အခန်း ၁၄၀၀
Vol. 94 Ch. 1400
အခန်း (၁၄၀၀) အမှောင်ညမန်တီ ဧကရာဇ်။
အဝေးတွင် ကျိုးဟုန်ရွှဲ့သည် ချုပ်နှောင်ခံထားရသော အမှောင်ညမန်တီများကို ကြည့်ကာ အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိသည်။
ချင်ယွင်ကိုယ်တိုင်လည်း အနည်းငယ် အံ့သြသွားသည်။ အမှန်အတိုင်း ပြောရလျှင် အသက် သစ်ပင်သည် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ညမန်တီ ၂၄ ကောင် အားလုံးကို ချုပ်နှောင်နိုင်သည့် အဆင့်အထိ ကြီးထွားနေပြီဟု သူ မမျှော်လင့်ခဲ့ပေ။
လျှိုဘို၏သတိပေးချက်ကြောင့်သာ မဟုတ်ပါက၊ သူသည် ဤအမှောင်ညမန်တီများကို ကိုင်တွယ်ရန်အတွက် အသက်သစ်ပင်ကို အသုံးပြုရန် တွေးတောမိမည် မဟုတ်ပေ။ အကယ်၍, သူသာ ရှေးဟောင်း အသက်သစ်ပင်သည် ဤမျှကြောက်စရာကောင်းသော မာကျောမှုရှိကြောင်းကို သိရှိထားခဲ့လျှင်, သူသည် ဤလှုပ်ရှားမှုကို ရှေးရှေးကတည်းက အသုံးပြုခဲ့ပေလိမ့်မည်။
ကောင်းကင်တာအိုသစ်ပင်နှင့် ချီလင်မျိုးစေ့တို့၏ ပေါင်းစပ်ခြင်း၊ အထူးသဖြင့် ချီလင် မျိုးစေ့၏ ပေါင်းစပ်မှုသည် အသက်သစ်ပင်၏ မာကျောမှုကို အမှောင်ညမန်တီများကို မဖမ်းခင်ကထက် အဆများစွာ တိုးမြင့်လာစေခဲ့သည်။
ဟုတ်ပါသည်၊ နောက်ထပ် အရေးကြီးသည့် အကြောင်းရင်းကတော့ ဤအမှောင်ည မန်တီများသည် ဉာဏ်ရည်ဉာဏ်သွေး လုံးဝ မရှိသောကြောင့် ဖြစ်သည်။ အကယ်၍, သူတို့သည် လူသားများကဲ့သို့ ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေး ရှိနေမည်ဆိုလျှင်, ချင်ယွင်သည် သူတို့ကို ထောင်ချောက်ဆင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။
"လျှိုဘို၊ အခု မင်းအလှည့်ရောက်ပြီ" ချင်ယွင်သည် လျှိုဘိုသို့ အသံပို့လွှတ်လိုက်သည်။
"ဟုတ်ပါပြီ။ ငါ့တာဝန် ထားလိုက်တော့။" လျှိုဘိုက ချင်ယွင်ဆီကို အသံဖြင့် ပို့လွတ်ကာ ပြောသည်။
ထို့နောက် ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ ၎င်းသည် အမှောင်ညမန်တီများဆီ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ ထို့နောက်, ထိုအလင်းတန်းသည် အမှောင်ညမန်တီများကြားတွင် အနည်းငယ် ထွန်းလင်းတောက်ပကာ အမှောင်ည မန်တီများ အားလုံးကို ဖုံးအုပ်သွားသည်။ ထို့နောက် အမှောင်ညမန်တီများ အားလုံးသည် ထိုလေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ဘန်း…။
အမှောင်ညမန်တီများ အားလုံးကို နှိမ်နင်းပြီးနောက်၊ အထက်တွင် လွင့်မျောနေသော အလင်းရောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ နဖူးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"အာ့၊ ဦးလေး၊ ဒီအမှောင်ညမန်တီတွေ ဘယ်ရောက်သွားလဲ" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို ကြည့်ကာ အံ့သြသော အမူအရာဖြင့် မေးသည်။
ထိုအမှောင်ညမန်တီများ မည်သည့်နေရာ ရောက်သွားမှန်း သူမ မသိသော်လည်း၊ ဤကိစ္စသည် ချင်ယွင်နှင့် တစ်ခုခုပတ်သက်နေရမည်ဟု သူမ သိပါသည်။
"အဆင်ပြေသွားပြီ၊ ငါ သူတို့အားလုံးကို ဖမ်းယူလိုက်ပြီ။ စိတ်မပူနဲ့တော့၊ ဒီမျှော်စင်က ဒီအမှောင်ညမန်တီတွေရဲ့ အငွေ့အသက်ကို မခံစားနိုင်ကြဘူး။ ငါတို့က သူတို့ကို သတ်ပြီး သွားပြီလို့ ထင်လိမ့်မယ်။ ငါတို့ နောက်တစ်ထပ်ကို ဝင်ကြရအောင်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ချင်ယွင်၏စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် နားလည်မှုတစ်ဝက်ဖြင့် ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူမသည် ဘေးနားသို့ လျှောက်သွားပြီး တိတ်တဆိတ် ဆက်လက် ကျင့်ကြံသည်။ သူမသည် ကြက်သားအိုးကို ရိုက်ခွဲလိုခြင်း မရှိသည့်အလား အဆုံးထိ မမေးခဲ့ပေ။
ချင်ယွင်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ အကယ်၍, ကျိုးဟုန်ရွှဲ့သည် အမှန်တကယ် မေးမြန်းလာလျှင်လည်း ချင်ယွင်အနေဖြင့် ဘာမှ ရှင်းပြ၍ မရပါဘူး။ နတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားရှိကြောင်းကို လူနည်းစုသိလေ ကောင်းလေ ဖြစ်သည်။
အမှောင်ညမန်တီများကို နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားတွင် သိမ်းဆည်းပြီးနောက် ၎င်းတို့သည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထိုလျှိုဘိုက ၎င်းတို့ကို မည်သည့်နေရာ မောင်းသွင်းသွားသည်ကို ချင်ယွင်လည်း မသိပါ။ ၎င်းတို့သည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ အခြားနေရာတစ်ခုတွင် ရှိနေသင့်သည်။
ချင်ယွင်သည် သိပ်မစဉ်းစားဘဲ အဋ္ဌမထပ်သို့ မဝင်ခင် တိတ်တဆိတ် ထိုင်ကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ဟုတ်ပါသည်၊ နှစ်နာရီကြာအတွင် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် အဋ္ဌမထပ်ကို ဆက်လက် တည်နေရာရွေ့ပြောင်းသွားကြသည်။
ချင်ယွင်နှင့် အခြားသူများ မျှော်လင့်ထားသည့်အတိုင်း ဤအထပ်တွင် အမှောင်ညမန်တီ စုစုပေါင်း ၂၅၆ ကောင် ရှိနေခဲ့သည်။
ချင်ယွင်သည် ထိုအမှောင်ညမန်တီများကို တိုက်ခိုက်ရန် အစွမ်းထက်သော ရှေးဟောင်း အသက်သစ်ပင်ကို ဆက်လက် အသုံးပြုခဲ့သည်။ ဤတစ်ကြိမ်တွင်၊ အမှောင်ညမန်တီ ၂၅၆ ကောင် အားလုံးကို ထောင်ဖမ်းနိုင်ရန် ငါးနာရီနီးပါး အချိန်ယူခဲ့ရသည်။
ချင်ယွင်သည် အမှောင်ညမန်တီ အားလုံးကို ချည်နှောင်ဖမ်းဆီးပြီးနောက် လျှိုဘိုသည် အချိန်မီ ပြန်ပေါ်လာပြီး ၎င်းတို့အားလုံးကို သိမ်းဆည်းသွားခဲ့သည်။
ထို့ကြောင့် ချင်ယွင်သည် အဋ္ဌမအဆင့် စမ်းသပ်မူကို လွယ်လွယ်ကူကူ ကျော်ဖြတ်ပြီး စမ်းသပ်မူ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဘန်း….။
ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် မျှော်စင်၏ နဝမထပ်သို့ တိုက်ရိုက် တည်နေရာ ရွေ့ပြောင်း သွားကြသည်။
သို့သော် သူတို့သည် စမ်းသပ်မူမျှော်စင်သို့ ရောက်ရှိလာချိန်တွင် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့ တို့သည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
ယခုတစ်ကြိမ်မှာတော့ သူတို့ စိတ်ကူးထားသလို အမှောင်ညမန်တီတွေ အများကြီး မရှိခဲ့ပါ ဘူး။
နဝမထပ်ရှိ ခန်းမထဲတွင် အမှောင်ညမန်တီ တစ်ကောင်သာ ပေါ်လာသည်။
သို့သော် ထိုအမှောင်ညမန်တီသည် အရမ်းကို ထူးခြားသည်။ သူ့ဦးခေါင်းသည် သာမန် အမှောင်ညမန်တီတစ်ကောင် အရွယ်စားရှိပြီး၊ သူ့တစ်ကိုယ်လုံး ရွှေဝါရောင်ဖြစ်နေသည်။ သူ့တစ်ကိုယ်လုံး သံမဏိလိုပင်။ သူ့ဓားနှစ်ချောင်း ဖြစ်စေ, သူ့ခန္ဓာကိုယ် ဖြစ်စေ၊ ၎င်းတို့သည် အလွန်ထက်ရှပြီး ကြောက်စရာကောင်းသည့် အငွေ့အသက်ကို ထုတ်လွှတ် နေသည်။
ဟုတ်ပါသည်, ဤအရာက အရေးကြီးဆုံးအရာတွေ မဟုတ်ခဲ့ပါဘူး။ အရေးအကြီးဆုံး ကတော့ ရွှေရောင်အမှောင်ညမန်တီ၏ မျက်လုံးတစ်စုံသည် အရောင်ခုနစ်ရောင် ရှိနေပါ သည်။ မျက်လုံးတစ်စုံသည် ပြင်းထန်သော အေးစက်သည့် အလင်းရောင်ကို ထုတ်လွှတ် ပြီး မထီမဲ့မြင်ပြုဟန် အကြည့်မျိုး ရှိနေသည်။
"ဉာဏ်ရည်ထက်မြက်တဲ့ အမှောင်ညမန်တီ" ချင်ယွင် ချက်ချင်း ကောက်ချက်ချလိုက် သည်။
ဤအမှောင်ညမန်တီသည် ယခင်က လင်းဘထန်ကို ဝါးမျိုးခဲ့ဖူးသော အမှောင်ညမန်တီ၏ အမူအရာနှင့် တူညီနေသောကြောင့် ချင်ယွင်က ဤအမှောင်ညမန်တီမှာလည်း ဉာဏ်ရည် ဉာဏ်သွေး ရှိနေသည်ဟု ကောက်ချက်ချနိုင်ခြင်း ဖြစ်သည်။
ဤအမှောင်ညမန်တီ၏ ကျင့်ကြံမှုနှင့်ပတ်သက်၍မူ၊ ၎င်းသည် မြေကမ္ဘာနတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ သို့သော် ၎င်း၏ အငွေ့အသက်သည် တန်ခိုးကြီးမားပြီး ဧကရာဇ်တစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
"အိုး၊ တကယ့်ကို အမှောင်ညမန်တီရဲ့ ဧကရာဇ်ပဲ။ ဒီမျှော်စင်မှာ ဒီလောက်ကောင်းတဲ့ အရာ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး သူ့အသံတွင် ပြင်းပြသော လောဘစိတ်တစ်ခု ရှိနေသည်။
"ဒါက အမှောင်ညမန်တီ ဧကရာဇ်လား?" ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။
လင်းထန်ဘ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ဝါးမျိုခဲ့သော အမှောင်ညမန်တီသည် အမှောင်ည မန်တီ ဧကရာဇ်သည် အလွန်အစွမ်းထက်သည်ဟု ယခင်က ပြောခဲ့ဖူးသည်။ အခု နဝမထပ် မှာ ၎င်းကို အမှန်တကယ် တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ (ရှေ့မှာတုန်းက အမှောင်ညမန်တီဘုရင်ဆိုဟု ပြန်ဆိုခဲ့သည်။)
ထို့အပြင်၊ နဝမထပ်တွင် ဤအမှောင်ညမန်တီ တစ်ကောင်သာ ရှိသည်။ ဆိုလိုသည်မှာ ဤ အမှောင်ညမန်တီ၏ခွန်အားသည် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားအဆင့် အမှောင်ည မန်တီတစ်ရာကျော်၏ ပေါင်းစပ်ခွန်အားအောက်တွင် မရှိဟုသာ ဆိုနိုင်ပါတော့သည်။
"ကောင်စုတ်လေး, ဒီအမှောင်ညမန်တီ ဧကရာဇ်က အလွန့်လွန် အရေးကြီးတယ်ကွ။ မင်း သူ့ကို ရအောင်ယူရမယ်။ မင်းရဲ့ကနဦးစကြာဝဠာထဲမှာ စိတ်ဝိညာဉ်တစ်ခု မရှိဘူးလား။ မင်း ဒီခန္ဓာကိုယ်ကို သူ့အတွက် ထားလိုက်ပါ။ အဲဒါက မင်းအတွက် သေချာပေါက် အထောက်အကူ ဖြစ်လိမ့်မယ်" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာ သော်လည်း ယခုတစ်ကြိမ်တွင် သူ့လေသံက လေးနက်လာသည်။
"အယ်?" ချင်ယွင် အနည်းငယ် မှင်သက်သွားသည်။ လျှိုဘိုသည် အလွန်ဂုဏ်သိက္ခာရှိ သည့် အမူအရာမျိုး သူ မြင်ရခဲသော်လည်း၊ သူကိုယ်တိုင်လည်း လျှိုဘို၏အကြံပြုချက်ကို သဘောတူခဲ့သည်။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ၏ကနဦး စကြာဝဠာတွင် အမြဲရှိနေခဲ့သည်။ သူ့အတွက် အမှောင်ညမန်တီ ဧကရာဇ်၏ ခန္ဓာကိုယ် သည် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာခြင်း မဖြစ်နိုင်ဘူးလား။
"ဒါဆို, ငါ အဲဒါကို ဂရုတစိုက် ကိုင်တွယ်ဖို့ အချိန်ရပ်တန့်ခြင်းကို တိုက်ရိုက် အသုံးပြုမယ်။ ပြီးတော့ မင်းက သူ့ကို နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားထဲကို စုပ်ယူလိုက်" ချင်ယွင်က အကြံပြုသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ မင်းကိုပြောဖို့ မေ့သွားတယ်။ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်တဲ့ အမှောင်ညမန်တီ ဧကရာဇ်တွေဟာ အချိန်ရဲ့စွမ်းအားကို သဘာဝအတိုင်း မွေးထုတ်ပေးနိုင်ကြတယ်။ ဒါကြောင့် မင်းရဲ့အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်က သူ့အတွက် သိပ်အသုံးမဝင်ဘူး" လျှိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာ သည်။
"ဘာ?" ထိုစကားကိုကြားတော့ ချင်ယွင်ဟသည် အလွန်အံ့အားသွားသည့် အမူအရာကို ချက်ချင်း ထုတ်ဖော်ပြီး အဝေးက အမှောင်ညမန်တီ ဧကရာဇ်ကို ကြည့်ရန် ခေါင်းကို အမြန် မြှောက်လိုက်မိသည်။
"တကယ်ပဲ အချိန်ရဲ့စွမ်းအားကို ပိုင်ဆိုင်ထားတာလား။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သို့သော် သူ့မျက်နှာပေါ်ရှိ ထိတ်လန့်မှုက ပျောက်ကွယ်မသွားခင် သူ့အမူအရာ တင်းမာသွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အလွန်နကိူ လျင်မြန်သော အရှိန်ဟုန်ဖြင့် သူ့မျက်လုံးထဲ ဖြတ်သန်းသွားသော ရွှေရောင်အလင်းတန်းတစ်ခုကို သတိပြုမိပြီးနောက်၊ သူ့လည်ပင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
"အိုး...ဘယ်လောက်တောင် မြန်လိုက်လဲ။" ချင်ယွင်သည် မထိန်းနိုင်ဘဲ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်မိသည်။ ထို့နောက် သူ့လည်ပင်းတွင် သွေးထွက်သံယို ဒဏ်ရာတစ်ခု ပေါ်လာသည်။ နောက်အခိုက်တန့်တွင် ထိုသွေးထွက်သံယို ဒဏ်ရာသည် တဖြည်းဖြည်း ကျယ်လာခဲ့သည်။
"ဘန်း.." ကျယ်လောင်သော အသံနှင့်အတူ ချင်ယွင်၏ ခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။