ပြသခြင်း။

ဘန်း….။

အားကောင်းသော အစီအရင် ဝင်္ကပါစွမ်းအင်သည် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် ဆဋ္ဌမအထပ်မှ ပျောက်ကွယ်သွားပြီး စမ်းသပ်မူမျှော်စင်၏ ခုနစ်လွှာတွင် ပေါ်လာသည်။

"ဦးလေး၊ ဒီအဆင့်က ပိုခက်ခဲမှာကို ကြောက်ရတယ်။ ယခင်ထပ်မှာ အမှောင်ညမန်တီ ၆၄ ကောင် ရှိခဲ့တယ်။ ဒီအထပ်မှာ ၁၂၈ ကောင် ရှိနေမှာ စိုးရတယ်။ အဲဒီအထဲမှာမှ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား အမှောင်ညမန်တီရဲ့ အရေအတွက်က ၂၀ ထက် မနည်း ရှိနေမယ်လို့ ခန့်မှန်းရတယ်။" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို ပြောနေစဉ်, ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မလားဟု မေးလိုသည့်အလား သူမ မျက်လုံးကြီးများကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။

ချင်ယွင်သည် ထိုစကားကို ကြားသောအခါတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

အခုတော့ ဤစမ်းသပ်မူကို အဘယ့်ကြောင့် သေကြောင်းကြံစည်၍ စမ်းသပ်မူဟု ခေါ်ဆိုရသည်ကို သူ နောက်ဆုံး နားလည်လာပါပြီ။ ယခုလို ကြောက်စရာကောင်းသည့် စမ်းသပ်မှုသည် ထိတ်လန့်စရာကောင်းသည့် အဆင့်ကို ရောက်ရှိနေပါပြီ။

အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သတ္တမထပ်တွင် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၆၄ ကောင်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ တစ်ယောက်တည်းဖြင့် ၆၄ ကောင်၊ ဤစမ်းသပ်မှုမျိုးသည် လက်တွေ့တွင် ငရဲအဆင့် ဖြစ်သည်။

အဋ္ဌမထပ်နှင့် နဝမအထပ်များကို ဖော်ပြထားခြင်း မရှိသော်လည်း၊ ဤကိန်းဂဏန်းကို အခြေခံ၍ တွက်ချက်ကြည့်လျှင်, အဋ္ဌမထပ်တွင် အများဆုံး အမှောင်ညမန်တီ ၁၂၈ ကောင်နှင့် နဝမထပ်တွင် ၂၅၆ ကောင် ရှိနေနိုင်သည်။

စဉ်းစားကြည့်ပါ၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၂၅၆ ကောင်သည် သင့်ရှေ့တွင် ရပ်နေပါသည်။ သူတို့၏ အရှိန်အဟုန်တစ်ခုတည်းက မင်းကို သေသည်အထိ တစ်ဝက်လောက်ထိ ကြောက်လန့်စေနိုင်ပါသည်။

ထို့ကြောင့် ဤသေကြောင်းကြံစည်၍ စမ်းသပ်မှုသည် သေကြောင်းကြံစည်ခြင်း ရုပ်သေးရုပ် စမ်းသပ်မှု မဟုတ်သည်မှာ သေချာပါသည်။ လူထူးလူဆန်းများ ကြားမှာပင် ဖောက်ပြန်သူများသာ ဖြတ်သန်းနိုင်သည့် အရာဖြစ်သည်။

ဘန်း….။

ချင်ယွင်သည် သူ့စိတ်နှလုံးထဲတွင် သက်ပြင်းချနေချိန်မှာ နောက်ထပ် တည်နေရာ ရွေ့ပြောင်းခြင်း လှိုင်းတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ အမှောင်ညမန်တီများသည် ချင်ယွင်နဲ့ ကျိုးဟုန်ရွှဲ့တို့ရဲ့အမြင်အာရုံမှာ ပေါ်လာခဲ့ပါသည်။

သူတို့ မျှော်လင့်ထားသလိုပင်။ အမှောင်ညမန်တီတွေထဲမှာ ၆၄ ကောင်သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်မှာ ရှိနေကြသည်။ အခြားသော အမှောင်ညမန်တီ ၆၄ ကောင် တွင် ၄၀ သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီများ ဖြစ်ကြပြီး၊ ကျန် ၂၄ ကောင်မှာ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီများ ဖြစ်သည်။

ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ့မျက်နှာပေါ်ရှိ ခါးသီးသောအပြုံးသည် ပို၍ပင် ပြင်းထန်လာသည်။

"အီ…, အမှောင်ညမန်တီတွေ, ကောင်စုတ်လေး၊ မင်း ဒီချစ်စရာကောင်းတဲ့ ကောင်လေးတွေနဲ့ ဘယ်လိုလုပ် တွေ့နေတာလဲ။"

သို့သော်လည်း ချင်ယွင်သည် သူ့လက်နက်ကို ထုတ်ပြီး ထပ်မံ တိုက်ခိုက်ရန် ပြင်နေချိန် တွင် လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

လျှိုဘို၏စကားကို ချင်ယွင်ကြားသောအခါ သူ့ပါးစပ်ထောင့်က ရှုံ့မဲ့သွားသည်။ ဤ အမှောင်ညမန်တီများ အားလုံးသည် အရမ်းကို ရက်စက်ကြမ်းကြုတ်ကြသည်။ လျှိုဘို၏ ပါးစပ်ထဲက အဘယ့်ကြောင့် ချစ်စရာလေးတွေ ဖြစ်လာရသနည်း?။

ဟုတ်ပါသည်၊ လျှိုဘိုသည် ဤအမှောင်ညမန်တီများကို အမှန်တကယ် စိတ်ဝင်စားနေ သည်ကို တွေ့လိုက်ရသည့်အတွက် သူလည်း အလွန်အံ့သြမိပါသည်။

"ဒါက ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းထဲက စမ်းသပ်မျှော်စင်ထဲမှာပဲ။ ဒီအမှောင်ည မန်တီတွေက ဒီစမ်းသပ်မျှော်စင်မှာ စမ်းသပ်ခံပစ္စည်းတွေပဲ။ ပိုမြင့်တဲ့ အထပ် ကို မဝင်နိုင်ခင် သူတို့ကို အကုန်သတ်ပစ်ရမှာ။" ချင်ယွင်က ပြန်ဖြေသည်။

"သူတို့ကို သတ်ပစ်ရမှာ နှမြောစရာကောင်းလိုက်တာ။ ဒီကောင်လေးတွေမှာ အလွန် အစွမ်းထက်တဲ့ မျိုးပွားမှုစွမ်းရည်တွေ ရှိတယ်ကွ။ သူတို့ကို စနစ်တကျ ပြုစုပျိုးထောင်ထား ရင် အနာဂတ်မှာ အားကောင်းမောင်းသန်တဲ့ စစ်တပ်တစ်ခု ထူထောင်နိုင်လိမ့်မယ်။ ဒီလို သတ်ဖြတ်လိုက်တာက ကောင်းကင်နဲ့မြေကြီးကို ဖြုန်းတီးပစ်လိုက်တာပဲ။ “လျှိုဘိုက ထပ်ပြောသည်။

"ဒါပေမယ့် ငါ သူတို့ကို မသတ်ဘူးဆိုရင်, ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူးလေ" ချင်ယွင်က ကူကယ်ရာမဲ့ သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည် "မင်း သူတို့ကို ယူသွားနိုင်လို့လား”။

"သေချာပေါက် ယူသွားနိုင်တာပေါ့" လျှိုဘိုက ပြတ်သားစွာ တုန့်ပြန်လိုက်သည်။ "ဒီပစ္စည်းလေးတွေကို ယူသွားဖို့က ငါလျှိုဘိုအတွက်တောင် အသေးဖွဲ့ မဟုတ်ဘူးကွ။ ဘိုးဘေးနတ်ဘုရားက ဒီနေရာလေးမှာ တင်းကျပ်သည့် ကန့်သတ်မှုတစ်ခု ခင်းကျင်း ထားပေမယ့် ငါလျှိုဘိုကတော့ လျစ်လျူရှုထားလို့ရပါတယ်။"

"ဒါဆို မင်း ဘာလို့ စောစောက မပြောတာလဲ။ ငါ့ကို အခုထိ ဘာလို့ သေအောင် တိုက်ခိုင်းနေတာလဲ။" ချင်ယွင်က ချက်ချင်းပင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

အကယ်၍, လျှိုဘိုသာ ထိုအမှောင်ညမန်တီများကို လိုအပ်နေပြီး၊ သူတို့ကို ဖမ်းယူသွားနိုင် မည်ကို သူသိခဲ့လျှင်, ချင်ယွင်သည် လျှိုဘိုကို ဟိုးအရင်ကတည်းက ခေါ်ထုတ်မိပါလိမ့် မည်။ သူသည် ယခင်သုံးထပ်မှာ ဘယ်လိုလုပ် စိတ်ပျက်လက်ပျက် ဖြစ်ခံတော့မည်နည်း?။

"ငါက အိပ်ပျော်နေတာ မဟုတ်လား။ မင်းရဲ့ လှုပ်ရှားမှုတွေကို ငါ ဂရုမစိုက်မိဘူး။ ဒါပေမယ့်၊ အခုလည်း သိပ်နောက်မကျသေးပါဘူး။ မင်းအတွက် တိုက်ပွဲအတွေ့အကြုံ ပိုရလို့ ကောင်းပါတယ်။" လျှိုဘိုက ပြန်ပြောသည်။

ချင်ယွင်က ပြောစရာစကားမဲ့ပြီး မျက်လုံးပြူးလုမတတ် ဖြစ်နေသည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ အဝေးမှ အမှောင်ညမန်တီများသည် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့ကို ရှာတွေ့သွားခဲ့ပြီး၊ ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးလာနေပြီ ဖြစ်သည်။

သို့သော် ချင်ယွင်သည် ဘာမှ မထူးခြားသော အမူအရာဖြင့် ထိုနေရာတွင် ရပ်နေသေး သည်။ ဤမြင်ကွင်းသည် သူ့ဘေးမှ ကျိုးဟုန်ရွှဲ့ကို အံ့အားသင့်စေခဲ့သည်။

ယခင်အလေ့အကျင့်အရ၊ ချင်ယွင်သည် ထိုအစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် အမှောင်ညမန်တီများကို ရှင်းလင်းရန်အတွက် ချက်ခြင်း လှုပ်ရှားမည်မှာ သေချာပါသည်။ အခု သူသည် လှုပ်ရှားရန်အတွက် ဘယ်လိုဖြစ်ပြီး နည်းနည်းလေးမှ စိတ်ကူးမရှိရသ နည်း?။ သူမဦီးလေး ဘာလုပ်ချင်နေလဲဆိုသည်ကို သူမ အရမ်း သိချင်နေမိသည်။

ချင်ယွင်သည် အဝေးမှ သူတို့ဆီသို့ ဦးတည်ပြေးလာနေသော အမှောင်ညမန်တီကို လှမ်းမြင်လိုက်ရသောအခါတွင် သူ့စိတ်ထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူက လျှိုဘိုက်ု အလောတကြီး ပြောလိုသည် “ဒါဆို မင်းက ဘာလို့ သူတို့ကို မဖမ်းယူ သေးတာလဲ။ မင်း သူတို့ကို မတိုက်ခိုက်ခင် ငါ့ကိုသတ်ပြီးအထိ စောင့်နေတာလား။”။

"ဟဲ ဟဲ၊ ငါလည်း သူတို့ကို ဖမ်းယူချင်ပါတယ်ကွာ။ ဒါပေမယ့် ငါတစ်ယောက်တည်းကျ မလုပ်နိုင်ဘူးကွ။ မင်းအကူအညီလည်း လိုနေသေးတယ်" လျှိုဘို၏ ကောက်ကျစ်သော ရယ်သံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"မင်းပဲ သူတို့ရဲ့ ခြိမ်းခြောက်မူကို ခံယူမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုမှ ငါ့ အကူအညီကို ဘာလို့ လိုအပ်နေတာလဲ" ချင်ယွင်သည် သူ့စိတ်နှလုံးထဲတွင် ကူရာမဲ့ ကျိန်ဆဲရုံသာ တတ်နိုင်ပါသည်။

လျှိုဘိုက တခစ်ခစ် ရယ်မောပြီး ပြောသည် "သူတို့ကို ဖမ်းယူဖို့က အလွယ်လေးပါပဲ။ ဒါပေမယ့် သူတို့ကို တားဆီးထားဖို့ မင်း ငါ့ကို အရင်ကူညီရမှာပေါ့။ ဒါမှ သူတို့အားလုံးကို နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားရဲ့ နေရာထဲမှာ ငါ သိမ်းထားနိုင်မှာ"။

"မင်းက ငါ့ကို အချိန်ရပ်တန့်ခြင်းနတ်ဘုရားစွမ်းရည်ကို အသုံးပြုဖို့ ပြောချင်တာလား။" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူသည် ထိုအချိန်ရပ်တန့်ခြင်းနတ်ဘုရားစွမ်းရည်ကို အဆိုးရွားဆုံး အခိုက်အတန့်အတွက် ထိန်းသိမ်းထားခဲ့သည်။ အခုချိန် အသုံးပြုလိုက်လျှင် အဋ္ဌမထပ်နှင့် နဝမထပ်တို့မှာ ဘာဖြစ်သွားမည်နည်း?။

"ကောင်စုတ်လေး၊ မင်းရဲ့ မွေးရာပါ နတ်ဘုရားအစွမ်းကို အခု ယာယီအနေနဲ့ အသုံးမချနိုင် သေးဘူး။ မင်းခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းအသက်သစ်ပင်တစ်ပင် မရှိဘူးလား။ မင်းက ရှေးဟောင်း အသက်သစ်ပင်ရဲ့ စွမ်းအားကို ထိန်းချုပ်ပြီး သူအားလုံးကို ချုပ်နှောင်ထား သရွေ့, ငါ သူတို့ကို နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားရဲ့ နေရာလွတ်ထဲ ဝါးမျိုးလို့ရပြီပေါ့” လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ရုတ်တရက် ရိပ်စားမိသွားသည်။

"ကောင်းပြီ၊ ငါ့ကို ကြည့်။" ချင်ယွင်က ပြန်ပြောပြီးနောက် သူသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်း အသက်သစ်ပင်၏ စွမ်းအားကို စတင် စုစည်းလိုက်သည်။

ချင်ယွင်သည် ရှေးဟောင်း အသက်သစ်ပင်၏ အရင်းမြစ် မူလစွမ်းအင်ကို သူ့ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူခဲ့ပြီး၊ ၎င်းသည် ကောင်းကင်တာအိုသစ်ပင်နှင့် ချီလင်မျိုးစေ့တို့၏ မူလစွမ်းအင်တို့နှင့်လည်း ပေါင်းစပ်ခဲ့သည်။ ယခုအခါ ၎င်းသည် မျိုးစိတ် အသစ်စက်စက် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။

ဘန်း….။

ချင်ယွင်၏ လှုပ်ရှားမှုနှင့်အတူ၊ ချင်ယွင်၏ ခြေဖဝါးအောက်မှ အနှိုင်းမဲ့ အင်အားကြီးမား သော အကိုင်းအခက်များ ဖြန့်ကျက်လာခဲ့သည်။ ဤအကိုင်းအခက်များသည် လျင်မြန်စွာ ကူးခတ်နေသော မြွေများကဲ့သို့ လေဟာနယ်တစ်ခုလုံးကို တခဏချင်း လွှမ်းခြုံသွားခဲ့ သည်။

ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသော အမှောင်ညမန်တီများသည် မလှုပ်ရှားနိုင် ဘဲ နွယ်ပင်များဖြင့် ခိုင်မြဲစွာ ချည်နှောင်ခံလိုက်ရသည်။

အသစ်စက်စက် ရှေးဟောင်း အသက်သစ်ပင်၏ အကိုင်းအခက်များသည် ယခုအခါ ရွှေနီရောင်ရင့်ရင့် ရှိနေသည်။ အကိုင်းအခက်များသည် အဆင့်မြင့် နတ်ဘုရား ပစ္စည်းများ ကဲ့သို့ မာကျောသည်။ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်နှင့် နှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့် အမှောင်ညမန်တီတို့သည် ဤအကိုင်းအခက်များကို လုံးဝ ခုခံရန် နည်းလမ်း မရှိပေ။

အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၂၄ ကောင်သာ အပြင်းအထန် ရုန်းကန်နေဆဲ ဖြစ်သည်။ ၎င်းတို့၏ ဓားများသည် အကိုင်းအခက်များဆီသို့ ဆက်လက် ခုတ်ပိုင်းကြသည်။ သို့သော် အကိုင်းအခက်များသည် မာကျောလွန်းသော ကြောင့် နှစ်နာရီကြာ အလုပ်ကြိုးစားပြီးနောက်, ၎င်းတို့သည့် ချင်ယွင်၏ အကိုင်းအခက် များက ချုပ်နှောင်သွားခဲ့သည်။

All Chapters